ရွှေဆိုင်ပန်းထိမ်အလုပ်သမားတစ်ဦး နောက်ဖေးအိမ်သာခန်းတွင် ကြိုးဆွဲချသေဆုံး
ပြည့်သဲမောင်(ပြည်)
သြ ၂၇ရက်နေ့ ညနေ (၅)နာရီ(၃၀) အချိန် ပြည်မြို့နယ် ၊ မြို့မရဲစခန်းအနောက် (၆)
ဖာလုံခန့် ဆံတော်ရပ်ကွက် ၊ လမ်းမတော်လမ်း ၊ မီးရထားတိုက်တန်းတွင် အမျိုးသား
တစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း သတင်းအရ စခန်းမှူး ဒုရဲမှူးမျိုးမြင့် ၊ တာဝန်
မှူးဒုရဲအုပ် မြတ်သူစိုးနှင့် အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ေ
ဆးရာ မင်းအောင် ( ၁၇ )နှစ် (ဘ )ဦးမြသောင်း ပန်းထိမ်လုပ် ၊ အမှတ်(၄) ရပ်ကွက် ၊ မင်းတုန်းမြို့ ၊ မကွေးတိုင်းဒေသကြီး ( ရွှေမင်းသမီး ရွှေဆိုင်ပန်းထိမ်အလုပ်သမား ) သည်မီးရထားတိုက် တန်း ၊ အခန်းအမှတ် ( ၁၀ ) ၊ ရွှေမင်းသမီးရွှေဆိုင် နောက်ဖေး
အိမ်သာခန်းသို့ သွားရောက်ရာတွင် အချိန်ကြာသ ဖြင့် ရွှေဆိုင်ပိုင်ရှင် ဦးသာနုနှင့် အလုပ်သမားများ သွားရောက်ကြည့်ရှူ့ရာ အိမ်သာတံခါးမှာ အတွင်းမှဂျက်ထိုးထား ၍တံခါးအား အတင်းဖျက်ပြီးကြည့်ရာတွင် မင်းအောင်သည်အိမ်သာ မျက်နှာကျက်ေ
အာက်ရှိ ၃ x ၂ သစ်သားတန်း တွင်သွပ်နန်းကြိုးနှင့် ချည်နှောင်အသုံးပြုပြီး ဒူးတုပ်
လျက်ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ ကြိုးဆွဲချသေဆုံးနေ သည်ကို စစ်ဆေးတွေ့
ရှိရကြောင်း ရဲမှတ်တမ်းတွင်အတည်ပြုထားပါသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ မင်းအောင်သည် ဓမ္မတာအတိုင်းသေဆံုးခြင်း
ဟုတ်/မဟုတ် စုံစမ်းစစ်ဆေး ပေးပါရန် ဒုရဲအုပ်မြတ်သူစိုးမှသတင်းပေးချက်အရ
ပြည်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် ( ၁၄/ ၂၀၁၄ )ဖြင့် ရေးဖွင့်ထားရှိပြီး
ဒုရဲမှူး မျိုးမြင့်မှ လက်ခံစစ်ဆေးဆောင်ရွက်လျက် ရှိပါကြောင်းသတင်း ရရှိပါသည်။
မှတ်ချက်။ ။၎င်းစာမူသည် ရဲမှတ်တမ်းအတည်ပြုချက်အတိုင်းဖြစ်စဉ်အား စစ်ဆေးတွေ့ရှိချက်ကိုရေးသားထားသောစာမူဖြစ်ပြီးစာမူနှင့်ပတ်သက်
လာမည့်ကိစ္စအဝဝကို ဖြေရှင်းသွား မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။
သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)

No comments:
Post a Comment