Monday, September 15, 2014
ရင်မဆိုင်ချင်သောအမှန်တရား (ပြည်သတင်း/ဆောင်းပါး) သရ၀ဏ်(ပြည်)
ရင်မဆိုင်ချင်သောအမှန်တရား (ပြည်သတင်း/ဆောင်းပါး)
သရ၀ဏ်(ပြည်)
၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲကို နိုင်ငံအတွက်အကျိုးမရှိသောကြောင်.မကျင်းပတော.ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေငြာလိုက်သောအခါဝေဖန်သံမျိုးစုံထွက်ပေါ်လာလေသည် ။ တချို.ကပြောကြသည်မှာ အခုမလုပ်ဘူးပြောလိုက် ၊တော်ကြာလုပ်မယ်ပြောလိုက် ၊ နောက်တော.မလုပ်ဖြစ်ဘူးဆိုလိုက်နှင်. အမျိုးမျိုးပြောင်းလဲနေသည်မှာစကားမတည်ကြည်ရာရောက်ကြောင်း ၊ ရွေးကောက်ပွဲဒိုင်လူကြီးနေရာသည်အလွန်မြင်.မြတ်သော ခုံသမာဓိ လူကြီးနေရာဖြစ်ရာ ထိုနေရာ ထိုရာထူးတွင်ရောက်ရှိနေသော လူကြီးတစ်ယောက်သည် ဆိုခဲစေမြဲစေဟူသောစကားမျိုး ကိုပြောသင်.လှပေသည် ။တပ်မတော်သားလူထွက်များဖြစ်သဖြင်. စစ်သားပီပီ လုပ်မည်ဆို လုပ်ကိုလုပ်သင်.သည်၊ မလုပ်ဘူးဆိုလျင်လည်း မည်သူပြောပြောမလုပ်သင်.ဟုထင်ပါသည် ။
၁၉၉၀ ရွေးကောက်ပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သောအမျိုးသားဒီမိုကရေစီအဖွဲ.ချုပ် ( National League for Democracy ) သည် မဲဆန္ဒနယ်မြေအားလုံးနီးပါးတွင် ကြောက်ခမန်းလိလိ အပြတ်အသတ်အနိုင်ရခဲ.ပါသည် ။ ထိုသို. NLD အပြတ်အသတ်အနိုင်ရလိုက်ခြင်းကြောင်.ထိုစဉ်ကစစ်အာဏာပိုင်များသည်အငိုက်မိသလိုဖြစ်ပြီး အတော်ပင် သိက္ခာကျအရှက်ရခဲ.ပါသည် ။အထူးသဖြင်. မင်္ဂလာဒုံတပ်နယ် လို တပ်မတော်သားအိမ်ထောင်စုများ အများဆုံးတည်ရှိသည်.မဲဆန္ဒနယ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ပါတီအနိုင်ရသွားခြင်းသည် တပ်မတော်ခေါင်းဆောင်များ နှင်.တပ်မတော်ကကျောထောက်နောက်ခံပြုထားသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ( တ.စ.ည ) အတွက် တွက်ကိန်းများအားလုံး ပြောင်းပြန်လွဲခဲ.သောဖြစ်ရပ်ဖြစ်သည် ။ N.L.D ကို လူတွေကပိုကြိုက်သည်ဆိုခြင်းမှာ ရင်မဆိုင်ချင်သော်လည်း ငြင်းကွယ်၍မရသောအမှန်တရားဖြစ်သည် ။ ထိုအမှန်တရားကိုစစ်အာဏာရှင်တို.သည် အမှန်ကိုအမှန်အတိုင်းလက်သင်.ခံနိုင်ဖို.အနှစ် (၂၀) အချိန်ယူခဲ.ပါသည် ။ အနှစ် (၂၀)ကြာခဲ.သော်လည်း ၁၉၉၀ ကပြည်သူတွေတက်ညီလက်ညီပြသခဲ.သောအမှန်တရားကို န.၀.တ ၊ န.အ.ဖ စစ်ကောင်စီသည်ယခုအချိန်အထိ ပြည်.ပြည်.၀၀ လက်သင်.မခံပဲဆင်ဝှေ.ရန်ရှောင်စကားများကိုသာ ယခုထက်တိုင်ပြောနေခဲ.လေသည် ။ ကိုယ်လိုချင်သောရလာဒ်မဟုတ်သော်လည်း စစ်သားပီပီ အရှိကိုအရှိအတိုင်းသတ္တိရှိရှိ ရင်ဆိုင်ရဲခဲ.သူမှာ ဗိုလ်ချုပ်မှူးကြီးစောမောင် ဖြစ်သည် ။ ထိုစဉ်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ. ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင် သည် အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ရွေးကောက်ပွဲတွင်အပြတ်အသတ်နိုင်သည်ကိုအသိအမှတ်ပြုပြီး တပ်မတော်သည် ရွေးကောက်ပွဲပြီးလျင် စစ်တန်းလျားသို.ပြန်မည် ။ မိမိ၏မူလတာဝန်ဖြစ်သော တိုင်းပြည်ကာကွယ်ရေးလုပ်ငန်းများကိုပဲဆောင်ရွက်မည် ။ဖွဲ.စည်းပုံအခြေခံဥပဒေရေးဆွဲရေးသည် အနိုင်ရပါတီ၏တာဝန်ဖြစ်သည် ။တပ်မတော်သည် ဖွဲ.စည်းပုံအခြေခံဥပဒေရေးဆွဲရေးတွင်ဝင်ပါခြင်းဖြင်.သမိုင်းတရားခံအဖြစ်မခံနိုင် ဟုပြတ်သားစွာ ကမ္ဘာသိပြောဆိုခဲ.ပါသည် ။ ဗိုလ်ချုပ်မှူးကြီးစောမောင်သည် စစ်တပ်အုပ်ချုပ်တာ ပြည်သူလူထုက မနှစ်သက်မှန်း အမှန်အတိုင်းနားလည်လက်ခံခဲ.သောစစ်သားကောင်းတစ်ယောက်ဖြစ်ပါသည် ။ အခြားထိပ်ပိုင်းခေါင်းဆောင်များအတွက်မူ ဤကြေငြာချက်သည် သူတို.ရင်မဆိုင်ချင်သော ၊ရင်မဆိုင်ရဲသောအမှန်တရားတစ်ခုကိုဖွင်.ထုတ်ကြေငြာခြင်းဖြစ်၍ ကမ္မ၀ါစာရွတ်ဖတ်သံကိုကြားလိုက်ရသောမြေဖုတ်ဘီလူး ၊ ဖုတ်ပြိတ္တာ ၊ တစ္ဆေများကဲ.သို.ထွန်.ထွန်.လူးသွားကာ ဗိုလ်ချုပ်မှူးကြီးစောမောင်ကိုတက်ညီလက်ညီ ၀ိုင်းဝန်းဆန်.ကျင်ဖယ်ရှားခဲ.ကြပါသည် ။ ဤကားအာဏာပိုင်များ ရင်မဆိုင်ချင်သောအမှန်တရား နံပါတ် (၁) ဖြစ်ပါသည် ။
အမှန်တရားနံပါတ် (၂) သည် ၂၀၁၂ တွင်တစ်ကြော.ပြန်လာပါသည် ။ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ (၄၄) နေရာရှိပါသည် ။ အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်သည် (၄၄) နေရာစလုံး ၀င်ပြိုင်ပါသည် ။ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်. ဖွံ.ဖြိုးရေးပါတီသည်လည်း (၄၄) နေရာအပြည်.၀င်ပြိုင်ပါသည် ။ ထိုစဉ်ကအစိုးရ၏ ဗျူဟာမှာ NLD ကိုလွှတ်တော်ထဲသို.ရောက်လာစေချင်သောရည်ရွယ်ချက်ရှိပါသည် ။အထူးသဖြင်. ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲသို.ရောက်လာလျှင် အနောက်နိုင်ငံများသို.သူတို.ပြချင်သော ပြုပြင်ပြောင်းလဲရေးပုံရိပ်ပိုကောင်းလာမည်ဟုယူဆပါသည် ။အောင်ဆန်းစုကြည်ဟူသော ငါးစာကိုလွှတ်တော်ငါးမျှားချိတ်၌ ငါးစာအဖြစ်တပ်ပြီးမျှားလိုက်လျင် ပြုပြင်ပြောင်းလဲရေးဆုလာဘ်ဆိုသော ငါးကြီးများ ဥရောပနှင်.အမေရိက ပင်လယ်ပြင်များမှ ဟောတစ်ကောင်ဟောတစ်ကောင် မိပေလိမ်.မည်ဟု မဟာဗျူဟာကျကျတွက်ဆခဲ.ပေလိမ်.မည် ။ ထင်သည်.အတိုင်းလည်းဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်းသို.ရောက်လာသည်နှင်. ကမ္ဘာက သမ္မတကြီးကိုချီးမွမ်းထောပနာပြုခဲ.ကြသည် ၊လက်ခုပ်လက်ဝါးတီးကာအားပေး ကြသည် ။ အစိုးရလိုချင်သည်ကဤမျှသာဖြစ်သည် ။ ၂၀၁၂ တွင်ဒေါ်စုကို အရွေးခံရစေချင်သည် ။သို.သော်ကျန်နေရာ (၄၃) နေရာတွင် ၂၀၁၀ မှာလို သူတို. နိုင်ချင်သည် ။ သို.သော် ၂၀၁၀ မှာလိုကြိုတင်မဲဆိုသည်များ ရောက်မလာသောကြောင်. ၊ရွေးကောက်ပွဲကိုလည်းကမ္ဘာကစောင်.ကြည်.နေသောကြောင်. မဲဆန္ဒနယ် (၄၄) ရှိသည်.အနက် ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီသည် တစ်နေရာမှမနိုင်ပဲ (၄၄) နေရာလုံးအရှက်တကွဲရှုံးနိမ်.ခဲ.သည် ။ အဆိုးဆုံးမှာ သမ္မတကြီး၏အုပ်ချုပ်မှုအောက်တွင်တိုက်ရိုက်ရှိသော နေပြည်တော်ကောင်စီနယ်မြေများတွင် ၀ါရင်.အရာရှိကြီးများ ၊ အရာရှိကတော်များသည် N.L.D မှ နိုင်ငံရေးလက်သင် လူငယ်များကိုရှုံးနိမ်.ခဲ.ခြင်းဖြစ်သည် ။ ၀န်ထမ်းအများစုရှိသောနေပြည်တော်လူထုကပင် ပြည်ခံဖြိုးပါတီကိုမထောက်ခံတော.ကြောင်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲရလာဒ်ကသက်သေပြနေပါသည် ။ ဤသည်မှ လက်ရှိအစိုးက အခံရခက်စေသော အမှန်တရား အမှတ် (၂) ဖြစ်ပါသည် ။
မကြာမီတွင် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲဆိုတာကျင်းပပေးရတော.မည် ။လစ်လပ်မဲဆန္ဒနယ်က (၃၅)နေရာဖြစ်သည် ။ ထုံးစံအတိုင်း ၊ ၃၅ နေရာလုံးကို N.L.D နှင်. ပြည်ခိုင်ဖြိုးပါတီက၀င်ရောက်ဆင်နွှဲ၇န် ပြင်ဆင်ထားကြသည် ။ အခြေအနေက N.L.D ပါတီဘက်ကအရေးသာနေသည် ။ N.L.D ကပြုလုပ်သော နိုင်ငံရေးဟောပြောပွဲများတွင် ပြည်သူလူထု သောင်းနှင်.သိန်းနှင်.ချီ၍ တက်ရောက်သည် ။ N.L.D ကကျင်းပသော ပုဒ်မ ၅၉ (စ)ဖျက်သိမ်းရေး ၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆန္ဒပြပွဲများကိုပြည်သူလူထုကထောက်ခံကာ တစ်ပြည်လုံးတွင် ဆန္ဒပြပွဲတွေဖြစ်နေသည် ။ ပုဒ်မ (၄၃၆ )ပြင်ဆင်ရေး လက်မှတ်ရေးထိုး ဆန္ဒကောက်ခံပွဲတွင်ပြည်သူလူထု (၅) သန်း နှင်.အတူ စာပေ ၊ဂီတ ၊ ရုပ်ရှင် နိုင်ငံကျော် အနုပညာရှင်များပါဝင်လက်မှတ်ထိုးကြသည် ။ မူလစီစဉ်ထားသည်.အတိုင်း ယခုနှစ် နိုဝင်ဘာလ တွင်သာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပခဲ.လျင် ၂၀၁၂ ကအတိုင်း N.L.D အပြတ်အသတ်နိုင်ဦးမည် ။ ပြည်ခိုင်ဖြိုးပါတီအရှက်တကွဲ ရှုံးနိမ်.ဦးမည် ။ ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲကျင်းပခြင်းဖြင်. ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေး ပါတီတွင်အမြတ်ထွက်စရာတစ်ခုမှမရှိ ။ လူ ၃၅ ယောက်စလုံးအရွေးခံရလျင်တောင်မှ လွတ်တော်တွင်ယခုရရှိထားသော အသာစီးရရှိမှုမှာပိုထူးလာဖွယ်မရှိ ။ ၃၅ နေရာတွင် ၃၅ နေရာလုံးလည်းမည်သို.မှနိုင်ဖွယ်ရာမရှိ ။ ၅နေရာနိုင်လျင်တောင်တော်လှပြီဟုမှတ်ယူရမည်.အခြေအနေဖြစ်သည် ( ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲရလာဒ်ကို ကြည်.ပြီးပြောခြင်းဖြစ်သည် ) ။ထို.ကြောင်.အစိုးရအတွက်အရှက်ကွဲမည်.ရွေးကောက်ပွဲနောက်တစ်ခုဖြစ်သည် ။ အစိုးရသည် P.R ဆိုသောအချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ်သစ်ကို မျက်စောင်းထိုးခြေလှမ်းပြင်နေသည်ဖြစ်ရာ အတိုက်အခံဒီမိုကရေစီအင်အားစုက အာဏာရပါတီသည် ၂၀၁၅ တွင် ရှုံးနိမ်.တော.မည်ကိုသိ၍ ဤ P.R စနစ်ကိုထွင်လာခြင်းဟုပြောနေကြသည် ။ ဤသို.မဟုတ်ပါ ၂၀၁၅ တွင် ယခင်ရွေးကောက်ပွဲစနစ်နှင်.သွားလဲသူတို.ပါတီနိုင်ပါသည်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဌကငြင်းချက်ထုတ်သည် ။ ရှုံး၍ စနစ်ပြောင်းချင်တာမဟုတ်ဟုဆိုသည် ။ ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲလုပ်ဖြစ်ပါက မတော်တဆ (၃၅ ) နေရာလုံး (၂၀၁၂ )လိုသာရှုံးခဲ.ပါက အာဏာရပါတီအရှက်ဗြန်းဗြန်းကွဲတော.မည် ။ နိုင်လျင်မထူး ၊ရှုံးလျင်အရှက်ကွဲမည် ။ ရှုံးလို. P.R ဘက်လှည်.လာတာပါဟု အားလုံးကလက်ညှိုးထိုးကြတော.မည် ။ ထို.ကြောင်.အကောင်းဆုံးကတော. ကိုယ်.အရှက်ကိုယ်ခွဲရမည်. ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲကိုအကြောင်းပြချက် လှလှလေးတွေပေးပြီးမလုပ်တော.ဘူးဟုကြေငြာလိုက်မည် ။ ဒါဆို P.R ကိုပြောင်းခြင်းအတွက်လဲ ၀ိနည်းလွတ်သွားနိုင်ပေသည် ။ ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲတွင် အာဏာရပါတီကြီးရှုံးနိမ်.နိုင်သည်မှာအမှန်တရားဖြစ်သည် ။ ဤအမှန်တရားကိုအစိုးရသည်ရင်ဆိုင်ချင်ပုံမရပါ ။
ရင်မဆိုင်ချင်သောအမှန်တရား နံပါတ် (၃) ဖြစ်ပါသည် ။
တကယ်တော. P.R ပဲလုပ်လုပ် ၊ ကလီကမာပဲလုပ်လုပ် ပြည်သူချစ်လျင် မော်ကွန်းတင်မည်ဖြစ်သည် ။ နောင်အခါတွင်ရင်မဆိုင်ချင်သော အမှန်တရား (၄) ၊(၅)၊ (၆) စသည်ဖြင်.ပေါ်လာလိမ်.ဦးမည် ။ပြည်သူကို ကလိန်ကျလျှင် နိုင်ငံရေးချွတ်ခြုံကျမည်ဖြစ်သည် ။ ပြည်သူလူထုထောက်ခံသောပါတီကသာ အနာဂါတ်တွင် အုပ်စိုးမည်ဖြစ်သည် ။ မြန်မာနိုင်ငံ၏အနာဂါတ်လမ်းရီးသည် သာယာသော ပန်းခင်းလမ်းဖြစ်ပါစေ ။ အချို.လူများအတွက်ရင်မဆိုင်ရဲသော အမှန်တရား များသည် တိုင်းပြည်အတွက်ခွန်အားသစ်ဖြစ်ပါစေသတည်း ။
သရ၀ဏ်(ပြည် )
၁၀.၉.၂၀၁၄
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)
No comments:
Post a Comment