Tuesday, September 23, 2014

ပန်းတောင်းမြို့နယ်တွင် အမျိုးသားတစ်ဦး ဂျီသားကောင်ချိုခတ်ခံရ၍ သေဆုံး ပြည့်သဲမောင်(ပြည်)



ပန်းတောင်းမြို့နယ်တွင် အမျိုးသားတစ်ဦး ဂျီသားကောင်ချိုခတ်ခံရ၍ သေဆုံး

ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီးပြည်ခရိုင် ပန်းတောင်မြို့နယ် ဥသျှစ်ပင်နယ်မြေ ရဲစခန်းအနောက်

(၁ဂ)မိုင်ခန့် ဗလီချောင်း အနီးတောထဲ၌ စက်တင်ဘာ(၂၂)ရက်နေ့ (၅)နာရီအချိန်
ခန့်တွင် အမျိုးသားတစ်ဦးဂျီသားကောင် ချိုခတ်ခံရ၍သေဆုံးနေကြောင်းသတင်းရရှိ
သည်။

ဖြစ်စဉ်မှာ ညောင်ကျိုးရဲကင်းမှူး ရဲအုပ်သန့်ဇင်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ

သွားရောက် ကြည့်ရှုစစ်ဆေးရာ တင်ထွေး(၄၃)နှစ် ကျပန်းလုပ် ကံရွာ ကြံခင်းမြို့နယ်ေ
နသူသည် သူငယ်ချင်းဖြစ် သူမြင့်အောင်(၄၄)နှစ် ကျပန်းလုပ် ကံရွာ ကြံခင်းမြို့နယ်နေ
သူနှင့်အတူ ဗလီချောင်းထဲတွင်ငါးဖမ်းရန်ကွန်ပစ်နေစဉ် ချောင်းထဲသို့ ဂျီသားတစ်ကော
င်းဆင်းလာသည်ကိုမြင်၍ လိုက်လံဖမ်းဆီးခဲ့ရာ ဂျီသားကောင်ဧ။် ခေါင်းအားဖမ်းမိစဉ်ဂျီ
သားကောင်မှ ဂျိုဖြင့်ခတ်လိုက်ရာ တင်ထွေးတွင်လက်ကောက်ဝတ်သွေးကြော ပြတ်ရှ
ဒဏ်ရာရရှိခဲ့ပြီး တောထဲတွင်ပင် သွေးထွက်လွန်၍ သေဆုံးသွားကြောင်းတွေ့ရှိခဲ့ရသည်။

ထို့ကြောင့် ဖြစ်စဉ်နှင့်ပတ်သက်၍ တင်ထွေး(၄၃)နှစ် ကျပန်းလုပ် ကံရွာ ကြံခင်းမြို့နယ်ေ

နသူသည် ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် စုံစမ်းစစ်ဆေးပေးပါရန်ရဲအုပ်သန့်ဇင်
မှသတင်းပေးချက်အရဥသျှစ်ပင်မြို့နယ်ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၆/၂၀၁၄)ဖြင့်
 ရေးဖွင့်ထားရှိပြီး စခန်းမှူးရဲအုပ်ဝင်းစန်းမှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

မှတ်ချက်။ ။၎င်းပေးပို့သောစာမူသည်ကိုယ်တိုင်ရေးစာမူဖြစ်ပြီး
စာမူနှင့်ပတ်သက်လာမည့်ကိစ္စအဝဝကိုယ်ဖြေရှင်းသွား
မည်ဖြစ်ကြောင်းဝန်ခံကတိပြုပါသည်

သတင်း ပြည့်သဲမောင်(ပြည်)

No comments:

Post a Comment