အထိန်းအမှတ်ဂုဏ်ပြုသီချင်းဆိုပြိုင်ပွဲကျင်းပမည်
ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် မြန်မာနိုင်ငံဂီတအစည်း
အရုံး (ဗဟို)မှ(၁၉.၁၁.၂၀၁၄)ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းတာဝန်ေ
ပးအပ်ခဲ့သော ပြည်မြို့နယ်ဂီတအစည်းအရုံး၏ (၆၇)ကြိမ်မြောက် လွတ်
လပ်ရေးနေ့ အထိမ်း အမှတ်ဂုဏ်ပြု သီချင်းဆိုပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း
သိရသည်။
ပြည်မြို့နယ် ဂီတအစည်းအရုံးမှ ကြီးမှူးကျင်းပသော ၄င်းသီချင်းဆိုပြိုင်ပွဲ
ကို မည်သူမဆို ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင်ကြေး (၅၀၀၀ိ/-)
သတ်မှတ်ထားပါသည်။ ထိုပြိုင်ပွဲကို ဒီဇင်ဘာလ (၂၇)ရက် (၂၈)ရက် (၂၉)ရက်နေ့များတွင် ပြည်မြို့၊ ခေတ္တရာယဉ်ကျေးမှုကဇာတ်ရုံတွင် ညေ
န (၆း၀၀)နာရီ မှ (၁၀း၀၀)နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပထမ
ဆု (၂၀၀၀၀၀ိ/-)(နှစ်သိန်းကျပ်)၊ ဒုတိယဆု (၁၅၀၀၀၀ိ/-)(တစ်သိန်းငါးေ
သာင်းကျပ်)၊ တတိယဆု (၁၀၀၀၀၀ိ/-) (တစ်သိန်းကျပ်)၊ နှစ်သိမ့်ဆု (၇)
ဆု (၃၀၀၀၀/-) (သုံးသောင်းကျပ်) နှုန်းကိုလည်း ချီးမြှင့်မည်။ ၄င်းသီချင်း
အဆိုပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခြင်းနှင့်ပတ်သက်၍ အသေးစိတ်သိလို
ပါက ဦးမြင့်လွင် (ဦးအရှုတ်) ရွိုင်ရယ်စတား၊ ၀၉ ၅၃၁၀၃၀၀၊ ဦးချိုချဉ် (မြင်း
ပျံမုန့်တိုက်) ၀၉ ၅၃၆၃၄၅၆ ၊ ဦးကျော်လွင် (အတွင်းရေးမှူး) ၀၉ ၄၃
၀၈၄၆၃၄၊ ဦးကျော်ကျော်နိုင် (Music Kingdom) ၀၉ ၅၃၁၀၂၀၀ တို့ထံသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။
ပြည့်သဲမောင် (ပြည်)
No comments:
Post a Comment