Wednesday, September 3, 2014

ပြည်တွင်းဂျာနယ်ရုံးများသို့ (သို့) စိတ်ဓါတ်စစ်ဆင်ရေး (သို့) စတ္ထမဏ္ဍိုင်တိုက်ပွဲ ဘယ်တော့ကျရှုံးမလည်း..........ပြည်သတင်းလူငယ်(ပြည်သတင်း).


ပြည်တွင်းဂျာနယ်ရုံးများသို့ (သို့) စိတ်ဓါတ်စစ်ဆင်ရေး (သို့) စတ္ထမဏ္ဍိုင်တိုက်ပွဲ ဘယ်တော့ကျရှုံးမလည်း.
******************************************************************
ပြည်သတင်းလူငယ်(ပြည်သတင်း)

                                       ပူနွေးနွေးအိုက်စပ်စပ်နိုင်လှသည့် မိုးရာသီအလယ်ပိုင်းကာလကို အလူးအလဲခံနေရသည်က ပြည်မြို့သူမြို့သားများပါမဟုတ်လား...ပြည်မြို့လေးသည်
တော်ရုံအခြားမြို့များနှင့်မတူအောင်ထူးခြားလှစွာသော ထူးဆန်းမှုတွေ/အံ့သြမှုတွေများစွာထူထပ်သော မြို့လေးတစ်မြို့ဖြစ်ပါတယ်...မြို့လေးဆိုသော်ငြားလည်း အခြား မြို့ကြီးများဖြစ်တဲ့
ရန်ကုန်/မန်းလေး တွေလောက်တော့ လူနေမှုစည်ကားလှသည်မဟုတ်ပါ သို့သော်ငြားလည်း သူ့အိုးနှင့်သူ့ဆန်တော့ အံဝင်ဂွင်ကျရှိသောမြို့လေးဖြစ်သည် ပြည်မြို့တွင်
အထူးခြားဆုံးနှင့် အံ့သြမှုအရှိဆုံးအရာတစ်ခုကို ဦးစွာဖော်ပြလိုပါတယ် ပြည်မြို့တွင် စေတီပုထိုးဂှုကျောင်းဇရပ်စုံလျှင်စွာရှိပါတယ် သမိုင်းဝင်စေတီပုထိုး/ဂှု/ကျောင်း/ဇရပ်/ရေတွင်း/ရေကန်
များစွာသောတည်ထား ကိုးကွယ် တည်ဆောက်ထားမှုများဟာ အင်မတန်ထူးခြားဆန်းပြားတဲ့ အထဲမှ သမိုင်းဝင်မော်ကွန်းတင်လောက်သည့်မှတ်တမ်းတချို့ရှိသေးသည်..ဘာသာသာသနာ
ထွန်းကားရာဖြစ်သည်။ မြို့ကလေးတွင်.....နိုင်ငံရေးသမားများ/စီးပွားရေးသမားများ/ခရိုနီ..ခရိုပြာကအစ ဗေဒင်ဆရာပေါင်းများစွာရှိသည် ထိုသောထိုကဲ့သို့သောအရာ ပုဂ္ဂိုလ်များထဲတွင်
စာဆိုရှင်/အနုပညာရှင်/စာရေးဆရာ/ကာတွန်းဆရာကအစ မြန်မာကျော် ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးပေါင်းများစွာ အဆိုတော်ပေါင်းများစွာရှိတဲ့ ပြည်မြို့လေးတွင် မီဒီယာဖြင့် ကြိုးစားနေကြသူ
သတင်းထောက်များလည်း(၁၅)ဦးခန့်ရှိ၏ သတင်းထောက်စစ်စစ်ကိုဆိုလိုပါသည် သတင်းထောက်ဆိုရာဝယ် ပါတီ/နိုင်ငံရေး/အာဏာပိုင်/ခရိုနီ၊ပြာ၊၀ါ တွေရဲ့အကြိုးစီးပွားကိုမလိုလားပဲ မိမိ
မီဒီယာရပိုင်ခွင့်ကို မိမိသန့်ရှင်းသေသပ်လှပစွာ အထက်တန်းကျကျ ရေးသားတင်ပြပေးနေသော မီဒီယာ (သို့) ပြည်သူပိုင် မီဒီယာ များရှိ၏ ထိုမီဒီယာများသည်..မိမိတို့ဂျာနယ်ရုံးများသို့
သတင်းတစ်ပုဒ်ပေးပို့ပါလျှင် (၂၀၀၀ိ/)ကျပ် မှ (၃၀၀၀ိ/)ကျပ်အထိသာ ပြန်းမျှရရှိ၏ ထိုသို့သောမီဒီယာကို နယ်သတင်းထောက်ဟုခေါ်၏ ကျွန်တော်တို့ပြည်မြို့လေးပေါ်တွင် သတင်းထောက်
ပေါင်း(၁၅)ဦးခန့်သာရှိ၏ ထို(၁၅)ဦးစလုံးမှာ သတင်းဌာနကြီး(ရုပ်/သံ)တစ်ဦးပါ၏ အများနဲ့စာလျှင်တော့ ပိုရတယ်ဆိုပါတော့ နယ်သတင်းထောက်များရဲ့ ခံစားနေရတဲ့(ခံစားချက်) / ရရှိနေတဲ့(ဒုက္ခ)
တွေကို မိမိတို့ပေးပို့ရေးသားတင်ပြနေသော ဂျာနယ်ရုံးများမှ လုံးဝ(လုံးဝ)မခံစားဘူးတော့မသိနိုင်ပါ သိနိုင်တယ်ဆိုလို့ အောက်ခြေနယ်သတင်းထောက်ဘ၀ကနေ တိုးတက်မြင့်မားလာသော
အယ်ဒီတာ တို့ဘာတို့လောက်သာ ဒီခံစားမှု ဒုက္ခတွေကိုသိနိုင်ပါလိမ့်မည်။...ကျွန်တော်ကိုယ်တွေ့အဖြစ်လေးတစ်ခုပြောပြလိုပါတယ်...ဂျာနယ်ရုံးမှာရှိတဲ့ အယ်ဒီတာကြီးများ ပိုင်ရှင်များ စဉ်းစား
ပေးစေလိုပါတယ် ကျွန်တော့အဖြစ်က ဒီလိုလေးကြုံခဲ့ရပါတယ်......ကျွန်တော် 1.9.2014 တနင်္လာနေ့ညပိုင်းအချိန် ပြည်မြို့မှာ နာမည်ကျော်ကြားသူတစ်ဦးဖြစ်တဲ့ ဗေဒင်ဆရာကြီးခန့်ကျော်စွာ
နှင့်စကားစမည်ပြောဆိုပြီးနောက် ဆရာကြီးကို ကျွန်တော်တို့ ပြည်သတင်း(အွန်လိုင်းမီဒီယာ)မှာ တစ်လစာဟောစာတမ်းလေးနဲ့ ပြည်သတင်း ဖတ်ရှုတဲ့ ဗေဒင်ဝါသနာပါသူများကိုပါ တစ်ဖက်
တစ်လမ်းက စေတနာရင်းမှန်စွာ ဖော်ပြပေးချင်တာကြောင့် ဆရာကြီးခန့်ကျော်စွာထံ အကူအညီတောင်းခံခဲ့ပါတယ် ဆရာကြီးနဲ့ ကျွန်တော်ဟာလည်း ဆရာတပည့်လို ညီကိုရင်းပမာချစ်ခင်
ရင်းနှီးနေတော့ ဆရာကြီးခန့်ကျော်စွာက "အေးပါ မောင်ကျော်ဝင်းခိုင်ရယ် တတ်နိုင်သလောက်ကူညီပါ့မယ် ဒီလစဉ်ဟောစာတမ်းကို အမြဲတမ်းကုသိုလ်ဖြစ် ရေးသားလှူဒါန်းပါ့မယ်လို့" ပြောပါတယ်။
ဒါနဲ့ ပြည်သတင်းမှာ ပထမဦးဆုံးအကြိမ် ဆရာခန့်ကျော်စွာရေးသားတဲ့ အောင်ထူးဆန်းယတြာစာအုပ်ထဲမှ အရက်သမားများအတွက်အရက်ဖြတ်နည်း ယတြာစာတိုလေးတစ်ပုဒ်ကို ပုံရိပ်-မိတ္ထူဆိုင်
(နေရာမဖော်ပြလိုတော့ပါပြီ)လေးမျာ မနက်ခင်းလေးမှာ ကျွန်တော်ကိုယ်တိုင် သွားရောက်ပြီး  စာစီစာရိုက်အပ်ခဲ့ပြီးနောက် ညနေပိုင်းအချိန်လောက် စာစီစာရိုက်လေးပြီးလောက်ပြီ သွားယူအုံးမှပဲဟု
တွေးကာကျွန်တော် အိတ်ကတ်ထဲသို့ ကျသင့်လောက်မည်ထင်သောငွေ (၁၀၀၀ိ)ကျပ်လေးယူဆောင်သွားခဲ့ပါတယ် ဆိုင်ရောက်တော့ စာစီစာရိုက်ပြီးလို့ ပါလာသော စတစ်လေးထုတ်ပေးကာ အကို
ဘယ်လောက်ကျပါသလည်းမေးလိုက်တော့.....ဟုတ်အကို အေဖိုးတစ်မျက်နှာကို(၂၅၀)ယူပါတယ် စာရိုက်ခ စာရွက်ထုတ်မယ်ဆိုရင် (၃၀၀ိ)ယူပါတယ် အခုအေဖိုးစာရွက်(၇)ရွက် ကျင့်ငွေ(၁၇၅၀ိ)
ကျပါတယ်ဆိုတော့ ကျွန်တော်လည်း "ဗျာ...." တစ်လုံးထဲရေရွတ်မိတော့၏ ဘာကြောင့်ဆိုသော် ကျွန်တော်သည် အွန်လိုင်းသတင်းတင်ပြသူ ဖြစ်သည် သို့သော်လည်း သတင်းများကို ပြည်ခရိုင်
အတွင်းမိမိကိုယ်တိုင် မိမိသတင်းလိုက်ယူသည် ရေးသားသည် တင်ပြသည် မိမိကွန်ပျူတာ မိမိကင်မရာဖြင့် မိမိအကုန်တတ်စွမ်းသရွေ့လုပ်ဆောင်နိုင်ခဲ့ပါတယ်။..(မှတ်ချက်-သတင်းရေးသား
နည်းများကို သင်ဆရာ/မြင်ဆရာ/ကြားဆရာများဖြစ်သော အဦးဆုံးဆရာ ကိုမင်းညို(DVB)မှ သင်ကြားပေးသည့်အပြင် အခြားသော ပြည်မြို့ရှိ သတင်းထောက်ညီအကိုတွေအားလုံးမှာလည်း
သင်ကြားပေးခဲ့ပါသည်။ ပြည်သတင်းအွန်လိုင်းရပ်တည်မှု (၂)နှစ်တာအချိန်ရောက်ရှိနေပါပြီ ကိုယ့်ဒူးကိုယ်ချွန်ဖြင့် သူငယ်ချင်း ပြည့်ဖြိုးမောင် နှင့် ကျွန်တော် တူညီတာတွေကို လက်တွဲပြီး သတင်း
ဖတ်ရူသူများထံသို့ ဒုက္ခပေါင်းများစွာမှ ရေးသားတင်ပြပေးပို့ခဲ့နေတာလွန်ခဲ့သော(၂)နှစ်အချိန်ကပင်ဖြစ်ပါတယ်။...ထို့ကြောင့် မိတ္ထူဆိုင်မှ နေမိမိနေထိုင်ရာအိမ်လေးသို့လိုအပ်နေသော ပိုက်ဆံလေး
ပြန်လည်ယူပြီး ပေးပြီးနောက် ဆိုင်ကယ်လေးပေါ်ထိုင်မိသည့်အချိန်မှစတင်ပြီး ကျွန်တော်မျက်ရည်ဝဲခဲ့မိ၏ အော်....နယ်သတင်းထောက်တွေ ရတဲ့သတင်းခလေးက တစ်ပုဒ်(၂၀၀၀ိ)
စာစီစာရိုက်အတွက် လိုအပ်မည့်ပစ္စည်းတွေ မရှိတဲ့နယ်သတင်းထောက်တွေ စာရိုက်ခ(၁၇၀၀ိ)ဆိုတော့ တွေးမိပါတယ် ဘာ့ကြောင့်/ဘာလို့/သတင်းရေးသားခ ကိုယ်ကြိုးစားသလောက် တန်ရာ
တန်ကြေးမရခဲ့တာလည်း ၀ါသနာအရသာလုပ်နေကြတဲ့ နယ်သတင်းထောက်တွေ သူတို့နယ်ကသတင်းလေးမျှော်နေမိကြတယ် သူတို့ရေးပို့တဲ့သတင်းလေးမျှော်နေခဲ့ကြတယ် ..တစ်ပတ်ကို ကိုယ်
ရေးတဲ့သတင်းလေး တစ်ပုဒ်ပါခဲ့ရင် တစ်ပတ်(၂၀၀၀ိ) တစ်လဆိုပါက(၈၀၀၀ိ) နေ့စဉ်ထွက်ရှိသော ဂျာနယ်မှာရေးသားသောသတင်းထောက် လွန်စွာရှိမှ (၃)ယောက်လောက်ပဲရှိပါတယ် ပြည်မြို့
လေးပေါ်တွင် နေထိုင်ကြသောသတင်းထောက်များအားလုံး အပတ်စဉ်ထွက်ရှိတဲ့ဂျာနယ်လေးများမှာရေးသားခြင်းများပါတယ်။...တစ်ပတ်တစ်ကြိမ် မိမိရေးသားတင်ပေးပြီးတဲ့ သတင်းလေးများ
ဒီတစ်ပတ်ပါမလားဆိုပြီး ဂျာနယ်ဆိုင် သူများနည်းသူ တစ်ဆောင်သတ်မှတ်ခနူန်းထားအတိုင်း ပေး၍ ပြေးဝယ်နေရတဲ့ နယ်သတင်းထောက်ဘ၀....ပြည်မြို့အတွင်းကျော်လွန်ပြီး နတ္တလင်း/ဇီးကုန်း
/ပေါင်းတည်/ကြို့ပင်ကောက်/ရွှေတောင်/မြန်အောင်/အောင်လံ/၀က်ထီးကန်/ပေါင်းတလည်/ပေါက်ခေါင်း ထိုသို့သောနေရာများသို့ ဂျာနယ်ရုံးများကို ခရီးစရိတ်မတောင်းပဲ သွားလာနေရသော
နယ်သတင်းထောက်ဘ၀.....အချိန်ကုန်/လူပင်ပန်း/သတင်းလိုက်ခမကြေ/အဲကြားထဲအခက်မသင့်ရင်တစ်ဖက်က တရားစွဲလို့ တရားရင်ဆိုင်နေရတဲ့ နယ်သတင်းထောက်ဘ၀....အော်ဒုက္ခ ဒုက္ခ
စတ္ထမဏ္ဍိုင်ကြီး ဘယ်အချိန်အထိ ခံနိုင်ရည်ရှိပါအုံးမလည်း စိတ်ပျော့ညံ့တဲ့မီဒီယာတချို့တချို့သောသူတွေကတော့ ဓနရှင်/ငွေကြေးရှင်/ခရိုနီ(ပြာ/၀ါ/ဖြူ/မည်း)/ခရိုနီကြီး(ငယ်/လတ်/သေး)တွေရဲ့
အောက်မှာဌာနဆိုင်ရာတွေအောက်မှာ စိတ်ဓါတ်စစ်ဆင်ရေး (သို့) စတ္ထမဏ္ဍိုင်တိုက်ပွဲ ဘယ်တော့ကျရှုံးမလည်း....ကျွန်တော်တွေးနေမိတုန်းမှာ ကျွန်တော်နေထိုင်ရာ အိမ်ရှေ့သို့ ရောက်ရှိလာသော
ကြောင့် အတွေးများကို မေးခွန်းပေါင်းများစွာနဲ့ ခေတ္တခဏရပ်နားခဲ့ရပါတယ်............(ဆက်လက်ဖတ်ရှု့ပါရန်)...လေးစားစွာဖြင့်...ပြည်သတင်းလူငယ်(ပြည်သတင်း)


No comments:

Post a Comment