ပုဂ္ဂ လိကဆေးရုံများတွင် ဖြစ်ပွားသော ပြဿနာများရှိပါက ကျန်းမာရေးဦး
စီးဌာနမှတစ်ဆင့် ပုဂ္ဂလိကကျန်းမာ ရေးလုပ်ငန်းများဆိုင်ရာ ဗဟိုကော် မတီသို့
တိုင်ကြားနိုင်ကြောင်း သိရ သည်။
အဆိုပါ ပုဂ္ဂလိကကျန်းမာရေး
လုပ်ငန်းများဆိုင်ရာ ဗဟိုကော်မတီ တွင် ကျန်းမာရေးဝန်ကြီးမှ ဥက္ကဋ္ဌ
အဖြစ်ဆောင်ရွက်လျက်ရှိပြီး ကျန်း မာရေး ဝန်ကြီးဌာနနှင့် အခြားသော
နှီးနွှယ်ဌာနများမှ ပညာရှင်များ၊ အာဏာပိုင်များ အပါအဝင် ပုဂ္ဂလိက
ဆေးရုံများတွင်ဖြစ်ပွားသော ပြဿ နာများကို ဖြေရှင်းဆောင်ရွက်ရန်
အဖွဲ့ဝင်များ အလုံအလောက်ထား ရှိပေးထားကြောင်း သိရသည်။
''အစိုးရဆေးရုံနဲ့ပတ်သက်တဲ့ ပြဿနာတွေကို တိုက်ရိုက်ကိုင်တွယ် လို့ရပေမယ့်
ပုဂ္ဂလိကဆေးရုံမှာဖြစ် တဲ့ ပြဿနာတွေကိုတော့တိုက်ရိုက် ကိုင်တွယ်လို့
မရပါဘူး။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများဆိုင်ရာ ဗဟိုကော်မတီကသာ ပုဂ္ဂလိကဆေး
ရုံတွေမှာဖြစ်တဲ့ ပြဿနာတွေကိုကိုင် တွယ်တာပါ။ ကျန်းမာရေးဦးစီးဌာန ကို
ပုဂ္ဂလိကဆေးရုံနဲ့ ပတ်သက်ပြီး လူနာရှင်တွေဘက်က မကျေနပ်တာ တစ်ခုခုရှိလို့
လာအကြောင်းကြား ရင် အဲဒီကော်မတီကိုပြန်တင်ပြပေး သွားပြီး ကော်မတီက
ညွှန်ကြားတဲ့ အတိုင်းသာ ဆက်လက်ဆောင်ရွက် သွားမှာပါ''ဟု ကျန်းမာရေးဦးစီးဌာန
မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မင်းသန်းညွန့်ကပြောသည်။
ယင်းအပြင်
အဆိုပါပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများဆိုင်ရာ ဗဟိုကော်မတီသို့လည်း
တိုက်ရိုက် တိုင်ကြားနိုင်ပြီး အဆိုပါကော်မတီ ၏ညွှန်ကြားချက်ဖြင့်သာ ကျန်းမာ
ရေးဦးစီးဌာနအနေဖြင့် ပုဂ္ဂလိကဆေး ရုံများတွင် ဖြစ်ပွားသောပြဿနာ အရပ်ရပ်ကို
ကိုင်တွယ်ဖြေရှင်းနိုင် မည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော့်ဦးလေး
လေဖြတ် တုန်းက ပုဂ္ဂလိကဆေးရုံကြီးတစ်ရုံ မှာ သွားတက်တာ။ အစပိုင်းတော့
အကောင်းပဲ။ စကားတွေ ဘာတွေ တောင် ပြန်ပြောလာနိုင်ပြီ။ ဒါပေမဲ့ ဆေးထိုးပဲ
မှားသွားတာလား မသိ ဘူး။ အဲဒီဆေးထိုးပြီးတဲ့ည ဘက်မှာ ပဲ ဦးလေးက သတိလစ်ပြီး
ဆုံးသွား တယ်။ လူနာက ပြန်ကောင်းလာတာ ကို ဘယ်လိုဖြစ်လို့ ဆုံးသွားရတာလဲ
ဆိုပြီး မိသားစု၊ ဆွေမျိုးတွေ အကုန် လုံးကလဲအံ့သြနေတယ်''ဟု တောင်
ဥက္ကလာပမြို့နယ်မှ ဦးဝင်းကြည်က ဆိုသည်။
ထို့ပြင် ပုဂ္ဂလိကဆေးရုံများ
တွင် ဖြစ်ပွားသော ကိစ္စအရပ်ရပ်ကို ပြည်သူများမှ မကျေနပ်ပါက မြန်မာ နိုင်ငံ
ဆေးကောင်စီသို့လည်း တိုင် ကြားနိုင်ပြီး မြန်မာနိုင်ငံဆေးကောင် စီအနေဖြင့်
ဆရာဝန်၊ သူနာပြုစသည့် ဆေးကုသပေးသည့် သူများတွင် တာ ဝန်ပေါ့လျော့ကြောင်း
အထောက် အထားခိုင်လုံပါက ဆေးကုသခွင့် လိုင်စင်ပိတ်သိမ်းသည်အထိ အရေး
ယူဆောင်ရွက်ခဲ့ခြင်းများရှိကြောင်း လည်း ကျန်းမာရေးအသိုင်းအဝိုင်း မှ
သိရသည်။
''လူနာရှင်တွေဘက်က မကျေ နပ်တာရှိရင် တိုင်ကြားလို့ရတဲ့အဖွဲ့
အစည်းတွေ၊ ကော်မတီတွေရှိတယ် ဆိုတာ သိပ်ကောင်းပါတယ်။ လူနာ တွေဆိုတာက
ကိုယ့်အသက်ကို ပုံ အပ်ပြီး အားကိုးလို့သာ ဆေးရုံ၊ဆေး ခန်းတွေကို
သွားကြတာပါ။ လူနာ တွေဘက်ကဆုံးရှုံးမှုတစ်စုံတစ်ရာရှိ ရင် တရားနည်းလမ်းကျကျ
ဖြေရှင်း ပေးနိုင်ဖို့လိုပါတယ်''ဟု ဒဂုံမြို့သစ် မြောက်ပိုင်းတွင်နေထိုင်သူ
ဒေါ်မြမြ ကပြောသည်။
မြန်မာနိုင်ငံတွင် အမည်မည်း စာရင်းဝင်ခဲ့သော
ဆရာဝန်များ အ နက် အရေအတွက်အနည်းငယ်မျှ သာ လူနာအပေါ်တွင် တာဝန်ပေါ့
လျော့မှုကြောင့် အရေးယူခဲ့ရခြင်း ဖြစ်ပြီး အများစုမှာ တာဝန်ထမ်း
ဆောင်ချိန်မပြည့်မီ ပြည်ပသို့ပညာ တော်သင်သွားခြင်း၊ ပြည်ပတွင်ဆေး ကုသသည့်
လုပ်ငန်းများသွားရောက် လုပ်ကိုင်ခြင်း၊ ခန့်အပ်ထားသည့်နေ ရာဒေသများတွင်
သတ်မှတ်ကာလ ပြည့်မီအောင် တာဝန်ထမ်းဆောင် ခြင်းမရှိသောကြောင့်သာ အမည်
မည်းစာရင်းကို တင်သွင်းခြင်း ခံခဲ့ရ ခြင်းဖြစ်ကြောင်း သိရသည်။
NOL
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
No comments:
Post a Comment