သရ၀ဏ်(ပြည်)
အောက်တိုဘာ (၃၁) ရက်နေ.က နေပြည်တော်ရှိ သမ္မတအိမ်တော် ငုရွှေဝါခန်းမတွင်
သမ္မတကြီးဦးသိန်းစိန် ၊ ဒေါ်အောင်ဆန်းစုကြည် ၊သူရဦးရွှေမန်း ၊
ဦးခင်အောင်မြင်. ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ ဦးခွန်ထွန်းဦး စသည်. ၁၄ ဦးတွေ.ဆုံဆွေးနွေးညှိနိုင်းကြသည်ဟုသတင်းများတွင်တွေ.ရပါသည် ။ တွေ.ဆုံပွဲပြီးသောအခါ ဘာမှရေရာသော ဆုံးဖြတ်ချက်လည်းထွကက်မလာ ၊စုပေါင်းကြေငြာချက်လည်းထွက်မလာ ၊ ဘာမှ မယ်မယ်ရရ လက်ဆုပ်လက်ကိုင်အဖြေမထွက်ပဲ ဟိုလိုလိုသည်လိုလိုဖြင်.ပြီးသွားပါသည်
။ နောင်မှသိရသည်မှာ တွေ.ဆုံပွဲတွင် စကားပြောချိန်တစ်ဦးလျင် ဆယ်မိနစ်
သတ်မှတ်ထားသည် ဟုသိရပါသည် ။ နိုင်ငံတကာအစည်းအဝေးများတွင်အချိန်သတ်မှတ်သည်မှာ
ထုံးစံရှိပါသည် ။တစ်ယောက်တည်းကဒိုင်ခံ၍ မပြီးနိုင်မစီးနိုင်
အာချောင်လေရှည်နေမည်ကို ကာကွယ်လို၍ဖြစ်သည် ။ သို.သော် ထိုသို.
အချိန်သတ်မှတ်စကားပြောသောအစည်းအဝေး မတိုင်မီ အကြိုညှိနှိုင်းအစည်းအဝေးလေးများစွာဆောင်ရွက်ရပါသည် ။ ထိုအစည်းအဝေးလေးတွေမှတဆင်.အစည်းအဝေးကြီးတွင်ဘာတွေပြောကြမည်ဟု ကြိုတင်ညှိနှိုင်းသဘောတူကြခြင်းဖြစ်သည်
။ထို.ကြောင်. အစည်းအဝေးကြီးတွင် လေမရှည်ကြခြင်းဖြစ်သည် ။
ထိုနေ.ကသမ္မတအိမ်တွင်ကျင်းပသော တွေ.ဆုံပွဲမှာတော. ရုတ်တရက်ကောက်ကာငင်ကာ
ကျင်းပသောအစည်းအဝေးဖြစ်သည် ။ကြိုတင်ပဏာမညှိနှိုင်းပွဲတွေလည်းမရှိခဲ. ။ဥပဒေပြုရေးအာဏာ ၊ အုပ်ချုပ်ရေးအာဏာ ၊စစ်ရေးအာဏာတို.ကိုမြန်မာနိုင်ငံတွင်အများဆုံးပိုင်ဆိုင်ထားသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင်. မြန်မာပြည်တွင် လူထုနောက်လိုက်အင်အားအများဆုံးပိုင်ဆိုင်ထားသောလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို.ပထမဆုံးမျက်နှာချင်းဆိုင်တွေ.ဆုံစကားပြောကြသောပွဲဖြစ်သဖြင်. နိုင်ငံ၏အနာဂါတ်အတွက်အဖြေတစ်ခုထွက်အောင် ပြောကြဆိုကြဆွေးနွေးကြမည်ဟုစာရေးသူမျှော်လင်.ခဲ.ပါသည် ။ သို.သော် တစ်ယောက်ဆယ်မိနစ်ခန်.သာစကားပြောခဲ.ရသော လူ (၁၄)ယောက် မိနစ် (၁၄၀ ) အတူထိုင်နေဖြစ်ကြသောလက်ဘက်ရည်ပွဲတခုထက်မပိုသောတွေ.ဆုံမှုမျိုးဖြစ်နေပါသည် ။ ဆွေးနွေးမည်.အကြောင်းအရာလည်းမယ်မယ်ရရသတ်မှတ်မထားသောကြောင်. ကိုယ်ပြောချင်သည်များကို (ယခင်ကပြောဖူးပြီးသားများကိုထပ်၍)ပြောကြရုံမှတပါးထူးခြားမှုမရှိပေ ။ အစိုးရအတွက်အမြတ်ထွက်သည်ကား အတိုက်အခံခေါင်းဆောင်များအားလုံးပါဝင်သော တွေ.ဆုံဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ.သည်ဟု နိုင်ငံတကာကိုမျက်လှည်.ပြနိုင်ခဲ.ခြင်းဖြစ်သည် ။ တပ်မတော်ကပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကိုအားပေးထောက်ခံပါသည်ဟု အသံကောင်းဟစ်နိုင်ခဲ.ခြင်းဖြစ်သည် ( တကယ်တော. တပ်မတော်က ပုဒ်မ ၄၃၆ ကို ပြင်ဆင်လိုခြင်းမရှိဟုလွှတ်တော်တွင်တရားဝင်သဘောထားမှတ်ချက်ပေးခဲ.ပြီးသားဖြစ်သည် ) ။ အစိုးရ (သမ္မတ) ဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်တို.တောင်းဆိုနေသော လေးပွင်.ဆိုင် တွေ.ဆုံပွဲကိုပြုလုပ်နိုင်ခဲ.သည်ဟု ရောချလို.ရသွားသည် ။ တကယ်တော. အမြတ်မထွက်အရှုံးဖက်သည်မှာ ဒေါ်အောင်ဆန်းစုကြည်နှင်.ဦးခွန်ထွန်းဦးတို.ဖြစ်သည် ။ သူတို.တောင်းထားတာကတမျိုး ရလိုက်တာကတခြားဖြစ်နေသည် ။ မျက်လှည်.ပွဲတခုတွင်အိမ်ဖြည်.၀င်ပါရသလိုဖြစ်နေပေသည်
။ ဆိုရလျင် ပြည်တွင်းပြည်ပကကြေနပ်စေရန် ဟန်ပြသဘောမျိုးခေါ
်ယူတွေ.ဆုံသောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်တို.သည် ခေါ
်ယူအသုံးချခံရခြင်းဖြစ်သည် ။ ကာချုပ်နှင်. ဒေါ်စု ပထမဆုံးအကြိမ်အဖြစ်မိနစ်
(၁၄၀) အတူတကွ အခန်းတစ်ခုထဲတွင် ထိုင်ဖြစ်ကြခြင်းမှတပါးဘာမှထူးခြားသောဖြစ်စဉ်မဟုတ်ခဲ.ပေ ။ အမေရိကန်သမ္မတကြီး မြန်မာနိုင်ငံသို.မလာခင် ကြေနပ်သွားစေရန် ဟန်ဆောင်ပန်တောင်တွေ.ဆုံပွဲလားဟုပင်တွေးမိပါသည် ။အဘယ်.ကြောင်.ဆိုသော်အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မြန်မာသမ္မတ ဦးသိန်းစိန်နှင်. ဒေါ်အောင်ဆန်းစုကြည်ထံ တယ်လီဖုန်းဖြင်.ဆက်သွယ်စကားပြောပြီးရက်အနည်းငယ်အကြာတွင် နေပြည်တော် တွေ.ဆုံဆွေးနွေးပွဲပေါ်ပေါက်လာခြင်းဖြစ်ရာ အိုဘားမားကြေနပ်စေရန် ဟန်ပြလုပ်လိုက်သောအကွက်ပေလောဟုတွေးချင်စရာဖြစ်သည် ။ ဦးရဲထွဋ်ကတော.ထိုသို.မဟုတ်ပါဟုငြင်းသည် ။ သို.သော် မြန်မာနိုင်ငံတွင်ဟန်ပြကိစ္စများ ပေါများလှသဖြင်.တိုက်ဆိုင်မှုဆိုသည်ကိုယုံရခက်လှသည် ။
ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကျခံနေဆဲကာလများက နိုင်ငံတကာ ခေါင်းဆောင်များ မြန်မာနိုင်ငံသို.လာကာနီးအခါများတွင်လည်းကောင်း
၊ မြန်မာခေါင်းဆောင်များ ကုလသမဂ္ဂအစည်းအဝေးများ ၊ချစ်ကြည်ရေးခ၇ီးစဉ်များ၊
အာဆီယံထိပ်သီးအဝေးများ သွားတက်ကာနီးအချိန်တွင်လည်းကောင်း နိုင်ငံတကာဖိအားများ သက်သာသွားအောင် ၊ နိုင်ငံတကာတွင်ရုပ်ပြကောင်းအောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှ စိမ်းလဲ.ကန်သာနိုင်ငံတော်ဧည်.ဂေဟာသို.ခေတ္တခနခေါ်ကာ ၀န်ကြီးဦးအောင်ကြည်နှင်.တွေ.ဆုံစေလေ.ရှိသည် ။ တွေ.ဆုံပွဲတွင်ဘာပြောခဲ.သည် ဘာတွေသဘောတူကြသည်ဆိုခြင်းကိုဘယ်တော.မှမကြေငြာ ။ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံကို မီဒီယာများသို.ထုတ်ပြခြင်းထက်ဘာမှပိုမလာ ။ မသိလျင်ဒေါ်အောင်ဆန်းစုကြည်နှင်.အစိုးရ အပြောင်းအလဲတခုအတွက်အသည်းအသန် ဆွေးနွေးညှိနှိုင်းနေကြပြီဟုထင်စရာရှိသည် ။ ထိုသို.ထင်လာအောင် ကမ္ဘာမှာမရှိသော ဆက်ဆံရေးဝန်ကြီးဟူသည်.ရယ်စရာရာထူးကိုဦးအောင်ကြည်အားကြံဖန်ပေးထားခဲ.သည် ။ ၀န်ကြီးနဲ.တောင်တွေ.ပြီးစကားပြောနေပြီဟုထင်မြင်လာအောင်လုပ်လိုခြင်းမှလွဲ၍အခြားအပေးအယူဘာမှမ ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်ဒေါ်အောင်ဆန်းစုကြည်နှင်.အစိုးရအကြိမ်ကြိမ်တွေ.ခဲ.သော်လည်း ဘာသဘောတူညီချက်မှမရခဲ.ခြင်းကသက်သေခံနေပါသည် ။ ဓားစာခံကိုလူမြင်အောင်ထုတ်ပြပြီးအချိန်ဆွဲလိုသောပြန်ပေးသမားများ၏ အားထုတ်မှုထက်ပို၍ထူးမလာသောအကွက်မျိုးဖြစ်သည် ။
မြန်မာနိုင်ငံဝယ်ဟန်ပြလုပ်ကွက်မျိုးကား ထူး၍မဆန်းတော.သောကိစ္စဖြစ်သည် ။အစိုးရအဆက်ဆက် လုပ်ရိုးလုပ်စဉ် သမရိုးကျကိစ္စမျိုးဖြစ်သည် ။ မြန်မာ.ဆိုရှယ်လစ်လမ်းစဉ်အစိုးရလက်ထက်က သမ၀ါယမဆိုင်များတွင်ဘာမေးမေးမရှိသည်ကများသည် ။ မသိဘူး၊မရှိဘူး၊ကုန်ပြီ ဆိုသည်မှာ သမ၀ါယမအရောင်းဝန်ထမ်းများ၏လက်သုံးစကားဖြစ်သည် ။ ထိုခေတ်က ပြည်သူလူထုမှာမည်မျှပင် ရှားပါးကြပ်တည်းသည်ဖြစ်စေ နိုင်ငံတော်အဆင်.လူကြီးဆိုသူများအလည်အပါတ်သဘော ၊စစ်ဆေးရေးသဘောလာရောက်မည်ဆိုပါက သမ၀ါယမဆိုင်သည် တာဝတိံသာနတ်ပြည်တွင် ပဒေသာပင်ကြီးပေါက်သကဲ.သို. သမ၀ါယမဆိုင်ထဲတွင်ကုန်ပစ္စည်းများမြိုင်မြိုင်ဆိုင်ဆိုင်နှင်.ပြည်.စုံလှသည် ။ သို.သော် မြို.ခံပြည်သူလူထုကယောင်ယမ်းကာသွားရောက်ဝယ်ယူဖို.မကြိုးစားပါနှင်. ။ဤပစ္စည်းများသည် ရောင်းရန်မဟုတ် လူကြီးလာလျင်မြင်ရစေရန်ပြသထားသောပစ္စည်းများဖြစ်ကြောင်းပြောပါလိမ်.မည် ။ လူကြီးဆိုသူလာသောအခါ သမ၀ါယစနစ်ကြီးမည်မျှအောင်မြင်နေကြောင်း ၊ မြန်မာတစ်ပြည်လုံးရှိဆိုင်များမှာ ဤဆိုင်လိုပင် ပြည်သူတွေလိုချင်သမျှ လိုသလောက်အချိန်မရွေးရနေပါကြောင်း
ဒေသအာဏာပိုင်များက ရွှန်းရွှန်းဝေ ၀ိုင်းဝန်း (လိမ်လည်
)ထွက်ဆိုကြပေလိမ်.မည် ။ လူကြီးဆိုသူကလည်းလိမ်နေသည်ကို သိသိကြီးနှင်.
မသိယောင်ဆောင်ကာ သမ၀ါယမစနစ်ကြီးမည်မျှအောင်မြင်နေကြောင်းကို မိန်.ခွန်းတိုရှည်များခြွေပါဦးမည် ။ထို.နောက်လူကြီး ပြန်တော.အထုပ်အပိုးနှင်.လက်ဆောင်များပေးလိုက်မည် ။ လူကြီးပြန်သွားသည်နှင်.ပွဲရုံမှခေတ္တငှားရမ်းထားသော ကုန်ပစ္စည်းများကိုပွဲရုံသို.ပြန်ပို.မည် ။ နာရီဝက်အတွင်း သမဆိုင်သည်ယခင်ကအတိုင်း ဘာမေးမေးမရှိသော ဘာမေးရှား နိုင်ငံတော်အဆင်.သို.ပြန်ရောက်ကာ ရောင်းကုန်ပစ္စည်း ဟောင်းလောင်းဖြစ်မည် ။ န.၀.တ / န.အ.ဖ စစ်အစိုးရလက်ထက်အခြေခံပညာအထက်တန်းကျောင်းများတွင် GEC ဆိုသော သမဆိုင်များဖွဲ.ခိုင်းစဉ်ကလည်းထိုနည်းနှင်နှင်ဖြစ်သည် ။ ကျောင်းဆရာများသည် စာသင်ခြင်းအပြင်မည်သို. ဈေးဆိုင်ဖွင်.နိုင်ပါမည်နည်း ။ မဖွင်.နိုင်လဲဖွင်.နိုင်ပါသည်ဟုအထက်ကိုတင်ပြလျက် လူကြီးဆိုသူလာစစ်သောနေ.တွင် ဘီရိုများ ၊ဆန် ၊ဆီ ၊ဆား ၊ငရုပ် ၊ကြက်သွန် ၊ ဆပ်ပြာ စသည်.ကုန်ပစ္စည်းများကိုနီးစပ်ရာဆိုင်များမှခေတ္တငှားရမ်းကာ
ဟန်ပြအဖြစ်ညွန်.နေအောင်ပြသရသည် ။ နိုင်ငံပိုင်သတင်းစာတွေက
ဓါတ်ပုံတွေရိုက်ကြသည် ။သတင်းစာထဲမှာပါတော. အစိုးရ၀န်ထမ်းပေါင်းစုံသမ၀ါယမစနစ်အလွန်အောင်မြင်နေကြောင်းဓါတ်ပုံများနှင်.ဝေေ၀ဆာဖော်ပြကြသည်
။အကြောင်းသိများကတော.ရယ်ကြသည် ။ မ.ဆ.လ ခေတ်က ရခိုင်ပြည်နယ်သံတွဲတွင်
ဦးနေ၀င်းလာစဉ် ဒေသထွက်ဆားချက်လုပ်ငန်းမည်သို.အောင်မြင်နေပုံဆိုပြီး ဆားကြမ်းများကိုအောက်ကထားကာ နိုင်ငံခြားမှလာသောဆားချောများကိုအပေါ်ကဖြူးလျက် ဒေသထွက်ဆားဆိုပြီးပြကြသည် ။ ရခိုင်အဖိုးကြီးတစ်ယောက်ကအဖြစ်မှန်ကို ဦးနေ၀င်းအားအတင်းဝင်ရှင်းပြသည် ။ နောင်အခါ ဦးနေ၀င်းသံတွဲသို.လာလျင် ထိုအဖိုးကြီးအား ဝေးလံသောအရပ်သို.ကြိုတင်ပို.ထားသည် ။ ဟန်ပြလုပ်ရပ်များကိုဖော်ထုတ်သူအား အလိုမရှိပါ ။
စစ်အစိုးရလက်ထက်တွင် သကြားစက်အနီးတွင်ကြံစိုက်ခိုင်းရာ မြေအနေအထားမမှန်သောကြောင်.ကြံပင်များမဖြစ်ထွန်း ။ ထိုသို.မဖြစ်ထွန်းကြောင်းကိုလည်း တိုင်းမှူးအားမပြောရဲသဖြင်. တိုင်းမှူးလာသောအခါပြနိုင်ရန် ကြံပင်များကိုအခြားနေရာမှနှုတ်ယူလာ၍ မြေကြီးထဲတွင်မြှုပ်ထားပြီး ဖြစ်ထွန်းနေသောကြံစိုက်ခင်းဟုပြခဲ.ကြဖူးသည် ။ နိုင်ငံတော်အကြီးအကဲဆိုသူများလာသောအခါ စည်ပင်သာယာသည် အလှဆင်ရန်ပန်းအိုးလုံလောက်စွာ မရှိသဖြင်.မြို.ခံများ၏ပန်းအိုးကိုလည်ငှားရသည် ။ လူကြီးထွက်ခွာသွားသည်နှင်. ပန်းအိုးများကို သူ.နေရာနှင်.သူပြန်ပို.နိုင်ဖို. အိုးများနောက်တွင်ရေးထားသောစာများကိုကြည်.ရင်းအလုပ်ရှုပ်နေကြသည် ။လူကြီးသည် နောက်ကြောင်းသို.ငါးမိနစ်အတွင်းပြန်ကွေ.လာလျင်သူတို.လိမ်ဆင်ကိုတွေ.မြင်နိုင်ပေမည် ။ သို.သော်လူကြီးသည် ဒါတွေကိုမြင်ချင်သည်မဟုတ် ။အရာအားလုံးအဆင်ပြေချောမွေ.နေပါသည်ဟူသော ရွှေဘောတော်ကျနိုင်မည်.လျှောက်တင်ချက်များကိုသာကြားချင်သူဖြစ်သည် ။ ဟန်ပြနိုင်ငံတော်တွင်အရာရာသည် ဟန်ပြစနစ်ဖြင်.အသားကျနေခဲ.ပြီဖြစ်သည် ။
ကျောင်းများတွင် Multimedia Class Room ဟုခေါ်သောကွန်ပျူတာခန်းများ တပ်ဆင်ရမည်ဟုညွှန်ကြားးချက်ထုတ်စဉ်ကလည်း ထိုကွန်ပျူတာခန်းထဲတွင်လွပ်လွပ်လပ်လပ် ကွန်ပျူတာဝင်သုံးခွင်.ရသောကျောင်းသားဘယ်နှစ်ယောက်ရှိသနည်း ။ ဟန်ပြသက်သက်တပ်ဆင်ထားကြသဖြင်.ကွန်ပျူတာခန်းမှာ ဖုန်များ ၊ပင်.ကူမျှင်များပင်တက်နေသည် ။ လူကြီးလာမည်ဆိုကာမှ ကျောင်းသားများကွန်ပျူတာပညာများမည်မျှတတ်ကျွမ်းနေကြောင်း ပြသနိုင်ရန် K.M.D ၊ MCC စသောကွန်ပျူတာသင်တန်းမှကလေးများကိုသွားခေါ်ထိုင်ခိုင်းကာ လူကြီးများအားပြကြသည် ။ ပျက်နေသောကွန်ပျူတာများကို ပြင်ပမှကွန်ပျူတာများခေတ္တအစားထိုး ပြသကြသည် ။ နိုင်ငံ.အကြီးအကဲဗိုလ်ချုပ်ကြီးများ လာရောက်ကြည်.ရှုနေသော ကွန်ပျူတာခန်းမထဲတွင် တက်ကြွစွာကွန်ပျူတာကိုင်ပြနေကြသောကလေးများမှာ ပြင်ပမှကလေးများဖြစ်ကြောင်း အားလုံးကသိကြသော်လည်းမသိဟန်ဆောင်ကာ မြန်မာ.ပညာရေးကမ္ဘာ.အဆင်.မီနေပါပြီဟုမရှက်မကြောက်ကြွေးကြော်ကြသည် ။ အရာရာမှာဟန်ပြစနစ်ဖြင်.နေသားကျနေသည် ။ အစိုးရယန္တယားတစ်ခုလုံးသည် လူကြီးလာလျင်ဟန်ဆောင်ပန်ဆောင်ပြ၍ရလျင်ပြီးစတမ်း စနစ်ဖြင်. အရှက်မရှိသွားနေသည်မှာကြာပေပြီ ။စနစ်ကိုကလည်း ရေဘူးပေါက်လျင် ဖာထေးပြုပြင်ရမည်ဟူသောကြောင်းကျိုးဆက်စပ်စဉ်းစားသည်.စနစ်မျိုးမဟုတ် ။ ရေဘူးပေါက်တာမလိုချင် ရေပါတာသာလိုချင်သည်. ဥာဏ်မရှိသည်.စနစ်မျိုးဖြစ်နေသဖြင်. ဟန်ပြ စနစ်ကသာအလုပ်ဖြစ်နေခဲ.ပါသည် ။အမှန်ကိုတင်ပြလိုသူများ တင်ပြကြသူများအဝေးသို.လွင်.ကြသည်
။ ပြည်မြို.တွင် ဒေါက်တာဒေါ်ခင်ဝင်းရွှေ လာရောက်စဉ်က
အမျိုးသမီးရေးရာအဖွဲ.များ ၊ ဆရာမ များကိုထောက်လှမ်းရေးကကြိုတင်
သတိပေးထားသည် ။ ဒေါ်ခင်ဝင်းရွှေမှ ဘာမရှင်းတာရှိသလဲ ဟုပြောလျင်
အားလုံးရှင်းပါသည်ဟုဖြေရမည် ၊ ဘာမေးခွန်းမှမမေးရ ။
ပြည်မြို.ပန်းဘဲတန်းအ.မ.က မှ ဆရာမဖြစ်သူကျွန်တော်.အစ်မဒေါ်မာလာဝေကပြောစရာရှိတာတော.ပြောရမှာပဲဟုကြုံးဝါးထားရာကျောင်းအုပ်ကြီးကကျွန်တော်.အစ်မကို ခွင်.သုံးရက်ပေးကာ ကျောင်းမှပထုတ်လိုက်သည် ။
နိုင်ငံရေးတွင်လည်းထိုနည်းနှင်နှင်ဖြစ်သည် ။ အမျိုးသားညီလာခံကို ၁၉၉၃ မှ ၂၀၀၈ အထိ နှစ်ရှည်လများကျင်းပခဲ.ရာ၁၉၉၀ရွေးကောက်ပွဲမှတဆင်. ပြည်သူလူထုရွေးကောက်တင်မြှောက်လိုက်သော
လွှတ်တော်ကိုယ်စားလှယ်များမှာ တဖြည်းဖြည်းမပါသလောက်နီးပါး
နှုတ်ထွက်ကုန်ကြသည် ။ ထိုအခါ စစ်အစိုးရသည် သူတို.စကားကိုနားထောင်မည်.လက်ညှိုးထောင်ခေါင်းညိတ်သမားများကို တိုင်းရင်းသား ၊အသိပညာရှင်အတတ်ပညာရှင် ၊ အခြာဖိတ်ကြားသင်.သူများ ၊ နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ ၊ စသည်ဖြင်. နာမည်အမျိုးမျိုးတပ်ကာ ဟန်ပြညီလာခံကြီးကိုကျင်းပခဲ.ပါသည်
။ ညီလာခံကို စစ်စစ်မှန်မှန်ဝေဖန်သူများကို အရေးယူဖမ်းဆီးထောင်ချနိုင်ရန်
ဥပဒေပင်ပြဌာန်းခဲ.ပါသည် ။ ဒေါ်အောင်ဆန်းစုကြည်အားဆန်.ကျင်ကန်.ကွက်ရှုတ်ချပွဲများတွင် နိုင်ငံ.၀န်ထမ်းများအားမတက်မနေရဇွတ်ခေါ်ကာလူထုစည်းဝေပွဲများကျင်းပလျက် မြန်မာပြည်သူလူထုကဒေါ်အောင်ဆန်းစုကြည်ကို အုံနှင်.ကျင်းနှင်.ဆန်.ကျင်ကန်.ကွက်နေသယောင် နိုင်ငံပိုင်မီဒီယာများမှထုတ်လွှင်.ပြသခဲ.ပါသည် ။ ၁၉၉၁ တွင်ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်ဆုရသည်ကို ရန်ကုန်တက္ကသိုလ်တွင်ကျွန်တော်တို.တက္ကသိုလ်ကျောင်းသားများငြိမ်းချမ်းစွာထောက်ခံဆန္ဒပြတော. တက္ကသိုလ်ကျောင်းကြီးကိုပိတ်ပစ်လိုက်ကာ သတင်းအမှောင်ချထားလိုက်ပါသည် ။ ဟန်ပြကို လူမြင်စေချင်၍ အစစ်အမှန်ကိုအမှောင်ချထားလိုသောစစ်အစိုးရ၏စရိုက်အမှန်ဖြစ်ပါသည် ။ထိုစရိုက်အမှန်ကိုနိုင်ငံရေးသမားများသည် ယခုထက်တိုင်မမြင်သေးတာလား ၊ အကောင်းမြင်လွန်းနေတာလားတော.မသိပေ ။ စစ်အစိုးရ၏ရိုးရှင်းသောကစားကွက်မှာယခုတိုင်အလုပ်ဖြစ်နေဆဲဖြစ်သည် ။
၁၉၈၈ တွင် စက်မှုတက္ကသိုလ်ကျောင်းသားမောင်ဘုန်းမော် နှင်.မောင်စိုးနိုင် လုံထိမ်းများလက်ချက်ဖြင်.သေနတ်ထိမှန်သေဆုံးတော. ထိုစဉ်ကနိုင်ငံတော်ကောင်စီသည် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို ဟန်ပြဖွဲ.စည်းပေးခဲ.သည် ။ ထိုကော်မရှင်တွင်အစိုးရကိုမလွန်ဆန်နိုင်သော
လူများသာပါသည် ။ဥက္ကဌဦးဘမော် (ပြည်သူ.တရားသူကြီးအဖွဲ.၀င် ) ၊
ကော်မရှင်အဖွဲ.၀င် ဦးလှတင်.( ပြည်သူ.ဥပဒေအကျိုးဆောင်အဖွဲ.၀င်) ၊ ဒေါက်တာမောင်ရှိန် (ပြည်သူ.လုပ်ငန်းစစ်ဆေးရေးအဖွဲ.၀င် ) တို.ဖြစ်သည် ။သူတို.လက်ရှိရာထူးများကိုကြည်.လိုက်သည်နှင်. အစိုးရကိုမလွန်ဆန်နိုင်သူများဆိုတာလူတိုင်းသိသည် ။ ဟန်ပြကော်မရှင်က အစိုးရအကြိုက်ထုတ်ပြန်ချက်ကိုသာကြေငြာပေမည် ။ ထုံးစံအတိုင်း လုံထိမ်းတွင်အပြစ်မရှိ ။ တစ်လုံးထိုးကျည်ဖြင်.မြေရှပ်ပြီးပစ်ခတ်လူစုခွဲရာမှမတော်တဆ ထိမှန်သေဆုံးကြောင်းအစီရင်ခံခဲ.ရာအဖြစ်မှန်နှင်.ဆန်.ကျင်နေ၍လူထု၏ဒေါသပေါက်ကွဲခဲ.သည်။ အံ.သြစရာတော.မရှိ ။ ဟန်ဆောင်ပန်ဆောင်ကိစ္စတွေမှာသာ အမြဲဆောင်ရွက်သောအစိုးရဖြစ်သည် ။
ယခုလည်း ယခင်က မြန်မာနိုင်ငံတွင် ကလေးစစ်သားမရှိ ။နိုင်ငံရေးအကျဉ်းသားမရှိပါဟုမျက်စေ.စုံမှိတ်ငြင်းခဲ.သည် ။ယခုတော.ထိုသို.မငြင်းနိုင်တော.။ ကလေးစစ်သားများရှိတာဝန်ခံလာရသည်
။ နိုင်ငံရေးအကျဉ်းသားရှိသည်ဟု ဆိုလာရသည် ။သို.သော်ညစ်ကွက်ကမကုန်သေး ။
နိုင်ငံရေးအကျဉ်းသားများကို အရေးကြီးကာလများဖြစ်သော
နိုင်ငံတော်သမ္မတပြည်ပသွားကာနီးအခါများ ၊ အမေ၇ိကန်သမ္မတမြန်မာနိုင်ငံလာကာနီးအခါများတွင်လက်လီစိတ်၍လွှတ်ပေးသည်
။ အကျဉ်းသား ဘယ်နှစ်ရာလွှတ်ပေးပါသည်ဟု လူကြားကောင်းအောင်
ဟန်ပြကြေငြာသော်လည်း တကယ်တန်းတွင် နိုင်ငံရေးအကျဉ်းသားမှာ ဆယ်ဂဏန်းသာပါသည် ။
လွှတ်၍ မကြာခင်ပြန်ဖမ်းခြင်းမှာ လွှတ်သည်.အရေအတွက်ထက် ဆယ်ဆများသည် ။
နိုင်ငံရေးအကျဉ်းသားဟုနာမည်မတပ်နိုင်စေရန် အခြားရာဇ၀တ်မှုပုဒ်မအမျိုးမျိုးကိုအသုံးချသည် ။ နိုင်ငံတကာဖိအားရှိလာသောအခါ မင်းကိုနိုင် ၊ကိုကိုကြီးစသောကျောင်းသားခေါင်းဆောင်များကို
ဟန်ပြဖိတ်ခေါ်တွေ.ဆုံသည် ။ စာရေးဆရာများ ၊ အယ်ဒီတာများ၊သတင်းထောက်များကို
စာနယ်ဇင်းကောင်စီ (ယာယီ )ဟုအမည်တပ်ကာ ဟန်ဆောင်ပန်ဆောင်ခေါ်တွေ.သည် ။
တကယ်ဖမ်းချင်တော. စာနယ်ဇင်းကောင်စီပင်မသိလိုက် ပဲ ယူနတီဂျာနယ်
အယ်ဒီတာနှင်.သတင်းထောက်များထောင်ထဲရောက်ကုန်သည် ။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများဟုအခါများစွာတွေ.ဆုံနေတာပင်
ယခင်ကကျင်.သုံးခဲ.သလို ဗျူဟာတရပ်များလားဟု တွေးမိသည် ။ ဒေါ
်အောင်ဆန်းစုကြည်ကို (၁၄)ပွင်.ဆိုင်ခေါ်တွေ.တာလည်း နည်းဗျူဟာတခုလားဟု
သုံးသပ်မိသည် ။မယုံတာတော.မဟုတ် ။အတိတ်က ကစားကွက်များကိုကြည်.ကာသံသယမကင်းခြင်းဖြစ်သည် ။ ထိုကစားကွက်၌ မျောပါမသွားဖို.အရေးကြီးပါသည် ။ပြည်သူလူထုသည် ခဲအကြိမ်ကြိမ်မှန်ဖူးသောစာသူငယ်လိုဖြစ်နေပါသည် ။ တော်ယုံတန်ရုံတော.ဖြင်.မယုံနိုင်တော.ပါ ။ ထိုသို.ဖြစ်ရခြင်းမှာလည်းလူထု၏အပြစ်မဟုတ် ။ သမဆိုင်မှစကာ ၊မောင်ဖုန်းမော်စုံစမ်းရေးအလယ် ၊ ဆက်ဆံရေးဝန်ကြီး အဆုံး ၊အမျိုးသားညီလာခံအထိမရိုးနိုင်သောလှည်.ကွက်များဖြင်. အသုံးတော်ခံနေခဲ.သောအတိတ်က ဖြစ်ရပ်များကို သတိရနေသေးသဖြင်.ပြောရခြင်းဖြစ်သည် ။မြန်မာနိုင်ငံအမျိုးသားလူ.အခွင်.အရေးကော်မရှင်သည် ဟန်ပြမဖြစ်ပါစေနှင်.၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည်ဟန်ပြမဟုတ်ပါစေနှင်. ၊ ဒေါ်အောင်ဆန်းစုကြည်နှင်.ကာချုပ်တို.တွေ.ဆုံဆွေးနွေးပွဲသည် ဟန်ပြ မဟုတ်ပါစေနှင်. ၊တပ်မတော်က ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိုလိုလားပါသည်ဆိုတာဟန်ပြစကားမဖြစ်ပါစေနှင်. ။သမ္မတသည်မြန်မာနိုင်ငံ၏အထွတ်အထိပ်နေရာတွင်ရှိသည်ဆိုခြင်းမှာဟန်ပြမဟုတ်ပါစေနှင်.။ဟန်ပြနိုင်ငံတော်တွင် ဟန်ပြတွေ.ဆုံခြင်းများ ၊ဟန်ပြပြောင်းလဲခြင်းများ ဟန်ပြသဘောထားကြီးခြင်းများ ကင်းဝေးပါစေသတည်း ။
သရ၀ဏ်(ပြည် )
၁၈.၁၁.၂၀၁၄ စောင်.ကြည်.ဂျာနယ်
No comments:
Post a Comment