Thursday, January 30, 2014

ရွှေတောင်မြို့မဈေး အပြင်ဘက်တန်းဆိုင်ခန်းများ နေရာသစ်ပြောင်းရွှေ့ချထားမှု ၇၅ ရာခိုင်နှုန်းပြီးစီး ရေခဲ(ပြည်) Mizzima

Leave a Comment

ရွှေတောင်မြို့မဈေး အပြင်ဘက်တန်းဆိုင်ခန်းများ နေရာသစ်ပြောင်းရွှေ့ချထားမှု ၇၅ ရာခိုင်နှုန်းပြီးစီး

ရေခဲ(ပြည်) Mizzima

ပဲခူးတိုင်း၊ ရွှေတောင်မြို့ မြို့မဈေးကြီးရှိ ဈေးအပြင်ဘက်တန်း ဆိုင်များကို စည်းကမ်းတကျ နေရာချထား ပေးလျက်ရှိရာ ၇၅ ရာခိုင်နှုန်းအထိ ဆောင်ရွက်ပြီးဖြစ်သည်ဟု အဆိုပါဈေးတာဝန်ခံ ဂျွန်နော်လာက ဇန် န၀ါရီ ၂၉ ရက်တွင် မဇ္ဈိမကို ပြောသည်။
“အခုဆိုရင် ဆိုင်ခန်းနှစ်ရာဝန်းကျင်လောက်ရှိတာကို ဈေးသည် ၂၀ လောက်ပဲ နေရာမရွှေ့ဖို့ အသနားခံ စာတင်ထားတယ်။ ကုန်စိမ်းသည်နဲ့ စားသောက်ဆိုင် နှစ်ဆိုင် ပြီးခဲ့တဲ့ သောကြာနေ့လောက်က ဦးစီးဆီ ကို အသနားခံစာတင်တယ်”ဟု ပြောသည်။
ကြက်သားဆိုင်၂၀ ကို သားငါးဆိုင်တန်းအနီး နေရာလွတ်များ၊ အမဲသားဆိုင်ခြောက်ဆိုင်ကို ဈေးအတွင်း အမဲရုံအတွင်းနေရာများ၊ ကုန်ခြောက်ဆိုင် ခြောက်ဆိုင်ကို ဈေးအတွင်း သင့်လျော်သည့်နေရာများနှင့် ငါး ရောင်းသူ ၈၆ ဦးကို ဈေးမြောက်ဘက် ခြံစည်းရိုးနှင့်ကပ်လျက်နေရာများတွင် နေရာချထားပေးသည်ဟု ဆိုသည်။
သို့သော် ဈေးသည် ၂၀ က နေရာမပြောင်းရွှေ့ရရေး အသနားခံစာတင်ထားသဖြင့် စားသောက်ဆိုင် နှစ် ဆိုင်နှင့် ကုန်စိမ်းသည်များသာ နေရာချထားပေးရန် ကျန်တော့ကြောင်း ဂျွန်နော်လာက ပြောသည်။
အသနားခံစာတင်ထားသူ ရွှေတောင်မုန့်ဟင်းခါးဆိုင်ပိုင်ရှင် မပန်းအိဖြူကမူ နေရာသစ်တွင် ဆိုင်ခန်းနေ ရာအကျယ်အ၀န်း လုံလောက်စွာမပေးခြင်း၊ ဆိုင်ခန်း အခိုင်အမာဆောက်လုပ်ခွင့်မပြုခြင်းနှင့် ကျန်းမာ ရေးအရ သင့်လျော်မှုမရှိခြင်းများကြောင့် မပြောင်းရွှေ့လိုခြင်းဖြစ်သည်ဟု ဆိုသည်။
ရွှေတောင်မြို့မဈေး အပြင်ဘက်တန်းတွင် ဈေးဆိုင်ခန်း ၂၀၉ ဆိုင်ရှိပြီး နေရာမပြောင်းရွှေ့လိုသော ဆိုင် ခန်းများကို ညှိနှိုင်းမှုဖြင့် စီစဉ်ဆောင်ရွက်သွားမည်ဟု အဆိုပါဈေးတာဝန်ခံက ပြောသည်။

pyay ct



Read More...

သစ္စာရှိသောမီး ၊ မာယာများသောဥပဒေ သရ၀ဏ်(ပြည်)

Leave a Comment

သစ္စာရှိသောမီး ၊ မာယာများသောဥပဒေ

သရ၀ဏ်(ပြည်)

လောကကြီးတွင် ရေ၊မြေ၊လေ၊မီး ဆိုသော ဓါတ်ကြီးလေးပါးရှိပါသည် ။ ထိုဓါတ်ကြီးလေးပါးတ.ိုသည် မည်သူ.ဘက်ကိုမျှမျက်နှာမလိုက် လောကသဘာဝအတိုင်းသာ သူတို.၏အစွမ်းသတ္တိကိုပြသကြစမြဲဖြစ်၏။ ဥပမာအားဖြင်. ရေသည် လူတို.ကို အားအင်ဖြစ်စေ၏ ။ အာဟာရဖြစ်စေ၏။ လျှော်ဖွပ်သန်.စင်မှုကိုပြုစေရာ၏ ။ တစ်ခါတစ်ရံသည် ရေသည် အမျက်ဒေါသထွက်ရာ၌ လူသားများကို လှိုင်းလုံးကြီးများ ၊ ထုထည်ကြီးမားလှသောရေလုံးကြီးများဖြင်. ။ လောကကြီးကိုဖျက်ဆီးလေ.ရှိ၏ ။ထိုသို.ဖျက်ဆီးရာ၌ မျက်နှာကြီးမျက်နှာငယ် ဆင်းရဲချမ်းသာ ၊ လူမျိုးဘာသာမရွေးတစ်သားတည်း ဖျက်ဆီးတတ်၏ ။ထို.အတူ မဟာပထ၀ီမြေထုသည် သတ္တလောကနှင်. သြကာသလောကကြီးဖြစ်ထွန်းပေါ်ပေါက်ဖို.အထောက်အမပေး၏။ စားရေ၇ိက္ခာများဖြစ်ထွန်းအောင်မြင်အောင် လယ်ယာမြေများ ဥယျာဉ်ကိုင်းကျွန်းများကိုပေး၏ ။ ရေနံ ၊သဘာဝဓါတ်ငွေ. ၊ မတ္တမြား၊နီလာ၊ကျောက်စိမ်းစသော တွင်းထွက်ပစ္စည်းများကို ၎င်းရင်ဘတ်ထဲမှထုတ်ပေးလေ.ရှိသည် ။တစ်ခါတစ်ရံ မထင်လျင်မထင်သလို မြေငလျင်များ လှုပ်ကာ သူအလိုမရှိသော သက်ရှိသက်မဲ.တို.ကိုကျောပေါ်မှခါချလေ.ရှိ၏။ လေသည် လူတို.အသက်ရှင်နေထိုင်ရန်အဓိကလိုအပ်သောအောက်ဆီဂျင်ဓါတ်ကိုပေး၏ ။ ထို.ကြောင်.လေသည် လူအပါအ၀င်သတ္တ၀ါများအားအသက်ကိုပေးသည်မည်၏။ ထိုလေ ဓါတ်သည် တစ်ခါတစ်ရံ စိတ်ရိုင်းဝင်လာပါက တစ်လောကလုံးစေ.စေ.ညက်ညက်ဖြစ်သွားအောင်တိုက်ခတ်တတ်သည် ။ထိုသို.မုန်တိုင်းဆင်ရာ၌ မည်သူသာစေ ၊မည်သူနာစေဆိုသည်မရှိ အားလုံးအပေါ်တစ်ပြေးညီ ဒဏ်ခတ်လေ.ရှိ၏။ တေဇောဓါတ်ဖြစ်သော မီးဓါတ်သည်ကား လူတို.ကိုအရိုင်းဘ၀မှ ယဉ်စေ၏ ။ မီးကိုအသုံးချပြီး အစားအစာများကို ဖုတ်ကင်ချက်ပြုတ်ခြင်း ၊ ပန်းတိမ် ပန်းပဲစသော လုပ်ငန်းများကိုပေါ်ထွန်းစေခြင်း။ အချမ်းဒဏ်ကိုသက်သာစေခြင်းတို.ဖြစ်စေသည် ။ ထိုမီးဓါတ်သည်လည်း စိတ်မထင်လျင်မထင်သလို လောင်မီးကျခြင်းဖြင်. လောကကိုဖျက်ဆီးလေ.ရှိ၏။ သို.သော်ေ၇၊မြေ၊ လေ ဓါတ်တို.နည်းတူ မီးဓါတ်သည် လည်းလောကကိုအလွန်သစ္စာရှိ၏ ။ မီးသည်လောင်စာရှိ၍လောင်သောအခါ မောင်ဘပိုင်ဆိုင်သော ဥစ္စာပစ္စည်းကိုသာလောင်မည် ၊မောင်မြပိုင်သောပစ္စည်းကိုမလောင်ဟု ပုဂ္ဂိုလ်စွဲမထား ၊ ဆင်းရဲချမ်းသာ ၊လူမျိုးဘာသာ ၊အလုပ်အကိုင် ၊ အဖွဲ.အစည်းမရွေး လောင်စာရှိက သစ္စာရှိစွာလောင်ကျွမ်း၏ ။ မျက်နှာကြီးရာဟင်းဖတ်ပါခြင်းကားအလျဉ်းမရှိပေ ။ အများပိုင်ပစ္စည်း၊စစ်တပ်ပိုင်ပစ္စည်း ၊ N.L.D ပိုင်ပစ္စည်း ၊ ကြံ.ခိုင်ေ၇းပိုင်ပစ္စည်းဟုမရွေး လောင်စာရှိကလောင်ကျွမ်းသည်သာဖြစ်၏ ။သို.သော် လူတို.ကားထိုသို.မဟုတ် ။ရေ ၊မြေ၊လေ၊မီး ဓါတ်ကြီးလေးပါးတို.သစ္စာရှိသလောက်လူတို. သည်လည်းကောင်း၊လူတို.ပြုလုပ်ထားသောဥပဒေသည်လည်းကောင်း ရှုပ်ထွေးပွေလီကာ မျက်နှာလိုက်တတ်ကြပေကုန်သည် ။

ကျွန်တော်ယခုကဲ.သို.ရှေရှေဝေးဝေး စကားပလ္လင်ခံနေရခြင်းကိုခွင်.လွှတ်ပါ ။ ဓါတ်ကြီးလေးပါးတို. မှန်ကန်သစ္စာ ရှိသလောက် ကျွန်တော်တို.မြန်မာနိုင်ငံမှလောကလူသားတို.၏ ဥပဒေသည် မျှော.ကြိုးကဲ.သို. လိုရာဆွဲ ပွေလီရှုပ်ကြပုံကို ပေါ်လွင်ထင်ရှားစေလို၍ဖြစ်သည် ။ ယခုတလောတွင် မီးလောင်မှုများကိုမကြာခနကြားလာသိလာရသည် ။ ယခုရက်ပိုင်းအတွင်းထင်ရှားသောမီးလောင်မှု မျာုးရန်ကုန်မြို.နှင်.အနီးတစ်ဝိုက်တွင်ဖြစ်ပွားခဲ.ပါသည် ။ ဇန်န၀ါရီ ၁၀ရက်နေ.တွင် ရွှေပြည်သာမြို.နယ် ၊ဗိုလ်လရောင် (၃)လမ်း၌ လောင်သောမီး၊ဇန်န၀ါရီ ၁၆ လှိုင်သာယာမြို.နယ် စက်မှုဇုန်(၄) ဦးတရုတ်ကြီးလမ်းတွင်လောင်သောမီး ၊ ဇန်န၀ါရီ ၂၀ တွင် စမ်းချောင်းမြို.နယ် လင်းလွန်းတောင်ရပ်ကွက် ၊ရွှေလောင်းလမ်းတွင်လောင်သောမီး၊ဇန်န၀ါရီ ၂၀ ရက် ကိုးမိုင် ၊ပြည်လမ်းနှင်. တော်ဝင်လမ်းထောင်.၊တပ်မတော်ဆောက်လုပ်ရေးအင်ဂျင်နီယာ တပ်(၄) ၀င်းအတွင်းဂိုဒေါင်တွင်လောင်သောမီး ၊ ဇန်န၀ါရီ ၂၀ က မြောက်ဥက္ကလာတရားရုံးတွင်လောင်သောမီးလောင်မှု ၊ ဇန်န၀ါရီ ၂၁ ရက်က မင်္ဂလာဒုံမြို.နယ် ဘီအိုစီမှတ်တိုင်ရှေ. ၊မင်္ဂလာဒုံလေတပ်ဝင်းအတွင်းမှစက်သုံးဆီ သိုလှောင်ရာ နေရာ မှ မီးလောင်ပေါက်ကွဲမှု ၊ဇန်န၀ါရီ ၂၁ ရက်တွင် မင်္ဂလာဒုံမြို.နယ် လေတပ်ဆီသိုလှောင်နေရာမီးလောင်မှု စသည်များဖြစ်သည် ။တစ်ပါတ်ထဲတွင် မီးလောင်မှုကြီး မျာစွာဖြစ်ပွားရာ အခြားအမှုများမှာ ရပ်ကွက်ထဲတွင်လောင်ခြင်းဖြစ်ပြီး နှစ်မှုမှာ စစ်တပ် အတွင်းလောင်ကျွမ်းခဲ.ခြင်းဖြစ်သည် ။
မြောက်ဥက္ကလာတွင်လောင်ကျွမ်းခဲ.သောမီးမှာ မြို.နယ်တရားရုံး သက်သေခံပစ္စည်းများသိမ်းဆည်းသောအခန်းတွင်လောင်ကျွမ်းခြင်းဖြစ်သည် ။ သက်သေခံပစ္စည်းများဖျောက်ဖျက်လို၍ တမင်တကာကြံစည်သော ရှို.မီးဟု အားလုံး ကသံသယရှိသော်လည်း မည်သည်.စုံစမ်းစစ်ဆေးမှုမျှတရားဝင် မလုပ်ရသေးခင် မှာပင် ပန်ကာကိုမပိတ်ခဲ.သဖြင်. ၀ါယာရှော.ဖြစ်ရာမှလောင်ကျွမ်းသောမီးဟု ( မည်သူကမှန်းမသိ ) သတ်မှတ်ခဲ.ကာ သတင်းသမားများကလည်းထိုသိုတညီတညွတ်တည်းရေးသားကြပါသည် ။ မည်သူ.လက်ချက်ဖြစ်သည်ကို တိတိကျကျ မစုံစမ်းရသေးခင်မှာပင် ဆင်.စာလုလင် မောင် နန္ဒထူး (၂၈) နှစ် ကို မီးပေါ.ဆမှုနှင်. တရားစွဲအရေးယူထားကြောင်းဆိုသည်ကိုဖတ်လိုက်ရတော. ကျွန်တော်.စိတ်ထဲ ဇဝေဇ၀ါဖြစ်သွားပါသည် ။ ကျွန်တော်သိသလောက်အိမ်တစ်အိမ်တွင်မီးလောင်မှုဖြစ်ပွားလျင် ထိုအိမ်၏ အိမ်ထောင်ဦးစီးဖြစ်သူကိုမီးပေါ.ဆမှုနှင်.ဖမ်းဆီးအရေးယူပါသည် ။ ဇန်န၀ါရီ ၂၀ နေ.ကဖြစ်ပွားခဲ.သော စမ်းချောင်းမြို.နယ် ၊လင်းလွန်းတောင်ရပ်ကွက် ရွှေလောင်းလမ်းနေမနှင်းဝေသည် ဟင်းအိုးတည်ထားခဲ.ပြီး ကလေးကျောင်းသွားကြိုရာ မီးလောင်ကျွမ်းမှုဖြစ်သဖြင်. အိမ်ထောင်ဦးစီးဖြစ်သော မနှင်းအေးဝေ ကို မီးပေါ.ဆမှုနှင်.စမ်းချောင်းရဲမြို.မရဲစခန်းကအမှုဖွင်.အရေးယူခဲ.သည်.သာဓကပူပူနွေးနွေးရှိခဲ.ဖူးပါသည် ။ေ၇ွှပြည်သာမီးလောင်မှုတွင်လည်း အိမ်ပိုင်ရှင် (အိမ်ထောင်ဦးစီး)ကိုအရေးယူထားပေသည်။ ရွှေပေါက်ကံမီးလောင်မှုတွင်လည်း ပိုင်ရှင် ဦးမြင်.အောင်အားအရေးယူထားကြောင်းသိရသည်။ ဘုရင်.နောင်ပွဲရုံတန်း အသောကလမ်းမီးလောင်မှုတွင်လည်း အိမ်ထောင်ဦးစီး ဦးကျော်မင်းကို အမှုဖွင်.အရေးယူထားကြောင်းသိရသည် ။တရားရုံတစ်ရုံးတွင်မီးလောင်သောအခါ အပြစ်ရှိသူမှာမည်သူဖြစ်မည်နည်း ။ အိမ်တစ်အိမ်မီးလောင်လျင် အိမ်၏သြဇာအကြီးဆုံး ၊တာဝန်အရှိဆုံးဖြစ်သော အိမ်ထောင်ဦးစီးကိုအရးယူရလျင် တရားရုံးမီးလောင်မှုတွင် တာဝန်အရှိဆုံးသူမှာ ပြာတာအဆင်.သာရှိသော ဆင်.စာလုလင် မဟုတ်တာတော.သေချာသည် ။ တရားရုံး၏အမြင်.ဆုံးတာဝန်ရှိသူမှာ တရားသူကြီးဖြစ်သည် ။ မြို.နယ်တရားရုံးဆိုလျင် မြို.နယ်တရားသူကြီးသည် တာဝန်အရှိဆုံး ၊ ခရိုင်တရားရုံးတွင်ဆိုလျင်ခရိုင်တရားသူကြီးသည်တာဝန်အရှိဆုံးဖြစ်သည် ။ ရာထူးအကြီးဆုံးဆိုသောတရားသူကြီးကိုအရေးမယူပဲအဘယ်.ကြောင်.ရာထူးအနိမ်.ဆုံး ပြာတာလုလင်သည် အရေးယူခံရသနည်း။တာဝန်ခံမှုသည် ကျွန်တော်တို.နိုင်ငံမှာပျောက်ဆုံးနေသည်မှာကြာချေ ပြီ ။ မြေနိမ်.ရာလှံစိုက် ၊ကံဆိုးမသွားလေရာ မိုးလိုက်လို.ရွာ ဆိုသလို ထစ်ကနဲရှိ အောက်ဆုံးအဆင်.မှဆင်းရဲသားနင်းပြားများကိုသာ အပြစ်ပုံချတာ မြန်မာနိုင်ငံ၏ ထုံးတမ်းစဉ်လာကြီးတစ်ခုလိုဖြစ်နေပါသည် ။

မြောက်ဥက္ကလာတရားရုံးမီးလောင်မှုမှာ (၂၀.၁.၂၀၁၄ ) နေ.တွင်ဖြစ်၍ ၊ထိုနေ.တစ်နေ.ထဲတွင် တိုက်တိုက်ဆိုင်ဆိုင် စစ်တပ်ဝင်းထဲတွင် မီးလောင်မှုဖြစ်ပွားခဲ.ပါသည် ။ ဖြစ်ပွားရာနေရာမှာ ၉ မိုင် ပြည်လမ်းနှင်.တော်ဝင်လမ်းထောင်. တပ်မတော်အင်ဂျင်နီယာတပ်ပစ္စည်းသိုလှောင်စက်ရုံ ( GE-4) တွင်ဖြစ်ပါသည် ။ထိုမီးလောင်မှုသတင်းများအားလုံးတွင် မီးလောင်မှုကြောင်.မည်သူ.ကိုအရေးယူလိုက်သည်ဟု ထုတ်ပြန်ကြေငြာခြင်းမရှိပါ ။ တစ်နေ.တည်းတွင်လောင်ကျွမ်းခဲ.သော မြောက်ဥက္ကလာတရားရုံးမီးလောင်မှုတွင်မူ တရားခံအဖြစ် ဆင်.စာလုလင် မောင်နန္ဒထူးကိုချက်ခြင်းအမည်တပ်ခဲ.သော်လည်း GE တပ်မီးလောင်မှုတွင် အရေးယူမှုသတင်းမပါပဲ တရားခံပျောက်နေပါသည် ။ တေဇောဓါတ်သည် စစ်တပ်ကိုသော်လည်းကောင်း ၊တရားရုံးကိုသော်လည်းကောင်း ၊ ကိုယ်ပိုင်အိမ်ကိုသော်လည်းကောင်း ခွဲခြားမှုမရှိပဲ မျှတစွာ ဘက်မလိုက်ပဲလောင်ကျွမ်းခဲ.သော်လည်း အရပ်သားများ မီးလောင်သောအခါ တရားခံအမည်နှင်.ပုဒ်မများကိုချက်ခြင်းဝေေ၀ဆာဆာဖော်ပြကြသော်လည်း တပ်မတော်တွင်မီးလောင်ခဲ.လျင် တရားခံအမည်ကိုဘယ်သောအခါမှ ထုတ်ပြန်ကြေငြာခြင်းမရှိတာလည်းထူးဆန်းအံ.သြစွာတွေ.ရပေသည် ။ မီးလောင်တရားခံကိုဖော်ထုတ်ကြေငြာရန်ဝေးစွ ၊သတင်းသွားယူသော သတင်းထောက်များကိုပင် သတင်းယူခွင်. ၊ဓါတ်ပုံ ရိုက်ခွင်.ပိတ်ပင်ခံခဲ.ကြရပါသည်။
“တပ်ကမ၀င်ခိုင်းဘူး ။သတင်းယူမလို.ပြောလည်းမရဘူး ၊ ပြီးတော.အတင်းမောင်းထုတ်တယ် “ ဟုစံတော်ချိန်နေ.စဉ်သတင်းစာ သတင်းထောက်က ( ၂၁.၁.၂၀၁၄ ) နေ.တွင်သတင်းရေးသားဖော်ပြထားပါသည် ။နောက်တစ်ရက်သာခြားပြီး မင်္ဂလာဒုံမြို.နယ် ဘီအိုစီမှတ်တိုင် အနီး စစ်ဘက်ရေးရာလုံခြုံရေးတပ်ဆွယ် (လေ) ၀င်းအတွင်း တွင်မီးလောင်ပြန်ရာ ၊သိုလှောင်ထားသောဆီတိုင်ကီများပေါက်ကွဲမှုကြောင်. မီးလောင်အားအလွန်ပြင်းထန်ခဲ.သော်လည်း စစ်တပ်အတွင်း ထိုလောင်စာများမည်သို.မည်ပုံရောက်ရှိနေသည် ၊ ထိုဆီတိုင်ကီများမှာတရားဝင် တပ်မတော်ပိုင်ဆီတိုင်ကီများဟုတ်မဟုတ် ၊မှောင်ခို ဆီတိုင်ကီများဟုတ်မဟုတ် ဘာမှမသိရပေ မီးလောင်မှုမှာ ကြီးမားလှသဖြင်. ရန်ကုန်လေဆိပ်ကိုပင်ညရှစ်နာရီအထိခေတ္တပိတ်ထားရပေသည် ။ ဤတစ်ကြိမ်တွင်တော. ဖုံး၍ဖိ၍ ဘယ်လိုမှမဖြစ်တော.သဖြင်. ဤမီးလောင်မှုတွင်တာဝန်ရှိသောဂိုဒေါင်တာဝန်ခံ တပ်ကြပ်ကြီးတင်ဌေးကို ပြစ်မှုပုဒ်မ ၂၈၅/၃၃၇/၃၃၈ ဖြင်.အမှုဖွင်.အရေးယူကာ တပ်မတော်တပ်ထိန်း(၁) သို.လွှဲပြောင်းပေဲး.ကြောင်း Daily Eleven သတင်းစာ က ၂၃.၁.၂၀၁၄ တွင်ရေးသားဖော်ပြပါသည် ။ ဤမျှများပြားသောလောင်စာဆီများကိုသိုလှောင်ထားသောကိစ္စ ( ဒီဇယ်ပေပါ ၅၀ လုံး ၊ဓါတ်ဆီပေပါ အလုံး ၂၀ ၊ ဆီပေပါများတင်ဆောင်ထားသောယာဉ်တစ်စီး ) တွင် တပ်ကြပ်ကြီးတစ်ယောက်ထဲ၏သဘောနှင်. လုပ်ပိုင်ခွင်.ရှိပါ.မလား ။ တပ်ကြပ်ကြီးသာမကသူ၏နောက်ကွယ်မှ မည်သူ၏အခွင်.အာဏာဖြင်.ထိုလောင်စာဆီများသည် တပ်မတော်ပိုင်ခြံဝင်းထဲသို.ရောက်နေရသနည်း၊ ထိုလောင်စာဆီများကိုကားပေါ်သို.တင်ပြီးဘယ်သို.သွားရောင်းကြမည်နည်း ဆိုသည်မှာလည်းအဖြေမရှိသောမေးခွန်းတစ်ခုပမာဖြစ်နေပါသည် ။
အခြားတစ်ဖက်တွင်မူကား သာမန်လုပ်သားပြည်သူများ ဥပဒေချိုးဖောက်သောအခါ တင်းကြပ်သောအရေးယူမှုများကိုခံစားရလေ.ရှိပြီး တပ်မတော်နှင်.နှီးနွယ်သူများ ပြစ်မှုကျူးလွန်သောအခါ အမြဲလိုပင်သက်ညှာစွာစဉ်းစားပေးတာကိုတွေ.ရတတ်သည် ။ မီးလောင်မှုချင်းတူလျင်ပင် တရားခံမည်သူ.ကို မည်သည်.ပုဒ်မဖြင်.အရေးယူထားပါသည်ဆိုတာမျိုးကြားရလေ.မရှိ( ကိုးမိုင် ဂျီအီး ၀င်းအတွင်းမီးလောင်မှုသတင်းမှာတရားခံအရေးယူသည်ဟုဤစာရေးနေသော ၂၄.၁.၂၀၁၄အထိမကြားရသေးပေ ) ။

ဥပဒေဆိုသည်မှာ အရပ်သားများနှင်.သာဆိုင်ပြီးတပ်မတော်မှ ကင်းလွတ်ခွင်.ရနေသလိုဖြစ်ပေသည် ။ပြည်မြို.န၀ဒေးတံတားအောက်တွင်ဖြစ်ခဲ.သောလူသတ်မှု ၊လုယက်မှုဆိုလျင်လည်း တရားခံကို ရပ်ရွာမှ ဖမ်းဆီးပေးခဲ.သော်လည်း ဖမ်းဆီးရမိသောတပ်မတော်သားများမှာ အမှုကိုကျူးလွန်သူများမဟုတ်ဟုတပ်မတော်မှ ငြင်းချက်ထုတ်ကာအမှုမှာယခုအထိတရားခံမပေါ်ပေ ။ တပ်မတော်မှသိမ်းဆည်းထားသောလယ်ယာမြေအမှုများမှာလည်းယခုထက်ထိပြေလည်မှုမရသေးပေ။ု စစ်တပ်ကသိမ်းယူသည်.လယ်ယာမြေများကိစ္စ ကိုင်တွယ်ရအခက်ဆုံး ဖြစ်နေဟု ဒီမိုကရေစီနှင်းငြိမ်းချမ်းရေးအမျိုးသမီးကွန်ယက်မှမသန္တာကပြောကြောင်း News Watch သတင်းဂျာနယ် ( ၂၈.၁.၂၀၁၄) တွင်ရေးသားထားပါသည် ။ စစ်တပ်မို.လို.စစ်စည်းကမ်းနှင်.အညီအရေးယူပါသည်ဆိုလျင်လည်း အများပြည်သူသိအောင်ထုတ်ပြန်ကြေငြာပေးသင်.လေသည် ။ ဥပဒေနှစ်မျိုးရှိနေသယောင် ပြုမူနေခြင်းမှာမူကား ၊ပြည်ထောင်စုလွှတ်တော် နာယကကြီးသူရဦးရွှေမန်း ပြောခဲ.သော ဥပဒေအထက်တွင်ဘယ်သူမှမရှိဟူသောကြွေးကြော်သံဆောင်ပုဒ်ကိုပျက်ရယ်ပြုနေသလိုရှိသည် ။ တပ်မတော်ကိုပြည်သူလူထုက ချစ်ခင်အားကိုးလာစေလိုလျင် တပ်မတော်ကလည်း ဥပဒေအထက်တွင်ရှိနေသယောင်ဆောင်သောပြုမူချက်များကိုရပ်ဆိုင်းဖို.လိုပါပြီ ။

ယခုလည်းလုပ်လာပြန်ပါပြီ ။ဇန်န၀ါရီ ၂၁ ရက်နေ.က မှော်ဘီမြို. ၊အမှတ် ( ၅၀၁၀ ) တင်.ကားတပ်ရင်း မှ လက်နက်တိုက်အဖောက်ခံရကာ သေနတ် နှစ်လက် ၊ ကျည်ဆန် ငါးရာ နှင်. ကျည်ကပ်ငါးခုပျောက်ဆုံးနေကြောင်း မှော်ဘီရဲစခန်းသို.အမှုဖွင်.တိုင်ကြားထားသည်ဟု မှော်ဘီမြို.နယ်ရဲတပ်ဖွဲ.မှ ဒုရဲမှူးနိုင်နိုင်ငြိမ်းကအတည်ပြုပြောကြားကြောင်း ၂၄.၁.၂၀၁၄ နေ.ထုတ် 7 Day Daily သတင်းစာတွင်ဖော်ပြထားပါသည် ။ သာမန်အပြင်လူများဝင်ခွင်.မရသော စစ်တပ်အတွင်း တံခါးနှစ်ခုကိုပြောင်ပြောင်တင်းတင်းရိုက်ချိုးကာလက်နက်များ ခိုးယူသွားသောအမှုမှာ သံသယဖြစ်စရာများစွာကောင်းပါသည် ။အတွင်းလူမပါပဲဖြစ်နိုင်ဖွယ်ရာမရှိပေ။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံမခံရမီက ဗြိတိသျှစစ်တပ်မှ လက်နက်များပျောက်သွားပုံကိုသတိရမိပါသည် ။အချို.သောဓါးပြမှုများ ၊အနုကြမ်းစီးမှုများတွင် ဗိုလ်ကြီးအဆင်.ရှိ တပ်မတော်သားများ ပါဝင်ကျူးလွန်ကြောင်း လက်ပူးလက်ကြပ်ဖမ်းဆီးရမီမှုများလည်း ယခုနှစ်ပိုင်းအတွင်း ရှိခဲ.ပါသည် ။

မြန်မာ.နိုင်ငံရေးကိုပြန်ကြည်.ပါလျင်လည်း ဒီမိုကရေစီနိုင်ငံထူထောင်မည်ဟုပြောလျက် ရွေးကောက်ခံသမ္မတသည် ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး ၊ နယ်စပ်ရေးရာဝန်ကြီး စသော သေနတ်ကိုင်ရသည်.ဌာနများကိုအုပ်ချုပ်သောဝန်ကြီးသုံးပါးကိုခန်.အပ်ခွင်.မရှိခြင်း သည် ဒီမိုကရေစီမကျသော ဗိုလ်ကျစိုးမိုးမှုဖြစ်သည် ။ သမ္မတသည် တစ်နိုင်ငံလုံး၏ အထွတ်အထိပ် ပုဂ္ဂိုလ်ဖြစ်သည် ဟု ဖွဲ.စည်းပုံအခြေခံဥပဒေပုဒ်မ( ၅၈)တွင်တစ်ဖက်ကဆိုထားပြီး ၊ထိုအထွတ်အထိပ်ပုဂ္ဂိုလ်သည် ၀န်ကြီး ကိုတောင် ခန်.ပိုင်ခွင်.မရှိတာ ဆိုးရွားလှသည်. မှားယွင်းမှုဖြစ်သည် ။ မြန်မာသမ္မတသည် ၀န်ကြီးကိုပင်ခန်.ပိုင်ခွင်.မရှိသည်မဟုတ် ၊ ဒုတိယသမ္မတများကိုပင်သူ.စိတ်ကြိုက် ခန်.ပိုင်ခွင်.မရှိပဲ ဒုသမ္မတနှစ်ဦးအား ကြိုက်ကြိုက်မကြိုက်ကြိုက်ယူစနစ်ဖြင်.ပြဌာန်းထားရာ တောင်.တင်းသောအစိုးရအဖွဲ.တစ်ဖွဲ.ဖြစ်ရေးကို များစွာထိခိုက်နိုင်သောစနစ်ဖြစ်နေပေသည် ။သမ္မတမှာအရေးပါသော ၀န်ကြီးသုံးပါးကိုလည်းခန်.ခွင်.မရှိ ၊ ဒုသမ္မတနှစ်ဦးကိုလည်းမိမိစိတ်ကြိုက်ရွေးချယ်ခွင်.မရှိ ဖြစ်နေရာ ထိုစနစ်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုသမ္မတထက်အာဏာပိုပေးထားသလိုဖြစ်နေပါသည် ( ကာချုပ်သည် အရေးအပါဆုံး ၀န်ကြီးသုံးပါးကိုလည်းခန်.ပိုင်ခွင်.ရှိသည် ၊ လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ဖြစ်သော ၁၆၆ ယောက်သော ရွေးမကောက်ခံ စစ်သားအမတ်များကိုလည်း ခန်.အပ်ပိုင်ခွင်. ၊ လူစားလဲခွင်. ရှိသည် ) ။ ထိုအကြောင်းကိုထိထိရောက်ရောက်ပြောတတ်သူကား ၁၉၉၀ ခုနှစ် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ဦးပီတာလင်းပင် ဖြစ်သည် ။ ဦးပီတာလင်းပင်က လွှတ်တော်တွင်တပ်မတော်က ရွေးကောက်ပွဲမ၀င်ပဲ ၂၅ ရာခိုင်နှုန်းယူထားပုံကိုဝေဖန်ရာ၌

“ ဟန်ဒီကက်ယူတယ်ဆိုတာ အားကစားပွဲတွေမှာ မစွမ်းမသန် ဒုက္ခိတတွေကို အကြောပေးတဲ.အနေနဲ. ဟန်ဒီကက်ပေးရတာ ၊ တပ်မတော်လိုလက်နက်ကိုင်အဖွဲ.က ၂၅ ရာခိုင်နှုန်း ဟန်ဒီကက်ယူထားတယ်ဆိုတာ လူကြားလို.တောင်မကောင်းဘူး “

ဟုပြောကြားခဲ.ဖူးသည် ။
ဤကားမီးလောင်မှုများကိုဆက်စပ်စဉ်းစားရာမှပေါ်ပေါက်လာသောအတွေးများပေတည်း ။မြန်မာ.နိုင်ငံရေး၌တပ်မတော်သည်အမြဲတမ်း အသာစီး ( Handicap)ရယူပြီးကစားသောအလေ.အထသည် မြန်မာ.နိုင်ငံရေး၏အဓိကပြသနာဖြစ်သည်ဟု ရှုမြင်မိပါသည် ။ တစ်ယောက်နှင်.တစ်ယောက်ကြေးကြောမယူပဲ မျှတစွာယှဉ်ပြိုင်နိုင်သောတစ်နေ.၀ယ် တိုင်းရင်းသားအရေး ၊ အာဏာခွဲဝေ အုပ်ချုပ်ရေး ၊ဖက်ဒရယ်တပ်မတော်တည်ထောင်ရေး၊ဒီမိုကရေစီရေး ၊ပြည်တွင်းငြိမ်းချမ်းရေး စသောအရေးအရာအားလုံး ပြေလည်မှုဆုံမှတ်တစ်ခုသို.ရောက်သွားမည်ဟုမျှော်လင်.မိပေသည် ။
တကယ်တော. ရေဓါတ်သည်လည်းကောင်း
မြေဓါတ်သည်လည်းကောင်း
လေဓါတ်သည်လည်းကောင်း
မီးဓါတ်သည်လည်းကောင်း
ဓါတ်ကြီးလေးပါးသည် မျှတစွာ လောင်ကျွမ်းမှု ၊ဘက်မလိုက်ပဲ စီးဆင်းမှု ၊လမ်းကြောင်းမှန်စွာ တိုက်ခတ်မှု ၊တူညီသော မြေသြဇာပေးမှုတို.တွင် လောကကို သစ္စာရှိကြပါ၏ ။ ဖြောင်.မှန်စွာဆောင်ရွက်ကြကုန်၏ ။လူတို.လုပ်သောတည်ဆဲဥပဒေ၊ ဖွဲ.စည်းပုံအခြေခံဥပဒေ များကသာ ပဲ.ပြားပင်လိုလေယူရာယိမ်းလျက် မာယာများတတ်ကြတာဖြစ်ပါသည် ။

သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ် ၅.၂.၂၀၁၄

ပြည်သတင်းလူငယ်

Read More...

ပြည်မြို့တွင် Fujitsu General လေအေးပေးစက် များအကြောင်းရှင်းလင်းပွဲ ကျင်းပ ပြည့်သဲမောင်(ပြည်)

Leave a Comment


ပြည်မြို့တွင် Fujitsu General လေအေးပေးစက် များအကြောင်းရှင်းလင်းပွဲ ကျင်းပ
ပြည့်သဲမောင်(ပြည်)
ဂျပန်နိုင်ငံ Fujitsu General Limited မှ ထုတ်လုပ်သော General အမှတ်တံဆိပ် လေအေးပေးစက်
များအကြောင်းကိုကုမဏီမှတာဝန်ရှိသူများနှင့်လေအေးပေးစက်များတပ်ဆင်ပေးနေသောစက်မှုပညာ
ရှင်များတွေ့ဆုံမိတ်ဆက်ပွဲကို နွေမိုးဆောင်း ရေကူးကန်(စားသောက်ဆိုင်)ရတနာထီးဖြူဘုရားလမ်း ပြည်မြို့တွင်ယမာန်နေ့ကကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါမိတ်ဆက်ပွဲတွင် Fujitsu General Limited မှထုတ်လုပ်သော General လေအေးပေးစက်များ
သည်အခန်းတွင်းရှိလေကို အေးမြစေရုံမက ပိုးမွှားနှင့် ဘက်တီးရီးယားပိုးများကိုပါသန့်စင်ပေးသည့် အတွက်
မိသားစုများအနေဖြင့် ကျန်းမာရေး ညီညွတ်ပြီး အထူးကောင်းမွန်သောလေအေးပေးစက်များဖြစ်ကြောင်းနှင့်
Fujitsu General Limited သည်လေအေးပေးစက်များကို အဓိကထားထုတ်လုပ်ရောင်းချနေသောကမ္ဘာ့ထိပ်
တန်း ကုမဏီကြီး တစ်ခုဖြစ်ပြီး မြန်မာပြည်အတွက်တစ်ဦးတည်းကိုယ်စားလှယ် Golden Orchid Ltd.မှလူနေ
အိမ်သုံး ၊ ရုံးခန်းသုံးWindow Type,Solit Type,Ceiling Caassette Type,Floor and CeilingType,Duct Type များအပြင်၊စားသောက်ဆိုင်၊ဟိုတယ်၊ကွန်ဒိုတိုက်ခန်များ၊ရုံးအဆောက်အအုံများ၊ShoppingMallများ
အတွက် အထူးသင့်လျော်သော Air Stage VRF V –II အမျိုးအစား လေအေးပေးစက် ကြီးများကိုလည်း တင်သွင်းပြီး(၃)နှစ်အာမခံဖြင့် ရောင်းချပေးနေကြောင်း ကုမဏီ၏တာဝန်ရှိသူတစ်ဦးမှရှင်းလင်းပြောကြားသွား
ပါသည်။
General လေအေးပေးစက် များကို ပြည်မြို့ ၊ဗိုလ်ချူပ်လမ်းနှင့်ဘုန်းကြီးလမ်းထောင့် Life’s Good(Wai Yan)
ELECTRONICS တွင်ရရှိနိုင်ပီးအခြားအမြို့မြို့အနယ်နယ်ရှိ အရောင်းကိုယ်စားလှယ်များတွင် ဝယ်ယူရရှိနိုင်ပါ
သည်။ပြီးစက်မှုပစ္စည်းပိုင်းနှင့်ပက်သက်ပြီး အသေးစိတ်စုံစမ်းသိရှိလိုပါက ရန်ကုန် -01 706 223 ၊ 09 850 2421 ၊09 515 7243 ၊ သို့၎င်း ။မန္တလေး -02 74682 ၊09 874 3114 ၊09 4026 31622 များသို့၎င်း ဆက်သွယ်
အကြံပြုနိုင်ကြောင်းသိရပါသည်။


Read More...

ကြည်နူးအိမ် (အမျိုးသားဆံသ နှင့် ဆေးဆိုး Colour, ခေါင်းလျှော်,ပေါင်းတင်,နားဆေး,ကောက်,ဖြောင့်) ဆိုင်

Leave a Comment


ပြည်မြို့ ပန်းပဲတန်းလမ်း ရွေကူရပ်ကွက် ၀ိုင်းလက်ဖက်ရည်ဆိုင်အနီး ကြည်နူးအိမ် (အမျိုးသားဆံသ နှင့် ဆေးဆိုး Colour, ခေါင်းလျှော်,ပေါင်းတင်,နားဆေး,ကောက်,ဖြောင့်)ဆိုင် တွင်ချိုသာသောဈေးနူန်း ဖြင့်ဆောင်ရွက်လျှက်ရှိပါသည်။ (အမျိုးသား သင်တန်းသားလက်ခံပေးနေပါပြီ (၃ လပြတ်သင်တန်း)အသေးစိတ်သိရှိလိုပါက ဆိုင်သို့ လူကိုယ်တိုင်လာရောက် လျှောက်ထားနိုင်ပါသည်။
 
ပြည်သတင်းလူငယ်
 
 
 
 
Read More...

BIKER ဆိုင်ကယ်အမျိုးမျိုးရောင်းဝယ်ရေး ဒုတိယဗိုလ်မှူးကြီး ရဲရင့်သွေး(ငြိမ်း)+ဒေါ်ခင်မိုးမိုးသန်း

Leave a Comment


BIKER ဆိုင်ကယ်အမျိုးမျိုးရောင်းဝယ်ရေး အမှတ်(၄၂၈),စစ်ကဲလမ်း,ရွှေကူရပ်,ပြည်မြို့, Phး 05324795,0941003358,092400681 ဒုတိယဗိုလ်မှူးကြီး ရဲရင့်သွေး(ငြိမ်း)+ဒေါ်ခင်မိုးမိုးသန်း Biker ဆိုင်ကယ်အမျိုးမျိုးရောင်းဝယ်ရေးဆိုင်တွင် ဈေးနူန်းချိုသာစွာ ၀ယ်ယူအားပေးနိုင်ပါတယ်။
 
ပြည်သတင်းလူငယ်
 
 
Read More...

Wednesday, January 29, 2014

ဆရာလင်းသိုက်ညွန်.(မြန်မာ.မြေ) ကို ပေါက်ခေါင်းသတင်း Online Media မှ ပြည်မြို. စာပေဟောပြောပွဲကိစ္စနှင့်ပတ်သက်၍ တွေ.စုံမေးမြန်း

Leave a Comment
ပေါက်ခေါင်းသတင်း Online Media မှတာဝန်ရှိသူများသည် ယနေ. 29.1.2014 နေ. ညနေ ၄း၃၀ အချိန်တွင် ပေါက်ခေါင်းမြို. အမှတ်(၁)ရပ်ကွက် စိန်မြရံချယ်လမ်း ဦးဌေးမောင် +ဒေါ်မျိုးမျိုးဆွေ တို.နေအိမ်တွင်ေ၇ာက်ရှိနေ သော ဆရာ လင်းသိုက်ညွန်(မြန်မာ.မြေ) နှင့်တွေ.ဆုံမေးမြန်းခဲ.ပါသည်။

20.1.2014 နေ.ထုတ် စောင့်ကြည်.သတင်းဂျာနယ်ပါ အကြောင်းအရာကိစ္စ နှင့်ပတ်သက်၍ ဆရာလင်းသိုက်ညွန်.မှ စောင့်ကြည်.သတင်းဂျာနယ်ကို မပြော လိုပါကြောင်း ၊Hot ဖြစ်ရင် ဂျာနယ်ကထည်.မှာပဲလေ ၊စာရေးဆရာ တစ်ယောက်အနေနဲ. ဂျာနယ်ကို ပြန်လည် တိုက်ခိုက်ပြောဆိုမှာ မဟုတ် ကြောင်း၊အဲဒီကိစ္စနဲ. ပတ်သက်လို. ဆရာဝင်းညိမ်း အလင်းတန်းဂျာနယ် တွင်ရေးသားထားခြင်းသည် ကျွန်တော်. Action အကုန်ပဲဖြစ်ပါကြောင်း ၊ ကျွန်တော်သည် အသက်(၂၈) နှစ်သာရှိသေး၍ လူငယ်တစ်ယောက်ဖြစ်ပါ ကြောင်း ၊စာရေးဆရာ ဖြစ်၍ လူငယ်ဘ၀ ဆုံးရှုံးရပါကြောင်း ၊ကျွန်တော်.ကို စင်ပေါ်တွင်သာ စာရေးဆရာ တစ်ယောက်အနေနဲ.မြင်စေလိုပါကြောင်း ၊ စင်အောက်သို.ရောက်သောအခါ Personal ခံစားမူသည် လူငယ်ပုံစံဖြစ်ပါ ကြောင်း၊ မိမိအား ပြောဆိုဝေဖန်သူများကို ပြန်လည်ချေပ ပြောဆိုမည်မဟုတ် ပါကြောင်း၊ အကြောင်းအရာများ တိုက်ဆိုင်၍ လူငယ်သဘာဝအ၇ ဒေါသ ထွက်မိတာလဲရှိပါကြောင်း ၊ကျွန်တော် ဟောပြောသည်.အတိုင်း လုပ်နိုင်တဲ. သူ မဟုတ်သေးပါကြောင်း၊ လူငယ်သာဖြစ်၍ သူတော်စင် မဟုတ်သေးပါ ကြောင်း ၊ချမ်းသာခြင်းအကြောင်းပြောဟောသူတိုင်း မချမ်းသာနိုင်ကြောင်း၊ ချမ်းသာခြင်းအကြောင်းကို နားထောင်၍ ချမ်းသာသွားသူများလဲ ရှိပါကြောင်း ကျွန်တော်သည် သူတော်ကောင်းမဟုတ်သော်လည်း မယုတ်မာ ပါကြောင်း၊ စိတ်လိုက် မာန်ပါပြောဆိုမိပါက တောင်းပန်ပါကြောင်း၊ ကျွန်တော်.အား NOTICE ပေးသော ၊မီးနီလေး လင်ပေးသော သူများကိုကျေးဇူးတင်ပါကြောင်း ကျွန်တော်ပြုပြင်သွားမည်ဖြစ်ပါကြောင်း ၊နောက်ပိုင်း စာပေဟောပြောပွဲများ တွင် အလိုမကျမူများကို ထိန်းချုပ်သည်းခံသွားမည်ဖြစ်ပါကြောင်း၊အဓိက က တော. ဟောပြောပွဲများ ဆက်သွား၍ အိပ်ရေးမ၀၊စိတ်မကြည် ၍ ယခုကဲ.သို. အကြောင်းတရားများ တိုက်ဆိုင်သွားတာဖြစ်ပါကြောင်း ၊ စိတ်လိုက်မာန်ပါ ပြောဆိုမိပါကလည်း တောင်းပန်ပါကြောင်း၊ ခွင့်လွတ်ပေးကြပါရန် မေတ္တာ ရပ် ခံပါကြောင်း ၊ကျွန်တော်.ကြောင့် စိတ်အနှောက်အယှက် ဖြစ်ကြသူများကိုလဲ မေတ္တာရပ်ခံ တောင်းပန်ပါကြောင်း ၊ပြည်မြို. မှ စာပေချစ်မြတ်နိုးသူများကို လဲ လေးစားပါကြောင်း၊ စာပေဟောပြောပွဲ ကျင်းပရေး ကော်မတီကိုလဲ နား လည်ပေးပါကြောင်း ၊ပြောကြားသွားခဲ.ပါသည်။

ပေါက်ခေါင်းသတင်း Online Media

https://www.facebook.com/pkgcitynews http://www.pkgcitynews.blogspot.com/
Read More...

ခြံရောင်းမည်

Leave a Comment

ပြည်-အောင်လံ လမ်းမကြီးဘေး၊ တီတွတ်-စံပြ၊ ဂေါက်ကွင်းအနီး၊
ပေ ၁၈၀ - ၂၀၀၊ စီးပွားရေးလုပ်ငန်း အချက်အခြာကြသည်။

ဈေးနှုန်း သိန်း (၃၅၀) ညှိနိုင်းနိုင်
(အရှုပ်အရှင်းကင်း)

ဆက်သွယ်ရန် - 09-731 99994/ 09- 423 704510
Read More...

သင်တန်း ဆရာမ အလိုရှိသည်

Leave a Comment

မဟာဇေယျုံ ကွန်ပျူတာ (အခမဲ့) သင်တန်းကျောင်းတွင် ကွန်ပျူတာပညာ သင်ကြားပေးနိုင်သော သင်တန်းဆရာမ အလိုရှိပါသည်။

အခြေခံ လစာ (၈၀၀၀၀ိ/) သတ်မှတ်ထားပြီး ( ညှိနှိုင်းနိုင် )

တပတ်လျှင် ပိတ်ရက် (၁) ရက် ထားရှိပေးမည်ဖြစ်ပြီး အချိန် ( ညှိနှိုင်းနိုင် )

မဟာဇေယျုံကျောင်းတိုက်၊ ရွှေတစ်ချောင်းလမ်း၊ ပြည်တက္ကသိုလ်အနီး၊ ပြည်မြို့။

ဆက်သွယ် စုံစမ်းရန် - 09-430 47862/ 09- 428 003527
Read More...

ဒါနပင်လယ် ကွန်ပြူတာ သင်တန်းဆင်းပွဲ ကျင်းပ

Leave a Comment
ပဲခူးတိုင်းေးသကြီး အနောက် ပြည်ခရိုင် ရွှေတောင်မြို့နယ် ပရဟိတ နာရေးကူညီမှုအသင်းနှင့် မြို့မိမြို့ဖတို့၏ ပံ့ပိုးကြီးကြပ်စီစဉ်မှုဖြင့် ဒါနပင်လယ် အခမဲ့ကွန်ပြူတာ သင်တန်းအမှတ်စဉ် (၉/၂၀၁၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၆ ရက်က ရွှေတောင်မြို့ သရက်တောရပ်ကွက် ရွှေဂူကြီးဘုရား ပရိဝုဏ်အတွင်းရှိ မြင့်ရတနာ ဓမ္မာရုံတွင်ကျင်းပရာ ဒါနပင်လယ် သြဝါဒဆရာတော်ကြီးများဖြစ်ကြသည့် ဦးဇောတိက၊ ဦးပညာသီရိတို့က သြဝါဒကထာမြွက်ကြားပြီး ဒါနပင်လယ် အခမဲ့ ကွန်ပြူတာအသင်း ဥက္ကဌ ဦးမြတ်စိုးနိုင်၊ ပရဟိတ နာရေးကူညီမှုအသင်း (ရွှေတောင်) ဦးမျိုးမြင့်သောင်းနှင့် မြို့မိမြို့ဖ တို့တက်ရောက်ကြပြီး သင်တန်းသူ၊ သင်တန်းသားများအား ဒါနပင်လယ် အခမဲ့ကွန်ပြူတာသင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်ခဲ့သည်။
Read More...

STAR (စတား) ဂျပန်ကားလေးဝပ်ရှော့

Leave a Comment




STAR (စတား) 

ဂျပန်ကားလေး
 
စက်ပြင်၊ EFI (နော်ဇယ်)ဆေးချိန်ညှိ၊ အောက်ပိုင်း အလိုင်းမင်းချိန်၊ ပရက်နင်း၊ ဆီထိုး 


ခေတ်မှီစက်ကိရိယာများဖြင့် လူကြီးမင်းတို့ စိတ်တိုင်းကြ ဆောင်ရွက်ပေးနေပါသည်။






အမှတ် (၉၂၀)၊ နဂါးလိမ်တန်းလမ်း၊ မူကြိုကျောင်းရှေ့၊ ဆံတော်ရပ်ကွက်၊ပြည်မြို့။


09-5376351



Read More...

Tuesday, January 28, 2014

မူးယစ်ဆေးဝါးဆိုးကြိုး အန္တရယ်အသိပညာပေးဟောပြောပွဲ ကျင်းပ

Leave a Comment




၂၈.၁.၂၁၀၄ တွင် အ.ထ.က (၁)၊ ပြည်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထန်းဦးစီးဌာနမှ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) မှ မူးယစ်ဆေးဝါးဆိုးကြိုး အန္တရယ်အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ကြောင်းသတင်းရရှိပါသည်။

ပြည်သတင်း
Read More...

Sunday, January 26, 2014

မဟာဇေယျုံ ပညာဒါနစီမံကိန်း စတုထ္ထအကြိမ် စာပေဟောပြောပွဲ ကျင်းပမည်

Leave a Comment
၂၇.၂.၂၀၁၄ မှ ၂၈.၂.၂၀၁၄ နေ့အထိ ည ၇ နာရီ အချိန်တွင် အ.ထ.က (၁) ကျောင်း လွတ်လပ်ရေးကျောက်တိုင်ကွင်း၊ ပြည်မြို့တွင် မဟာဇေယျုံကျောင်းတိုက် ဦးစီးပဓါန နာယက ဆရာတော်၏ ကြီးကြပ်လမ်းညွှန်မှုကို ခံယူပြုလုပ်ကျင်းပသော မဟာဇေယျုံ ပညာဒါနစီမံကိန်း (စတုထ္ထအကြိမ်) စာပေဟောပြောပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ဟောပြောပေးမည့် စာပေအနုပညာရှင်များမှာ (၂၇.၂.၂၀၁၄) တနင်္လာနေ့တွင် သာယာဝတီ - စန်းစန်းနွဲ့၊ မောင်စိန်ဝင်း (ပုတီးကုန်း) (၂၈.၂.၂၀၁၄) အင်္ဂါနေ့တွင် ဦးဘုန်း(ဓါတု)၊ နေ၀င်းမြင့် တို့ဖြစ်ကြောင်း သိရပါသည်။

ပြည်သတင်း

https://www.facebook.com/pyaynews
Read More...

Saturday, January 25, 2014

ပြည်မြို့ အ ထ က ၅ ကျောင်းနှင့်အဝေးပြေးကားဝင်းလမ်းဆုံတွင် စိမ်း ၊ဝါ ၊နီအချက်ပြမီးပွိုင့် တပ်ဆင်ပြီးစီးဖွင့်လှစ်

Leave a Comment

(၂၅.၁.၂၀၁၄)ရက်နေ့နံနက်(၆း၃၀)နာရီအချိန်တွင် ပဲခူတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်မြို့၊ခေတ္တရာမြို့သစ်ရပ်ကွက် ၊ဘုရင့်နောင်လမ်း ၊မြို့သစ်အဝင်လမ်းနှင့်ရွှေတံခါးလမ်းဆုံ(အဝေးပြေးကွင်း) အနီးတွင်စိမ်း၊ဝါ၊နီမီးပွိုင့်နှင့်စက်ခလုပ်ခုံအဆောက်အဦးဖွင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာပြည်ခရိုင်အုပ် ချူပ်ရေးမှူး ဦးအံ့မော်၊ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေဝင်း၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဦး၊အမှတ်(၁၀ )ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးဝင်းနိုင်ဦး၊ပြည်မြို့နယ်စခန်းမှူးများ၊အမှတ်(၁၀)ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှယာဉ် ထိန်းတပ်ဖွဲ့ဝင်များ၊ဌာနဆိုင်ရာအကြီးအကဲများ၊ရပ်မိရပ်ဖများ၊NGOအဖွဲ့ဝင်များ စုစုပေါင်းအင်အား(၅၀)ဦးတက် ရောက်ခဲ့ကြသည်။ အဆိုပါအခမ်းအနားတွင်ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေဝင်းမှအဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအံ့မော်၊ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေဝင်း၊ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဦးတို့မှအချက်ပြမီးပွိုင့်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအံ့မော်မှအချက်ပြ မီးစက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

ပြည့်သဲမောင်

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364
Read More...

ပျူအမွေအနှစ် ဓါတ်ပုံပြပွဲပြုလုပ်မည်

Leave a Comment

သရေခေတ္တရာ အမွေအနှစ်စောင့်ရှောက်ရေးအဖွဲ့မှ ကြီးမှုး ကျင်းပသော (ပျူအမွေအနှစ်) ဓါတ်ပုံ ပြပွဲကို (၁.၃.၂၀၁၄) မှ (၃၁.၃.၂၀၁၄) ရက်နေ့ထိ ရွှေဘုန်းပွင့် စာကြည့်တိုက် ပြည်မြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

သို့ပါသည့်အတွက် စိတ်ပါဝင်စါးသူ ဓါတ်ပုံဝါသနာရှင်များ အနေဖြင့် အောက်ပါသတ်မှတ်ချက်များ နှင့် အညီ ဝင်ရောက်ပြသနိုင်ပါသည်။

1. ပျူအမွေအနှစ် ခေါင်စဉ်ဖြင့် လိုက်ဖက်သော ဓါတ်ပုံများကိုသာ လက်ခံပြသ သွားမည်ဖြစ်ပါသည်။

2. ဓါတ်ပုံဝါသနာရှင်တဦး လျှင်အများဆုံး ဓါတ်ပုံ (၁၀) ပုံ ပေးပို့နိုင်ပါသည်။

3. ဓါတ်ပုံ အရည်အသွေးကောင်းမွန် အောင်ပြုပြင်နိုင်ပါသည်။

4. အရည်အသွေးမပြည့်မှီသော၊ ဖြတ်ညှပ်ကပ်ပြုလုပ်ထားသော ၊ HDR (Hight Dinamic Range) ပြုလုပ်ထားသော ဓါတ်ပုံများကို သရေခေတ္တရာအမွေအနှစ်စောင့်ရှောက်ရေးအဖွဲ့မှ လက်ခံ ပြသသွားမည် မဟုတ်ပါ။

5. ဓါတ်ပုံဝါသနာရှင်များအနေဖြင့် မိမိတို့ဓါတ်ပုံများကို ပုံထုတ်ပေးခြင်း ပြုရန်မလိုအပ်ပဲ (200 dpi) (24*18) လက်မဆိုဒ်ဖြတ်ပြီး 8bit Tiff File ဖြင့် တပုံ ၊ မပြုပြင် ရသေးသော မူရင် File ဖြင့် တပုံ စုစုပေါင်း ၂ပုံ ကို CD၊ Memory stick တို့ဖြင့် ပေးပို့နိုင်ပါသည်။

6. ဓါတ်ပုံပေးပို့ပါသော ဝါသနာရှင်များသည် ဓါတ်ပုံ ရိုက်ကူးသူအမည်၊ မှတ်ပုံတင်အမှတ်၊ ဆက်သွယ်ရန် လိပ်စာ၊ဖုန်းနံပတ်၊ လိုင်စင် ဓါတ်ပုံ ၁ပုံ၊ ပေးပို့ထားသော ဓါတ်ပုံ ၁ပုံ စီ၏ File name ၊ ဓါတ်ပုံရိုက်ကူး ထားသောတည်နေရာနှင့် camera setting အချက်အလက်များကို ကိုတိုင်ရိုက်ကူးကြောင်း ခံဝန်ချက်နှင့် အတူ လက်မှတ်ရေးထိုးကာ A4 စါရွက်ဖြင့် ဓါတ်ပုံပေးပို့ချိန်တွင်တပါးတည်း ပေးအပ်ရပါမည်။

7. ဓါတ်ပုံများကို (၁.၂.၂၀၁၄) မှစတင်ကာ (၂၀.၂.၂၀၁၄) ရက်နေ့အထိ ရွှေဘုန်းပွင့် စာကြည့်တိုက် စါကြည့်တိုက် ဖွင့်ချိန်များတွင် ၎င်း၊ ဦးဇင်သိန်း (၀၉ ၅၃၁၀၁၂၀)၊ ဦးညီညီနိုင် (၀၉ ၄၃၁၂၃၂၁၅) Pixel computer ၊ ဦးပြည့်ဖြိုး (၀၉ ၄၃၀၄၇၈၆၂) ၊ ဦးတင်အောင်ဖြူ (၀၉ ၄၅၂၃၃၆၉၄၃) သို့ ၎င်း ပေးပို့ နိုင်ပါသည်။

8. ရွေးချယ်ပြသခြင်းခံရသော ဓါတ်ပုံဝါသနာရှင်များ အား သရေခေတ္တရာ အမွေအနှစ်စောင့်ရှောက်ရေး အဖွဲ့ မှ အမှတ်တရ ဂုဏ်ပြုလက်မှတ်များ ပေးအပ်မည်ဖြစ်ပါသည်။

9. ဖြစ်ပေါ်လာသော အငြင်းပွားဖွယ် ကိစ္စရပ်များတွင် သရေခေတ္တရာ အမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့ ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်။

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364
Read More...

ဒုတိယအကြိမ် ICT and Mobile exhibition Show ပြုလုပ်ရန် စည်းဝေးပွဲပြုလုပ်

Leave a Comment










မြန်မာနိုင်ငံကွန်ပျူတာအသင်းမှ ကြီးမှူးပြီး ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ကွန်ပျူတာပညာရှင်များအသင်းနှင့် လုပ်ငန်းရှင်များအသင်းတို့မှ ကျင်းပပြုလုပ်သော ဒုတိယအကြိမ်မြောက် ICT and Mobile exhibition 2014 ကို ကျင်းပပြုလုပ်နိုင်ရန် စည်းဝေးပွဲပြုလုပ်ခဲ့ပါသည်။ အဆိုပါပွဲတွင် ဘဏ်လုပ်ငန်းရှင်များ၊ ကွန်ပျူတာလုပ်ငန်းရှင်များ၊ Mobile အရောင်းဆိုင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး တက်ရောက်သူ (၄၀) ခန့်ရှိပါသည်။ MCIA အသင်းမှ ဥက္ကဌ ဦးကျော်မိုးခိုင်မှ အဖွင့်အမှာစကားပြောကြားပြီး ICT and Mobile exhibition Show ပွဲနှင့်ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...

အပြောနှင့်အလုပ် လုံးဝဆန့်ကျင်နေသော ဆရာလင်းသိုက်ညွန့်သို့ အိတ်ဖွင့်ပေးစာ

Leave a Comment
သမ္မတကြီးသို့ အိတ်ဖွင့်ပေးစာ၊ ဒီမိုကရေစီအိတ်ဖွင့်ပေးစာစသည်ဖြင့် အကျိုးတရားဖြစ်ထွန်းစေသော အိတ်ဖွင့်ပေးစာများမှာ မြင်လို့ကောင်း၊ ဖတ်ရှု၍ကောင်းသောအရာများ ဖြစ်ပါတယ်။ အခုလို စာရေးဆရာတစ်ယောက် ဟောပြောပွဲစူပါတစ်ယောက်ရဲ့ အမှောင်ဘက်ခြမ်းကို ဖွင့်ထုတ်ပြတဲ့စာကိုရေးဖို့ရာမှာ အချိန်အတော်ကြာ စဉ်းစားခဲ့ရပါတယ်။ ဒါပေမဲ့ အမှားကြာရင် အမှန်ဖြစ်တတ်သလို ဒီအတိုင်းပဲ ငြိမ်နေလိုက်ရင် ကိုယ့်လုပ်ရပ်မှန်ကန်လို့သာ အသံမထွက်တာလို့ ကောက်ချက်ချပြီး ဆက်မိုက်မြဲမိုက်၊ ရိုင်းမြဲရိုင်းနေမှာစိုးလို့ ဖွင့်ချလိုက်ရခြင်း ဖြစ်ပါတယ်။

အကြောင်းရင်းကတော့ စာပေဟောပြောပွဲမှာ မဟောခင် ဟောနေစဉ် ဟောပြောပွဲပြီး၍ နောက်ဆုံးပြန်ခါနီးအထိ လူတစ်ဦးချင်းကို လည်းကောင်း၊ စာရေးဆရာအသင်းနှင့် ဟောပြောပွဲဖြစ်မြောက်ရေး ကော် မတီကိုလည်းကောင်း၊ မြို့တစ်မြို့လုံးကိုပါ နာမည်တပ်၍ စော်ကားသွားသော ဆရာလင်းသိုက်ညွန့်ရဲ့ ရိုင်းစိုင်းမှု အထွေထွေကြောင်းပါ။

၆-၁-၂၀၁၄ နေ့ ကျွန်တော်တို့ ပြည်မြို့မှာ စာရေးဆရာအသင်းနဲ့ Future Life Computer Centre က ကြီးမှူးပြီး စာပေဟောပြောပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဆရာ သရဝဏ်(ပြည်)၊ ဆရာမ မြနှောင်းညိုနဲ့ ဆရာ လင်းသိုက်ညွန့်တို့ပါ။ အဲဒီ စာရေးဆရာ သုံးယောက်အနက် ကျန်နှစ်ယောက်တည်ငြိမ်အေးဆေး၍ ဆက်ဆံရေးပြေပြစ်သလောက် ကျွန်တော် တို့အဖွဲ့ကို နည်းမျိုးစုံဖြင့် ဂျီကျ အကျပ်ကိုင်၊ ခြိမ်းခြောက်နဲ့ အဂါရဝကို တွင်တွင်သုံးစွဲခဲ့သူကတော့ ဆရာလင်းသိုက်ညွန့်ပါ။ သူ့ရဲ့ ရိုင်းစိုင်းမောက်မာပုံတွေကို အစဉ်လိုက်ချမရေးခင် အဆိုးဆုံးဖြစ်ရပ်က စပြောပါ့မယ်။

ဟောပြောပွဲအပြီး ၇-၁-၂၀၁၄ မနက် Breakfast ကျွေးတဲ့ စားပွဲဝိုင်း မှာ ဖြစ်တာပါ။ သူက ထွက်ခတ်ခတ်တဲ့အနေနဲ့ ခင်ဗျားတို့ ပြည်လောက် ညံ့တာ၊ အစဉ်အစဉ်မကျတာ၊ ဆက်ဆံရေးညံ့တာ၊ ဧည့်ဝတ်မကျေတာ မရှိဘူးလို့ ကျွန်တော်တို့ ပြည်သူတွေ ပြုစုကျွေးမွေးနေတဲ့ အစားအစာ များကိုစားရင်း အားမနာလျှာမကျိုး ပြောနေခဲ့ပါတယ်။ အဲဒါနဲ့ စာရေး ဆရာအသင်းရဲ့ ဒုဥက္ကဋ္ဌက `ဆရာ ကျွန်တော်တို့ဘက်က ဘာလိုအပ် လို့ပါလဲ။ အားလုံးအဆင်ပြေအောင်လုပ်ပေးနေတာပါ။ လိုအပ်တာရှိရင် လည်း ညကတည်းက ဆရာ့ဒူးကိုကိုင်ပြီးဝိုင်းတောင်းပန်ခဲ့တာပါ။ အခု ဘာတွေများ လိုအပ်နေလို့ပါလဲ ဆရာ´လို့ ကိုယ့်သားအရွယ်လောက်ကို ဆရာချင်းမိုးမွှန်လို့ ယဉ်ကျေးစွာ မေးမြန်းခဲ့ပါတယ်။ အဲဒါကို ဆရာလင်း သိုက်ညွန့်က `ကျုပ် စိတ်ဆိုးလာပြီနော်၊ ခင်ဗျား ပါးစပ်ပိတ်ပြီး သွားတော့။ ပြန်တော့၊ အခု ချက်ချင်းပြန်တော့´လို့ လက်ညှိုးငေါက်ငေါက် ထိုးပြီး ကိုယ့်အဖေအရွယ်ရှိသူကို ရိုင်းစိုင်းစွာ၊ စာရေးဆရာတစ်ယောက် မပီသစွာ အော်ငေါက်ခဲ့ပါတယ်။

အအော်ခံရတဲ့ စာရေးဆရာအသင်း ဒုဥက္ကဋ္ဌက မြို့နာမည်ပျက်မှာနဲ့ စာရေးဆရာအသင်းရဲ့ ဂုဏ်ကိုထိပါးမှာ စိုးလို့ ဒေါသတွေကို မြိုသိပ်ပြီး နောက်ကြောင်းပြန်လှည့်ခဲ့ပါတယ်။ အဲဒီလို ပြောဆိုတဲ့အချိန် စားပွဲဝိုင်းမှာ ဆရာ သရဝဏ် (ပြည်)တို့ ဇနီးမောင်နှံ၊ ဆရာမမြနှောင်းညို၊ စာရေးဆရာအသင်းရဲ့ နာယကနဲ့ စာရင်းစစ်တို့လည်း သက်သေအဖြစ် ရှိနေပါတယ်။

နောက်သည့်ထက်ဆိုးတဲ့ လုပ်ရပ်ကတော့ ဝစီကံအရပါ စော်ကားပြီးနောက် ကာယကံအရပါ စော်ကားမှုပါ။ အအော်ခံလိုက်ရတဲ့ ဒုဥက္ကဋ္ဌက စာရေးဆရာများနားမဲ့ ဦးစိန်ခိုဆေးတိုက်ကနေ စာရေးဆရာများကို ကြိုဆိုဖို့ စောင့်နေချိန်မှာ ဆရာလင်းသိုက်ညွန့်က ကားပေါ်က အရင်ဆုံးဆင်းလာပြီး တိုက်ရဲ့အဝင်ဝ ဘေးမှာရပ်နေတဲ့ ဒုဥက္ကဋ္ဌရဲ့ ပခုံးကို တွန်းတိုက်ပြီး ဝင်သွားပါတယ်။ အခုန စားသောက် ဆိုင်မှာဖြစ်ခဲ့တဲ့ ဒေါသအရှိန်မပြယ်သေးဘဲ ကာယကံမြောက် စော်ကား သွားခြင်းမို့ ဆရာလင်းသိုက်ညွန့်ရဲ့ ရိုင်းစိုင်းမှုက ကမ်းကုန်သွားပါပြီ။

ဒီဆရာနဲ့ ကျွန်တော်တို့အဖွဲ့ရဲ့ ဆက်ဆံရေးက စကတည်းက ယဉ်သကိုပါ။ ဟောပြောပွဲကိုဖိတ်တော့ စာပေဟောပြောပွဲ ကုန်ကျစရိတ် အလှူရှင်ကတစ်ဆင့် ဖိတ်ပါတယ်။ ၆-၁-၂၀၁၄ ပြည်မှာ ဟောရမှာကို `၅-၁-၂၀၁၄ ရက် လက်ပံတန်းမြို့မှာ ဟောရမယ်။ ပြည်ကနေ လက် ပံတန်းကို ပွဲပြီးချိန် ည ၁၁ နာရီလာခေါ်ရမယ်။ မခေါ်နိုင်ရင် လာမဟော ဘူး´လို့ စပါတယ်။ အဲဒီနေ့ည လက်ပံတန်းမှာအိပ်ပြီး နောက်နေ့ ၆-၁-၂၀၁၄ မနက်မှ လာခေါ်ပါရစေ။ ကျွန်တော်တို့ ကော်မတီနဲ့ တိုင်ပင် ပါဦးမယ်လို့ပြောတော့ ခင်ဗျားတို့ ကော်မတီတွေ ဘာတွေ ကျုပ်စိတ် မဝင်စားဘူး။ ညတွင်းချင်းလာခေါ်ရင်ခေါ် မခေါ်ရင်ပြည်ကို လာမဟော ဘူးလို့ ထပ်ဆင့်ပြောပြန်ပါတယ်။ သူ့ပုံစံကြည့်ရတာ လက်ပံတန်းမှာ အိပ်ချင်ပုံမရပါဘူး။ သူ့အတွက် လက်ပံတန်းမြို့မှာ အဆင့်မီဟိုတယ် မရှိဘူးလို့ ထင်နေပုံရပါတယ်။ အမှန်က ဒီမှာတင် ပွဲကပြတ်ဖို့ပါ။ ဒီလောက် မောက်မာနေတဲ့ ဆရာကို မဖိတ်ဘူးလို့ ဆုံးဖြတ်လို့ရပေမယ့် ငွေစိုက်တဲ့ စပွန်ဆာက ဆရာလင်းသိုက်ညွန့်မှဆိုလို့ အလျှော့ပေးခဲ့ရပါတယ်။

ဒါကြောင့် လက်ပံတန်းကို ကားစီးလုံးငှားခ ၆၀ဝ၀ဝိ/-။ မိုတယ်တစ်ရက်ကြိုတင်ငှားခ ၁၂၀ဝ၀ိ/။ ၇၂၀ဝ၀ိ/-ပိုကုန်ကျသွားပါ တယ်။ လက်ပံတန်းမှာ ဟောပြောပြီးထွက်လာတော့ ညတစ်နာရီကျော် နေပါပြီ။ ပြည်က အဖွဲ့ဝင်နှစ်ယောက် အိပ်ပျက်ခံစောင့်ပြီး ခေါ်လာတာ ပြည်ကိုရောက်တော့ မနက် ၄ နာရီခွဲပါ။ တည်းခိုမဲ့ စမိုင်းမိုတယ်မှာ နေရာချပေးတော့ Lucky Dragon ဟိုတယ်မှာ မတည်းရလို့ဆိုပြီး ပြဿနာရှာနေလို့ တောင်းပန်ပြီး ထားခဲ့ရပါတယ်။
ဟောပြောမယ့် ၆-၁-၂၀၁၄ ရက်နေ့ မနက်စာ နေ့လည်စာကို အဆင့်မနိမ့်လှသောဆိုင်များမှာ သူတို့နှစ်ယောက်ကို ကျွေးမွေးခဲ့ပါတယ်။

ဟောပြောချိန်က ည ၇းဝ၀ နာရီဆိုတော့ ၆ နာရီမှာ ထမင်းစားဖို့ လာခေါ်မယ်လို့ ဖုန်းကြိုဆက်ထားပါတယ်။ သွားကြိုတဲ့အချိန်မှာ ဆရာမ မြနှောင်းညိုနဲ့ ဆရာသရဝဏ်တို့ ဇနီးမောင်နှံကကြိုပြီး စောင့်နေပါတယ်။ သူက ၁၅ မိနစ်ကြာတဲ့အထိ ဆင်းမလာသေးပါဘူး။ နောက်တစ်ခါ ဖုန်း ထပ်ဆက်တော့ နောက်တစ်ခေါက်မှ လာခဲ့ဆိုလို့ နောက်တစ်ခေါက် ထပ်သွားခေါ်ရပြန်ပါတယ်။ သူ့မန်နေဂျာကိုပါ တစ်ခါတည်းခေါ်တော့ ကိစ္စရှိလို့နောက်မှပဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် လိုက်ခဲ့မယ်လို့ (သူ့ဆရာသိဟန် မတူပါဘူး)ပြောလို့ ထားခဲ့ရတာပါ။
အဲဒီလို သွားမကြိုခင် ဆရာလင်းသိုက်ညွန့်က သူ့ဟောပြောပွဲသွားလေရာတိုင်းပါတဲ့ သူ့စာအုပ်တွေ၊ စီဒီခွေတွေကို ရောင်းပေးဖို့ လာယူဦး ဆိုလို့ ကျွန်တော်တို့ တစ်ခေါက်သွားယူပြီး ကွင်းထဲက စာအုပ်အရောင်း ပြပွဲမှာ စားပွဲတွေခင်း၊ မီးချောင်းတွေဆင်ပြီး ရောင်းပေးရပါတယ်။ ကျွန်တော်တို့ စာပေဟောပြောပွဲမှာ စာအုပ်ဈေးရောင်းပွဲပါ ထည့်သွင်း ကျင်းပပါတယ်။

ကံ့ကော်ဝတ်ရည်၊ ရန်အောင်စာပေ၊ နေရီရီ၊ ပြုံးစာပေ၊ ဇွန်ပွင့်စာပေစသဖြင့် တိုက်ရှစ်တိုက်က စာအုပ်တွေကို ၂၀% ကျွန်တော် တို့ကိုပေးပြီးရောင်းတဲ့ပွဲပါ။ အဲဒါ ဆရာလင်းသိုက်ညွန့်ရဲ့ စာအုပ်နဲ့ စီဒီ ခွေတွေရောင်းရတာ တစ်သိန်းနီးပါးရပါတယ်။ ကျွန်တော်တို့ တစ်ပြားမှ မယူပါဘူး။

အဲဒီအချိန်မှာပဲ ဆရာလင်းသိုက်ညွန့် ကျွန်တော်တို့သွားကြိုတဲ့ ပရာဒိုကားနဲ့ စာပေဟောပြောပွဲစင်မြင့်ကို ကြွချီလာပါတယ်။ ကျွန်တော်တို့ သူ့စာအုပ်တွေနဲ့ အလုပ်ရှုပ်နေတော့ သူ့ကားတံခါးကိုဖွင့်ပေးပြီး အဖွဲ့ဝင် တစ်ယောက် သွားကြိုတာတစ်ယောက်တည်း လာကြိုရကောင်းလားလို့ ထိုင်ထိုင်ခြင်း စဟောက်ပါတယ်။ နောက် သူ့မန်နေဂျာကွင်းထဲကို ဆိုက္ကား နဲ့လာရတယ်။ ခင်ဗျားတို့ ဧည့်ခံကြိုဆိုရေး၊ ဒါလောက်ညံ့ရသလားလို့ ဆူပူပြန်ပါတယ်။ (အမှန်မှာ မန်နေဂျာကသွားနှင့် နောက်မှသူ့ဘာသာလာ ခဲ့မယ်လို့ ပြောလို့ထားခဲ့တာပါ) မြန်မာတပြည်လုံး လှည့်ဟောလာတာ ခင်ဗျားတို့လောက် ညံ့တာမရှိဘူးလို့ပြောလို့ ကျွန်တော်တို့တွေ ဘယ်လို ဆက်ပြီး ဘာပြောရမှန်းမသိတော့ပါ။ နင်မဟုတ်ရင် နင့်အဖေဆိုတဲ့ ဝံပုလွေ ပုံပြင်ကို သတိရရင်း စကားနဲ ရန်စဲနေလိုက်ကြပါတယ်။

အဲဒီအချိန်မှာ အခမ်းအနားမှူးက အစီအစဉ်တွေ ဖတ်ကြားပြီး ၁။ ဆရာသရဝဏ်(ပြည်)၊ ၂။ ဆရာမ မြနှောင်းညို၊ ၃။ ဆရာလင်းသိုက်ညွန့်လို့ ကြေညာလိုက်ချိန် မှာ ထပေါက်ကွဲပြန်ပါရော။ ဒီအစီအစဉ် ဘယ်သူဆွဲတာလဲ၊ ကျုပ်ကို အသိမပေးဘဲ လုပ်ရသလား မကျေနပ်ဘူး။ အဲဒီ ကြေညာတဲ့ အခမ်း အနားမှူး လာတောင်းပန်ရင်တောင်းပန်၊ မတောင်းပန်ရင် ကျုပ်မဟော ဘူး။ ပြန်မယ်ဆိုလို့ အားလုံးဝိုင်းတောင်းပန်ရပြန်ပါတယ်။ ဒီအစီအစဉ် ဟာ ဆရာသရဝဏ်(ပြည်)နဲ့ ဆရာမ မြနှောင်းညိုတို့ဆွဲတဲ့ အစီအစဉ်ပါ။ ဆရာနဲ့လဲ ညှိပြီးသားဆိုပြီး ဆရာတို့ စာရေးဆရာတွေပဲ ဆွဲတာပါလို့ ဒုဥက္ကဋ္ဌ စာရင်းစစ်နဲ့ အခြားသူတွေပါ သူ့အနားမှာထိုင်ပြီး မကန်တော့ရုံ တမယ် တောင်းပန်ပါတယ်။ ကျွန်တော်တို့မှာ ပွဲကကြိုစီစဉ်ပြီးသား ကြေညာပြီးသား။ မယကကို တစ်လကြိုတင်ပြီး ခွင့်ပြုမှ စီစဉ်ရတဲ့အချက် ကိုသိတော့ သူ ကျွန်တော်တို့ကို အကျပ်ကိုင်ပြီဆိုတာ သိသိကြီးနဲ့ စိတ် ကျေနပ်အောင် တောင်းပန်တာပါ။

ဆရာလင်းသိုက်ညွန့်ခင်ဗျား- ကျွန်တော် ယခုအထိ ရှင်းပြထားသော အချက်များနှင့် ရှေ့ဆက်ရေးမည့်အကြောင်းအရာများမှာ မဟုတ် မမှန် လီဆယ်၍ ပြောဆိုခြင်း အပိုဆာဒါးများ ချဲ့ထွင်ပြောဆိုခြင်းများ ပါရှိခဲ့ပါက မည်သည့်ပုံစံမျိုးနှင့်ဖြစ်စေ စုံစမ်းစစ်ဆေးခံရန် အသင့်ရှိပါ သည်။ ယခုကိစ္စတွင် ဆရာက လူပုဂ္ဂိုလ်တစ်ဦးချင်းကိုသာမက မြို့နာမည် တပ်ပြီး စော်ကားပြောဆိုသွားသည့်အတွက် အဖြစ်မှန်ကို ရှင်းလင်းတင်ပြ ခြင်းဖြစ်ပါတယ်။ ဆရာ့အနေနှင့် စိတ်မကျေနပ်စရာ၊ ဘဝင်ကျစရာ အချက်များကို ကျွန်တော်တို့ မြို့မှကော်မတီဝင်များ နားမလည်နိုင်ပါ။

ကျွန်တော်တို့မြို့ရဲ့ ဟောပြောပွဲကော်မတီနှင့် စပွန်ဆာ ဆရာတို့ စာရေးဆရာများကို တစ်ဦးလျှင် ငွေကျပ်နှစ်သိန်းစီနှင့် လက်ဆောင် ပစ္စည်းများပါ ပူဇော်ပါတယ်။ အဆင့်မနိမ့်လှသော Smile Motel မှာ ထားပါတယ်။ မနက်စာ၊ နေ့လည်စာ၊ ညစာတို့ကို အဆင့်မြင့်ဆိုင်များတွင် ကားဖြင့်လိုက်၍ ကျွေးမွေးခဲ့ပါတယ်။ ဆရာတို့အားလုံးကို ကြီးငယ်မဟူ လေးလေးစားစားနှင့် လိုက်လံပို့ဆောင်ခဲ့ပါတယ်။ အပြန်တွင်လည်း ကား လက်မှတ်ဝယ်ပေး၊ ကားဂိတ်အထိ ကားတစ်စီး ကျွန်တော်တို့အဖွဲ့ဝင် လေးငါးယောက်ဆိုင်ကယ်နှင့် လိုက်ပါပို့ဆောင်နှုတ်ဆက်ကြပါတယ်
ကဲ- ကျွန်တော်တို့ဘက်က ဘာလိုအပ်ခဲ့ပါသလဲ။ ဧည့်ဝတ်မကျေ ခဲ့သည့်အရာ ဘာတွေများရှိခဲ့ပါသလဲ။ ဟောပြောပွဲတစ်လျှောက်လုံး ဂျီကျ ဆူပူကြိမ်းမောင်းအကျပ်ကိုင်ခြင်းများကတော့ ဆရာ့ရဲ့ ပင်ကိုယ်ဗီဇစိတ် ကြောင့်သာ ဖြစ်မယ်လို့ ကျွန်တော်တို့ ယူဆရပါတယ်။

ဆရာလင်းသိုက်ညွန့် ကျွန်တော်တို့ပြည်မြို့ကို သည်လိုပြောခဲ့ပါ တယ်။ ခင်ဗျားတို့ပြည်ကို ကြောက်ပါပြီ။ နောက်မလာတော့ပါဘူး။ မြန်မာ တစ်ပြည်လုံး ပတ်ဟောလာတာ ခင်ဗျားတို့မြို့လောက်ညံ့တာ အသုံးမကျ တာမရှိဘူးဟု ပြောခဲ့သလို ကျွန်တော်တို့ဘက်ကလည်း ပြောစရာ စကား များရှိပါသည်။

ကျွန်တော်တို့ မြို့အနေဖြင့် ဆရာအောင်သင်း၊ ဆရာ နေဝင်းမြင့်၊ ဆရာချစ်ဦးညို၊ ဆရာမဂျူးစသော စာရေးဆရာ ကြီးငယ်များ ကို ဖိတ်ကြား၍ စာပေဟောပြောပွဲများ ကျင်းပလာခဲ့သည်မှာ နှစ်ပေါင်း လေးငါးဆယ်မကတော့ပါ။ ထိုစာရေးဆရာများထဲတွင် ဆရာလောက် ပညာဂုဏ်မောက်သော ရိုင်းစိုင်းကြမ်းတမ်းစွာ ပြောဆိုတတ်သော အိမ်ရှင် ကို အားမနာလျှာမကျိုး စော်ကားဝံ့သော စာရေးဆရာမျိုး တစ်ခါမျှ မတွေ့ ဖူးခဲ့ပါ။

လာရောက်ဟောပြောသည့် ဆရာသုံးယောက်တွင် ဆရာလင်းသိုက် ညွန့် အနေနှင့် ကျန်ဆရာများထက်ပင် အခွင့်အရေးပိုရခဲ့ပါတယ်။ လက်ပံ တန်းမှာ ဟောသည့်ပွဲသည် ပြည်မြို့နှင့် မဆိုင်သော်လည်း ကားစီးလုံးငှား ၍ တစ်ရက်ကြိုတင်လာကြိုရခြင်း၊ မိုတယ်တွင် တစ်ရက်စာ အခန်းကြို ယူရခြင်း၊ နောက် ဆရာ၏ စာအုပ်များနှင့် စီဒီများကိုပါ အပင်ပန်းခံ ရောင်းချပေး၍ ရာခိုင်နှုန်းဖြင့် တစ်ပြားတစ်ချပ်မျှမယူခြင်း စသည့်အချက် များတွင် ဆရာလင်းသိုက်ညွန့် အခွင့်အရေးပိုရပါလျက် ကျွန်တော်တို့ကို အပြစ်မြင် ဂျီကျစော်ကားခြင်းများကို ဘာကြောင့်ဟု ယခုထက်တိုင် နားမလည်နိုင်ပါ။

ဟောပြောပွဲ စင်မြင့်တွင် ဆရာ့ဟောပြောချက်များ ကောင်းပါ သည်။ အတုယူမှတ်သားစရာများစွာ ပါရှိ၍ လူငယ်များ သဘောကျ နှစ်ခြိုက်ကြပါသည်။ သို့သော် ကိုယ်တိုင်ကြုံတွေ့ခံစားရသော ကျွန်တော် တို့အဖို့ကိုတော့ အပြောရွှေမန်း၊ ကတော့ချိုမိုင်မိုင်ဟူသော စကားကို သတိရသကဲ့သို့ အပြောနှင့် အမူအကျင့် လုံးဝ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေမှန်း သတိထားမိပါသည် ခင်ဗျား။ ဆရာ့ကို အကြံပြုပါရစေ ဂီတ လုလင်မောင်ကိုကို ရေးစပ်သီကုံးသော `မာန်´သီချင်းကို နားဆင်ခံစား ကြည့်ပါရန်။ လောကနီတိ (ယဉ်ကျေးလိမ္မာသိမှတ်ဖွယ်ရာများ)ကို ဆရာ၏ မိဘများကို မေးမြန်းကြည့်ပါရန်၊ ဦးနှောက် (အတတ်ပညာ ဖွံ့ဖြိုးမှု) နည်းတူနွေးထွေးစွာ နားလည်ကြင်နာတတ်သော နှလုံးသား (အသိပညာ) များ ဆတူတိုးတက်ရန် လေ့လာဖို့ လိုအပ်ပါကြောင်း စေတနာကောင်းဖြင့် တိုက်တွန်းအပ်ပါသည် ခင်ဗျား၊ ဆရာလင်းသိုက်ညွန့်ကို လူငယ်များက အတုယူကျင့်ကြံခဲ့မည်ဆိုပါက ဆရာဟောသလို အောင်မြင်သောနိုင်ငံ၊ အောင်မြင်သောလူမျိုးဖြစ်မည်ထက် အတ္တကြီးသောနိုင်ငံ အတ္တကြီးသော လူမျိုးများ ဖြစ်လာမှာ သေချာပါကြောင်း။

ရည်ဇော်မောင်(ပြည်)
ပြည်မြို့နယ်စာရေးဆရာအသင်း စာပေဟောပြောပွဲဖြစ်မြောက်ရေးကော်မတီ
Read More...

Friday, January 24, 2014

ခြံရောင်းမည်

Leave a Comment



ခြံရောင်းမည်
*********
ပဲခူးတိုင်း၊ပြည်မြို့၊စက်မှုဇုန်(၂)မျက်နှာချင်းဆိုင်၊ဘုရင့်နောင်လမ်းမကြီး(မြို့ရှောင်လမ်း) ပေါ်တွင်တည်ရှိပါသည်။
လမ်းမကြီးမျက်နှာစာ (၄၄၀”) x ရှေ့နောက်(၂၅၀”)၊ဧရိယာ ဧက(၂.၅)ဧကရှိပါသည်။ အုတ်တံတိုင်းခတ်ပြီး
ထရန်စဖော်မာ (200-KAV) တပ်ဆင်ပေးပါမည်။ ၂” စက်ရေတွင်းတူးပြီး။ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ စစ်
တွေကုလားတန်ဆိပ်ကမ်းနှင့် ရန်ကုန်မြို့ဆက်သွယ်သောလမ်းမပေါ်တွင်တည်ရှိပါသည်။ (လ/န ၃၉ကျပြီး)
ဆက်သွယ်ရန်  09 423667988
                 09 254031223
                 053-28290

 The place is located in Pyay, bago division (West), and infront of Pyay Industrial zone (2).
 This place is also locatd on the Bayintnaung High-way Road that join Yangon City ant
 KyaukPhyu international Seaport, Sittwe-Kalatan Seaport. the length of this place is 440 feet
 along the Bayintanung highway Road and width is 250 feet. The area of this place is 2.5
acreage. This area is inclosed with brick-wall and includes 2" PVC pipe-well.If you buy this
place, the owner will fit the 200 KVA transformer.
                                      (the register of this piace is LaNa 39)
ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364


Read More...

ဘယ်သူတွေ ဘယ်လိုဖြေရှင်းပေးနိုင်မလည်း

Leave a Comment


ဘယ်သူတွေ ဘယ်လိုဖြေရှင်းပေးနိုင်မလည်း
****************************
ပြည်မြို့ လမ်းရှည်လမ်းနှင့် လက်သမားလမ်းဒေါင့်ရှိ
စိန်ဘန္ဒာ ဒိန်ချဉ် ဆိုင်ရှေ့ ဆောက်လက်စ တိုက်မှ အများပြည်သူ အသုံးပြုနေသော လမ်းပေါှ်စည်းကမ်းမဲ့ သဲပုံထားပုံ........

ပြည်သတင်းလူငယ်

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364
Read More...

ဒီမိုကရေစီနှင်.ရေသာခိုအချောင်သမားဝါဒ သရ၀ဏ်(ပြည်)

Leave a Comment

ဒီမိုကရေစီနှင်.ရေသာခိုအချောင်သမားဝါဒ

သရ၀ဏ်(ပြည်)

ကျွန်တော်တို.အိမ်အနီးတွင် ဒီမိုကရေစီကို လုံးဝဆန်.ကျင်သော စစ်အစိုးရအုပ်ချုပ်ရေးကိုအပြည်.အ၀ထောက်ခံသော မိသားစုတစ်စုရှိပါသည် ။ သူ.တို.သည် စစ်အစိုးရ ကိုဆန်.ကျင်၍ီ ဒီမိုကရေစီတောင်းဆို ဆန္ဒပြပွဲများဖြစ်နေစဉ် အခါကတည်းက ဒီမိုကရေစီဘက်တော်သားများကို အပနာမ အမြဲတမ်းပြောဆိုရှုတ်ချနေသူများဖြစ်သည် ။ သူတို.အမြဲတမ်းပြောသည်မှာ တိုင်းပြည် ကိုစစ်တပ်ကအုပ်ချုပ်မှစည်းကမ်းရှိ၍ ဖွံ.ဖြိုးတိုးတက်မည်ဆိုသော အယူအဆဖြစ်သည် ။ သူတို.သည် ဘာ .ကြောင်.စစ်တပ်ကိုလိုလားနေမှန်းကျွန်တော်လည်းသဲသဲကွဲကွဲမသိပါ ။ သူတို.အမျိုးထဲတွင်တပ်မတော်သားတစ်ယောက် ရှိသလားလည်းသေသေချာချာမသိပါ ။သေချာသည်မှာကား သူတို.သည် ပညာတတ်များမဟုတ်ပါ ။ လင်ရောမယားရောလမ်းဘေးတွင်ဈေးလည်ရောင်းသော လက်လုပ်လက်စားများဖြစ်ပါသည် ။စာလည်းဖတ်သူများလဲမဟုတ်ပါ ။ ၂၀၁၀ တွင်ရွေးကောက်ပွဲကျင်းပပြီး ဒီမိုကရေစီတစ်ပိုင်း အစိုးရတက်လာပြီးသောခေတ်တွင် ထိုလင်မယားသည် အရာရာကို အပြစ်မြင်သောမျက်လုံးနှင်.ကြည်.ကာ တစ်ခုခုအမြင်မတော်တာတွေ.တိုင်း “ လိုချင်ဦး ဟဲ. ဒီမိုကရေစီ ၊ ဒါလားဒီမိုကရေစီ “ စသည်ဖြင်. မဲ.ရွဲ.ကာပြောလေ.ရှိပါသည် ။ သင်္ကြန်တွင် မိန်းကလေးများ အမြင်မတော်အောင်ဝတ်စားကခုန် မူးရူးနေသည်ကိုမြင်သောအခါတွင် “ ဒါလားဒီမိုကရေစီ “ ဟူ၍လည်းကောင်း ဗုံးကွဲမှုများပေါ်ပေါက်သောအခါ “ ယူချင်ဦးဟဲ. ဒီမိုကရေစီ “ စသည်ဖြင်. ကဲ.ရဲ.ပြောဆိုလေ.ရှိပါသည် ။ သူ.စိတ်ထဲတွင် ဒီမိုကရေစီဆိုသည် နှင်.မကောင်းသောအရာအားလုံးဖြစ်လာသည် ဟု သတ်မှတ်ထားပုံရသည် ။ ရေကြီးခြင်း ၊ ငလျင်လှုပ်ခြင်း၊ တောမီးလောင်ခြင်း ၊ မိုးခေါင်ခြင်းစသော မည်သည်.ခေတ်မှာမဆိုဖြစ်တတ်သော သဘာဝဘေးအန္တရာယ်များကိုပင် ဒီမိုကရေစီကြောင်.ဖြစ်သည် ဟု ထင်နေပုံရပါသည် ။ အဘက်လုပ်၍ ပြောရမည်.သူများမဟုတ်သဖြင်. ကျွန်တော်ကတော. ဒီမိုကရေစီဆိုသည်မှာ ဘာဟု သူတို.ကို တရားမဟော တော.ပါ ။ ဒီမိုကရေစီဆိုသည်နှင်. မကောင်းတာတွေအားလုံးဖြစ်လာမည်ဟု မ.ဆ.လ ခေတ်တစ်လျှောက်လုံး လိမ်ညာဝါဒဖြန်. ကာ Brain Wash လုပ်ခံထားရသည်.အစွဲသည် အချို.လူများ၌ ယခုထက်တိုင်မပျောက်ကင်းကြသေးသောကြောင်.ဖြစ်ပါသည် ။ ထိုအစွဲသည် သာမန်အရပ်သားတွေတင်မှမဟုတ် တပ်မတော်အရာရှိကြီးများ ၊အာဏာရပါတီထိပ်တန်းခေါင်းဆောင်အချို. ၊ အစိုးရအဖွဲ.၀င် အချို.သောဝန်ကြီး ၊ ၀န်ကလေးများ ခေါင်းထဲမှာပင် စွဲထင်နေကြောင်းတွေ.ရပေသည် ။ ထို.ကြောင်.ပင် စစ်အစိုးရခေတ်အဆက်ဆက် မှယနေ.ထက်တိုင် ဒီမိုကရေစီဆိုလျင် တီကောင်ကိုဆားနှင်.တို.လိုက်သလို ထွန်.ထွန်.လူးသွားတတ်ကြပေသည် ။ဒီမိုကရေစီရသည်နှင်. မြန်မာနိုင်ငံကြီးပဲပျက်တော.မလို ၊ တပ်မတော်က၀င်မထိမ်းရင်ပဲမဖြစ်တော.သလို ၊ တပ်မတော်မပါဝင်ရင်ပဲ လွှတ်တော်ကြီးပျက်သွားတော.မလိုလို ကိုယ်.ဘာသာ ကိုယ်အမှတ်ပြည်.ပေးကာ သာသာထိုးထိုးတွေးယူကြပေ၏။ ဤကားဒီမိုကရေစီကိုအဆိုးမြင်လွန်းသောဝါဒပေတည်း ။

အကောင်းမြင်လွန်းပုံကတစ်မျိုးရှိသေးသည် ။ ဒီမိုကရေစီဆိုသည်နှင်. ဘာအလုပ်မှလုပ်ဖို.မလို ၊ေ၇သာခိုအချောင်လိုက်ကာ ပဒေသာပင်မြေကပေါက်တော.မည်ဆိုသော မင်းလောင်းမျှော် အချောင်သမားဝါဒဖြစ်ပေသည် ။ ဒေါ်အောင်ဆန်းစုကြည်အစိုးရတက်သည် နှင်. တိုင်းပြည်သည်အလိုလို တိုးတက်တော.မည်ဟုအလွန်အကျွံမျှော်မှန်းကြသူတွေလည်းဒုနဲ.ဒေးရှိနေသည် ။ နိုင်ငံတကာချေးငွေတွေဒလဟောရောက်လာမည် ၊ ရင်းနှီးမြှုပ်နှံမှုတွေ အစုလိုက်အပြုံလိုက်ဝင်လာမည် ၊လုပ်ခလစာတွေတမဟုတ်ခြင်းအံ.မခန်းတိုးတက်လာမည် ဟု ဆိုကာမစားရ၀ခမန်းပြောဆိုနေကြတာလည်းရှိပေသည် ။ ကျွန်တော်.ကိုယ်တွေ.အရဆိုလျင် နိုင်ငံတစ်ခုကောင်းစားသည် တိုးတက်သည် ဆိုရာတွင် အစိုးရကောင်းတစ်ရပ်ရှိဖို.လိုသလို တာဝန်သိသောအလုပ်ကြိုးစားသည်.နိုင်ငံသားများရှိဖို.လည်းလိုသည် ။ အစိုးရကဘယ်လောက်ပင်ကောင်းသော်လည်းလူပျင်းများရှိနေသောနိုင်ငံသည် ဘယ်တော.မှမကြီးပွားမတိုးတက်နိုင် ။

ကျွန်တော်အင်္ဂလန်နိုင်ငံသို.ရောက်ခဲ.စဉ်က နေမ၀င်အင်ပါယာကြီးကိုထူထောင်နိုင်ခဲ.သော ဗြိတိသျှတို.၏မြို.တော် လန်ဒန်တွင် စားရမဲ.သောက်ရမဲ.ပုံစံမျိုးနှင်.ဆင်းရဲစုတ်ပြတ်ကာ ပိုက်ဆံလိုက်လံတောင်းခံနေသော အင်္ဂလိပ်လူငယ်တစ်ဦးကိုတွေ.ခဲ.ပါသည် ။ ထိုလူငယ်သည် အသက် ၂၀ကျော်ခန်. စုတ်ပြတ်နွမ်း ဖတ်သောအ၀တ်အစားများကိုဝတ်ဆင်ထားသည် ။မြင်တာနှင်. အရက် (သို.မဟုတ်)မူးယစ်ဆေးဝါး သုံးစွဲထားသူတစ်ယောက်လို .ထင်ရသည် ။သူ.မှာစားစရာမရှိသဖြင်.ကူညီစွန်.ကြဲပေးသနားပါမည်.အကြောင်း တစာစာတောင်းဆိုနေပေသည်။ အမျိုးဂုဏ်ကြီးမြတ်ချင်လှသော အင်္ဂလိပ်များသည် သူတို.လူမျိုးသူတောင်းစားတစ်ယောက် ကျွန်တော်.ရှေ.သို.ရောက်လာခြင်းကိုမနှစ်မြို.ဟန်နှင်. ပိုက်ဆံမထည်.ဖို.တားကြသေးသည် ။သို.သော်ကျွန်တော်ကလည်း အင်္ဂလိပ်လူမျိုးသူတောင်းစားတစ်ယောက်ကို မြန်မာတစ်ယောက်က ပိုက်ဆံကူညီထောက်ပံစွန်.ကြဲခဲ.ရသည်ဟူသော ဂုဏ်ထူးဝိသေသကြီးကိုခံယူလိုသဖြင်. အသပြာငွေ စတာလင်ပေါင်တစ်ပေါင် (မြန်မာငွေ ၁၅၀၀ ကျပ် ခန်.) ကို ပေးကမ်းခဲ.ဖူးပါသည် ။ အိမ်ပြန်ရောက်၍ ထိုအကြောင်းကိုအိမ်ရှင်အင်္ဂလိပ်ကြီးအားပြောပြရာ အင်္ဂလိပ်ကြီးက

“ဒီလောက်ကောင်းတဲ.နိုင်ငံမှာ စားစရာမရှိလို.တောင်းစားနေရတာ အစိုးရအပြစ်မဟုတ်ဘူး ၊လက်ကြောမတင်းတဲ.ဒီကောင်တွေရဲ.အပြစ်ပဲ “

ဟုပြောပါသည် ။ဟုတ်လည်းဟုတ်သည် အင်္ဂလန်တွင် နိုင်ငံသားများကိုအစိုးရကထောက်ပံ.ထားပုံမှာတော်တော်ထောင်.စေ.ပါသည် ။ အလုပ်လုပ်ချင်လျက် အလုပ်ရှာ၍မရသေးသူများကိုအလုပ်မရမီစပ်ကြား အလုပ်လက်မဲ.ထောက်ပံ.ကြေးပေးထားပါသည် ။ထိုငွေဖြင်.ချွေချွေတာတာစားလျင် မိသားစု သုံးယောက်လောက်ကောင်းကောင်းစားလောက်ပါသည်။ နိုင်ငံတော်မှ အားလုံးကိုကျန်းမာရေးဆေးကုသခွင်.အခမဲ.ထောက်ပံ.ပေးထားပါသည် ။ ပင်စင်စားများဆိုလျင်လည်း တစ်လလျင်ပင်စင်လစာငွေ အနိမ်.ဆုံး ပေါင် ၃၀၀ ခန်. (မြန်မာငွေ ကျပ်၎သိန်းခွဲခန်. ) ပျမ်းမျှခြင်းအားဖြင်.ရရှိကြသည် ။ အသက် ၆၀ ကျော်သူများကို စီနီယာစီတဇင် ဟုလေးလေးစားစားသတ်မှတ်၍ ဘတ်စ်ကား အခမဲ.စီးနင်းခွင်. ၊ ပြတိုက် များသို.အခမဲ.ကြည်.ရှုခွင်. ၊ အဝေးပြေးကားများ၊ ရထားများတစ်ဝက်ကြေးနှင်.စီးနင်းခွင်.များပေးအပ်ထားပါသည် ။ ၎င်းအပြင် အိမ်ဝယ်ချင်သူ၊ကားဝယ်ချင်သူ များကိုလည်းအစိုးရမှငွေထုတ်ချေးကာ အရစ်ကျပေးချေနိုင်အောင် ဆောင်ရွက်ပေးပါသည် ။ ထိုသို.အစိုးရကအဘက်ဘက်မှကြည်.ရှုဆောင်ရွက်ပေးသောနိုင်ငံတွင် နေထိုင်ပါလျက် မွဲပြာကျပြီး တောင်းစားနေရသည်ဆိုခြင်းမှာ အစိုးရညံ.၍ မဟုတ်ပဲ တိုင်းသူပြည်သားအချို.ကလက်ကြောမတင်းပဲ ရှိသမျှငွေကိုမူးယစ်ဆေးဝါး ၊ လောင်းကစားတို.တွင် သုံးဖြုန်းပစ်သောကြောင်.မွဲတေနေခြင်း ဖြစ်တန်ရာပါသည် ။ ဆိုလိုရင်းမှာ ဒီမိုကရေစီဘိုးအေနိုင်ငံကြီးမှာပင် လူတစ်ယောက် ချမ်းသာခြင်းဆင်းရဲခြင်းသည် မိုးပေါ်ကအညီအမျှ ကျမလာနိုင် ၊ တိုင်းသူပြည်သားတစ်ယောက်ချင်း၏ကြိုးစားမှုဖြင်.သာ ဘ၀အဆင်.အတန်းမြင်.တက်ကြရပေမည် ။

ဘယ်နိုင်ငံတွင်မှပဒေသာပင်သည် မြေကြီးမှအလိုလိုပေါက်သည်မရှိနိုင်ခြေ ။ အများအားဖြင်.ညီညီညာညာရုန်းကန်မှသာ တစ်တိုင်းတစ်ပြည်လုံးကြွယ်ဝချမ်းသာလာပေမည် ။ အားအားရှိ ဘိလိယက်ခုံတွင်အချိန်ကုန်နေသော ၊တစ်နေ.လျင်အချိန်ရှိသမျှ နှစ်လုံးထီ ထိုင်တွက်နေသော ၊ လက်ဖက်ရည်ဆိုင်တွင်ထိုင်ကာ ပြသမျှ ရုပ်ရှင်ဇာတ်ကားများကိုတမေ.တမောထိုင်ကြည်.တတ်သော လူမျိုးများအတွက် တော. ဒီမီကရေစီ မကလို. ဒီမိုကရေစီ၏ဘိုးအေ ရောက်လာလျင်တောင် ချမ်းသာဖို.လွယ်မည်မဟုတ်ချေ ။
ကျွန်တော်တို.လူမျိုးများသည် အစိုးရကိုအပြစ်တင်ရာတွင်ညီညာကြသလောက် ကိုယ်.တာဝန်ကိုယ်ယူဖို.ဆိုလျင် သေမလောက်ကြောက်တတ်ကြသည် ။ ကျွန်တော်နေထိုင်ရာ မြောက်ဥက္ကလာ မြို.နယ် ၊ (ဆ) ရပ်ကွက် ၊သုနန္ဒာ (၁၂)လမ်း တွင် ရေမြောင်းများရေစီးရေလာမကောင်းပေ ။မကောင်းရခြင်းမှာ (၁၃)လမ်းထိပ်တွင် ရေမြောင်းသည် အမှိုက်များဖြင်.ပိတ်နေ၏ ။ ထိုနေရာတွင် ရပ်ကွက်အမှိုက်ကန်ရှိ၏ ။ အမှိုက်ကန်ထဲမှ အမှိုက်များ လျှံကျကာ ရေမြောင်းကိုပိတ်ဆို.နေခြင်းဖြစ်သည် ။ အစိုးရကတာဝန်ကြေစွာ ရေမြောင်းမကြီးကို မြေတူးစက်ကြီးများဖြင်.ပြီးခဲ.သည်.မိုးတွင်းကလာတူးပေးသွားသည် ။ အစိုးရဘက်မှတာဝန်ကြေပြီဟုပြောနိုင်သည် ။ ဆယ်ပေအကျယ် ခြောက်ပေအနက် ရေမြောင်းကြီး လာတူးပေးသွားသည်ဖြစ်၍ အစိုးရကသေသေချာချာ လုပ်ပေးပြီးဖြစ်သော်လည်း ကျွန်တော်တို.ရပ်ကွက်သားများသည် ရေမြောင်းအသေးလေးထဲမှရေကိုမြောင်းမကြီးထဲသို. စီးဆင်းသွားအောင်မဆောင်ရွက်နိုင် ။ အားလုံးညံ.နေကြသည် ။ ၁၂ လမ်းသားများက ၁၃ လမ်းမြောင်းပိတ်နေတာကိုလက်ညှိုးထိုးကြသည် ။ ၁၃ လမ်းက သူတို.လမ်းမှရေများ သည် ကန်စွန်းခင်းပိုင်ရှင်ကပိတ်ထားသလိုလိုပြောကြသည် ။ ကန်စွန်းခင်းပိုင်ရှင်ကို သွားပြောမည်.သူတစ်ယောက်မှမရှိ ။လမ်းမှူးကိုပြောတော. ဥက္ကဌကိုတင်ပြလိုက်ပါဦးမည်ဟုပြောသည် ။ ဥက္ကကလည်း ဘာမှမလုပ်သဖြင်. ရေမြောင်းသည် တစ်နေ.တခြားေ၇စီးရေလာပိတ်ကာ ပိုးလောက်လန်းများပေါက်ပွားပြီး ခြင်တလောင်းလောင်းဖြစ်လာသည် ။ ထိုရေမြောင်းကိုကျွန်တော်က အလုပ်သမားတစ်ဦးငှားပြီးသွားဖော်မည်ဟုလုပ်သည် ပေါက်ပြားဆွဲ၍ထွက်သည် ။ ထိုအခါ အင်အားကြီး ဒီမိုကရေစီပါတီကြီးမှ ရပ်ကွက်ဥက္ကဌဖြစ်သူက

“ ဒီလိုကိုယ်တိုင်မြောင်းသွားဖော်လို.ဘယ်ဖြစ်မလဲ ဒါကိုကျွန်တော် လူတွေကိုလက်မှတ်လိုက်ထိုးခိုင်းပြီး အထက်ကိုတင်ပြပေးမယ်၊ဂျာနယ်မှာလဲထည်.ရမယ် “

ဟု ဆိုလာပါသည် ။ဤသည်ကအတိုက်အခံဘက်မှအပိုင်းဖြစ်သည်။ရပ်ကွက်အုပ်ချုပ်ရေးပိုင်းမှပုဂ္ဂိုလ်များကလည်း လူနှစ်ယောက်လောက်ခေါ်ကာ မြောင်းဖော်လိုက်လျင်ချက်ခြင်းကောင်းသွားနိုင်သော်လည်း မလိုအပ်ပဲကြိုးနီစနစ်သုံးကာ “ မနက်ဖြန်မှာ လမ်းသူလမ်းသားတွေကို ခေါ်ပြီးအစည်းအဝေးထိုင်လိုက်ပါဦးမယ် ၊ ဥက္ကကိုတင်ပြပြီးတာနဲ.ကျွန်တော်တို.ဆောင်ရွက်မှာပါ “ ဟု စာအုပ်ကြီးအတိုင်း ပြောလေသည်။ တိုတိုပြောရလျင် ကျွန်တော်တို.ရပ်ကွက်မှမြောင်းမှာ ယခုအထိရေစီးရေလာမကောင်းပါ ။ ရပ်ကွက်သားများစုဖော်လိုက်လျင်ချက်ခြင်းကောင်းသွားနိုင်ပါလျက် ဟိုလူမကောင်းလို. ဒီလူမကောင်းလို. ၊ဟိုလူအလုပ်မလုပ်လို . ၊ဒီလူတာဝန်မကြေပြွန်လို.၊ ဟိုလူ ပိုက်ဆံယူထားပြီးကန်စွန်းခင်းပိုင်ရှင်ကိုအပြတ်မပြောရဲလို.၊ စသည်ဖြင်.တစ်ယောက်ကိုတစ်ယောက် ကပ်ကြ အပြစ်ပြောကြ ၊ခေါင်းရှောင်ကြဖြင်. ရပ်ကွက်သားတို.မှာခြင်ကိုက်ခံရမြဲခံရလျက် ၊ ပိုးလောက်လန်းကားပေါက်ဖွားမြဲပေါက်ဖွားလျက် ၊မြောင်းပုတ်နံ.နံမြဲနံလျက် ။

ဤဘာမဟုတ်သည်.မြောင်းဖော်သည်.ပြသနာလေးသည် မြန်မာ.နိုင်ငံရေးကို ကိုယ်စားပြုသက်သေထူနေသလိုရှိပါသည် ။ တစ်ခါတစ်ရံတွင် ကျွန်တော်တို.သည် ၀ိုင်းလုပ်လိုက်လျင် အဖြေထွက်နိုင်ပါလျက် လွယ်ကူသောလမ်းကိုမရွေးပဲ အပြစ်ဖို.ချင်သော ၊ သက်ဆိုင်ရာကလည်း အာဏာပါဝါပြချင်သော ။တစ်ကိုယ်ကောင်းဆန်သောလမ်းများကိုရွေးခြင်းဖြင်. အကျိုးရလာဒ်မှာသုည သက်သက်ဖြစ်ရတော.သည် ။ အကယ်၍ သာအိမ်တိုင်းအိမ်တိုင်းသည် ကိုယ်.အိမ်ရှေ.ရေမြောင်းကိုရေစီးရေလာကောင်းစေရန်ဖော်ကြပြီး ၊သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကလည်း လမ်းသူလမ်းသားများ မတတ်နိုင်သောနေရာများကို ရေစီးရေလာကောင်းစေရန် ကိုယ်.တာဝန်ကိုယ်ယူတတ်ကြလျင် ရေမြောင်းလေးထဲမှရေများ ရေမြောင်းကြီးထဲသို.စီးဆင်းသွားရေးမှာ ဘာမှခက်ခဲသောကိစ္စတစ်ခုဖြစ်လာစရာအကြောင်းမရှိပေ ။

မြန်မာလူမျိုးတော်တော်များများသည် ကိုယ်.ကိုယ်ကိုယ် ဗုဒ္စဘာသာအမည်ခံထားသော်လည်းကိုယ်.ထက်သာမနာလိုစိတ်တော်တော်များများမှာရှိကြသည် ထိုစိတ်ဓါတ်ကြောင်. မိမိလုပ်ဖော်ကိုင်ဘက် ၊မိမိ အိမ်နီးနားချင်း၊မိမိမိတ်ဆွေတစ်ဦးကြီးပွားအောင်မြင်သွားသောအခါ မုဒိတာမပွားနိုင်ပဲကဲ.ရဲ. ရှုတ်ချတတ်ကြသည် ။

“ အလကားပါကွာ ဒီကောင်ခုမှချမ်းသာပြီးကြီးကြီးကျယ်ကျယ်လုပ်နေတာ အရင်တုန်းက ဘေထုတ်တွေရောင်းနေရတာငါမသိတာမှတ်လို. “

စသည်ဖြင်. ငယ်ကြိုးငယ်နာဖော်တတ်ကြသည် ။ ထိုမနာလိုစိတ်သည်လည်း ဒီမိုကရေစီနှင်.မထိုက်တန်သော အညံ.စားစိတ်မျိုးဖြစ်သည် ။ထိုမနာလိုစိတ်သည် လမ်းဘေးတွင် ရေခဲရေရောင်းသောသူမှအစ စစ်ဗိုလ်ချုပ်ကြီးများအဆုံး ဖိစီးနှိပ်စက်နေသော ဆိုးရွားယုတ်မာလှသည်.စိတ်ဖြစ်သည် ။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးဦးသန်.ကွယ်လွန်သောအခါ နိုင်ငံတော်ဈာပနဖြင်. အသုဘအခမ်းအနားကျင်းပဖို.ငြင်းဆန်လျက် သာမန်အရပ်သားတစ်ယောက်လိုကြံတောသုသန်မှာမြှုပ်နှံဖို. အမိန်.ပေးဆုံးဖြတ်ခဲ.သော မြန်မာ.ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကကြီးဦးနေ၀င်း၏စိတ်ဓါတ်မှာ ထိုစိတ်ဓါတ်မျိုးဖြစ်သည် ။ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဘဲဆုရရှိသည်ကို မုဒိတာမပွားနိုင်သော ဗိုလ်ချုပ်ကြီးများ၏စိတ်မှာ ထိုစိတ်ဓါတ်မျိုးဖြစ်သည် ။ ငါနဲ.မတူငါ.ရန်သူဆိုသောစိတ်ဓါတ်များမှာ ဒီမိုကရေစီနှင်.လားလားမျှမထိုက်တန်သောအချောင်သမားစိတ်ဓါတ်များဖြစ်သည် ။

အကယ်စင်စစ် ဒီမိုကရေစီဆိုသည် မှာ အခွင်.အရေးများကိုယူရသလို နိုင်ငံသားအားလုံးလိုက်နာရသော တာဝန်များလဲတစ်ဦးချင်းစီတွင်ရှိပါသည် ။အချောင်မလိုချင်သောစိတ် ၊တရားသဖြင်.ယှဉ်ပြိုင်လိုသောစိတ် ၊ တာဝန်ယူလိုသောစိတ် ၊ ဘယ်သူကခိုင်းခိုင်းမခိုင်း လုင်သင်.လုပ်ထိုက်သည်ကို တာဝန်သိသိလုပ်သောစိတ် ၊ ဘယ်သူအရေးယူသည် မယူသည်ဖြစ်စေ မလုပ်သင်.မလုပ်ထိုက်သောအလုပ်ကို ရှောင်ကျဉ်တတ်သောစိတ်သည် ဒီမိုကရေစီနိုင်ငံကြီးသားစိတ်ဖြစ်သည် ။ နံနက်အစောကြီး မီးပွိုင်.တွင် ယာဉ်ထိမ်းရဲမရှိခိုက် မီးနီကိုဖြတ်မောင်းသောစိတ်မျိုး ၊ အများပြည်သူကားရပ်နားရန်နေရာကို မိမိလက်ဘက်ရည်ဆိုင်ထွက်ရန် ခုံများချထားသောစိတ်ဓါတ်မျိုး ၊ မိမိအိမ်မှထွက်သောအမှိုက်များကို ဘယ်သူမှမမြင်တာနှင်.မြောင်းထဲသို.ပစ်ချသောစိတ်သည် ဒီမိုကရေစီနိုင်ငံကြီးသားစိတ်မဟုတ် ၊အချောင်သမားစိတ် ဘယ်သူသေသေငတေမာပြီးရောဟူသောစိတ်များဖြစ်သည် ။

ကိုယ်ကိုယ်တိုင်က လေအေးပေးစက်တပ်ထားသော အိမ်အကောင်းစားကြီးထဲတွင်နေထိုင်လျက် ဆင်းရဲသားတို.တဲအိမ်များကိုဖျက်ဆီးပစ်ဖို. အမိန်.ပေးရက်သူသည် နိုင်ငံကြီးသားစိတ်မရှိသူဖြစ်သည် ။ တိုင်းပြည်အတွက်ဘာမှမယ်မယ်ရရမလုပ်ပါပဲလျက် တိုင်းပြည်၏ ဘဏ္ဍာငွေများကိုအရှက်မရှိစားသုံးနေသူသည် ဒီမိုကရေစီအချောင်သမားစိတ်ဓါတ်ဖြစ်သည် ။ ပါးစပ်ကဒီမိုကရေစီ တွင်တွင်ပြောလျက် အာဏာရှင်တို.၏လောင်းရိပ်အောက်တွင်အရိပ်ခိုကာ တိုင်းပြည်၏အညွန်.အဖူးများကို တနင်.တပိုးစားသုံးနေသူများသည် ဒီမိုကရေစီအချောင်သမားများဖြစ်သည် ။ကိုယ်တိုင်ကဘာအလုပ်တစ်ခုမှဖြစ်မြောက်အောင်မလုပ်ပဲ ဒီမိုကရေစီဆိုသည်နှင်. မျက်လှည်.ပြသလိုချမ်းသာတော.မည်ဟုတွေးနေကြသောအချို.သူများမှာ ဒီမိုကရေစီအိပ်မက်မက်နေကြသူများဖြစ်သည် ။ ထို.ထက်ဆိုးသည်မှာကား ခေတ်အဆက်ဆက်ကျဆုံးခဲ.သော ဒီမိုကရေစီ သူရဲကောင်းများ၊ အညတရကျောင်းသားများ၏အလောင်းပေါ်တွင်တက်မတ်တပ်ရပ်ကာ မိမိကိုယ်ကိုယ် ဒီမိုကရေစီ ပညာရှိကြီး ၊ မျိုးချစ်နိုင်ငံရေးသမားကြီး၊ ငြိမ်းချမ်းရေးလိုလားသူကြီးယောင်ဆောင်ကာ ကိုယ်ကျိုးစီးပွား ရှာနေကြသူများမှာ မလွဲဧကန်ဒီမိုကရေစီအချောင်သမားများသာဖြစ်၍ သတိကြီးစွာထားရှောင်ရှားသင်.ပါသည် ။

သရ၀ဏ်(ပြည်)
News Watch စောင်.ကြည်.သတင်းဂျာနယ်
၂၈.၁.၂၀၁၄

ပြည်သတင်းလူငယ်....

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364
Read More...

ပြည်သူများအထူးသတိရှိစေရန်

Leave a Comment

ပြည်သူများအထူးသတိရှိစေရန်
********************
ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင်ပြည်မြို့အတွင်းရှိ န၀င်းကွက်သစ်(၈)လမ်းနေ ဒေါ်ခင်ငြိမ်းသည်
၂၃.၁.၂၀၁၃ ရက်နေ့ ည(၆း၃၀)မိနစ်အချိန်ခန့်က ၄င်း၏နေအိမ်ရှေ့ ရပ်နေစဉ် ဆိုင်ကယ်တစ်စီး(နံပါတ်မပါ)
လူ(၂)ယောက်မှ အရှေ့မှ မောင်းနှင်းသ(မမှတ်မိ)အနောက်မှလိုက်ပါစီးနင်းသူ(ဆံပင်အရောင် အနီရောင်ဆိုးထား)
သူနှစ်ဦးမှ ၄င်းအနီးသို့အနီးကပ်မောင်းလာပြီး အနောက်မှစီးလာသူမှ ဆွဲကြိုးဖြတ်ယူသွားကြောင်း ဆွဲကြိုးအဖြတ်ခံရသူ
ဒေါ်ခင်ငြိမ်း မှ ပြည်သတင်းသို့ပြောကြားသွားခဲ့သည်။ ရွှေဆွဲကြိုး..တစ်ကျပ်ခွဲသား နှင့် စိန်လော့ကတ်သီးတစ်လုံး ပါရှိသွား
ပြီး ကာလတန်ဖိုးငွေ ကျပ်(၁၅)သိန်းခန့်ရှိကြောင်း၎င်းမှ ဆက်လက်ပြောပြသည်။ ထို့နောက် အမှု့ဖြစ်ဖြစ်ချင်း ပြည်အမှတ်(၁)
ရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ရာ ယနေ့အချိန်အထိ အကျိုးအကြောင်းမသိရသေးကြောင်း၎င်းမှဆက်လက်ပြောခဲ့သည်။

သို့ဖြစ်ပါသောကြောင့် ၄င်းလို ကိစ္စမျိုးအမှု့ဖြစ်စဉ်များမှာ ယခုနှစ်အတွင်း မကြာခဏဆိုသလို ဖြစ်နေကြောင်း ကြားသိခဲ့ရတာကြာ
ခဲ့ပါပြီ သို့ပါသောကြောင့် ပြည်သူများအနေဖြင့် မိမိကိုယ်ပိုင် ပစ္စည်း မိမိကိုယ်တိုင်ပဲ အထူးသတိထား မိမိကိုယ်ကိုပဲ အားကိုးစေကြပါ
ရန် ပြည်သတင်းမှတဆင့် အထူးသတိပေးအပ်ပါသည်။ ပြည်သတင်းလူငယ်.......

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364
Read More...
Leave a Comment





ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကိုယ်ထူကိုယ်ထစနစ်ဖြင့်ဆောင်ရွက်
*************************************************

ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့နယ်အတွင်းရှိ မုဌောအုပ်စု ကံပေါင်းကန်ကျေးရွာတွင်
မိုးရာသီရောက်ရှိချိန်တိုင်း ရွာအနောက်ဘက်ရှိ အောင်မြင်ဗာဟုတောင်တန်းများ မိုးရွာသွန်းချိန်တိုင်း
တောင်ကျရေများမှု့ကြောင့် ချောင်းရေများလျှံတက်ပြီး ကျေးရွာအတွင်းဝင်ရောက်လာမှုကြောင့် အိုးအိမ်
အဆောက်အဦးများ ပြိုကျပျက်စီးခြင်း၊ကမ်းပါးများပြိုကျခြင်း ထိုသို့ကြောင့်အဖြစ်ဆိုးများကြောင့် ကျေးရွာနေ
တောသူ တောင်သားများနှင့်ကျွဲ နွားများပါမကျန် ထိုဒုက္ခကို နှစ်စဉ် နှစ်တိုင်းခံစားနေရတာကြာခဲ့ပါသည်။
ထို့ကြောင့် ၂၂.၁.၂၀၁၄ ရက်နေ့တွင် ကျေးရွာရှိ အဖွဲ့အစည်းများဦးဆောင်ပြီး ရွာသူ/သားများစုစုပေါင်း(၁၀၀)
ကျော်ခန့်မှ ဖောကား(၂)စီးငှားပြီး ၀ိုင်းဝန်းစုပေါင်းကြိုးစားဆောင်ရွက်လုပ်အားပေးခဲ့ရာ မုဌောကျေးရွာအုပ်စု
အထောက်အကူပြု အတွင်းရေးမှုး ဦးကြည်ဝင်း ၏ဖိတ်ကြားချက်အရ ပြည်မြို့နယ် မြို့နယ်အထောက်အကူပြု
အဖွဲ့ ဥက္ကဌ ဦးအောင်ဆန်းမြင့်၊အတွင်းရေးမှုး ဦးနိုင်ကြီး၊ ပြည်အမှတ်(၃)ရဲစခန်းမှ စခန်းမှုး ဦးစိုးလှိုင်ဦး၊မုဌော
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးဇော်ဝင်း တို့သည်လာရောက်တွေ့ဆုံအားပေးရင်းယခုလို စုပေါင်းဆောင်ရွက်မှု
ကိုကျေးဇူးအထူးတင်ရှိကြောင်း နှင့် နောက်နောင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှုရှိခဲ့လျှင် လိုအပ်ချက်ရှိ
လာပါကတတ်နိုင်သမျှဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကျေးရွာတာဝန်ရှိလူကြီးများအား အားပေးကူညီသွားမည်ဖြစ်ကြောင်း
ပြောကြားသွားခဲ့ပါသည်။....သတင်းပေးပို့သူ...ခေတ္တရာမင်း

ပြည်သတင်းလူငယ်..

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364
Read More...

(၆၆) နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ ကျောက်ကွင်းတွင် ကျင်းပမည်

Leave a Comment
ဇော်မင်းထိုက်၊ ပြည်၊ ဇန်န၀ါရီ- ၁၉

(၆၆) နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲကို ပြည်မြို့နယ်၊ ၀က်ထီးကန်တိုက်နယ်အတွင်းရှိ ကျောက်ကွင်းကျေးရွာတွင် ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီ၌ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ စာပေဟောပြောပွဲတွင် စာရေးဆရာမောင်သာချို၊ ကာတွန်းဆရာ အော်ပီကျယ်တို့က စာပေ ဗဟုသုတဆိုင်ရာများ ဟောပြောမည်ဖြစ်သည်။ ၀က်ထီးကန်တိုက်နယ် အတွင်းတွင် အရှို ချင်းတိုင်းရင်းသားကျေးရွာ ၁၁ ရွာရှိရာ ယင်းရွာများမှ ချင်းတိုင်းရင်းသားများ၏ ရိုးရာ အကများနှင့်လည်း ဖော်ဖော်ဝါရီ ၂၀ ရက် ညနေ ၄ နာရီခန့်မှစတင်ကာ ဖျော်ဖြေမည်ဖြစ်သည်။ အရှိုချင်းတိုင်းရင်းသားများ၏ ယဉ်ကျေးမှု၊ စာပေ အစရှိသည်တို့ကို သိမြင်လာစေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ပြီး ကျောက်ကွင်းကျေးရွာတွင် ၂၀၁၂ ခုနှစ် ခန့်ကစပြီး မေတ္တာမွန်စာကြည့်တိုက်ကို တည်ထောင်ကာ ဒေသအတွင်း စာပေဗဟုသုတ တိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

Pyay City
Read More...

ပြည် ၁၉၉ ကြိုးဖုန်းဖြင့် ခေါ်နိုင်ပြီ

Leave a Comment

ပြည်၊ ဇန်နဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်မြို့တွင် မြို့တွင်း ဒစ်ဂျစ်တယ် ကြိုးဖုန်းများဖြင့် ဖုန်းနံပါတ် ၁၉၉ သို့ ဆက်သွယ်ကာ ပြည် မြို့မရဲစခန်းသို့ တိုက်ရိုက် ခေါ်ဆိုနိုင်ပြီ ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ပဲခူးတိုင်း (အနောက်ပိုင်း) မန်နေဂျာရုံးထံမှ သိရသည်။

ပြည်မြို့ပေါ် ဒစ်ဂျစ်တယ် ကြိုးဖုန်းများ ဖြစ်သည့် ဖုန်းနံပါတ် (၀၅၃) ၂၄ မှ ၂၉ အထိ ခေါ်ဆို ရရှိနိုင်ပြီး မိုဘိုင်းလ်ဖုန်းများဖြင့် အဆိုပါ ဖုန်းနံပါတ်ကို ခေါ်ဆိုရနိုင်မည် မဟုတ်ကြောင်း ဆယ်သွယ်ရေး အင်ဂျင်နီယာ ဌာနက ဦးကျင်ဟုတ်က ဆိုသည်။

“ဒီဇင်ဘာ ၃၀ ရက်နေ့က စပြီး ခေါ်လို့ ရနေပြီ။ မြို့တွင်းက ကြိုးဖုန်းတွေကနေ တိုက်ရိုက် ခေါ်နိုင်ပါတယ်။ ၁၉၉ ပဲ ဖြစ်ဖြစ်၊ မြို့မ ရဲစခန်းရဲ့ နဂို ဖုန်းနံပါတ်ကိုပဲ ခေါ်ခေါ် စခန်းကို ရောက်မှာပါ” ဟု ၎င်းက ဆိုသည်။
စခန်းသို့ တိုက်ရိုက် ဝင်လာသည့် ဖုန်းခေါ်ဆိုမှုများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ နယ်မြေအလိုက် စခန်းများနှင့် ဆက်သွယ်ကာ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြည်မြို့မ ရဲတပ်ဖွဲ့ စခန်းမှူးက ဆိုသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ပဲခူးမြို့နှင့် တောင်ငူမြို့များတွင်လည်း သက်ဆိုင်ရာ မြို့မရဲစခန်းများသို့ ဖုန်းနံပါတ် ၁၉၉ ကို ခေါ်ဆိုနိုင်ပြီ ဖြစ်သည်။

The Voice
Read More...

သီဟိုဌ်ခြံရောင်းမည်

Leave a Comment
၁၈ ဧကတွင် သီဟိုဌ်နှင့် ကြံများစိုက်ထားပါသည်။

ဈေးနှုန်း သိန်း (၄၀၀) ညှိုနှိုင်းနိုင်ပါသည်။

ဆက်သွယ်ရန် - ၀၉ ၇၃၁၉၉၉၉၄, ၀၉ ၄၂၃၇၀၄၅၁၀

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364

Read More...

Thursday, January 23, 2014

စာအုပ်များပြသရောင်းချပွဲနှင့် ဗေဒါရီ ပန်းချီပြပွဲ ကျင်းပမည်

Leave a Comment

ဂမ္ဘီရဗေဒင်ဆရာများ၊ ပန်ချီအနုပညာရှင်များ၊ စာပေသမားများ၊ စာအုပ်ထုတ်ဝေသူများ အတူတွေ့ဆုံကြပြီး ပြည်မြို့ရဲ့ ဗေဒါရီပန်းချီပြခန်းလေးမှာ ဆုံကြ၊ တွေ့ကြမည့် ပွဲလေးဖြစ်ပြီး အောင်ဆန်းစာအုပ်တိုက်မှ ထုတ်လုပ်ဖြန့်ချိသော 21 ရာစု ဆရာမင်းသိမ်းခိုင် (ရွှေရမ်းထူးလင်း) ရဲ့ " လွယ်ပါတယ် ဒေါ်သွယ်ဝိုက် " ဆိုတဲ့ စာအုပ်မိတ်ဆက် ဖြန့်ချိမှုနှင့်အတူ အောင်ဆန်းစာအုပ်တိုက်နှင့် ကောင်းထွဋ်စာပေတို့၏ ထုတ်လုပ်ပြီး စာအုပ်များကိုလည်း အရောင်းပွဲတော် ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။

အချိန် - နံနက် ၇ နာရီမှ နံနက် ၁၀ နာရီ
နေ့ရက် - ၂၄ . ၁ . ၂၀၁၄
နေရာ - ဗေဒါရီပန်းချီပြခန်း၊ တီကျစ်ဆုံလမ်း၊ ပြည်မြို့။

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364
Read More...

Tuesday, January 21, 2014

ရန်ကုန်နှင့်ပြည် ပြတိုက်များမှ ပျူခေတ်လက်ရာများ အမေရိကန်တွင် သွားရောက်ပြသမည်

Leave a Comment


ရေခဲ(ပြည်)

ရန်ကုန်မြို့ဟောင်း သုတေသနပြတိုက်နှင့် ပြည်မြို့ သီရိခေတ္တရာပြတိုက်တို့မှ ပျူခေတ်ရှေးဟောင်း ပစ္စည်း ၂၂ မျိုးကို အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ Metropolitan Museum of Art ပြတိုက်သို့ ဧပြီ လတွင် ပို့ဆောင်ပြသမည်ဟု စီစဉ်ဆောင်ရွက်နေသူ Elan Logistics Lt.d ၏ မန်နေဂျာ ကိုဇော်မျိုးထွေး က ပြောသည်။
“ပစ္စည်း ၂၂ မျိုးကို ပြသမယ်၊ ပြည်က ခုနစ်မျိုး၊ ရန်ကုန်က ၁၅ မျိုး၊ ၂၂ မျိုး စီစဉ်ထားတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က သမ္မတကြီး အမေရိကန်သွားခဲ့တယ်။ Government to Government Agreement ယူခဲ့တယ်။ ကျွန်တော်တို့နိုင်ငံကလည်း ပွင့်လင်းလာပြီဆိုတော့ အမေရိကလည်း မြန်မာပြည်ရဲ့ ရှေး ဟောင်းယဉ်ကျေးမှုကို စိတ်ဝင်စားတယ်”ဟု ကိုဇော်မျိုးထွေးက ပြောသည်။

ရှေးဟောင်းသုတေသနပြတိုက်နှစ်ခုမှ ပျူခေတ် AD လေးရာစုမှ ခုနစ်ရာစုအကြား ရှေးဟောင်းဘုရားရုပ် တု၊ ဒင်္ဂါးပြား၊ ကျောက်စာ၊ ဌာပနာအဖုံး စသည်တို့ကို Metropolitan Museum of Art တွင် ဧပြီလ ၄ ရက်မှ ဇူလိုင်လ ၁၇ ရက်အထိ ပြသရန် စီစဉ်နေခြင်းဖြစ်သည်။ အဆိုပါပစ္စည်းများအတွက် ထုတ်ပိုးမှု၊ သယ်ယူပို့ဆောင်မှု၊ သွင်းကုန်ထုတ်ကုန်လိုင်စင် ရရှိရေးများကို Elan Logistics Lt.dက တာဝန်ယူ လုပ် ဆောင်သွားမည်ဟုလည်း ကိုဇော်မျိုးထွေးက ပြောသည်။
အမေရိကန်သို့ ပျူခေတ်ရှေးဟောင်းပစ္စည်းများ သွားရောက်ပြသရာတွင် ထိခိုက်ဆုံးရှုံးမှုမရှိနိုင်ရန် စီစဉ် ထားသည်ဟုလည်း ပြည်သီရိခေတ္တရာပြတိုက် ၀န်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။
“ပစ္စည်းတန်ဖိုး၊ ရှေးဟောင်းတန်ဖိုး၊ သမိုင်းတန်ဖိုး အဲဒါတွေအားလုံးကို ငွေကြေးပမာဏ အများကြီး တင် ထားပါတယ်။ နည်းနည်းလေးမှ မှားလို့မရပါဘူး၊ နည်းနည်းလေးမှလည်း ထိခိုက်ခံလို့မရပါဘူး၊ အစ်မတို့ ကလည်း မှတ်တမ်းတွေ အများကြီး ယူထားပါတယ်။ အက်ကြောင်းလေးကအစ မှတ်တမ်းယူထားပါ တယ်” ဟု ပြောသည်။

အဆိုပါပြပွဲသို့ မြန်မာနိုင်ငံသာမက အရှေ့တောင်အာရှ နိုင်ငံများဖြစ်သည့် ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက် နမ်နိုင်ငံတို့မှလည်း ပါဝင်ပြသမည်ဖြစ်သည်။ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိMetropolitan Muse- um of Art ပြတိုက်သို့ တစ်နှစ်အတွင်း လာရောက်ကြည့်ရှုသူ ငါသန်းခန့်ရှိပြီး ကမ္ဘာပေါ်တွင် တတိယ အကြီးဆုံးပြတိုက် ဖြစ်သည်။
အမေရိကန်-မြန်မာ နှစ်နိုင်ငံ ယဉ်ကျေးမှုအမွေအနှစ် ပူးပေါင်းထိန်းသိမ်းရေး လုပ်ငန်းစဉ်များအဖြစ် မန္တ- လေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ နှစ်ပေါင်း ၁၃၀ ကျော်ပြီဖြစ်သော ရွှေကျောင်း တော်ကြီးကို ထိန်းသိမ်းရန်လည်း သဘောတူထားသည်။ စီမံကိန်းအတွက် ကုန်ကျငွေကို အမေရိကန်နိုင်ငံအခြေစိုက်Ambassadors Fund for the Cultural Preservation အဖွဲ့အစည်းမှ ကူညီမည်ဟုလည်း ကြေညာချက် ထုတ်ပြန်ထားသည်။

Pyay City
Read More...

Facebook Like Page