Saturday, August 2, 2014

န၀ဒေးတံတားနဲ့ အခြားလမ်းဂိတ်များကို ဖြတ်သန်းရာတွင် သတ်မှတ်ထားသည့်တန်ထက်ပိုသည့် တန်ပိုကျောက်ကားများကို ဒဏ်ကြေးကောက်ခံရာ၌ ခွဲခြားမှုများရှိနေပြီး အချို့ကာတွေကို တန်ပိုကောက်ပြီးတချို့ကားတွေကို တန်ပို ဒဏ်ုကြးမကောက်တာကြောင့် ဒဏ်ကျေးပေးဆောင်နေရတဲ့ကားသမားတွေက မကြေမနပ်ဖြစ်နေကြ





 ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ဧရာဝတီမြစ်ကူးတံတားဖြစ်သည့် န၀ဒေးတံတားနဲ့ အခြားလမ်းဂိတ်များကို ဖြတ်သန်းရာတွင် သတ်မှတ်ထားသည့်တန်ထက်ပိုသည့် တန်ပိုကျောက်ကားများကို ဒဏ်ကြေးကောက်ခံရာ၌ ခွဲခြားမှုများရှိနေပြီး အချို့ကာတွေကို တန်ပိုကောက်ပြီးတချို့ကားတွေကို တန်ပို ဒဏ်ုကြးမကောက်တာကြောင့် ဒဏ်ကျေးပေးဆောင်နေရတဲ့ကားသမားတွေက မကြေမနပ်ဖြစ်နေကြတာပါ။ သတ်မှတ်တန်ချိန်ကို ၁၀ စွန်းတာနဲ့ကို တန်ပိုဒဏ်ကြေး(၁)ဘိုးတန်ပိုဒဏ်ကျေးအနေနဲ့(၂၉၅၀၀)လောက်ပေးဆောင်ရပြီး၊နောက်ဂိတ်တွေမှာလဲ၊အဲဒီအတိုင်း နေရာတိုင်းမှာဆောင် နေရပြီးလံုးဝမဆောင်ရတဲ့။ကားတွေရှိနေတာကြောင့် ဆောင်နေရသူတွေအနေနဲ့အရမ်းနစ်နာတယ်။ကုန်တင်ရာမှာ တန်ပိုဖိုး မပေးရတဲ့အတွက် သူတို့က ဈေးချပြီးအောက်ဈေးနဲ့ ကုန်တင်နိုင်တဲ့အတွက် တန်ပိုဒဏ်ကြေးပေးဆောင်နေရတဲ့ကားတွေ ဒုက္ခရောက်နေရတယ် လို့ ကားသမား ဦးကျော်ဇင်နိုင်ရှင်းပြပါတယ်။

အားလုံးကိုသတ်မှတ်ထားတဲ့ ဥပဒေအတိုင်းပဲတပြေးညီလုပ်သင့်တယ် ဋ္ဌာနဆိုင်ရာကား၊ကုပ္မဏီကား ၊ပုဂ္ဂလိက ကား ခွဲပြီးမလုပ်သင့်ဘူး အားလုံးတရားဥပဒေ အတိုင်း လိုက်နာသင့်တယ်လို့ ကားသမားဦးအောင်ကျာ်ဝင်း ကလဲ ရှင်းပြပါတယ်။

 ဆောက်လုပ်ရေးလုပ်ငန်းများနှင့် စည်ပင်လုပ်ငန်းများသို့ အများဆုံးပို့ဆောင်နေရသည့် ကျောက်ကားများတွင် ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့မှ RTC ၆ဘီးကား ၇၀ ၀န်းကျင်ခန့်ရှိကာ၊ ခွန်ဒေါင်းအမျိုးစား(ဖောကား) ၆ ဘီးကား ၅၀ ၀န်းကျင်ခန့်ရှိရာ ဆောက်လုပ်ရေးနှင့်ကုမ္ပဏီတံဆိပ်များဖြင့် တန်ပိုတင်ဆောင်မောင်းနှင်နေသောကားများ မှာ ဖောကားအမျိုးစားများဖြစ်ပြီး ယင်းသို့တန်ပိုတင်ဆောင်မောင်းနှင် နေသည့်ပြသာနာမှာ ၃ နှစ်ဝန်းကျင်ခန့်ရှိနေပြီး။လမ်းတံတားဆောက်လုပ်ရေးတွင် အဓိကအသုံးပြုရသည့်လမ်းခင်းကျောက်များကို ပန်းတောင်းမြို့နယ် အတွင်းရှိညောင်ခြေထောက် မှ တဆင့် ပဲခူးတိုင်းအနောက်ပိုင်းမြို့များသို့တင်ပို့လျှက်ရှိရာ သယ်ယူပို့ဆောင် ရေး လုပ်ငန်းများကိုလုပ်ကိုင်နေရသည့် မော်တော်ယာဉ်များအနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက ကားအမျိုးစားလိုက်တင်ဆောင်နိုင်သည့် တန်များကိုသတ်မှတ်ပေးထားပြီး ၎င်းထက်ပိုမိုတင်ဆောင်သော ယာဉ်များကို တန်ပိုဒဏ်ကြေးများကောက်ခံသော်လည်း အချို့ကားများမှာ အခွင့်ထူးခံအဖြစ်ဖြတ်သန်းသွားလာ ခွင့်ရနေရာ ပုဂ္ဂလိကကားပိုင်ရှင်များ၏ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် ခက်ခဲမှုများနှင့် ယှဉ်ပြိုင်လုပ်ကိုင်ရန်နည်းပါးလာမှုများ ဖြစ်နေရတာပါ ကျွန်တော်တို့ကုမ္ပဏီက ဒီလမ်းပိုင်းမှာ နှစ် ၄၀ ဆယ်လုပ်ကိုင်ခွင့်ရထားတယ်။ အဲဒီတော့ဒီလမ်းတွေ ကိုတာဝန်ယူပြုပြင်ပေးတဲ့အခါမှာ ကုမ္ပဏီကားတွေကတော့လမ်းလုပ်ဖို့ ၀န်းထမ်းကြိုပို့တာတို့သွားနေမှာပဲ အဲတော့ကိုယ်ဆီကကားကို ပြန် ကောက်ရင် ဒီဘဲပြန်ရောက်မှာပဲမထူးဘူးလေ ဒါကြောင့်ကောက်မနေတော့တာပါ။ ဒီကုမ္ပဏီကကားကတော့ ဒီလမ်းမှာသွားနေမှာပဲ သူတို့အမြင်ကမဟုတ်သေးပါဘူး။ နောက်ကတ္တားမှာလည်း ဒီဂိတ်ကကတ္တားက ဒီနားမှာ အကြီးဆုံးပဲ ဒီဂျစ်တယ်ဆိုတော့ရာသီဥတုကမကောင်းတာလည်းရှိမယ်။ စက်ချို့ယွင်းတာလည်းရှိတတ်ပါတယ်။ ပျက်တာ၊ မှားတာရှိရင်တော့ကတ္တားဆင်တဲ့ကုမ္ပဏီ ကိုချက်ချင်းခေါ်ပြင်ပါတယ်။ လို့ န၀ဒေးဂိတ်ကတာဝန်ရှိသူ   ကိုပေါက်(န၀ဒေးတံတားဂိတ်-မန်နေဂျာ) ပြောပြပါတယ်။

ယင်းနေလသစ္စာကုမ္ပဏီမှာ ပြည်-တောင်ကုတ်(၄၁)မိုင် လမ်းပိုင်းကို ၂၀၁၀ ခုနှစ်မှစတင်ကန်ထရိုက်ဆွဲ လုပ်ကိုင်ခဲ့ပြီး နှစ်လေးဆယ်လုပ်ကိုင်ခွင့်ရထားကြောင်း စတင်စဉ်မှယနေ့အချိန်ထိပြစ်ချက်တစ်စုံတစ်ရာ မရှိဘူးသေးကြောင်းသိရပါတယ်။

သတင်း နှင့် ဓါတ်ပုံ
ပြည်သတင်းလူငယ်.....


No comments:

Post a Comment