Saturday, October 4, 2014

တောင်ကုတ်လူသတ်မှု နောက်ဆုံးလျှောက်လဲချက် ပေးရမည့်ရက်ရွှေ့



 တောင်ကုတ်မြို့တွင် ဖြစ်ပွားခဲ့သော အစ္စလာမ်ဘာသာ ဝင်ဆယ်ဦးသေဆုံးခဲ့ရမှုနှင့်ပတ် သက်၍ စွပ်စွဲခံရသူခုနစ်ဦး အမှု ကိုအပြီးသတ်  လျှောက်လဲချက် ပေးရန် အောက်တိုဘာ ၁၆ ရက် သို့ ချိန်းဆိုလိုက်ကြောင်း သတင်း ရရှိသည်။

  မူလက အောက်တိုဘာ ၂ ရက် ရုံးချိန်းတွင် အပြီးသတ် လျှောက်လဲချက်ပေးရန် ချိန်းဆို ထားသော်လည်း ခရိုင်ဥပဒေအရာရှိမရောက်လာ၍  ပြောင်းလဲချိန်းဆိုလိုက်ခြင်းဖြစ်ကြောင်း စွပ်စွဲခံရသူများဘက်မှ   လိုက်ပါ ဆောင်ရွက်နေသော  ရှေ့နေ ဦးတင်အောင်က ပြောသည်။

‘‘အပြစ်မရှိကြောင်း သက် သေပြဖို့ အတတ်နိုင်ဆုံးဆောင် ရွက်နေပါတယ်’’ဟု  ဦးတင် အောင်က ဆိုသည်။


၂၀၁၂ ဇွန်လအတွင်းက တောင်ကုတ်မြို့တွင် အစ္စလာမ် ဘာသာဝင် ၁၀ ဦး အသတ်ခံရမှု နှင့်စပ်လျဉ်း၍ သံသယရှိသူခုနစ် ဦးကို ယမန်နှစ် ဇူလိုင်လအတွင်း က ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၃၀၂/၃၄ ဖြင့် စစ်ဆေးနေခြင်းဖြစ်သည်။

 ရမ်းဗြဲမြို့နယ်မှ မသီတာ ထွေးဖြစ်စဉ်နှင့် တောင်ကုတ်ဖြစ် စဉ်တို့ပြီးနောက် ရခိုင်ပြည်နယ် တွင် ပဋိပက္ခများဖြစ်ပွားခဲ့ပြီး လူ ပေါင်း ၂၀၀ ခန့်သေဆုံးခဲ့သည်။

 By
အောင်ခိုင်
On 
Sat, 2014-10-04 06:59
Location
ရန်ကုန်
Issue No.
No.521 Saturday, October 4, 2014
7Day News Journal

No comments:

Post a Comment