Saturday, October 4, 2014

လူမှုဖူလုံရေးအဖွဲ့မှလုပ်ငန်းခွင် ထိခိုက်မှုကြောင့်သေဆုံးခြင်းအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်နှင့် နာရေးစရိတ်ခွင့်ပြု ထုတ်ပေးခြင်းအခမ်းအနားကို ကျင်းပ

အဆိုပါ အခမ်းအနားသို့ အလုပ်သမားနှင့် လူမှုဖူလုံရေးပြည်ထောင်စုဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့စီမံရေးရာနှင့် စီးပွားရေးဝန်ကြီး ဦးကျော်မြင့်- တိုင်းဒေသကြီး အလုပ်သမား ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဖူလုံရေးအဖွဲ့မှ ဝန်ထမ်းများ၊ တိုင်းအတွင်းရှိအလုပ်ရုံ စက်ရုံများမှ အလုပ်ရှင်နှင့် အလုပ်သမားများ၊ စုစုပေါင်းအင်အား(၁၅၀)ခန့် တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စု ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးတို့မှ လူမှုဖူလုံရေး အကျိုးခံစားခွင့်နှင့် ပါတ်သက်၍ ရှင်းလင်းပြောကြားပြီး ထိခိုက်သေဆုံးသော် အလုပ်သမားများအတွက် နစ်နာကြေးနှင့် နာရေးစရိတ်များ၊ ထိခိုက်ဒဏ်ရာရရှိသူများအတွက် ဆေးကုသမှုစရိတ်များ၊ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

3-10-2014(1:00pm)
သီရိဟံသာခန်းမ၊ ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီး။

Six Naing

No comments:

Post a Comment