သမိုင်းမြစ်ကြီးပေါ်မှအမှိုက်များ
သရ၀ဏ်(ပြည် )
တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး၏အစ်မဖြစ်သူသည်ရန်ကုန်မြို. မြောက်ပိုင်းတွင်နေထိုင်ပါသည် ။ ထိုအခါ မိသားစုသဘောအရ အစ်မဖြစ်သူထံ မောင်လုပ်သူကလာလည်တတ်ပါသည် ။ ထိုသို.လာသောအခါ လုံခြုံရေးအပြည်.ဖြင်.လာပါသည် ။ဤအပိုင်းအထိ ဝေဖန်စရာမရှိပါ ။ထိပ်သီးအရာရှိဖြစ်သဖြင်. သူ၏လုံခြုံရေးအတွက် ထိုက်သင်.သလောက် ဆောင်ရွက်လာခြင်းကို နားလည်လက်ခံရပါမည် ။သို.သော် နောက်တစ်ဆင်.တက်လာပုံမှာ သူ.အစ်မနေသောအိမ်နှင်.ဘေးချင်းကပ် အနီးအပါးအထပ်မြင်.တိုက်ခန်းများတွင်နေထိုင်သူများသည် သူရောက်လာလျင် မိမိတိုက်ခန်းပေါ်မှအောက်သို.ဆင်းပေးရပါသည် ။လုံခြုံရေးအမြင်အရလုပ်ရခြင်းဖြစ်သည်ဟုဆိုပါသည် ။ ထိုသို.လုပ်ခိုင်းခြင်းကို ထိုပုဂ္ဂိုလ်ကြီးကလုပ်ခိုင်းသည်လား ၊သူ.လက်အောက်မှအရာရှိများကဖားပြီးလုပ်ကြသည်လားမသိပါ ။ တပ်မတော်သာအမိတပ်မတော်သာအဖခေတ်က ထိုသို.လုပ်သည်မှာမထူးဆန်းသော်လည်း ပြည်သူသာအမိ ပြည်သူသာအဖ ဟု ပြောင်းလဲကျင်.သုံးပြီဟူသောယခုခေတ်တွင်တော. ဤအပြုအမူမှာထူးဆန်းနေပါသည် ။ ပြည်သူသည်အမိအဖ အရာမှာရှိလျင် ကိုယ်.မိဘ ကို ကိုယ်အိမ်ပေါ်မှဆင်းခိုင်းသော သားသမီးကို မည်သို.သတ်မှတ်မည်နည်းမသိပါ ။ တကယ်တော. လုံခြုံရေးအခြေအနေစိုးရိမ်စရာရှိသည်ဆိုလျင် အစ်မဖြစ်သူကို ဟိုတယ်တစ်ခုတွင်ခေါ်ယူတွေ.ဆုံ၍လည်းရပါသည် ။ စစ်တပ်ထဲသို.ခေါ်ယူတွေ.ဆုံလျင်လဲဖြစ်ပါသည် ။ အာဏာရှင်ကြီးဦးနေ၀င်း ပြည်မြို.သို.လာရောက်ကာ ဆွေမျိုးများနှင်.တွေ.ဆုံစဉ်မှာပင် အိမ်နီးချင်းများကိုမောင်းထုတ်ခြင်းမ၇ှိခဲ.ပါ။ မောင်နှမနှစ်ယောက်တွေ.ဆုံခြင်းသည် နိုင်ငံတော်တာဝန်ထမ်းဆောင်နေခြင်းဟုတ်မဟုတ်ဆိုတာလည်းမေးစရာဖြစ်နေသောကိစ္စဖြစ်သည် ။ ထားတော. ။ ဒီမိုကရေစီခေတ်တွင်ဒါတွေလဲ ပြုပြင်သင်. သည်ကို အပြုသဘောထောက်ပြခြင်းဖြစ်ပါသည် ။ တော်တော်ကြာနိုင်ငံတော်လျှို.၀ှက်ချက်ပေါက်ကြားမှုနှင်. လာကုပ်နေမှာလဲကြောက်ရသေးသည် ။ကျွန်တော်တို.နိုင်ငံမှလူကြီးဆိုသူများသည် သူတပါးကိုအမိန်.ပေးချင်သော်လည်းကိုယ်.ကိုဝေဖန်လျင်မကြိုက်ပါ ။ အားလုံးကောင်းပါသည်ခင်ဗျား ဟုပြောတတ်သူများကိုသာ လိုလားပါသည် ။
နောက်ထပ်ကြည်.မိသောရုပ်သံသတင်းတစ်ပုဒ်တွင် မိခင်နှင်.ကလေးစောင်..ရှောက်ရေးအသင်းကြီး၏ခေါင်းဆောင်များမိုးရာသီ သစ်ပင်စိုက်ပျိုးသောအခမ်းအနားတစ်ခု ကိုတွေ.ရပါသည် ။ ၀တ်ကောင်းစားလှဝတ်ဆင်ထားသောအမျိုးသမီးသုံးလေးဦး သစ်ပင်စိုက်ကြပုံကို တွေ.မြင်ရပါသည် ။ အခမ်းအနားနှင်.မလိုက်ဖက်စွာ သစ်ပင်ဘေး၌ ကော်ဇောများခင်းထားပါသည် ။ ကိုင်ထားသော ရေကရားမှာရွှေအစစ်လားဘာလားတော.မသိ ရွှေရောင်ရေပန်းကရားဖြစ်သည် ။ထို.အပြင် မြေကြီးဖို.ရန်ကိုင်ထားသော ဂေါ်ပြားမှာလည်းရွေရောင်ဂေါ်ပြားဖြစ်သည် ။ သစ်ပင်စိုက်ဖို.လာသောအမျိုးသမီးများအားလုံးဒေါက်ဖိနပ်များကိုစီးထားကြသည် ။ဒီပုံတွေနှင်.မိခင်နှင်.ကလေးကိုစောင်.ရှောက်မည်လား မိခင်နှင်.ကလေးများကသူတို. အတွက်လာပြီးလုပ်အားပေးရမည်လားမသဲကွဲတော.ပါ ။
ကျွန်တော်တို.နိုင်ငံတွင် အခမ်းအနားတစ်ခု၌ တကယ်အလုပ်လုပ်သူကလူနည်းစုဖြစ်ပြီး လူမြင်သောနေရာတွင် လူလုံးပြနှမ်းဖြူးကြသည်. ဖိုးပါချင် မယ်ပါချင်များကလူများစုဖြစ်နေသည် ။ ထို.ကြောင်.ဘယ်အခမ်းအနားတွင်ပဲဓါတ်ပုံရိုက်ရိုက် စွတ်ကျယ်အင်္ကျင်္ီ နှင်.ချွေးဒီးဒီးကျအောင်အလုပ်လုပ်နေသူများ ၊ ထဘီတိုတိုနှင်. ပန်းကန်ဆေးနေသူများ ပါလေ.ပါထမရှိပဲ တိုက်ပုံကိုခေါက်ရိုးကော.နေအောင်ဝတ်စားထားသူများ ချိတ်ထဘီနှင်.ပုဝါခြုံထားသူများသာပါလေ.ရှိပါသည် ။မြန်မာနိုင်ငံ၌ အလုပ်လုပ်သူကတစ်ဖွဲ. လူလုံးပြသူကတဖွဲ.ဖြစ်ဟန်တူပေသည် ။ တခါတရံ လမ်းဘေး၌ လမ်းခင်းနေသူ ၊ မြောင်းတူးနေသူ စသည်.လုပ်ငန်းများကိုတွေ.သဖြင်.သတိထားပြီးကြည်.မိသောအခါ မြောင်းထဲဆင်း၍ တကယ်အလုပ်လုပ်နေသူ မှာ နှစ်ယောက် လောက်သာရှိပြီး နေရိပ်ထဲတွင်ထီးဆောင်းပြီး ထိုင်ကြည်.ကာ လိုအပ်သည်များကိုညွှန်ကြားနေကြသူများမှာ အလုပ်လုပ်သူထက်ပိုများနေသည်ကိုတွေ.ရလေသည် ။ ဤနိုင်ငံတွင်အလုပ်လုပ်သူထက် ညွှန်ကြားသူကပိုများနေပေသည် ။ လမ်းဖွင်.ပွဲ တံတားဖွင်.ပွဲများတွင်တအုပ်တမကြီးလာရောက်အမှာစကားပြောကြားဖွင်.လှစ်ကြသော်လည်း နောင်တချိန် တံတားကြီးကြံ.ခိုင်မှုနည်းလာ၍ ၊ လမ်းမကြီးပျက်စီးလာ၍ ပြောစရာတင်ပြစရာရှိသောအခါ လိုအပ်သည်ကိုညွှန်ကြားခဲ.သောပုဂ္ဂိုလ်များတစ်ယောက်မှရောက်မလာတော.ပေ ။ ဖွင်.ပွဲနေ.ကစည်ကားသလောက်နောက်နေ.တွင် ကျီးနှင်.ဖုတ်ဖုတ်ဖြစ်ကာ မည်သူမျှလှည်.မကြည်.ကြတော.ပေ ။ ကျွန်တော်တို.နိုင်ငံကား လူလုံးပြသောအလုပ်တွင် အတော်ကျွမ်းကျင်ကြပေသည် ။ ဓါတ်ပုံရိုက်လျင်တောင်လူမမြင်သောနေရာတွင်မနေချင် မိမိမျက်နှာထင်ရှားစွာပါချင်သည် ။ အလုပ်လုပ်ရာတွင်လည်း လမ်းပြင်ခြင်း လမ်းခင်းခြင်းစသော အလုပ်များကို လူမမြင်သော ညဘက်သန်းခေါင်တွင်မလုပ်ချင် ၊ ကျွန်တော် ကျွန်မတို.သည် နိုင်ငံတော်ပိုက်ဆံများကို ဤနေရာတွင် အားကျိုးမာန်တက်အသုံးချနေကြပါသည်ဟု ဖွင်.မပြောရုံတမယ် လမ်းကျဉ်းကျဉ်း ကားကြပ်ကြပ်တွင် လမ်းမကြီးကိုပိတ်လျက် အလုပ်သမားများသနားစဖွယ် ပူပူလောင်လောင်နေရောင်အောက်တွင် အလုပ်လုပ်ပြကြရလေသည် ။သူတို.လမ်းပြင်နေကြသည်များကို ဓါတ်ပုံရိုက်၍ သတင်းစာများတွင်သတင်းမပါပါအောင်ထည်.ကြသည် ။ စီမံကိန်းမှဘဏ္ဍာငွေများကိုဘုံးသောအခါ မည်သူမျှမသိလိုက်ရပါ ။ လူပြောမသန် လူသန်မပြောစူသောစကားပုံကိုသတိရမိပါသည် ။
ယခုခေတ်တွင် နိုင်ငံရေးလူလုံးပြလိုသူများ ၊ လူမှုရေးလူလုံးပြလိုသူများ ၊ပရဟိတလူလုံးပြလိုသူများ ၊အသင်းအဖွဲ.ဆိုင်ရာလူလုံးပြသူများ ၊အနုပညာလူလုံးပြလိုသူများ ၊စားဖားများရှေ.တန်းသို.တက်လာကြသောခေတ်ဖြစ်သည် ။ အခွင်.အရေးသမားအချင်းချင်းပေါင်းစားကြသောခေတ်ဖြစ်သည် ။ ဝေစားမျှစားခေတ်ကြီးဖြစ်သည် ။
ကျွန်တော်.မိတ်ဆွေရှေ.နေတဦးပြောသောပုံပြင်လေးတစ်ပုဒ်ရှိ၏ ။တစ်ခါက တိုင်းရင်းသား ကဒူးကနန်း လူမျိုးများနေထိုင်သော ဗန်းမောက် (ဗမောက်)နယ်ထဲသို့ မြေပြန့်မှ ရဟန်းတစ်ပါးရောက်လာလေသည်။ ရိုးသားသော တိုင်းရင်းသားများဖြစ်ကြသည့်အလျောက် မိမိတို့ထံ လာရောက်သော မြေပြန်.သားဧည်.သည်များကို ဖော်ရွေစွာခင်မင်ကြသူများဖြစ်လေသည်။ ယခုသော် ရဟန်းဖြစ်သဖြင့် ပို၍ပင် လေးစားကြည်ညိုကြလေသည်။ ထို့အပြင် မိမိတို့အရပ်ဒေသ၌ ကာလရှည်စွာကျောင်းထိုင်လိုသော ရဟန်များမရှိရကား ယခုရောက်ရှိလာသော ရဟန်းမှာ ဒီဒေသတွင် ကျောင်းထိုင်သီတင်းသုံးမည် ဆိုသဖြင့် ဒေသခံများ ပြောမပြနိုင်အောင် ၀မ်းသာကြလေသည်။ အမှန်စင်စစ် ထိုတောထွက်ရဟန်းမှာ ဘာမှ ကောင်းစွာတတ်သူမဟုတ်ပေ။ ၄င်းဟောပြောနေသော တရားဒေသနာပါဠိများကိုလည်း ဒေသခံများကလည်းကောင်းစွာ နားမလည်ကြ သော်လည်း ၄င်းဒေသတွင်ကား ဆွမ်းကွမ်းပြည့်စုံစွာဖြင့် လာဘ်လာဘ ရွှင်လန်းနေလေသည်။ တစ်နေ့တစ်၌ မြေပြန့်မှပင် ဗမာလူမျိုးတစ်ယောက် ၄င်းဒေသသို့ရောက်ရှိလာကာ အဆိုပါရဟန်းဟောကြားသည့် တရားပွဲသို့ တရားနာရန်ရောက်ရှိလာပြီး အခန်းထောင့်တွင်ထိုင် လျက်နေလေသည်။ ထိုအခါ ရဟန်းက သတိပြုမိပြီး တရားပွဲ စလျှင်စခြင်း ပါဠိပါတ်သားတရားသံဖြင့် ၄င်းဗမာထိုင်သည့်ထောင့်သို့အသာကြည့်လိုက်ပြီး " ဟောင့်ဒိုက ဗမောက်တရာ…တေတေနိတ်…၀ါးစေရအောင်….." ဟု တရားသံနေသံထားဖြင့် တရားပွဲစလိုက်သည်နှင့် ဒေသခံများက " ဟာ… ဒီတစ်ခါ တို့ဘုန်းဘုန်း တရားက ခါတိုင်းနဲ့မတူ ပိုလို့ကောင်းသဟေ့….ဒို့ရဲ့ ဗမောက်မြို့ကြီးလည်းပါသကွ…" ဟုကျေနပ်ကြပြီး များစွာသောအလှူများကို ထည့်လှူကြလေ၏။ သူ၏ပြောလိုရင်းဖြစ်သော ဟိုထောင်.က ဗမာတစ်ယောက် တိတ်တိတ်နေ ဝေစားရအောင် ဟူသောစကားမှာ သူတို.နှစ်ယောက်သာသိသော ဟူ၏ ။
အပြင်လောကတွင်လည်းထိုပုံပြင်ထဲမှလိုပင် တစ်ယောက်စားကွက်ကိုတစ်ယောက်ကမဖော်ကြေး ဝေစားမျှစားစနစ်ဖြင်. ကိုယ်ကျိုးရှာသမားများချမ်းသာကာ တိုင်းပြည်မှာ ဆင်းရဲတွင်းနက်သထက်နက်လာခဲ.ခြင်းဖြစ်သည် ။ မိမိသာအရေးကြီးလျက်အခြားသူများ၏ဘ၀စည်းစိမ် အသက်အိုးအိမ်သည်ဘာမှအရေးမကြီးဟုထင်မြင်ယူဆနေသူများ ပေါများသထက်ပေါများလာလျင် လောကကြီးသည် ပျက်စီးသွားတော.မည်ဖြစ်သည် ။ ယခုအခါ တိုင်းပြည်မတိုးတက်သည်မှာ ဤစိတ်ထားများကြောင်.ဖြစ်သည် ။ တိုင်းပြည်ငြိမ်းချမ်းရေးမရသေးသည်မှာလည်းမရိုးသားသော ဤစိတ်ဓါတ်များကြောင်.သာဖြစ်သည် ။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ.လွတ်လပ်ရေးအတွက်အောင်ဆန်းအက်တလီစာချုပ်ကိုလန်ဒန်တွင်၁၉၄၇ ဇန်န၀ါရီလ (၂၇) တွင် လက်မှတ်ထိုးပြီး ပင်လုံစာချုပ်ကို ၁၉၄၇ ဖေဖော်ဝါရီ (၁၂) ရက် ၊ ကြားထဲတွင်ရက်ပေါင်း ( ၁၆ )ရက် အတွင်း အောင်မြင်စွာလက်မှတ်ရေးထိုးနိုင်ခဲ.ခြင်းမှာ သူ၏ရိုးသားမှုနိုင်ငံရေးသီလကြောင်.ဖြစ်သည် ။ ငါ.အသက်စည်းစိမ်သည်အရေးကြီးသလို သူတပါး၏အသက်စည်းစိမ်သည်လည်း ထပ်တူထပ်မျှအရေးကြီးသည် ။ငါ.အသက်စည်းစိမ်ထက် တိုင်းပြည်ကောင်းစားရေးကပိုအရေးကြီးသည်ဆိုသောမြင်.မြတ်ဖြူစင်သောစိတ်ထားကြောင်.အချိန်တိုတိုအတွင်းတိုင်းရင်းသားများနှင်.ညှိနှိုင်းနိုင်ခြင်းဖြစ်သည် ။ ပင်လုံစာချုပ်ချုပ်ဆိုရန် ဗိုလ်ချုပ်အောင်ဆန်းတွင် ဥရောပသမဂ္ဂမှထောက်ပံ.ငွေတို.ဘာတို.လည်းမရှိ ၊ သမ္မတရုံးဝန်ကြီးများလည်းမရှိ ၊ M.P.C ခေါ်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ.လဲမရှိ ခဲ.ပါ ။ထိုအရာတွေအစား နှလုံးသားထဲမှလာသော ရိုးသားမှုဖြင်.ဆောင်ရွက်လိုက်ရာ တိုင်းရင်းသားများဟောတယောက် ဟောတယောက်လက်မှတ်ထိုးကာပင်လုံစာချုပ်ဖြစ်လာပါသည် ။ ဗမာလူမျိုးချင်းပင်မယုံသင်္ကာဖြင်. သေနတ်ဖြင်.အမြဲချိန်ထားချင်သော စိတ်ဓါတ်များရှိနေလျင်လူမျိုးမတူ ဘာသာစကားမတူသောတိုင်းရင်းသားတို.ယုံကြည်လက်တွဲလာအောင် မည်ကဲ.သို. စည်းရုံးမည်နည်း ။
ယနေ.ခေတ်တွင်အတုတွေကသိပ်ပေါသည် ။ဆေးအတု ၊ အရက်အတု ၊ စီးကရက်အတု ၊ ပန်းအတု (ပလပ်စတစ်ပန်း) ၊ အသားတု၊ နာရီအတု မှသည် ရွှေအတု ၊ ပတ္တမြားအတု ၊ ဆရာဝန်အတု ၊ ဒေါက်တာဘွဲ.အတု ၊ ဒီမိုကရေစီအတုအထိ အတုအမျိုးမျိုးရှိသည် ။ လူတို.သည်အတုနှင်.အသားကျနေသောအခါ အစစ်သည်ပင်လျင် မှေးမှိန်နေရသောသဘောရှိသည် ။ ဟိုတစ်နေ.က ထူးအိမ်သင်၏ V.C.D သီချင်းခွေတစ်ချပ်သွားဝယ်ရာ အော်ရီဂျင်နယ်ခွေမရှိဘူးလားဟုမေးမိ၍ ခိုးကူးခွေရောင်းသူ၏ ဘုကြည်.ကြည်.ခြင်းကိုခံခဲ.ရသည် ။ ဟိုတယ်တစ်ခုတွင် စားသောက်ခန်းမထဲ၌ စားပွဲတိုင်းတွင် နှင်းဆီပန်းတစ်ပွင်.စီ ပန်းအိုးနှင်.အလှထည်.ထားရာသေသေချာချာကိုင်ကြည်.မှ ပလပ်စတစ်ပန်းအတုကြီးဖြစ်နေမှန်းသိရသည် ။ ပန်းအစစ်ဘာလို.မထိုးသလဲဟုမေးရာ အစစ်က ကြာကြာမခံဘူး နွမ်းသွားတော.ခနခန၀ယ်ရတာပိုက်ဆံကုန်လို.ဟိုတယ်ပိုင်ရှင်ကမကြိုက်ဘူးဟုဆို၏ ။ သြော် လူတို.သည် အစစ်ထက်အတုနှင်.အသားကျနေကြကုန်၏ ။ အပေါစားပစ္စည်းများသည် ပြူးတုပြဲတဲနှင်.ပို၍ အရောင်အ၀ါတောက်ပနေ၏ ။ ယခင်က ဘုရားကျောင်းဆောင်များကိုရွှေအစစ်ဖြင်. အလှဆင်သော်လည်းယခုခေတ်တွင် ဒစ္စကိုရွှေဟုခေါ်သော တိပ်ကဲ.သို. အသင်.သုံး ကပ်ခွာရွှေပြားများသာတွင်ကျယ်နေသည် ။ တောတောင်မရှိတော.သဖြင်.ဆတ်သတ္တ၀ါပင်မျိုးတုန်းလုခမန်းရှိနေသောမြန်မာနိုင်ငံဝယ် ဘယ်ဆိုင်ပဲသွားသွား အမဲသားများကိုခပ်တည်တည်ဆတ်သားခြောက်ဟုညာရောင်းနေတာကိုလည်းလူတို.သည် မသိချင်ယောင်ဆောင်ကာအားပေးနေကြသည်သာဖြစ်သည် ။ အလှပြုပြင်ရေးလောကတွင် မိန်းမအစစ် ယောက်ကျားအစစ်များထက် မောင်မစ္စက များသာ လွှမ်းမိုးထားလေသည် ။ ရုပ်ရှင်မင်းသမီးတို.သည် နဂိုအလှထက် တင်တု ၊ရင်တု ၊မျက်တောင်တု ၊ခြေသဲအတု ၊ဆံပင်တု များကို သုံးကြလေ၏ ။ ထိုသို.ဖြင်.တလောကလုံးသည် ကောသလအိပ်မက် ဆယ်.ခြောက်ချက်ထဲမှ ဘူးတောင်းနစ်လို.ဇောင်းခြမ်းပေါ်ဆိုသောကိန်းဆိုက်နေကြလေသည် ။
နိင်ငံရေးတွင်လည်း တသက်လုံးကပြည်သူ.မျက်နှာကိုဘယ်သောအခါမှမကြည်.ခဲ.သော ပုဂ္ဂိုလ်အချို.သည် ၂၀၁၅ အရေးကိစ္စ နီးလာသောအခါ ပြည်သူကို အပြုံးအတုတွေပေးလာကြ၏ ။ ရင်ထဲမှမပါသော ဝေေ၀ဆာဆာ မစားရ၀ခမန်းစကားများကိုပြောလာကြ၏ ။ ကြောက်ကန်ကန်၍နည်းလမ်းပေါင်းစုံကိုစဉ်းစားလာကြပေ၏ ။ ဟိုစည်းကမ်းဒီစည်းကမ်း ဟိုဥပဒေ ဒီဥပဒေ ၊ဟိုစနစ် ဒီစနစ်ဆိုတာတွေကို ယုန်တောင်ပြေး ခွေးမြောက်လိုက်ပုံစံမျိုးဖြင်.အူလျားဖားလျား ဆောင်ရွက်လာကြ၏ ။ စားပေါက်မျိုးစုံကို ဖွေဖွေရှာရှာဖော်ထုတ်လာ၏ ။ အချို.ကိုယ်ပိုင်အရည်အသွေးမရှိသော စားဖားအချို.ကလည်း ဗုဒ္စဘာသာဝင်တို.၏သည်းခြေကြိုက်ဖြစ်သော ၀ါဒဖြန်.စကားများ လှိမ်.လုံးခြောက်လုံးမျာကိုသုံးကာ ကိုယ်ကျိုးစီးပွားအတွက် သာသနာကိုခုတုန်းလုပ်ကြပေ၏ ။ အာဏာကိုတသက်လုံးလက်မလွှတ်ပဲကိုင်ထားကြသူများကလည်း သူတို.အုပ်ချုပ်မှပဲတိုင်းပြည်အေးချမ်းသာယာတော.မယောင် ၊ အတိုက်အခံများလက်သို.အာဏာရောက်သွားလျင်ပဲ ကမ္ဘာပျက်တော.မလိုအပေါက်မျိုးချိုးကြပေ၏ ။ ။အာဏာရှင်မျိုးဆက်ဟောင်းတို.ကလည်း အမျိုးသားနိုင်ငံရေးဟူသော စကားကိုတွင်တွင်ပြောကာ ယခင်ကခိုးဝှက်ထားခဲ.သောနိုင်ငံတော်ဘဏ္ဍာများကိုကိုယ်ကျိုးအတွက် ပြန်ဖော်လာ၏ ။ စာရေးဆရာဘ၀မှ နိုင်ငံရေးသုခမိန်ယောင်ယောင်ဖြစ်သွားကြသူများကလည်း သူတို.ကုလားထိုင်မပျောက်ရအောင် ဘုန်းတော်ဘွဲ.တေးသွားများကို ပြည်သူ.ချဉ်ဖတ်တေးဂီတအဖွဲ.ကြီးဖြင်.ရှေ.ထွက်ဖျော်ဖြေကြ၏ ။ လူကြိုက်နည်းသထက်နည်လာသောပါတီတခုကလည်း ခမောက်ပေါ်၌ခြေစုံတက်ရပ်ကာ နိုင်ငံရေးကားကြုံစီးဖို.ပြင်ဆင်နေပေ၏ ။ ခရိုနီပေါက်စတို.သည် သူတို.ဆရာကြီးများဖြစ်သောခရိုနီဘိုးအေကြီးများချမှတ်ခဲ.သည်.လမ်းစဉ်အတိုင်း ရာထူးအာဏလုပ်ပိုင်ခွင်.လေးများရလိမ်.နိုးနိုးဖြင်. ၀န်ကြီးဝန်ကလေးတို.အပါးမှမခွာပဲ ခွေးကိုသံကြိုးနှင်.ဆွဲသည်.ပမာ တကောက်ကောက်လျှောက်လိုက်နေပေ၏ ။ ချုပ်၍ဆိုရသော် ဒီမိုကရေစီဆပ်ကပ်အဖွဲ.ကြီးသည် ပြည်သူမျက်စေ.နောက်လောက်အောင်စတန်.အမျိုးမျိုးပြလျက်ရှိကြကုန်၏ ။ ကျွမ်းထိုးသူကထိုး ၊ ကောင်းကင်ဘား စီးသူကစီး ၊ ဓါးပေါက်သူကပေါက် ၊မျက်လှည်.ပြသူကပြ ၊ကြိုးတန်းလျှောက်သူကလျှောက် ၊ လူရွှင်တော်လုပ်သူကလုပ်ဖြင်.စင်ပေါ်ဝယ်စည်ကားရှုပ်ထွေးလျက်ရှိကြကုန်သည် ။
ထိုအခါ ကျွန်တော်ကြားခဲ.ဖူးသော သီတဂူဆရာတော်ကြီး၏အောက်ပါဆုံးမစကားတစ်ခွန်းကို သတိရမိပါသည် ။
“ ရွှေတွေ ၊ငွေတွေ ၊ ကျောက်သံပတ္တမြားတွေ စတဲ.တန်ဘိုးရှိတဲ.ပစ္စည်းတွေဟာမြစ်ရဲ.ကြမ်းပြင်ပေါ်မှာပဲ ရှိတတ်တယ် ။ရေအောက်မှာပဲနေတတ်တယ် ။ ရေပေါ်မှာပေါလောမျောနေတာတွေက တန်ဖိုးမရှိတဲ.ဟာတွေများတယ် ။ ဥပမာ ခွေးသေကောင်ပုတ်တွေ ၊ မစင်တွေ ၊ ဒိုက်တွေ ၊ဗေဒါတွေ ၊ငှက်ပျောတုံးတွေ ၊ အမှိုက်တွေ စတဲ.ဘယ်သူကမှမလိုချင်တဲ.ရေမျောကမ်းတင်မဲ.ဟာတွေပေါ. “
အင်း…ဆရာတော်ပြောတာလဲဟုတ်တုတ်တုတ် ။ အနှစ်ရှိသောစပါးနှံသည် အောက်သို.ငိုက်နေပြီးအဆန်ချောင်များမှာထောင်လွှားကြသည်မဟုတ်ပါလား ။မည်သူရေမျော၍ မည်သူကမ်းတင်မည်ဆိုသည်ကိုတော. ပြည်သူတွေကစောင်.ကြည်.နေပါသည် ။
သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ်
၉.၉.၂၀၁၄
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)
No comments:
Post a Comment