Friday, September 19, 2014
အိုးဝေကျေးဇူး (ပြည်သတင်း/ဆောင်းပါး)
အိုးဝေကျေးဇူး (ပြည်သတင်း/ဆောင်းပါး)
****************************
သရ၀ဏ်(ပြည်)
မြန်မာနိုင်ငံတွင် အစိုးရသစ်သက်တမ်းလေးနှစ် ကျော်အတွင်းအဓိကပျက်ကွက်မှုကြီးတစ်ခုကိုပြပါဆိုလျင် သမ္မတကြီးဦးသိန်းစိန်သည် ကျောင်းသားများနှင်.ရင်ကြားစေ.ရေးမဆောင်ရွက်နိုင်ခဲ.ခြင်းဖြစ်သည် ။ ကျောင်းသားဆိုသည်မှာ အစိုးရကိုလက်နက်စွဲကိုင်တိုက်ခိုက်နေသော A.B.S.D.F အဖွဲ.ကိုဆိုလိုခြင်းမဟုတ် မြန်မာတစ်နိုင်ငံလုံးတွင်ရှိသော သူငယ်တန်းမှ ဒေါက်တာဘွဲ.အထိ တက်ရောက်ပညာဆည်းပူးနေသော လက်နက်မဲ.ကျောင်းသားကျောင်းသူအားလုံးကိုဆိုလိုပါသည် ။ကိုမင်းကိုနိုင် ၊ကိုကိုကြီးစသော ၁၉၈၈ ခုနှစ်ကကျောင်းသားခေါင်းဆောင်အချို.နှင်.သမ္မတအိမ်တော်တွင် ခေါ်ယူတွေ.ဆုံခဲ.သည်များရှိခဲ.သော်လည်း ထိုတွေ.ဆုံမှုတွင် ၈၈ မျိုးဆက်ခေါင်းဆောင်များသည် လက်ရှိကျောင်းသားထုတစ်ရပ်လုံးကိုကိုယ်စားပြု၍ ကျောင်းသားးအရေးသက်သက် သွားရောက်တွေ.ဆုံခဲ.ကြခြင်းမဟုတ် နိုင်ငံရေးနည်းနည်း ၊ ရွေးကောက်ပွဲကိစ္စနည်းနည်း ၊ ပါတီအရေးကိစ္စနည်းနည်း ၊အမျိုးသားပြန်လည်ရင်ကြားစေ.ရေးနည်းနည်း၊ ဟိုနည်းနည်းဒီနည်းနည်း အာလာပသလ္လာပ ပြောပြီး ပြန်လာခဲ.ကြခြင်းဖြစ်သည် ။ တကယ်တော. ကျောင်းသားတို.၏အဆင်.အတန်းကိုနိုင်ငံတော်က ဤမျှထက်ပို၍ အလေးဂရုပြုသင်.ကြောင်းကိုသမိုင်းကသက်သေတည်နေပါသည် ။ ယနေ.မြန်မာ.နိုင်ငံရေးဝယ် (၁)နိုင်ငံရေးပါတီ (၂) တပ်မတော် (၃) တိုင်းရင်းသားလူမျိုးစုများ (၄) ကျောင်းသားများ (၅) ရဟန်းရှင်လူ ပြည်သူများ ဟူ၍ အကြမ်းဖျင်းသတ်မှတ်နိုင်ပါသည် ။ ထိုအုပ်စုကြီးငါးစုတွင် တပ်မတော်သည် ထီးထီးမားမား ကျေးဇူးရှင်အဖွဲ.အစည်းကြီးသဖွယ်ရပ်တည်နေသည်မှာ နှစ်ပရိစ္ဆေဒကြာမြင်.ခဲ.ပါပြီ ။ သမိုင်းကြောင်းကိုပြန်ကြည်.သောအခါ တပ်မတော်သည် မိုးပေါ်မှအလိုလိုကျလာသည်မဟုတ် ။ကျောင်းသားများကြောင်.တပ်မတော်ဆိုတာပေါ်လာတာဖြစ်ပေသည် ။ ဤစကားသည် သစ္စာစကားဖြစ်၏ ။ ကျောင်းသားများကိုယ်.ထမင်းကိုယ်စားကာ ရာထူးကြီးတွေယူ၍ အေးအေးမနေခဲ.ပဲ တိုင်းပြည်နှင်.လူမျိုးအတွက် ရွပ်ရွပ်ချွန်ချွန်ဆောင်ရွက်ခဲ.သောကြောင်. မြန်မာ.တပ်မတော်ဆိုတာဖြစ်ပေါ်လာရပေသည် ။ တပ်မတော်၏ဖခင် သည်၁၉၃၈ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂဥက္ကဌ ဖြစ်သော ကိုအောင်ဆန်းပင်ဖြစ်သည် ။ တပ်မတော်၏သန္စေ (မူလအစ) မှာကျောင်းသားသမဂ္ဂဖြစ်ပါသည် ။ အိုးဝေဟုတင်စားခေါ်ဝေါ်ခဲ.ကြသော ကျောင်းသား သမဂ္ဂလှုပ်ရှားမှုများကြောင်.သာ မြန်မာပြည်သည်နယ်ချဲ.လက်အောက်မှ လွတ်မြောက်ခဲ့.ခြင်းဖြစ်သည် ။ သို.သော် ကျောင်းသားများ၏ကျေးဇူး ( ၀ါ) အိုးဝေကျေးဇူးသည် မထိန်မြူးခဲ.ပါ ။
ထိုသို.အနစ်နာခံခဲ.ရသောကျောင်းသားတို.၏သမိုင်းကြောင်းကိုဖျောက်ဖျက်မထားပဲ ကျေးဇူးတင်ထိုက် သာဓုခေါ်ထိုက်ကြောင်း ကိုထိုစဉ်က သူ.ရှေ.မှာပင် ကိုထွန်းစိန် တို. ၊ သခင်ဘစိန်တို.၊ ကိုနုတို. ၊ ကိုရာရှစ်တို. ၊ ကိုအောင်ဆန်းတို. ၊ ကိုညိုမြတို. ၊ ကိုသိန်းဖေတို. ၊ သခင်လှဖေ (ဗိုလ်လင်္ကျာ ) တို. ကျောင်းထုတ်ခံရသူခံရ ၊ ဘတက်လမ်းပိတ်သူပိတ် ၊ ထောက်ပံ.ကြေးရပ်ခံရသူခံရ ၊ ထောင်ကျသူကျ ၊ ဖြင်.မြန်မာ.လွတ်လပ်ရေးအတွက် ဘ၀နှင်.ရင်း၍ အနစ်နာခံဆောင်ရွက်ခဲ.သောကျေးဇူးကို သတိရအောက်မေ.မိသောတက္ကသိုလ်မှ ဆရာဦးဝန် (ခေါ်) ကဗျာစာဆိုကြီး မင်းသုဝဏ်က အောက်ပါကဗျာကို ရင်နာနာနှင်.ရေးခဲ.ဟန်ရှိလေသည် ။ ကဗျာအမည်မှာ “ သာဓုသံ “ ဟုအမည်ရပြီး ၁၉၄၇ အိုးဝေမဂ္ဂဇင်းတွင်ဖော်ပြပါရှိခဲ.ပါသည် ။
“ ဒေါင်းပျိုထိုးဆွတ် ၊ ဘယ်ညာခွပ်၍
လွတ်လပ်ရလေ ၊ တို.တတွေသည်
အိုးဝေကျေးဇူးပါတကား ။
အိုးဝေကျေးဇူး ၊ မထိန်မြူးပဲ
ခါဦးကောဇာ၊ ဤအခါတွင်
သာဓုခေါ်ကြပါကုန်လော. ။
သာဓုသံလွင်၊ သောတဆင်၍
အသင်ဒေါင်းငယ် ၊မြန်မိမယ်ကို
သက်နှယ်စောင်.ရှောက်နိုင်စေသောဝ် ။ ။
ထိုသို.ကျောင်းသားတို.၏ ကျေးဇူးကိုဖော်ထုတ်၍ ကဗျာဖွဲ.ခဲ.သော်ညား ၊ ကျောင်းသားများ၏သမိုင်းကိုဖျောက်ဖျက်ထားလိုသော အာဏာရှင်ဦးနေ၀င်းမှာ ကဗျာဆရာကြီးမင်းသုဝဏ်ကို မကျက်တကျက်ပေါင်မုန်.ဟု နှိမ်.ချခေါ်ဝေါ်ခဲ.သည် ။ကျောင်းသားတို.ကျေးဇူးကိုသိတတ်သော ဆရာကြီးမင်းသုဝဏ်ကို မကျက်တကျက်ပေါင်မုန်.ဟုခေါ်တွင်ခဲ.လျှင် ကျေးဇူးတရားကိုနားမလည်သော ဦးနေ၀င်းမှာ ပုပ်သိုးနေသောပေါင်မုန်.တလုံးသာဖြစ်ပေလိမ်.မည် ။ ကျောင်းသားတို.၏ သမိုင်းထက် စစ်သမိုင်းကိုလွှမ်းမိုးချင်သော ဦးနေ၀င်းသည် သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦကို ၁၉၆၂ တွင် ဒိုက်နမိုက်နှင်.ဖြိုချဖျက်ဆီးခဲ.ပါသည် ။
ကျောင်းသားသမဂ္ဂဖြစ်ပေါ်လာပုံအကျဉ်းချုပ်ကားဤသို.တည်း ။ယခုအခါရန်ကုန်တက္ကသိုလ်ဟုခေါ်သော ယူနီဗာစီတီကောလိပ်သို.ရခိုင်ပြည်နယ် သံတွဲမြို.မှကျောင်းသားကိုထွန်းစိန်သည် ပညာသင်ရန် ၁၉၂၄ တွင်စတင်ရောက်ရှိလာပြီး ၁၉၂၈ တွင် ဘီအက်စ်စီစာမေးပွဲကိုအောင်မြင်သည် ။၁၉၂၈ -၂၉ တွင် ကိုထွန်းစိန်သည် တက္ကသိုလ်သင်္ချာဌာနတွင် နည်းပြဆရာလေးအဖြစ်ဝင်ရောက်လုပ်ကိုင်သည် ။ပုဂံကျောင်းဆောင်တွင်လည်းအဆောင်မှူးလေး အဖြစ်တာဝန်ယူရသည် ။၎င်းနောက်အလုပ်မှထွက်ကာ ၁၉၃၁-၃၂ တွင် ဘီအယ်လ်ဥပဒေပထမနှစ်သင်တန်းသို.တက်ရောက်လေသည် ။ကိုထွန်းစိန်သည်မျိုးချစ်စိတ်အလွန်ပြင်းထန်သူဖြစ်သည် ။ ပုဂံကျောင်းဆောင်၌အဆောင်မှူးလေးအဖြစ်တာဝန်ယူနေစဉ်တစ်နေ.၌ ထမင်းစားဆောင်တွင် ကျောင်းသားများအစည်းအဝေးကျင်းပရာ အစည်းအဝေးစသည်နှင်.ကျောင်းသားများသည် အင်္ဂလိပ်ဘုရင်ကိုချီးကျူးသော ဘုရားသခင်သည် ဘုန်းတော်ကျက်သရေကြီးမြတ်တော်မူသောကျွန်ုပ်တို.၏ဘုရင်ကြီးကို ကယ်တင်ပါစေသတည်း ( God save our gracious king ) ဆိုသောသီချင်းကိုကျောင်းသားများ ဆိုနေသည်ကို ကိုထွန်းစိန်ကြားသောအခါ အသားဆတ်ဆတ်တုန်အောင်ဒေါသဖြစ်မိသည် ။ ထို.နောက် အောက်ပါစကားကိုပြောခဲ.၏ ။
“ ကျောင်းသားရဲဘော်အပေါင်းတို. ၊ ကျွန်တော်ဒီနေရာကနေပြီး စကားအနည်းငယ်ပြောပါရစေ ဒီမှာရောက်နေတဲ.ကျွန်တော်တို.ဟာ မြန်မာတိုင်းရင်းသားတွေဖြစ်ကြပါတယ် ။အင်္ဂလန်ကလာပြီးစာသင်နေကြတဲ.အင်္ဂလိပ်မျက်နှာဖြူလူမျိုး ကျောင်းသားရယ်လို. တစ်ဦးတစ်ယောက်မှမရှိပါဘူး ။ ယခုမြန်မာတိုင်းရင်းသားတွေရဲ.အစည်းအဝေးမဖွင်.ခင် ခင်ဗျားတို.သီဆိုခဲ.ကြတဲ. အမျိုးသားသီချင်းဆိုတာက “ဘုရားသခင်သည်ကျွန်ုပ်တို.၏ ဘုရင်မင်းမြတ်ကိုကယ်တင်နိုင်ပါစေသတည်း “တဲ. ။သေသေချာချာစဉ်းစားကြည်.စမ်းပါ ။ကျွန်တော်တို. ဆိုတဲ.စကားတစ်လုံးဟာအင်မတန်အရေးကြီးပါတယ် ။အင်္ဂလန်မှာရှိနေတဲ.အင်္ဂလိပ်ဘုရင်ဟာမျက်နှာဖြူလူမျိုးတွေရဲ.ဘုရင်ဖြစ်တယ် ။ဗမာတိုင်းရင်းသားတွေရဲ.ဘုရင်မဟုတ်ပါဘူး ဆိုတာစဉ်းစားပြီးအမှန်ကိုမြင်တဲ.သူတိုင်းအလွယ်တကူသိနိုင်ပါလိမ်.မယ် ။ကျွန်တော်တို.ဗမာပြည်ကြီးကို အနိုင်ကျင်.ပြီးသိမ်းပိုက်ထားတဲ. နယ်ချဲ.တွေရဲ.ဘုရင်ကို ကျွန်တော်တို.အားလုံးလိုက်ပြီး ဘုရားသခင်ကကျွန်ုပ်တို.ရဲ.ဘုရင်မင်းမြတ်ကိုကယ်တင်ပါစေလို.ဆုတောင်းနေတာဟာအလွန်တရာမှ ရှက်စရာကောင်းလှပါတယ် ။ ဤနေ.ဤရက်ဤအချိန်ကစပြီး ကျောင်းသားသမဂ္ဂမဆောက်အအုံ အစည်းအဝေးပွဲမှာဖြစ်စေ ၊အခြာသောကျောင်းသားပွဲလမ်းသဘင်မှာဖြစ်စေ ဒီသီချင်းကိုလုံးဝမဆိုပဲနေကြရန်အဆိုတင်သွင်းပါတယ် “
ဟုရဲရဲတောက်ပြောကြားခဲ.သည် ။ထိုအခါမှစ၍ ( God save our gracious king ) သီချင်းသည် တက္ကသိုလ်ပရ၀ုဏ်မှပျောက်ကွယ်ခဲ.၏ ။ ထိုအဆိုတင်သောကြောင်.ကျောင်းအုပ်ကြီးမစ္စတာစလော.က ကိုထွန်းစိန်ကိုအလုပ်မှထွက်ဖို.ပြောသည် ။ကိုထွန်းစိန်က သူ.ကိုအလုပ်ထုတ်ချင်ထုတ်ပါ သူကတော. မမှားသဖြင်.အလိုလိုမထွက်နိုင်ဟုပြန်ပြောသည်တွင်ကျောင်းအုပ်ကြီးသည် လက်လျော.ပြီးအလုပ်မဖြုတ်တော.ပေ ။ ထိုကဲ.သို.မျိုးချစ်ခေါင်းဆောင် ကိုထွန်းစိန်ကို ၁၉၃၁ တွင် ပထမဆုံးအကြိမ် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌရွေးချယ်ပွဲကျင်းပသောအခါ ဥက္ကအဖြစ်ရွေးကောက်ခံရ၍မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂသမိုင်း၏ ပထမဆုံးဥက္ကဌဖြစ်လာခဲ.သည် ။ ကိုထွန်းစိန်ကားခေသူမဟုတ် သူသင်္ချာဆရာလေးအဖြစ် အလုပ်လုပ်နေစဉ် တစ်နေ.တွင်သူ.ကို ဆရာများနားနေခန်းထဲမှ အင်္ကျီ ဂုတ်ဆွဲကာမောင်း ထုတ်ရန်ကြံခဲ.သော ဘီအိုစီကောလိပ်ကျောင်းအုပ် မစ္စတာချယ်ရီကို ပြန်ထိုးကြိတ်ခဲ.သူဖြစ်သည် ။ ကိုထွန်းစိန်ကလိုက်ထိုး မစ္စတာချယ်ရီကရှေ.ကပြေးနှင်. အင်္ဂလိပ်တစ်ယောက်အရှက်ကွဲခဲ.ဖူးသည် ။ ထုံးစံအတိုင်း သူမမှားသဖြင်. အလုပ်မပြုတ်ခဲ.ပေ ။
၁၉၃၁ -၃၂ တွင် သူဌေးဦးညို က ကျောင်းသားသမဂ္ဂအဆောက်အဦကိုဆောက်လုပ်လှူဒါန်းခဲ.သည် ။ ထို.ကြောင်. လှူဒါန်းသူမှာ ဦးညို ၊ဖျက်ဆီးသူမှာဦးနေ၀င်းဟု မော်ကွန်းထိုးရမလိုဖြစ်သည် ။ဤသို.ဖြင်.နယ်ချဲ့ဆန်.ကျင်ရေးအမျိုးသားလွတ်လပ်ရေးစိတ်ဓါတ်သည်ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂတွင်စတင်အခြေတည်ခဲ.သည် ။ ထိုကဲ.သို.မျိုးစေ.မှန်ခဲ.သော ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂသို. ကိုနု ၊ကိုအောင်ဆန်း ၊ကိုညိုမြ ကိုရာရှစ်တို.ရောက်လာကြပြီးဆုံဆည်းလိုက်သောအခါ မြန်မာ.လွတ်လပ်ရေးအတွက်စတင်သန္စေတည်မိသွားပါသည် ။ ၁၉၃၆ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂတွင် ဥက္ကဌကိုနု ၊ ဒုဥက္ကဌ ကိုရာရှစ် ၊အတွင်းရေးမှူးကိုသီဟန် ၊ ပြန်ကြားရေးမှူးနှင်. အယ်ဒီတာကိုအောင်ဆန်း ၊ မဂ္ဂဇင်းအတွင်းရေးမှူး ညိုမြတို.ဖြစ်သည် ။ သူတို.လက်ထက်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမဂ္ဂဇင်းကိုနာမည်ရှည်သဖြင်.အိုးဝေမဂ္ဂဇင်းဟုပြောင်းလိုက်သည် ။ ထိုမဂ္ဂဇင်းတွင် ညိုမြက ယမမင်းဟူသောလျှို.၀ှက်ကလောင်အမည်ဖြင်. ငရဲခွေးကြီးလွတ်နေပြီ ( Hell Hound At Large ) ဟူသော တက္ကသိုလ်အာဏာပိုင်များကိုဆော်ထားသော ဆောင်းပါးကိုရေးလိုက်သောကြောင်. စာရေးသူကိုဖော်ခိုင်းရာမှ ကိုအောင်ဆန်းကအယ်ဒီတာကျင်.၀တ်အရ ဖော်မပေးနိုင်ကြောင်းပြောသဖြင်.ကိုအောင်ဆန်းကိုကျောင်းထုတ်မည်ကဲ.သို.ရှိလာသည် (မတ်လထဲတွင် ကိုအောင်ဆန်းကိုကျောင်းသုံးနှစ်ထုတ်ကြောင်းကြေငြာခဲ.သည် ) ။ ထိုကိစ္စမတိုင်ခင်ကလေးတင် သမဂ္ဂဥက္ကဌ ကိုနုကိုလည်း နယ်ချဲ.ဆန်.ကျင်ရေးတရားများဟောပြောမှုဖြင်. ကျောင်းအုပ်ကြီးမစ္စတာစလော.မှကျောင်းထုတ်ခဲ.ပြီးဖြစ်သည် ။ ဤမတရားမှုကြောင်. ၂၅ .၂.၁၉၃၆ တွင်ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ၌ ကျောင်းသား (၇၀၀ ) စည်းဝေးကြပြီး ရန်ကုန်တက္ကသိုလ်(အက်)ဥပဒေများကို မနှစ်သက်သဖြင်. ပြင်မပေးမခြင်း သပိတ်မှောက်ဆန္ဒပြရန်ဆုးံဖြတ်လိုက်တော.သည် ။ ဤသို.ဖြင်. ဒုတိယ ကျောင်းသားသပိတ်ကြီးပေါ်ပေါက်လာပါသည် ။ ကျောင်းသားသမဂ္ဂကြောင်. ကျောင်းသားသပိတ်ပေါ်ပေါက်လာသည် ။ ကျောင်းသားသပိတ်ကြောင်. ကိုအောင်ဆန်း ၊ ကိုနု ၊ကိုကျော်ငြိမ်း ၊ကိုသိန်းဖေ ၊ကိုညိုမြ ၊ကိုလှဖေ(ဗိုလ်လင်္ကျာ) ၊ သခင်ဗစိန် ၊ကိုထွန်းအုန်၊ကိုခင်မောင်ကလေး တို. တက္ကသိုလ်နယ်မြေကိုစွန်.ခွာကာ နိုင်ငံရေးလောကထဲသို.ရောက်လာသည် ။ တို.ဗမာအစည်းအရုံးဝင်များဖြစ်လာကြသည် ။ ထိုမှတဆင်. ကွန်မြူနစ်ပါတီကလပ်စည်းကို ထူထောင်သည် ။၎င်းနောက် ဗမာ.ထွက်ရပ်ဂိုဏ်းကိုလျှို.၀ှက်ဖွဲ.စည်းသည် ။ ဗမာ.ထွက်ရပ်ဂိုဏ်းတွင် ဒေါက်တာဗမော်ကဥက္ကဌ ၊သခင်အောင်ဆန်းက အထွေထွေအတွင်းရေးမှူးဖြစ်သည် ။ ထိုအဖွဲ.လျှို.၀ှက်စွာဆောင်ရွက်နိုင်ရန် မြေအောက်အဖွဲ. ( Under Ground Unit ) ကိုဖွဲ.သည် ။ သခင်အောင်ဆန်းသည် အင်္ဂလိပ်ကိုလက်နက်ကိုင်တော်လှန်ရန် ၁၉၄၀ ဇန်န၀ါရီတွင် ဒေါက်တာဘမော်ကို ဖွင်.ဟပြောကြားသည် ။ပြည်ပအကူအညီရှာရန်သခင်အောင်ဆန်းနှင်. သခင်လှမြိုင် ကိုတရုတ်ပြည်သို.လွှတ်သည် ။ သခင်အောင်ဆန်းနှင်.ဂျပန်တပ်မတော်မှဗိုလ်မှူးကြီးဆူဇူကီးအဆက်အသွယ်ရသည် ။ ဂျပန်သို.သခင်အောင်ဆန်းရောက်သည် ။ မြန်မာပြည်သို.လျှို.၀ှက်ပြန်လာကာ စစ်ပညာသင်ရန်လူငယ် လေးယောက် ဖြစ်သော သခင်လှဖေ (ဗိုလ်လင်္ကျာ ) ၊ သခင်အေးမောင် (ဗိုလ်မိုး ) ၊ သခင်ဘဂျမ်း (ဗိုလ်လရောင်) ၊ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်) တို.ကိုပထမအသုတ်အဖြစ် ဂျပန်သို.ခေါ်သည် ။ ထို.နောက်ဟိုင်နန်ကျွန်းတွင်စစ်ပညာသင်သည် ။ ဒုတိယအသုတ်အဖြစ်နောက်ထပ် (၇) ဦး ၊ တတိယအသုတ်အဖြစ် လူငယ် (၃ )ဦး ၊ စတုတ္ထအသုတ်အဖြစ် လူငယ် (၁၁) ဦးတို.ကိုထပ်မံခေါ်ယူသဖြင်. စုစုပေါင်းလူ(၃၀ )မြန်မာပြည်မှဂျပန်သို.ထွက်ခွာခဲ.ကြပြီးစစ်ပညာသင်ကြားကြသည် ။ ထို.နောက် ၁၉၄၂ ဒီဇင်ဘာ (၂၆)တွင် ထိုင်းနိုင်ငံ ၊ဘန်ကောက်မြို. မြန်မာလူမျိုးမျက်စေ.အထူးကုဆရာဝန်ကြီး ဦးလွန်းဖေနေအိမ်တွင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ် (၂၉ )ဦးဖြင်. ဗမာ.လွတ်လပ်ရေးတပ်မတော် စတင်ဖွဲ.စည်းခဲ.သည် (သခင်သန်းတင်-မော်လမြိုင်မှာ ထိုအချိန်မတိုင်ခင်ကပင်တိုင်ပေမြို.တွင်၁၉၄၁ စက်တင်ဘာတွင် အဖျားရောဂါဖြင်.ကွယ်လွန်ခဲ.သည် ) ။
တပ်မတော်ဖွဲ.စည်းသောအခမ်းအနားသို.ထိုင်းနိုင်ငံရောက်မြန်မာများ ၊ ထိုင်း-မြန်မာကပြားများ လူဦးရေ (၂၀၀)ခန်.တက်ရောက်လာကာ လူ (၁၀၀)ခန်.က မြန်မာ.လွတ်လပ်ရေးတပ်မတော် ( Burma Independence Army – B.I.A ) သို.၀င်ရောက်လာကြသည် ။ ဤသို.ဖြင်. အိုးဝေမဂ္ဂဇင်းမှစတင်လှုပ်ရှားခဲ.သော ခွပ်ဒေါင်းတို.၏ဘခင် ကိုအောင်ဆန်းနှင်.မျိုးချစ်ကျောင်းသားတစုကြောင်. မြန်မာပြည်တွင် ၁၈၈၅ သီပေါမင်းပါတော်မူသည်.ကာလမှစကာ မရှိတော.သော လက်နက်ကိုင်တပ်မတော်တစ်ခုဖွဲ.စည်းနိုင်ခဲ.ပါသည် ။ ထို.ကြောင်.တပ်မတော်သည်ကျောင်းသားများကြောင်.ပေါ်ပေါက်လာခြင်းဖြစ်ကြောင်းသမိုင်းကြောင်းအခိုင်အမာရှိပါသည် ။ ထို.ကြောင်.မြန်မာ.တပ်မတော်အစကျောင်းသားသမဂ္ဂကဟုဆိုသော်ရနိုင်ပါသည် ။ကျောင်းသားသမဂ္ဂကြောင်.တပ်မတော်ပေါ်လာခြင်းဖြစ်ပြီး၊တပ်မတော်ကြောင်.ကျောင်းသားများပေါ်လာခြင်းမဟုတ်ပေ ။
ထိုစဉ်ကနယ်ချဲ.လက်အောက်မှာပင် ကျောင်းသားသမဂ္ဂသည်အုပ်ချုပ်ရေးအာဏာပိုင်တို.စက်ကွင်းမှ ၀င်ရောက်စွက်ဖက်မှုကင်းခဲ.လေသည် ။ ထိုအကြောင်းကို ပထမဆုံးကျောင်းသားသမဂ္ဂဥက္ကဌကိုထွန်းစိန်က “ ကျောင်းသားသမဂ္ဂအဖွဲ.ဟာ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ.နှင်. ကျောင်းအုပ်ကြီးရဲ.လက်အောက်မှာမရှိစေရ ပါဘူး ။အခမ်းအနားတွေ၊ အဆောက်အအုံတွေမှာလွှင်.တင်လေ.ရှိသည်. အင်္ဂလိပ်နယ်ချဲ.တွေရဲ.ယူနီယံဂျက်အလံကို ဒီတက္ကသိုလ်သမဂ္ဂအဆောက်အအုံမှာမလွှင်.တော.ပဲ မြန်မာတို.အလံဖြစ်တဲ.ဒေါင်းအလံကိုသာ ယခုအချိန်မှစပြီးလွှင်.ထူပါမယ် ။ကျွန်တော်တို.တွေအသိအမှတ်ပြုတဲ.အလံဟာဒေါင်းအလံပဲဖြစ်စေရမယ် ။ဒေါင်းအလံဟာရှေးမြန်မာတို.ရဲ.အလံပါပဲ ၊ ယခုအချိန်ကစပြီးကျွန်တော်တို.ဟာ ဒေါင်းအလံကိုသာအလေးပြုရပါလိမ်.မယ် “ ဟုထည်.သွင်းပြောဆိုခဲ.သည် ။
ထိုသို.သောအစဉ်အလာကြီးခဲ.သည.်ကျောင်းသားသမဂ္ဂသည် ဦးနေ၀င်း၏တပါတီအာဏာရှင်စနစ်အောက်တွင် လူမိုက်ဆန်ဆန်ဖြိုချဖျက်ဆီးခြင်းခံခဲ.ရပါသည် ။ ထိုသို.မျက်နှာပျက်အရှက်ရစရာအဖြစ်ဆိုးကြီးကို ဖာထေးသည်.အနေဖြင်. ပညာတတ် သမ္မတ တဦးဖြစ်သည်.ဒေါက်တာမောင်မောင်က တန်ဖိုးကိုနားလည်ကာ ကျောင်းသားသမဂ္ဂအားပြန်လည်တည်ဆောက်ပေးမည်ဖြစ်ကြောင်း ၊ပျော်ပျော်ပါးပါးအုတ်မြစ်ချကြမည်ဟု ရှစ်လေးလုံးအရေးတော်ပုံကြီးအထွတ်အထိပ်သို.ရောက်နေဆဲကာလ ၁၉၈၈ စက်တင်ဘာ(၁)ရက်နေ.တွင်တိုင်ပြည်သို.အသံလွှင်.ပြောကြားခဲ.သောမိန်.ခွန်းတွင်အောက်ပါအတိုင်းထည်. သွင်းပြောကြားခဲ.ပါသည် ။
“ ကျောင်းသားလူငယ်များက ကျောင်းသားသမဂ္ဂဖွဲ.စည်းရေးကိုတောင်းဆိုနေကြပါတယ် ။ ကျောင်းသားသမဂ္ဂစနစ်တကျဖွဲ.စည်းဖို.ကျွန်တော်တို.သဘောတူပါတယ် ။ ၁၉၆၂ ကဖြိုခွဲခြင်းခံခဲ.ရတဲ.တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အအုံကို ကျွန်တော်တို.ပြန်လည်တည်ဆောက် ပေးပါမယ် ။ အေးချမ်းတည်ငြိမ် စိုးရိမ်ဒေါသကင်းတဲ.၊ မကြာသောတနေ.မှာကျွန်တော်တို.ပျော်ပျော်ပါးပါးအဆောက်အအုံ အုတ်မြစ်ချပွဲ ကျင်းပကြရအောင် “
သမ္မတဒေါက်တာမောင်မောင်က၁၉၈၈ တွင် ထိုသို. ပြောကြားခဲ.သော်လည်း သမ္မတကြီးဦးသိန်းစိန်သည် သမ္မတရာထူးလက်ခံယူသော ၂၀၁၀ ခုနှစ်မှ ယခု ၂၀၁၄ ခုနှစ်အထိ ကျောင်းသားသမဂ္ဂအဖွဲ.ကြီးအကြောင်းကိုရော ၊ ကျောင်းသားသမဂ္ဂအဆောက်အအုံပြန်လည်တည်ဆောက်ဖို.ကိစ္စကိုရော ဘာတခွန်းမှပြောဆိုဖော်မရပဲရေငုံနှုတ်ပိတ်နေခဲ.ပါသည် ။ ကျောင်းသားသမဂ္ဂသည်မြန်မာ.သမိုင်းတွင်ဘာမှအရေးမပါခဲ.သလို ဟန်ဆောင်နေခဲ.ပြီးသမိုင်းကို ဖုံးဖိထားခဲ.ပါသည် ။တဖက်တွင်တော. တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ၊ တပ်မတော်သာအမိ တပ်မတော်သာအဖ ၊ တပ်မတော်သည်အမျိုးသားရေးကိုဘယ်တော.မှ သစ္စာမဖောက်စသည်ဖြင်.တပ်မတော်၏အရေးပါမှုကိုစဉ်ဆက်မပြတ်ချီးမွမ်းပြောဆိုကာဇန်းတင်လာပါသည် ။
တပ်မတော်ဖြစ်ပေါ်လာသောမူလဇစ်မြစ်ဖြစ်သည်.ကျောင်းသားတို.၏အခန်းကဏ္ဍမှာ မှိန်ဖျော.ထားခြင်းကိုခံရပါသည် ။ကျောင်းသားသမဂ္ဂဆိုသည်မှာ အာဏာပိုင်တို.ခွင်.ပြုမှဖွဲ.ခွင်.ရမည်. အရေးမပါသော လူမှုရေးအသင်းလေးဖြစ်သယောင် ၊ အလေနတ္တောကျောင်းသားများသာ ဆူဆူပူပူလုပ်ချင်သဖြင်.တောင်းဆိုနေသယောင် လုပ်နေကြပါသည် ။ဝမ်းနည်းစရာကောင်းသည်မှာ မြန်မာတစ်ပြည်လုံးက ၀ိုင်းဝန်းထောက်ခံသဖြင်.ကျောင်းသားခေါင်းဆောင်များဖြစ်လာကြသော ၈၈ မျိုးဆက်အဖွဲ.သည် ယခုလိုပွင်.လင်းလာသည်.ခေတ်ကြီးမှာပင် သမိုင်းစဉ်လာကြီးမားလှသောကျောင်းသားသမဂ္ဂပြန်လည်ဖွဲ.စည်းခွင်.ပေးရေးကိစ္စကို ရှေ.တန်းမှ မရမနေလေးလေးနက်နက်တောင်းဆိုခဲ.မှုမရှိခြင်းဖြစ်သည် ။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၏ သမိုင်းဝင်မည်.ပျက်ကွက်မှုဖြစ်ပါသည် ။ သမ္မတဦးသိန်းစိန်နှင်.လက်ဆွဲနှုတ်ဆက်ခဲ.ပါလျက် ကျောင်းသားအရေးကို ကိုထွန်းစိန် ၊ကိုနု ၊ ကိုအောင်ဆန်း ၊ကိုရာရှစ် ၊ ကိုညိုမြတို.လိုပြတ်ပြတ်သားသားမဆောင်ရွက်ခဲ.ခြင်းမှာ နိုင်ငံရေးသိက္ခာရစရာမရှိအောင်ကျစေပါသည် ။
တစ်ဖက်တွင်လည်း ဒီမိုကရေစီအစိုးရဟုတွင်တွင်ပြောနေသော အစိုးရသည် လက်နက်ကိုင်ထားမှ ဆွေ.နွေးမည် ဟူသော လက်နက်သည်သာအမှန်တရားဝါဒ ( Might is Right ) ကိုစွန်.လွှတ်ကာ ပြည်ထောင်စု၏ ကျေးဇူးရှင်များဖြစ်သော ကျောင်းသားတို.နှင်.ပွင်.ပွင်.လင်းလင်းသာတူညီမျှ ဆွေးနွေးရန်ချက်ခြင်းလုပ်ဆောင်သင်.ပါပြီ ။ ကျောင်းသားတို.ပါဝင်မှုကိုလစ်လျူရှု၍ရေးဆွဲထားသော အမျိုးသားပညာရေးဥပဒေကြမ်းကို ကျောင်းသားတို.နှင်. ဆွေးနွေးရန်အချိန်တန်ပါပြီ ။ အမှီအခိုကင်းသောကျောင်းသားသမဂ္ဂကိုပြန်ဖွဲ.ပေးရန်အချိန်တန်ပါပြီ ။ ဗိုလ်ချုပ်နေ၀င်းဖျက်ဆီးခဲ.သော သမဂ္ဂအဆောက်အအုံ ကို မူလနေရာတွင်ပြန်ဆောက်ပေးဖို.ကောင်းပါပြီ ။မြန်မာ..သမိုင်းဝယ်အစဉ်အလာကြီးမားခဲ.သော ကျောင်းသားထုတရပ်လုံးကို ကျောင်းသားသာအမိ ကျောင်းသားသာအဖ ဟု ကျေးဇူးရှင်စာရင်းမသွင်းချင်နေပါ ။ ဒေါင်းပျိုထိုးဆွတ် ဘယ်ညာခွပ်၍ လွပ်လပ်ခဲ.ပေ အိုးဝေတွေ ကို ကျေးဇူးမကန်းပါနှင်.လားခင်ဗျား ။
သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ် ၂၃.၉.၂၀၁၄
ကိုးကား
- တက္ကသိုလ်ကျောင်းသားသမိုင်းအစ (ကလောင်စုံ )
- ဗိုလ်ချုပ်အောင်ဆန်း၏ရက်စွဲသမိုင်း (သန်းဝင်းလှိုင် )
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)
No comments:
Post a Comment