Friday, October 3, 2014

Telenor ဆင်းကတ်ဖြင့် နိုင်ငံပေါင်း (၂၀၀) ကျော်သို့ ဖုန်းခေါ်နိုင်၊ SMS ပို့ပါက ကျပ် (၃၀)သာ ကျသင့်




စိုးစည်သူ

          Telenor ဆင်းမ်ကတ် များဖြင့် နိုင်ငံပေါင်း (၂၃၄) နိုင်ငံသို့ ဈေးနှုန်း သက်သာစွာ ဖုန်းခေါ်ဆို နိုင်သည့် အပြင် SMS ပေးပို့ပါက (၃၀) ကျပ်နှုန်းသာ ကောက်ခံမည် ဖြစ်ကြောင်း Telenor (Myanmar) မှ သိရသည်။ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ ပြည်သူ အားလုံးကို အရည်အသွေး မြင့်တဲ့ မိုဘိုင်း ဆက်သွယ်ရေး လုပ်ငန်း တွေကို ပံ့ပိုးပေးနိုင်ဖို့ ပထမဆုံး ခြေလှမ်း ဖြစ်ပါတယ် ဟု Telenor (Myanmar)  အမှုဆောင် အရာရှိချုပ် Mr. Petter Furberg ကပြောသည်။ ပြည်ပနိုင်ငံ များသို့ ဖုန်းခေါ်ဆို ရာတွင်လည်း နိုင်ငံ အလိုက် ဈေးနှုန်း ကွာခြားမှု ရှိကာ တစ်မိနစ်လျှင် အနည်းဆုံး (၂၀၀) ကျပ်မှ (၈၀၀) ကျပ်အထိ ကျသင့်မည် ဖြစ်ပြီး၊ မိမိ ခေါ်ဆိုသည့် မိနစ် အလိုက် ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အိန်္ဒိယ နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့်၊ ပါကစ္စတန် နိုင်ငံ သို့လည်း သယ်ဆောင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

                ပြည်တွင်း ဖုန်းခေါ်ဆိုခ မှာလည်း မည်သည့် အော်ပရေတာနှင့် မဆို တစ်မိနစ်လျှင် (၂၅) ကျပ်နှုန်းနှင့် SMS စာတို တစ်စောင်လျှင် (၁၅)ကျပ် နှုန်း ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။ MPT အနေနဲ့ ကလည်း ဖုန်းခေါ်ဆိုခတွေ လျှော့ချပေးဖို့ ညှိနှိုင်းနေ ပါတယ် ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာ ဦးသိန်းဟုတ်က ဆိုသည်။

          လက်ရှိတွင် Telenor သည် (၁၅၀၀) ကျပ်တန် ဆမ်းကတ်များအား မန္တလေးမြို့တွင် ရောင်းချလျက်ရှိကာ တစ်ပတ် အကြာတွင် နေပြည်တော် နှင့် နောက်နှစ်ပတ် အကြာတွင် ရန်ကုန်မြို့၌ ဆက်လက် ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။ အင်တာနက် အသုံးပြုခ မှာလည်း အမြန်နှုန်း 300 Kbps အထိ ရရှိ နိုင်မည့် My Internet အား 1 MB လျှင် ခြောက်ကျပ်၊ အမြန်နှုန်း 2 Mbps အထိ ရရှိနိုင်မညှ် SMART Internet အား 1 MB လျှင် (၁၀) ကျပ်နှုန်း ကောက်ခံ သွားမည် ဖြစ်ကြောင်း  သိရသည်။

http://messengernewsjournal.com

No comments:

Post a Comment