စိမ်း
ဝါ နီ မီးပွိုင့် ရေတမာပင်ကွယ်နေခြင်း ယာဉ်ရပ်တန့်ရန်သတ်မှတ်မျဉ်းများ
ပျက်နေခြင်းများအား
ကြည်ရှု့စစ်ဆေးပြီး သက်ဆိုင်ရာတာဝန်ယူထားသည့်ဌာန တာဝန်ယူထားသည့်အဖွဲ့အစည်းမှဆောင်ရွက်ပေးပါရန်
ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှအများပြည်
သူများ ယဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက်
ပြည်မြို့ရှိယာဉ်ကျောရှုပ်သောမြောက်
စောင်းတန်းလမ်း ၆လမ်းဂွ နာရီစင်အနီး
၊ဗိုလ်ချူပ်လမ်း ကိုးသောင်းဈေးအနီး ၊ပြည်သူ့
ဆေးရုံကြီး သံလမ်းဂိတ်အနီး ၊ မြို့သစ်ကားကြီးဝင်း
အခြေခံပညာအ.ထ.က(၅)ကျောင်း
အနီးတွင် စိမ်း ဝါ နီ မီးပွိုင့်များတပ်ဆင်ပေးထားသဖြင့်
ပြည်မြို့ရှိအများ ပြည်သူများနှင့်
အနယ်နယ်အရပ်ရပ်မှအများပြည်သူများက
ဝမ်းသာရပါသည်။
ထိုသို့ စိမ်း ဝါ နီ မီးပွိုင့်များတပ်ဆင်ပေးခြင်းကြောင့်
ပြည်သူများယာဉ်အန္တရာယ်ကင်းရှင်းရေး
အတွက် စနစ်တကျစည်းကမ်းရှိစွာသွားလာလျှက်ရှိနေပါသော်လည်း
ယခုအခါ မြောက် စောင်း
တန်းလမ်း ၆ လမ်းဂွ နာရီစင်တွင်တက်ဆင်ထားသော
စိမ်း ဝါ နီ မီးပွိုင့်အား ကိုး သောင်း ဘက်
မှဗိုလ်ချုပ်လမ်းဘက်သို့လာရာလမ်းတွင်
တပ်ဆင်ထားသော စိမ်း ဝါ နီမီးပွိုင့်သည် ရေတမာပင်ကိုင်
များဖြင့်ပုံတွင်ဖော်ပြပါရှိသည့်အတိုင်းကွယ်နေပါသဖြင့်
စိမ်း ဝါ နီ မီးပွိုင့်အားရဲစခန်းအရှေ့မှကြည့်လျှင်
မမြင်ရပါ။
ထို့အပြင် မီးပွိုင့်တွင်ရပ်တန့်ရန်
သက်မှတ်ထားသောမျဉ်းများမှာလည်း သဘာဝဘေးအန္တရာယ်ကြောင့် မီးပွိုင့်တိုင်းတွင် မျဉ်းများပျက်နေသဖြင့်
သတ်မှတ်စီးမျဉ်းများမမြင်ရတော့ပါသဖြင့် အချို့သောပြည်သူများ
သည် မီးပွိုင့်အောက်ထိရောက်မှသာယာဉ်ကိုရပ်တန့်နေကျသည်ကိုလည်းတွေ့မြင်နေရသည့်အတွက်သက်
ဆိုင်ရာတာဝန်ယူထားသည့်ဌာန တာဝန်ယူထားသည့်အဖွဲ့အစည်းများမှပြည်သူတွေ၏လိုအပ်ချက်များအား
ပြုပြင်ပေးနိုင်ပါရန် ပြည်သူများကိုယ်စား
အပြုသဘောဆောင်ကာတင်ပြလိုက်ရပါသည်။
ပြည့်သဲမောင်(ပြည်)
မှတ်ချက်။ ။ယခုရေးသားသောသတင်းစာမူသည် အများပြည်သူများကိုယ်စား
အပြုသဘောဆောင်ကာ
မေတ္တာရပ်ခံအကူအညီတောင်းခံခြင်းသာဖြစ်ပါသည်။မည်သည့်ဌာန
မည်သည့်အဖွဲ့အစည်းကိုမှတိုက်ခိုက်
ခြင်းမဟုတ်ပါ။
No comments:
Post a Comment