Sunday, December 21, 2014

ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်မွေးနေ့အကြို ပြည်မြို့မှာကျင်းပ ကောင်းမြတ်မင်း



.
ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်မွေးနေ့အကြို ပြည်မြို့မှာကျင်းပ
ကောင်းမြတ်မင်း
လာမယ့် ၂၀၁၅ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁၀၀ ပြည့်မွေးနေ့ဖြစ်ပါတယ်။
ဒါကြောင့်လည်း အခုဆိုရင် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်မွေးနေ့ပွဲကို လုပ်ဖို့ စီစဉ်နေကြ ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညပိုင်းက ပြည်မြို့မှာလည်း နိုင်ငံကျော် အဆိုတော်တွေပါဝင်တဲ့ ဂီတဖျော်ဖြေပွဲနဲ့ ရန်ပုံငွေ ရှာဖွေပွဲတခုပြုလုပ်ကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ်တရာပြည့်မွေးနေ့ကို ကြိုဆိုခဲ့ကြရာ ဂျေညီညီ၊ ဂျေညီမလေး၊ စည်သူမောင်နဲ့ ရွှေရည်ဖြိုး မောင်တို့အပြင် ဟာသလူရွှင်တော် မိုးတိမ်နဲ့ ဒဲ့ဒိုးတို့လာရောက်ဖျော်ဖြေခဲ့ကြပါတယ်။
အဆိုတော် ဂျေညီညီက ဗိုလ်ချုပ်နဲ့ပတ်သက်ပြီး “ဗိုလ်ချုပ် အောင်ဆန်းက သိပ်ရိုင်းတယ်၊ ဒါပေမဲ့ သိပ်ရိုးသားတယ်။ အခု လူတွေက သိပ်ရိုင်းပြီး မရိုးသားကြဘူး။ ဗိုလ်ချုပ်အောင်ဆန်းနှစ် ၁၀၀ ပြည့် မွေးနေ့ပွဲအတွက် ကိုယ့်အနုပညာနဲ့ ပါဝင်ဖျော်ဖြေခွင့်ရလို့ ဝမ်းသာပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကို လေနဲ့ပဲလေးစားမနေကြပါနဲ့ သူရဲ့စိတ်ဓါတ် တဝက်မမှီ ရင်တောင် သုံးပုံပုံရင် တပုံလောက် မှီအောင်လုပ်ကြပါ” အခုလိုပြောပါတယ်။
အဆိုပါပွဲကို ပြည်ခရိုင်အတွင်းရှိ မြို့နယ် ၆ မြို့နယ်မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်တွေကို ပွဲစီစဉ်ကျင်းပခဲ့ တာဖြစ်ပြီး၊ နောက်လူငယ် မျိုးဆက်တွေဆီမှာ ဗိုလ်ချုပ်လိုစိတ်ဓါတ်မျိုးတွေ ပေါ်ထွန်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပွဲစီစဉ်ရ တာဖြစ်ကြောင်း NLD ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ရဲ့ စည်းရုံးရေးမှူးကိုကျော်ဇေယျက ပြောပါတယ်။
“ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့်အခန်းအနားတွေမှာ ခန်းခန်းနားနား စည်စည်ကားကားဖြစ်စေချင်လို့ပါ။ အခုပွဲက ရရှိတဲ့ရန်ပုံငွေကို ပြည်ခရိုင်အတွင်းက ၆ မြို့နယ်မှာ ဗိုလ်ချုပ်ရာပြည့်ပွဲတွေပြုလုပ်တဲ့အခါ ပြန်အသုံးချသွားမှာပါ။ ဗိုလ်ချုပ်ရဲ့ မြင့်မြတ်တဲ့စိတ်ဓါတ်တွေ ရဲ့ရင်မှုတွေကို လူငယ်တွေသိအောင် လုပ်လာအောင် ကျနော်တို့က ဒီလိုပွဲတွေကို စီစဉ်ရတာပါ” လို့ ကိုကျော်ဇေယျက ပြောပါတယ်။
ဂျေညီညီ၊ ဂျေညီမလေး၊ စည်သူမောင်နဲ့ ရွှေရည်ဖြိုးမောင်တို့ရဲ့ နာမည်ကြီးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့သလို ဟာသလူရွှင်တော်မိုးတိမ်နဲ့ ဒဲ့ဒိုးတို့ကလည်း နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဟာသပျက်လုံးတွေအပြင် ဒေသခံတွေကလည်း ချင်းရိုးရာ ၀ါညှပ်အကတွေ ရှမ်းရိုးရာ အိုစည်ဝိုင်းဖြင့် ဓါးသိုင်းအကတွေနဲ့ ပူးပေါင်းပါဝင်ဖျော်ဖြေခဲ့ကြပါတယ်။

 The Irrawaddy (Burmese Version) added 5 new photos

No comments:

Post a Comment