သီဟလွင် - ပြည် (မြစ်မခ)
ပဲခူးတိုင်းအနောက်ပိုင်း နတ္တလင်းမြို့နယ် ကြာအင်းကျေးရွာမှ မွေးဖွားလာသော ၀က်ကလေးတစ်ကောင်မှာ ထူးခြားစွာ မျက်လုံးသုံးလုံးနှင့် ပါးစပ်နှစ်ပေါက်ပါရှိခဲ့ပြီး ကြာကြာအသက်မရှင်ပဲ မွေးပြီးသုံးရက်အကြာ၌ သေဆုံးခဲ့ကြောင်း ၀က်ပိုင်ရှင်မိသားစုထံမှ သိရှိရသည်။
အဆိုပါ ၀က်ကလေးကို ကြာအင်းကျေးရွာမှ ဒေါ်စန်းစန်းဌေးတို့ ၀က်ခြံထဲမှ ၀က်မကြီးမှ စတုတ္ထအကြိမ် သားပေါက်သည့် ၀က်(၁၀)ကောင်မွေးရာတွင် နောက်ဆုံးတစ်ကောင်အနေအဖြင့် ပါလားခြင်းဖြစ်ကြောင်း နှင့် စက်တာဘာ(၆ )ရက်နေ့ နံနက် ၁နာရီတွင် မွေးဖွားခဲ့ပြီး စက်တင်ဘာ(၈)ရက်နေ့ညတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။
“၀က်တွေ မမွေးခင်နှစ်ရက်အလိုက အိမ်မက်ထဲမှာ ၀က်မွေးလာတာ ဂျိုလိုမျိုး ဘုကြီးနှစ်လုံးပါလာတယ်လို့ အိမ်မက်မက်သေးတယ် အဲဒီအိမ်မက်နဲ့ဆိုင်လားမဆိုင်လာတော့မသိဘူး ၀က်(၁၀)ကောင်မွေးတာ အခုလိုမျိုး ထူးထူးဆန်းဆန်းပါလာတာပဲ။”ဟု ၀က်ပိုင်ရှင် ဒေါ်စန်းစန်းဌေးက ပြောသည်။
အဆိုပါ ၀က်ကလေးမှာ ပါးစပ်နှစ်ဖက်စလုံးက နို့စို့နိုင်ပြီး ညာဖက်ပါစပ်က သိပ်မစို့နိုင်သောကြောင့် အကျင့် လုပ်ကာ နှစ်ဖက်မျှစို့ပေးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါ ၀က်မကြီးတတိယအကြိမ် သားပေါက်စဉ်တုန်းကလည်း ချက်ကြိုးခြင်းဆက်နေသော ၀က်သား အမွှာပူး တစ်စုံမွေးဖွားခဲ့ဖူးသေးကြောင်းနှင့် ယခုမွေးသော ၀က်(၁၀)ကောင်အနက် ထူးထူးခြားခြားမွေးလာသော ထိုဝက် ကလေးတစ်ကောင်နှင့် ၀က်မကြီးပိမိသော ၀က်ကလေးတစ်ကောင်သာ သေဆုံးခဲ့ပြီးအခြားဝက်ကလေး (၈) ကောင်မှာ ကျန်းမာကောင်းမွန်စွာ ရှိသည်။
Shwe Myitmakha Media Group

No comments:
Post a Comment