လေယာဉ်မဆင်းသော
ပြည်မြို့ရှိ လေယာဉ်ကွင်းတွင် ကားမောင်းသင်သူများနှင့်
ဆိုင်ကယ်မောင်းသင်သူ များငွေတောင်းခံနေရကြောင်း ပြည်မြို့ခံကားမောင်းသင်
သူများနှင့် ဆိုင်ကယ်မောင်းသင်သူများထံ မှသိရ
ပြည့်သဲမောင်(ပြည်)
ပြည်ခရိုင်၊ ပြည်မြို့၊ တာဂွရှိ လေယာဉ်မဆင်းသော လေယာဉ်ကွင်းတွင် ကားမောင်းသင်သူများနှင့် ဆိုင်ကယ် မောင်းသင်သူများအား ဂိတ်ဝင်ေ
ကြး တောင်းခံနေကြောင်း၊ ပြည်မြို့ခံကားမောင်းသင်သူများနှင့် ဆိုင်ကယ်ေ
မာင်းသူများထံ မှသိရသည်။ “ကျွန်တော်တို့က ကားမောင်းသင်မယ်ဆိုပြီး
လေယာဉ်ကွင်း ထဲကိုဝင်တော့ လူတစ်ယောက်က အပေါက်ကနေပြီး
လက်ရပ်လှမ်းပြ တားတယ်။ ကျွန်တော်က ဘာဖြစ်လို့လဲမေးတော့ ဘယ်
ကိုသွားမှာလဲ လို့သူကမေးတယ်။ ကျွန်တော်က ကားမောင်းသင်မလို့လို
့ပြောတော့ ကားမောင်းသင်မယ် ဆိုရင်(၁၅၀၀ ) ပေးခဲ့။ ကျွန်တော်က ဘာအတွက် တောင်းတာလဲမေးတော့ ကျွန်တော်တို့တာဝန် ရှိလို့ေ
တာင်းတာပါလို့ ပြောတယ်။ အဲဒါဆိုရင် ကျွန်တော့်ကို ဖြတ်ပိုင်းပေးလို့
တောင်းတော့လည်း မပေးဘူး။ ခင်ဗျားတို့ကိုစည်ပင် ကတောင်းခိုင်းတာလား လို့မေးတော့လည်း မဖြေဘူး။ မပေးနိုင်ဘူးပြောတော့ အဲဒီအမျိုးသားက မိန်မတစ် ယောက်ကိုလှမ်းခေါ်တယ်။ သူလှမ်းခေါ်လိုက်တော့ ၀၀နဲ့မိန်းမ တစ်ယောက်ကလာပြီး၊ ဗြူးဗြဲဝူးဝဲနဲ့ပြော တယ်။ ကျွန်တော်လည်း မိန်းမတစ်ေ
ယာက်နဲ့ ဖတ်ပြီး မဖြစ်ချင်တာနဲ့( ၁၅၀၀ ) ပေးခဲ့လိုက်ရတယ်” ဟု ပြည်မြို့ခံဖြစ်သူ ပြည့်ဖြိုးပြည်ပြည် ကပြောသည်။
ကျွန်တော်တို့ ပြည်မြို့ရှိ ဒီလေယာဉ်ကွင်းကြီးက လေယာဉ်မဆင်းတာလဲ အတော်ကြာပါပြီဗျာ။ အ ရင်တုန်းကတော့ ရဲတပ်ရင်း( ၁၀ )က အဲဒီမှာ လုံခြုံရေး လာယူတယ်ဗျ။ ကြက်ဆူတွေ စိုက်ရမယ်ဆိုပြီး တစ် ခေတ်ထတုန်းကလည်း အဲဒီမှာ စိုက်လိုက်သေးတယ်။ အခုတော့လည်း ဘာမှကိုမရှိတော့ပါဘူး။ အဆောက် အဦးတွေလည်း တော်တော် စုတ်နေပြီ။ လေယာဉ်ကြည့်တဲ့ မျှော်စင်ဆိုရင် ကြမ်းတွေက အောက်ကိုတောင် ကျွံကျနေပြီလို့ ပြည့်ဖြိုးပြည်က ဆက်လက်ပြောသည်။
“ ဒီလေယာဉ်ကွင်းက ကျွန်တော်တို့ စည်ပင်နဲ့မဆိုင်ဘူးဗျ။ အခုမှမဟုတ်ဘူး အရင်ကတည်းက ကျွန်တော်တို့ စည်ပင်ပိုင်မဟုတ်ဘူး။ အဲဒီမှာရှိတဲ့ ပိုက်ဆံတောင်းေ
နတဲ့ အစောင့်ကလည်း ကျွန်တော်တို့ ဆီကလည်းမဟုတ်ဘူး။ ၀င်ကြေးတောင်းရမယ်လို့ ကျွန်တော်တို့ စည်ပင်သာယာအဖွဲ့က လုပ်ပိုင်ခွင့်ပေး ထားတာလည်းမရှိဘူး။ ကျွန်တော် တစ်ခါကားမောင်းသွား သင်တော့လည်းပေး ရသေးတယ်။ ဒါပေမယ့် ကျွန်တော်က ၀င်ကြေးရယ်လို့ ပေးလိုက်တာ တော့မဟုတ်ပါဘူး။ မုန့်ဖိုးအနေနဲ့ ကျွန်တော့်ကို တောင်းလို့ ( ၃၀၀၀ )ပေးခဲ့လိုက်တယ်။ သူများတွေ ဘယ်လောက် ပေးလဲတော့ ကျွန်တော်မသိဘူး” လို့ စည်ပင်သာ ယာဝန်ထမ်းတစ်ဦးဖြစ်သူ ကိုရဲထွဋ်ကပြောသည်။
“ ဟိုတလောလေးက အဲဒီလေယာဉ် ကွင်းထဲမှာ ညအချိန်မတော် အတွဲတွေချိန်းတွေ့
နေတာကို ကျွန်တော်တို့ လှည့်ကင်းဆောင်ရွက် နေစဉ်တွေ့ရှိခဲ့ သဖြင့်၎င်းနေရာသည် လူသူပြတ်လပ်ပြီး ဒုစရိုက်သ မားများအတွက် ပြစ်မှုကျူးလွန်ရန် အကောင်းဆုံး နေရာဖြစ်
သဖြင့် ဒီလေယာဉ်ကွင်းထဲကို မလာကြဖို့ပြော ခဲ့တယ်”ဟု ပြည်အမှတ်( ၃ ) ရဲစခန်းမှ တာဝန်ရှိသူ ရဲတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။
ဆိုင်ကယ် အမောင်းသင် ရန်သွားရောက်သူ ကျော်ကျော်မိုးက “ ကျွန်တော်လေယာဉ်
ကွင်းထဲ ရောက်တော့ အဆောင်ဘက်က လက်ခုပ်တီးပြီး ယောက်ျားတစ်ယောက်
ပြေးလာတယ်။ ဆိုင်ကယ်စီးသင် မယ်ဆိုရင် ပိုက်ဆံ( ၅၀၀ )ပေး လို့တောင်းတယ်။ ကျွန်တော်က ဘာအတွက် ပေးရမှာလဲလို့ပြောတော့ ဆိုင်ကယ်စီးသင်တဲ့လူတိုင်း
ပေးရတယ်လို့ အဲဒီလူကပြောတယ်။ ဖြတ်ပိုင်းပေးဆိုတော့လည်း မပေးဘူး။
ဘယ်ကကောက်ခိုင်း တာလဲမေးတော့လည်း မဖြေဘူး။ ဖြတ်ပိုင်းပေးရင် ကျွန်တော်
ပိုက်ဆံပေးမယ်။ ဖြတ် ပိုင်းမပေးနိုင်ရင်တော့ ကျွန်တော်လည်း ပိုက်ဆံမပေးနိုင်ဘူး
လို့ပြောလွှတ်တယ်” ဟု ပြည်မြို့ခံ တစ်ဦးဖြစ်သည့် ကျော်ကျော်မိုးက ပြောခဲ့
သည်။
မှတ်ချက်။ ။၎င်းပေးပို့သောစာမူသည်ကိုယ်တိုင်ရေးစာမူဖြစ်ပြီး
စာမူနှင့်ပတ်သက် လာမည့်ကိစ္စအဝဝကိုယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း
ဝန်ခံကတိပြုပါသည်။
သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)

No comments:
Post a Comment