ဓာတ်ပုံ−နစ်ကီ
ငါးထောင်ကျပ်တန်ငွေစက္ကူအသစ်ကိုအောက်တိုဘာလ ၁ရက်၌ စတင်ထုတ်ဝေမည်ဖြစ် ကြောင်း နိုင်ငံတော်ဗဟိုဘဏ်က ကြေညာသည်။
ငါးထောင်ကျပ်တန် ငွေစက္ကူအသစ်ကိုထုတ်ဝေလိုက် သော်လည်း မြန်မာနိုင်ငံအတွင်း သုံးစွဲနေသော ယခင်ငါးထောင် ကျပ်တန်ငွေစက္ကူများကိုလည်း ဆက်လက်သုံးစွဲနိုင်ကြောင်း သိရှိရသည်။
မူလငါးထောင်ကျပ်တန် ငွေစက္ကူ၏ မျက်နှာစာ၌ ဒေါင် လိုက်ထည့်သွင်းထားသော အ ကန့်လိုက်ဆစ်ပိုင်းပြီး မြှုပ်နှံထား သည့် လုံခြုံရေးကြိုးအစားအ ရောင်ပြောင်းလဲနိုင်သည့် လုံခြုံ ရေးကြိုးအသစ်ကို အကန့်လိုက် ဆစ်ပိုင်းပြီးပြောင်းလဲထည့်သွင်းထားခြင်းဖြစ်သည်။ ၎င်းလုံခြုံရေးကြိုး သစ်သည် ယခင်လုံခြုံရေးကြိုး ထက်အရွယ်အစားပိုမိုကြီး၍အရောင်လည်းပြောင်းနိုင်ပြီး ငွေစက္ကူကိုကြည့်သည့်အနေအထားပေါ်မူတည်၍ လုံခြုံရေးကြိုး၏အရောင်သည်ရွေဝါရောင်မှအစိမ်း ရောင်သို့ပြောင်းလဲနိုင်သည်ဟုဆို သည်။
ငါးထောင်ကျပ်တန်ငွေစက္ကူ၏ မျက်နှာစာလက်ယာဘက်ပိုင်းမှာ ပုံစံသစ်ဖြင့်ပြုလုပ်ထားကာ ဆင်ဖြူတော်ပုံရေစာရှိပြီး ငွေစက္ကူကိုအလင်းရောင်တွင် ကြည့်ပါကရေစာကိုတွေ့နိုင်သည်။ ငွေစက္ကူကို ဖုံးအုပ်ကာကွယ်ထားသည့် ဘားနစ်ဘား သည် ပြင်ပမှရေခိုးရေငွေများ၊အ ရည်များနှင့်အရောင်စွန်းထင်းနိုင် သည့် အရာများကြောင့်ငွေစက္ကူ ၏အရည်အသွေးနိမ့်ကျ၍ ငွေစ က္ကူပျက်စီးခြင်းကို ကာကွယ်ပေးသဖြင့် ငွေစက္ကူ၏အသုံးပြုနိုင်မှု သက်တမ်းကို ပိုမိုရှည်ကြာစေ သည်ဟု ဗဟိုဘဏ်၏ကြေညာချက်တွင်ပါရှိသည်။
ယခုထုတ်ဝေမည့် ငါးထောင်ကျပ်တန်ငွေစက္ကူမှာ လုံ ခြုံရေးကြိုးပုံစံသစ်၊ရေစာသစ်နှင့် ငွေစက္ကူ၏မျက်နှာပြင်နှစ်ဖက်ကို ဘားနစ်သားဖြင့်ဖုံးအုပ်ကာ ကွယ်ထားခြင်းတို့မှအပ ငွေစက္ကူ၏အရွယ်အစား၊ ပုံသဏ္ဍာန်နှင့် အရောင်သတ်မှတ်ချက်များသည် မူလငါးထောင်ကျပ်တန်၏ငွေ စက္ကူအတိုင်းဖြစ်သည်။
No comments:
Post a Comment