Thursday, September 18, 2014
ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့ အလုပ်ကျိုးစားဖို့လိုအပ်လာပါပြီ (ပြည်သတင်း/သတိပေးအကြောင်းကြားစာ)
ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့ အလုပ်ကျိုးစားဖို့လိုအပ်လာပါပြီ (ပြည်သတင်း/သတိပေးအကြောင်းကြားစာ)
***************************************
ဒီနေရာတွေမှာ ဒီလို မသမာသူတွေ လုယက်တတ်လို့
ပြည် ၁၄.၉.၂၀၁၄
ပြည်မြို့ တရုတ်စုရပ်ကွက် ရွှေတစ်ချောင်းလမ်းနဲ့ ကျောင်းတော်ကြီးလမ်းဆုံရာ
ပတ္တမြား အမှုန့် အိမ်ရှေ့ ည ၈း၀၀ နာရီခန့်မှာဆိုင်ကယ်စီးလာသူမှ လမ်းလျှောက်
်နေသူမိန်းကလေး၏ ဆွဲကြိုးအား ဆွဲဖြတ်ပြေးမှုဖြစ်ပွားခဲ့တယ်လို့ သတင်းရပါတယ်၊
ကိုခင်မောင်ဝင်း(ခ)နို့ဆီ သမီးရဲ့ဆွဲကြိုးပါ ယ္ခုလို ဒီလမ်း အတွင်းမှာ ဆိုင်ကယ်နဲ့
ဆွဲကြိုးဖြတ်တာ ပိုက်ဆံအိပ်လုတာ ၃ ကြိမ်မကတော့ဘူး..အလုခံရတာလဲ အား
လုံး မိန်းခလေးတွေပဲ..ညကဖြစ်တာ အရမ်းမြန်တယ် ဒီကောင်တွေ နောက်ကလိုက်
နေတာဖြစ်လိမ့်မယ် ..လူလစ်တော့မှ ၀င်ပြီးစောင့်ဆွဲတာ...ဆိုင်ကယ်က smart
အနီရောင် ယောက်ျားလေးသုံးယောက်စီးလာတာ..ကျောင်းတော်ကြီးလမ်းထဲချိုး
ဝင်သွားတယ်..မိန်းခလေးက တစ်ချက်အော်ပြီး ထိုင်ချလိုက်တယ်...ဒီလိုပဲ သမီး
ရီးစားတွေ ပြသာနာဖြစ်တာလို့ပဲထင်လိုက်တာ..ကိုခင်မောင်ဝင်း ဓါတ်မီးနဲ့ရောက်
လာတော့မှ ဆွဲကြိုးဖြတ်ခံရမှန်းသိလိုက်ရတယ်လို့ ဖြစ်စဉ်ရဲ့လမ်းတစ်ဖက်က မြင်
လိုက်ရတဲ့ ဦးကိုကိုနိုင်ကယ္ခုလိုပြောကြားပါတယ်၊
ဒီလမ်းထဲမှာ လူမပြတ်ပါဘူး အဆောင်တွေရှိတယ် ကျောင်းသူကျောင်းသားတွေ
သွားလာနေတာများတယ်ထမင်းဆိုင်တွေ ဆီဆိုင်တွေနဲ့ လမ်းပေါ်မှာလူအမြဲရှိတဲ့လမ်းပါ၊ ဆိုးတာက မသမာသူတွေတိုက်ခိုက်ခံနေရတဲ့ မိန်းခလေးတွေ အော်ဟစ်
အကူညီတောင်းတာကို အချင်းချင်းစကားများတယ်..သမီးရီးစားတွေစကားများ
တယ်လို့ပဲ ဖြစ်ဖြစ်ချင်းအနီး အနားကလူတွေက ထင်နေကျတာ ၀င်မပါကြဘူး..အဲ
ဲဒါဆိုးတာပဲ..ဒါကို မသမာသူက ပုံမှားရိုက်ပြီးယူသုံးတာ ...ဟိုတစ်ခါ ဆေးကုမ္ပဏီ
က မိန်းခလေးတုန်းကလဲ လုယက်သူကပြန်တွန်းလို့ မိန်းခလေးလဲသွားတာကို အ
ချင်းချင်းစကားများ ရန်ဖြစ်တယ်ပဲထင်နေပြီးဝင်မကူလိုက်ရဘူး ..ပြီးမှသိတော့
ပိုက်ဆံအိတ်လုတဲ့သူက ဆိုင်ကယ်နဲ့ဆိုတော့မမှီလိုက်တော့ဘူးလို့ ဖြစ်စဉ်အနီး
အနားမှာ ကွမ်းယာရောင်းနေတဲ့ မ၀င်းမာကပြောပါတယ်၊
ကျောင်းသူကျောင်းသား အဆောင်တွေ ဒီလမ်းထဲမှာများတော့ လူငယ်တွေ များ
တယ် စနောက်နေတာ၊ ရန်ဖြစ်တာ တွေကလဲ မဆန်းတော့ဘူး နယ်မြေခံအရန်မီး
သတ် နဲ့ ရဲတပ်ဖွဲ့ က လုံခြုံရေးယူတာ ဖမ်းစီးဖို့လုပ်တာက တစ်ပိုင်းပေါ့ဗျာ ၊ ဖြစ်
သင့်တာက ဒီလိုဖြစ်တတ်တဲ့ သံတစ်ချောင်းလမ်း ကျောင်းတော်ကြီးလမ်း ဦးဝင်း
မြ စက်လမ်း (slow down)နေရာတွေကို သွားတော့မယ်ဆို ညနေ (၇း၀၀)နာရီ
နောက်ပိုင်း လက်ဝတ်လက်စားတွေ မြင်သာအောင် မ၀တ်သင့်ဘူး၊ ဆိုင်ကယ်
လက်ကိုင်မှာ ဖုန်းအိတ် ပိုက်ဆံအိတ်တွေကို အလွယ်တစ်ကူချိတ်ပြီး ကိုင်ပြီးဆိုင်
ကယ် မစီးသင့်ဘူး ။
ဒါတွေ သတိထားပြီး သွားလာနေထိုင် လိုက်မယ်ဆိုရင် မသမာသူတွေ လုယက်ဖို့
အခွင့်လမ်းနဲသွားနိုင်ပါတယ်၊ ဖြစ်မှ နောက်ကလိုက်တာနဲ့ မဖြစ်ခင်ကြိုတင် ကာ
ကွယ်ကြဖို့ သတိပေးနိုးဆော်တိုက်တွန်းလိုက်ပါတယ်။
ပြည်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့
တပ်ရင်းရုံး ပြည်မြို့
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)
No comments:
Post a Comment