ဥပဒေဘောင်အတွင်းမှအစ်ကိုကြီးများ (၄) သရ၀ဏ်(ပြည် )
ဥပဒေဘောင်အတွင်းမှအစ်ကိုကြီးများ (၄)
သရ၀ဏ်(ပြည် )
(၁)
ကျွန်တော်သည် ငယ်စဉ်ကပင် ဘာသာပြန်စာပေပိုးရှိသည် ။အင်္ဂလိပ်စာလုံးတစ်လုံးကိုမြင်လျင်စွတ်ရွတ်ဘာသာပြန်လိုက်ရမှကြေနပ်သည်
။ ယခုလည်း ခေါင်းစဉ်ကိုကြည်.ပြီး ကျွန်တော်.အစ်ကိုများသည် လက်နက်ကိုင်
သူပုန်အဖွဲ.တစ်ခုထဲသို. ၀င်ရောက်ပြီးနောက် ဥပဒေဘောင်အတွင်းလက်နက်ချအလင်းဝင်လာသည်.သဘော မယူဆစေလိုပါ ။ ကျွန်တော်သည် ကိုးတန်းကျောင်းသားဘ၀က ကျွန်တော်.ယောက်ဖများကိုကြည်.ကာ ယောက်ဖဆိုသောအဓိပါယ်ရသည်. Brother in law ဆိုသော စာလုံးကို ရုတ်တရက်သတိရမိသည် ။ ထိုအခါကျွန်တော်.၏ဘာသာပြန်ရောဂါပိုးကထကြွလာသဖြင်.
အများသူငါခေါ်သလို ယောက်ဖဟု ဘာသာမပြန်ပဲ Brother in law ကို
ဥပဒေဘောင်အတွင်းမှအစ်ကိုကြီး ဟု သုံးနှုန်းလိုက်သည် ။ အိမ်ကို
ကျွန်တော်.ယောက်ဖနှင်.အစ်မလာသော
အခါ “ အမေရေ ဥပဒေဘောင်အတွင်းကအစ်ကိုကြီး လာတယ် “ ဟုအော်ပြောလိုက်သည် ။
ထိုစာလုံးကို တေးရေးဆရာလောကတွင် စကားလုံးများအရေးကောင်းသည်ဟုနာမည်ကျော်နေသော
တေးရေးဆရာ စကားလုံးဝင်းမင်းထွေး ကပင်ထိုစကား လုံးကိုကြားတော.
သဘောကျပြီးပြုံးနေသည် ။ ကျွန်တော်.တွင် အစ်မသုံးယောက်ရှိသဖြင်.
သူတို.အိမ်ထောင်ကျသောအခါ ကျွန်တော်.တွင် ယောက်ဖသုံးယောက် (၀ါ)
ဥပဒေဘောင်အတွင်းမှအစ်ကိုကြီးသုံးယောက်ရှိခဲ.ပါသည် ။ ကျွန်တော်သည်သူတို.သုံးယောက်အကြောင်းကိုရေးသောအခါ မကောင်းသောစိတ်စေတနာဟူ၍လုံးဝမရှိ ၊ ကျွန်တော်.ဘ၀တွင်ကြုံတွေ.ခဲ.ရသောလူသုံးယောက်အကြောင်းကိုရိုးရိုးသားသားမှတ်ဥာဏ်ထဲဝယ်စွဲကျန်နေသ လောက် မှတ်တမ်းတင်ရေးခြယ်ခြင်းဖြစ်သည် ထို.ကြောင်.မည်သူ.အပေါ်ကိုမျှဘက်လိုက်ဝေဖန်ခြင်း မလိုတမျိုးလိုတမျိုးပြောခြင်းမရှိပါ ။ ။မည်သူ၏ဂုဏ်သိက္ခာကိုထိခိုက်စေလိုသောရည်ရွယ်ချက်မရှိပါ ။ သရ၀ဏ် (ပြည်)ဆိုသောစာရေးဆရာတစ်ယောက်၏ဘ၀တွင် တွေ.ကြုံခဲ.ရသော အိမ်တွင်းမိသားစုကိစ္စလေးတစ်ခုကိုဖော်ပြခြင်းဖြင်. ကျွန်တော်.ဘ၀ဇာတ်လမ်းကိုပို၍ နားလည်လာစေလိုသောရည်ရွယ်ချက်သာရှိပါသည်
။ ကျွန်တော်.တွင် အစ်မကြီး ၊ အစ်မလတ် ၊အစ်မငယ် ဟူ၍ရှိရာ စာရေးရာ၌လည်း
ကြီးစဉ်ငယ်လိုက် ဥပဒေဘောင်အတွင်းမှအစ်ကိုကြီး (၁) ၊
ဥပဒေဘောင်အတွင်းမှအစ်ကိုကြီး (၂ ) ၊ ဥပဒေဘောင်အတွင်းမှအစ်ကိုကြီး (၃ )
ဟူ၍ရေးသားသွားပါမည် ။ ထိုသူသုံးဦးမှာ (၁) ကိုအောင်မင်း (ခေါ
်)တေးရေးသုခမိန်လှိုင် ၊ (၂) ကိုဝင်းမြင်. (ခေါ်) တေးရေးဝင်းမင်းထွေး ၊
(၃) ကိုစိန်ဝင်း တို.ဖြစ်ပါသည် ။
(၁) ကိုအောင်မင်း (ခ) တေးရေးသုခမိန်လှိုင်
ကျွန်တော်.အစ်မအကြီးဆုံး မဝေ (ခေါ်) ဒေါ်မာလာဝေ ၏ ခင်ပွန်း ဖြစ်သည်
(ယခုကွာရှင်းပြီး) ယောက်ဖသုံးယောက်တွင် ကိုအောင်မင်း (ခေါ်)
တေးရေးသုခမိန်လှိုင်၏ ထူးခြားချက်မှာ သုခမိန်လှိုင်
တို.မိသားစုနေထိုင်သောအိမ်နှင်.ကျွန်တော်တို.မိသားစုနေထိုင်သောအိမ်မှာ ဘေးချင်းကပ်လျက်ရှိခြင်းဖြစ်သည်
။ ကျွန်တော်တို.မိသားစုနေအိမ်မှာ ပြည်မြို. ဆံတော်ရပ်
မြောက်ဘက်စောင်းတန်းလမ်း အိမ်အမှတ် (၆၈၅ ) ဖြစ်ပြီး
သုခမိန်လှိုင်တို.နေထိုင်သောအိမ်မှာ အိမ်အမှတ် ( ၆၈၄ )ဖြစ်သည် ။ ကျွန်တော်တို.သည်အိမ်နီးချင်းများဖြစ်ပါသည် ။ ကျွန်တော်.အစ်မနှင်.အိမ်ထောင်ကျသောအချိန်တွင်ကိုအောင်မင်းသည် သုခမိန်လှိုင်မဖြစ်သေးပါ ။ထို.ကြောင်.ကျွန်တော်တို.တစ်အိမ်လုံးက
ကိုအောင်မင်းဟုသာခေါ်ပါသည် ။ ကိုအောင်မင်းတို. တွင်ညီအစ်ကိုချည်း (၄)
ယောက်ရှိရာ အကြီးဆုံးမှာ ကိုအောင်မင်း ဖြစ်ပြီး ၊အငယ်များမှာ ကိုအောင်လင်း
၊ကိုမောင်ဝင်း ၊ကိုသောင်းမင်း (ယခုကွယ်လွန် )တို.ဖြစ်ပါသည် ။ ထိုစဉ်က
ကိုအောင်မင်းသည် ကဗျာ စာတိုပေစများကိုပြည်မြို.မှပင် မောင်စိမ်းခက် (ပြည်)
ဟူသောကလောင်အမည်ဖြင်.စာပေနယ်သို.၀င်ရန်ကြိုးစားနေချိန်ဖြစ်ပါသည် ။ ထိုခေတ်က လူငယ်များထုံးစံအတိုင်း ဆံပင်ရှည်ထားခြင်း ၊ ဂျင်းဘောင်းဘီဝတ်ခြင်း ၊ဂစ်တာတီးခြင်း ၊ မကြာခနရန်ဖြစ်ခြင်းစသည်.ကိစ္စများကြောင်. အများက လမ်းသရဲဟုသမုတ်ခြင်းကိုခံရသူဖြစ်သည် ။ ထိုအချိန်တွင်ကျွန်တော်.အစ်မကြီးမာလာဝေသည်
ဆယ်တန်းစာမေးပွဲကိုအောင်မြင်ကာ ရန်ကုန်တက္ကသိုလ်တွင် ပထမနှစ်
ကျောင်းသူအဖြစ်စတင်တက်ရပါသည် ။အဆောင်မနေပဲ အဘွားရှိရာ
ရန်ကုန်မြို.လမ်းသစ်ရိပ်သာ ၊တိုက်(၇) အခန်း (၁၄ ) မှနေကာ ရန်ကုန်တက္ကသိုလ် (
R.A.S.U ) ကိုတက်ရောက်ပါသည် ။ ကျွန်တော်တို.တမိသားစုလုံးကတော.
ပြည်မြို.မှာနေထိုင်ပါသည် ။ ထိုစဉ်ကကျွန်တော်သည် အသက်
(၆)နှစ်သာရှိပါသေးသည် ။ မောင်နှမ ခုနစ်ယောက်တွင် အစ်မကြီး မာလာဝေသည် နံပါတ်
(၁) ဖြစ်ပြီး ကျွန်တော်မှာ မွေးချင်း နံပါတ် (၆)ဖြစ်ပါသည် ။
ထိုအချိန်တွင်ကျွန်တော်.အဖေ ဦးခင်ဇော် (ခေါ်) ဦးပါသည်
သတင်းထောက်တစ်ယောက်ဖြစ်ပါသည် ။ ကြေးမုံသတင်းစာ ၊ ဟံသာဝတီသတင်းစာများ၏
ပြည်မြို.နယ်သတင်းထောက်ဖြစ်ပါသည် ။ ထိုစဉ်ကအဖေသည်ရန်ကုန်တွင်သတင်းလာပို.ရင်း မိတ်ဆွေဖြစ်သော ရုပ်ရှင်ကုမ္မဏီပိုင်ရှင်တစ်ယောက်ထံသို.၀င်လည်ရာ
ထိုရုပ်ရှင်ကုမ္မဏီပိုင်ရှင်က မကြာမီရိုက်ကူးတော.မည်. ပင်လယ်ရေဘယ်မခန်း
ဆိုသောရုပ်ရှင်ဇာတ်ကားအတွက် မင်းသမီးသစ်တစ်ယောက်ရှာဖွေနေကြောင်း
၊ ဖြစ်နိုင်သော ရုပ်ရည်ရှိသူကို တွေ.လျင်သတင်းပေးစေလိုကြောင်း
အဖေ.ကိုပြောပါသည် ။ထိုအခါအဖေက လွယ်အိတ်ထဲတွင်အသင်.ပါလာသော အစ်မကြီးမာလာဝေ၏
ဓါတ်ပုံကိုထုတ်ပြရာ ရုပ်ရှင်ကုမ္မဏီပိုင်ရှင်ရော ၊ဒါရိုက်တာပါသဘောကျသွားကာ
အစ်မကိုခေါ်ပြီးအစမ်းရိုက်ကြည်.ရာအစဉ်ပြေသဖြင်.မင်းသမီးတင်ရိုက်ရန်ရွေးလိုက်ကြပါသည် ။ အစ်မရုပ်ရှင်မင်းသမီးလုပ်တော.မည်.သတင်းသည်ထိုခေတ်ကသတင်းစာများတွင်ဟိုးလေးတကျော်ပါလာပါသည် ။သို.သော် ဘ၀သည်ထင်သလိုဖြစ်မလာပါ ။ အစ်မရုပ်ရှင်စတင်မရိုက်ကူးရသေးမီ မှာပင် အစ်မသည်ကိုအောင်မင်းနှင်.ခို.ရာလိုက်သွားပါသည် ။ ရုပ်ရှင်ကုမ္မဏီကလည်းအစ်မနေရာတွင်နောက်ထပ်မင်းသမီးအသစ်တစ်ယောက်နှင်.အစားထိုးခဲ.ရာထိုမင်းသမီးမှာနောင်အခါတွင် ဆွေဇင်ထိုက် ဟုနာမည်ကြီးလာပါသည် ။အစ်မအပေါ်သမီးကြီးတစ်ယောက်အနေဖြင်.မျှော်လင်.ချက်ကြီးကြီးမားမားထားခဲ.
ထားခဲ.သော အဖေသည် အလွန်စိတ်ထိခိုက်ကာ အရင်နှင်.မတူတော.ပဲ အမြဲပင်
တွေဝေငေးငိုင်နေတော.သည် ။ အစ်မကြီးကိုသမီးအဖြစ်မှစွန်.လွှတ်ကြောင်းကိုလည်းသတင်းစာထဲတွင်ကြေငြာခဲ.ပါသည် ။ အဖေသည် ထိုအချိန်မှစကာ ၂၀၀၆ ခုနှစ်တွင် ကွယ်လွန်သည်အထိ ကိုအောင်မင်း (ခေါ်)သုခမိန်လှိုင်ကိုစကားမပြောတော.ပါ ။ ကျွန်တော်တို.တစ်မိသားစုလုံးနှင်.မူစကားပြောပါသည် ။ အစ်မ..မဝေသည် တက္ကသိုလ်ပညာတစ်ပိုင်းတစ်စ နှင်.အိမ်ထောင်ပြုလိုက်သောကြောင်းအလွန်ပင်ကသီလင်တနိုင်ပါသည်
။ ထိုကြားထဲသမီးလေးတစ်ယာက် ( တာရာ ) ကိုမွေးလိုက်ရာ ကလေးတစ်ဖက်
အိမ်ထောင်မှုတစ်ဖက် ပညာသင်ကြားရေးတစ်ဖက်ဖြင်. အတော်ဒုက္ခရောက်ခဲ.ပါသည် ။
သို.သော်အမသည် အခက်အခဲအမျိုးမျိုးကြားမှ ပညာကိုပြီးဆုံးအောင်ဆက်သင်ပြီး
B.Sc ( Botany ) ဘွဲ.ကို ရရှိခဲ.ရာ ကိုအောင်မင်းနှင်.ကွဲပြီး
နောက်ပိုင်းတွင်ထိုအလုပ်ဖြင်.ပင် ကျောင်းဆရာမတစ်ယောက်အဖြစ်ကိုယ်.ခြေထောက်ပေါ
်ကိုယ် ရပ်တည်နိုင်ခဲ.ပါသည် ။ထိုအချိန်တွင် ကိုအောင်မင်းသည် သိဒ္စတ္ထလှိုင်
အမည်ဖြင်. ကဗျာများကိုစတင်ရေးသားနေပါပြီ ။ သူ၏နာမည်ကျော် “
ဇွန်လ၏မိုးရေစက်များ “ ကဗျာစာအုပ်ကို ကျွန်တော်.အစ်မနှင်.အိမ်ထောင်ကျ၍ သမီးတစ်ယောက်ရကာစက ထုတ်ဝေခဲ.ပါသည် ။ သို.သော်ထိုစဉ်ကစီးပွားရေးအဆင်မပြေသေးပါ ။ သီချင်းရေးဆရာဘ၀သို.မရောက်သေးပါ ။ ကျွန်တော်မှတ်မိနေသည်မှာ အစ်မရှိရာ သို.သွားလည်လျင် ဆန်ကို နိ.ဆီ ဗူးတစ်ဗူးချင်းကြွတ်ကြွတ်အိတ်ဖြင်.၀ယ်စားရပါသည် ။ သို.သော် ကံကောင်းသောအလှည်.သို.လည်းရောက်ရှိလာပါသည်
။ ၎င်းမှာအခြားမဟုတ် အဆိုတော်ဘိုဘိုဟန် ၏အသစ်ထွက်ရှိသော စီးရီးခွေတွင်
တေးရေးဆရာအဖြစ် သူ၏သီချင်းများကို စတင်အသုံးပြုခံရသောကြောင်.ဖြစ်သည် ။ ရန်ကုန်နေပူပူနင်ထီးကလေးဆောင်းတော.အကြင်နာရင်မှာဖြစ် ငါဟာထီးကလေးဖြစ်လိုက်ချင် ဟူသောကိုအောင်မင်း၏ သီချင်းမှာပေါက်သွားပါသည် ။
(၂ )
ထို.နောက်အစ်မတို.သည် စီးပွားရေးအနည်းငယ်အဆင်ပြေလာသဖြင်. အသင်.အတင်.အိမ်ခန်းလေးတစ်ခုကို ငှားနေပါသည် ။ သိဒ္စတ္ထလှိုင် ဟူသော အမည်မှာလည်းတေးရေးဆရာလောကတွင်ထင်ရှားလာပါသည် ။ အစ်မနှင်.လည်းသားသမီးများထပ်မံရရှိခဲ.ရာ
(၁) သမီးကြီးတာရာသိဒ္စတ္ထ ၊ (၂) သမီးလတ် ဒဏ္ဍာရီဝေေ၀ ၊ (၃) သားငယ် သုခမိန် ၊
(၄) သမီးငယ် လှိုင်မြတ်ဝေ ဟူ၍ ဖြစ်သည် ။ နောင်အခါတွင် စာပေစိစစ်ရေးက
သိဒ္စတ္ထလှိုင်ဆိုသော အမည်ကို ခွင်.မပြုပဲအခြားအမည်ပြောင်းခိုင်းရာ သူ၏ သားငယ်ဖြစ်သူ (ကျွန်တော်.တူ ) သုခမိန်၏အမည်ကိုပင်ယူ၍ နောက်တွင် လှိုင်ထပ်ထည်.ကာ သုခမိန်လှိုင်ဟူ၍အမည်ခံလိုက်ပါသည် ။ သုခမိန်လှိုင်ဘ၀တွင်လျှမ်းလျှမ်းတောက်အောင်မြင်နေစဉ်ကျွန်တော်.အစ်မနှင်.အိမ်ထောင်ရေးအဆင်မပြေဖြစ်နေစဉ် မခင်သောင်းရွှေဆိုသူအမျိုးသမီးတစ်ဦးနှင်. လက်ထပ်ခဲ.ပါသည် ။ ထိုအမျိုးသမီးသည်နောင်တွင်တေးရေး ယံယံ ဟူသောအမည်နှင်. သီချင်းများရေးပါသေးသည် ။အစ်မလည်းမိဘများရှိရာပြည်မြို.သို.ခလေးနှစ်ယောက်ကိုလက်ဆွဲ၍ပြန်လာပါသည် ။ထို.နောက် သူတို.နှစ်ဦးတရားဝင်ကွာရှင်းလိုက်ပါသည်
။ သမီးကြီးနှစ်ယောက်ဖြစ်သော တာရာနှင်. ဒဏ္ဍာရီ ကို ဖခင်ကအုပ်ထိမ်းပြီး
သားငယ်နှင်.သမီးထွေးကို အစ်မကအုပ်ထိမ်းပါသည် ။ပြောရလျင်ကလေးလေးယောက်သည်
ရန်ကုန်နှစ်ယောက် ၊ပြည်နှစ်ယောက်အဖြစ် မိခင်နှင်.ဖခင်ထံတွင်ကွဲပြားသွားပါသည် ။ ထိုသို.မကွဲပြားမီ နှစ်အတော်ကြာ ကလေးလေးယောက်စလုံး ကျွန်တော်.အစ်မကတာဝန်ယူထားရသေးသည် ။ ကျွန်တော်.ကလေးသာသားမှတ်ဥာဏ်တွင်စွဲထင်နေသောပုံရိပ်မှာ တူမကြီးတာရာသည် တန်ဆောင်တိုင်ပွဲတော်ရောက်တိုင်း သူ.အဖကိုမျှော်နေတတ်ခြင်းဖြစ်သည် ။ သူ.အဖေရောက်လာသောအခါ အဖေ.နားတွင် ကလေးများသည် ၀ိုင်းအုံကာတိတ်တိတ်လေးတွေထိုင်နေတတ်ကြသည် ။ မေတ္တာငတ်နေသောသဘောဖြစ်ဟန်တူသည် ။ ငယ်သေးသဖြင်.ကျွန်တော်လဲသေသေချာချာ အကဲမခတ်တတ်ပါ ။ထို.နောက်တွင်တော.ကလေးလေးယောက်တာဝန်မှာကြီးလွန်းသည်.အပြင် တရားဝင်ဥပဒေအရ ကွာရှင်းစာချုပ်ချုပ်လိုက်ကြသဖြင်. Two by Two ခွဲကာ ပြည်တပ်ဖွဲ.နှင်.ရန်ကုန်တပ်ဖွဲ. ဟူ၍ တပ်စိတ်နှစ်စိတ်ကွဲသွားပါသည် ။ သုခမိန်လှိုင်သည်နောက်အိမ်ထောင်ဖြင်.ခလေးများထပ်ရသေးရာထိုအပိုင်းမှာကျွန်တော်နှင်.မဆိုင်တော.သဖြင်.အသေးစိတ်မဖော်ပြတော.ပါ ။ သူ.အမျိုးသမီးမခင်သောင်းရွှေနှင်.ကျွန်တော်သည်အခေါ
်အပြောရှိပါသည် ။ သူ.အိမ်သို.၀င်ထွက်လျင် ကျွန်တော်.ကိုမခင်သောင်းရွှေက
ဖော်ဖော်ရွေရွေပဲဆက်ဆံပါသည် ။ သို.သော်အတွင်းစိတ်ထဲကတော.
နှစ်ဖက်စလုံးကခပ်အမ်းအမ်းဖြစ်နေကြမည်ထင်ပါသည် ။ ကျွန်တော် .အစ်မနှင်.ကွဲပြီးသည်.နောက်မှာပင်ကျွန်တော်သည် သုခမိန်လှိုင်တို.အိမ်သို.သွားလာဝင်ထွက် ပါသည် ။ အဓိကမှာ လူမမယ်ကျွန်တော်.တူမနှစ်ယောကကိုတွေ.ချင်သဖြင်.ဖြစ်သည် ။ သူတို.ကလဲကျွန်တော်လာလျင်ဝမ်းသာသည် ။ ဦးလေးကိုတော်တော်နှင်.မပြန်စေချင် ။သူတို.ကရန်ကုန် လမ်း(၄၀)တွင်နေသည် ။ ကျွန်တော်ရန်ကုန်တက္ကသိုလ် ပင်းယဆောင်တွင်အဆောင်နေကျောင်းသားဖြစ်သောအခါ တစ်ပါတ်တစ်ခါ ကျောင်းပိတ်တိုင်း တူမတွေဆီသွားသည် ။ ယောက်ဖကဘာထင်ထင် တူမတွေကိုတွေ.ချင်တာနှင်.ကျွန်တော်သွားသည် ။ သုခမိန်လှိုင်သည်ကျွန်တော်.ကိုတော.ကောင်းကောင်းမွန်မွန်ဆက်ဆံသည် ။ သို.သော်ဧည်.သည်များလာသောအခါတွင်ကျွန်တော်ရှိနေတာသူ.အတွက်စနိုးစနောင်.ဖြစ်နေပုံရသည် ။သူသည် အစ်မနှင်.ပါတ်သက်ခဲ.ဖူးသောနောက်ကြောင်းကို (ဘာကြောင်.မှန်းမသိ ) ဖုံးဖိထားချင်သည်.အရိပ်လက္ခဏာမျိုးကိုပြတတ်သည် ။
ကျွန်တော်သည် သုခမိန်လှိုင်ထက်သူ.ဖခင် စက်ရှင်တရားသူကြီးဦးညိုနှင်.ပို၍ရင်းနှီးသည် ။ ရင်းနှီးပုံမှာဤသို.ဖြစ်သည် ။မူလကပြောခဲ.သည်.အတိုင်းကျွန်တော်တို.နှစ်အိမ်မှာ အိမ်ချင်းကပ်လျက်ဖြစ်သည် ။ အစ်မနှင်.ကိုအောင်မင်း အိမ်ထောင်ကျသွားချိန်တွင် ကျွန်တော်တို.နှစ်အိမ်၏ဆက်ဆံရေးမှာ ဇီးရိုး level သို.ရောက်သွားသည် ။မိဘချင်းအခေါ်အပြောမရှိတော. ။ခမည်းခမက်ချင်းစကားမပြော ။ ကျွန်တော်ကတော.ကလေးဖြစ်သဖြင်.ဒါတွေကိုဘာမှမသိ ။ သုခမိန်လှိုင်၏ဖခင် ဦးညိုအလုပ်လုပ်လျင် အိမ်ရှေယတည်.တည်.မှသွားကြည်.သည်
။ ဦးညိုသည် တရားသူကြီးမှ ရှေ.နေအလုပ်ကိုပြောင်းလုပ်သည် ။ သို.သော်
သူ၏ပင်ကိုဝါသနာမှာ အင်ဂျင်နီယာပညာဖြစ်သည် ။ထို.ကြောင်.သူ.အိမ်တွင်စက်ကရိယာများဖြင်.ရှုပ်ထွေးနေလေ.ရှိသည် ။ ၁၉၇၀ ၊၁၉၈၀ လောက်ကပင် အ၀တ်လျော်စက်မပေါ်သေးခင်ခေတ်မှာပင်သူ.ဘာသာ အ၀တ်လျော်စက်ထွင်၏ ။ ရေချိုးခန်းထဲတွင်ရေကန်ထဲသို.ရေပြည်.ပါက လျှပ်စစ်ခေါင်းလောင်းမှအသံမြည်စေရန်ကရိယာတပ်ထား၏ ။ ကွိုင်အမျိုးမျိုးလုပ်တတ်၏ ။လျှပ်စစ်ဂစ်တာလုပ်တတ်၏ ။ ကလေးများပေါက်သောဂျင်ကိုတွင်ခုံနှင်.ခုတ်ကာ တစ်မြို.လုံးမှကလေးများကိုရောင်းချ၏ ။ တီထွင်ပါရဂူဖိုဒဆိတ်ဖြူသဖွယ်ဖြစ်နေပေသည် ။ ဦးညို၏ပုံရုပ်ဆင်းသဏ္ဍန်မှာ ယခုတွေ.နေရသောစာရေးဆရာဇော်ဇော်အောင်နှင်.တစ်ပုံစံတည်းဖြစ်သည် ။ ထိုသို.ဦးညိုစက်ပစ္စည်းများတီထွင်နေရာသို.ကျွန်တော်သည် တစ်နေကုန်တစ်နေခန်းသွားပြီးမတ်တပ်ရပ်ကြည်.နေမိသည် ။ သူ.အိမ်မှာလေးထောင်သံဆန်ကာတံခါးတပ်ထားသဖြင်. သူကတံခါးပိတ်ထားသော်လည်း အပြင်မှရပ်ကြည်.လျင်အားလုံးမြင်နေရသည် ။ ထို.ကြောင်.ကျွန်တော်သည် သုခမိန်လှိုင်ထက် သူ.ဖခင်ဦးညို ၊သူ.မိခင် ဒေါ်စောမြတို.နှင်.ပို၍ရင်းနှီးနေခြင်းဖြစ်သည် ။ ကျွန်တော်.အိမ်တွင် ဟိုဘက်အိမ်နှင်.ပါတ်သက်သူမှာ ကျွန်တော်တစ်ယောက်ပဲရှိသည် ။
နောက်တော. ဦးညိုသည် သူ.အိမ်ကြီးကိုရောင်းချလိုက်သည် ။ ကျွန်တော်တို.နှင်.မလှမ်းမကမ်းရပ်ကွက်တွင်အိမ်တစ်လုံးပြန်ဝယ်လိုက်ပြီး ပိုငွေကို သူ.သားကြီးသုခမိန်လှိုင်လက်သို.အပ်ကာ စီးပွားရေးလုပ်စေသည် ။ သုခမိန်လှိုင်ကသူ.အဖေပေးသောငွေရင်းဖြင်.
အဆိုတော်သစ်တစ်ယောက်ကို သီချင်းတစ်ခွေမူပိုင်ထုတ်သည် ။ ရေးတာကသူ
၊ဆိုတာကအဆိုတော်အသစ်ဆိုတော. အရင်းအနှီးများများမလို ။တီးဝိုင်းခ ၊
အသံသွင်းစားရိတ် ၊ တိပ်ခွေ ကာဗာကတ် ၊ Wall Sheet
နှင်.ကြော်ငြာခလောက်ပဲကုန်သည် ။ ထိုစီးရီးကို
သူကတေးထုတ်လုပ်ရေးကိုအပြတ်မရောင်းပဲ ကိုယ်တိုင် ပရိုဂျူဆာလုပ်လိုက်သည် ။ ကံစပ်သည်ထင်သည် ။ထိုအခွေထပေါက်သည် ။ အဆိုတော်အသစ်ကလေးသည် ကော်နီအဖြစ်လျမ်းလျမ်းတောက်အောင်မြင်သွားသည်
။ စီးရီးအမည်က တာဇံ ။ နောက်တော. သုခမိန်လှိုင်သည် စီးရီးများစွာကို
ကိုယ်တိုင်ရေး ကိုယ်တိုင်ထုတ်သည် ။ ခွေတိုင်းနီးပါးပေါက်သည် ။ တာဇံ
ပြီးတော. နင်းဂျား ၊ ပန်းသီးသီချင်းများ ၊ ဇော်ဝင်းထွဋ်၏ ရွက်လွှင်.ခြင်း ။
ပြောရလျင် ကျွန်တော်.အစ်မလက်ထက်တွင် ရေဆန်ခရီးအဖြစ်နာမည်ရရန်ဆင်းဆင်းရဲရဲရုန်းကန်ခဲ.ရပြီး ယံယံလက်ထက်တွင်စီးပွားဥစ္စာ နှင်.ပြည်.စုံခဲ.သည် ။
သုခမိန်လှိုင်တို.မိသားစုနှင်.ပါတ်သက်၍ပြည်မြို.တွင်ပြောစမှတ်တွင်ခဲ.သောကိစ္စနှစ်ခုရှိသည် ။ တစ်ခုမှာ သုခမိန်လှိုင်၏ ညီအငယ်ဆုံးကိုသောင်းမင်းနှင်.ပါတ်သက်သည်
။ ကိုသောင်းမင်းကိုသူ.အမေ ဒေါ်စောမြသည် အလွန်ချစ်သည် ။အလွန်အလိုလိုက်သည် ။
ဘာမဆိုဖြည်.ဆည်းပေးသည် ။ မိခင်၏အသည်းကျော်ဖြစ်သည် ။
ထိုကိုသောင်းမင်းသတ္တမတန်းသို.ရောက်သောအခါတစ်နေ.တွင် ကျောင်းဆရာဦးကျော်စိုးက အကြောင်းတစ်ခုကြောင်. ကြိမ်နှင်.ရိုက်နှက်ဆုံးမလိုက်သည်။ကလေးသည်အိမ်ရောက်သောအခါ သူ.ကိုဆရာကရိုက်ကြောင်းငိုပြီးတိုင်သည် ။ ထိုအခါ အံတီဒေါ်စောမြသည် ချက်ချင်းကျောင်းသို.လိုက်သွားပြီး
ကျောင်းဆရာဦးကျော်စိုးကို ပါးရိုက်ပြီး သားကိုလဲကျောင်းနှုတ်လာခဲ.သည် ။
ကိုသောင်းမင်း၏ပညာရေးလဲ ထိုမျှနှင်.တစ်စခန်းရပ်ခဲ.ရသည် ။
နောက်ထပ်ထူးဆန်းသောအချက်မှာ သုခမိန်လှိုင်တို.
ညီအစ်ကိုလေးဦးကလေးဘ၀ကရှင်ပြုပွဲဖြစ်သည် ။ သူတို. ကိုရှင်ပြုပွဲကို ပြည်မြို.မင်းတုန်းကျောင်းတိုက်တွင်ကြီးကျယ်ခမ်းနားစွာကျင်းပသည်
။သို.သော်ကိုရင်များမှာမူ မနက်တွင် သာသနာ.ဘောင်သို.၀င် ကိုရင်ဝတ်ပြီး
ထိုနေ.ညနေမှာပင် အားလုံး ကိုရင်ဘ၀မှပြန်ထွက်လာကြသည် ။
ထူးဆန်းသောရှင်ပြုပွဲအဖြစ်ယနေ.တိုင်ပြောဆိုနေကြပါသည် ။
သုခမိန်လှိုင် (ခေါ်) ကိုအောင်မင်းသည်ပြောဆိုဆက်ဆံရခက်ခဲသောလူတစ်ယောက်ဖြစ်သည် ။သူ.စိတ်သည်ယနေ.တွင်ဖော်ရွေသော်လည်း
နောက်တစ်ခါတွေ.သောအခါ ခေါ်ချင်မှခေါ်သည် ။ ယနေ.ခပ်တည်တည်နေသော်လည်း
မနက်ဖြန်တွင် လည်ပင်းလာဖက်ချင်လည်းဖက်တတ်သည် ။ ကျွန်တော်.
တူလေးသုခမိန်ခံရပုံမှာ (ကျွန်တော်တို.လည်းကြုံဖူးပါသည် ) ရန်ကုန်ယဉ်ကျေးမှုတက္ကသိုလ်တွင်ကျောင်းတက်နေသောတူတော်မောင်သည်တစ်နေ.တွင်မြို.ထဲသို.သွားကာဖခင်ဖြစ်သူ ထံသွား၍ စားသောက်ပြီး မုန်.ဖိုးတောင်းမည်.ရည်ရွယ်ချက်ဖြင်. အခန်းတံခါးကိုခေါက်လိုက်သည် ။ခနအကြာတွင်အခန်းတံခါးအနည်းငယ်ပွင်.သွားပြီး သားအရင်းကိုဘာကိစ္စလဲဟုမေး၏ ။ ချာတိတ်ကလဲ ဘာပြောရမှန်းမသိပဲ မုန်.ဖိုးလာတောင်းတာပါဟုပြောလိုက်ရာတံခါးမှာပြန်ပိတ်သွား၏ ။ ခနကြာသောအခါ တံခါးပြန်ပွင်.လာပြီး ငွေစက္ကူနှစ်ချပ်တံခါးကြားမှထွက်ပေါ်လာပြီးတံခါးပြန်ပိတ်သွားတော.သည် ။ ထိုသို.ဖြစ်၍ငါ.အဖေငါ.ကိုတစ်သက်လုံးစွန်.ပါယ်လိုက်ပြီဟုယူဆ၍မရ နောက်တစ်ခါပြန်တွေ.သောအခါ ဖော်ဖ်ာရွေရွေဖြစ်ချင်ဖြစ်နေတတ်သည် ။ ယောက်ဖတော် သုခမိန်လှိုင်ဟုဆိုလိုက်လျင်ကျွန်တော်.မျက်စေ.ထဲတန်းကနဲနေအောင်ပြေးမြင်မိသောမြင်ကွင်းမှာကျွန်တော်တို.ပြည်အိမ်တွင်မွေးထားသော ခွေးတစ်ကောင်ဖြစ်သည်.မောင်မဲ သည် သုခမိန်လှိုင်ကိုမြင်သည်နှင်.မရပ်မနား စူစူးရွားရွားထိုးဟောင်တော.သည် ။သုခမိန်လှိုင်ကလည်းထိုခွေးကို သူ.ကိုဟောင်ရပါ.မလားဟုဆိုကာခွေးခြေ ၊ အုတ်ခဲကျိုးစသည်တို.နှင်.လိုက်သည် ။ ခွေးကပြေး သုခမိန်လှိုင်ကလိုက် ။ခွေးကမရပ်မနားဟောင်နေသောမြင်ကွင်းမှာ ကျွန်တော်ငယ်စဉ်ကမှတ်မိနေသောမြင်ကွင်းဖြစ်သည် ။တစ်ခါကလည်း သူတို.အပြင်သို.သွားစရာကိစ္စတစ်ခုရှိသဖြင်.
မြင်းလှည်းတစ်စီးကိုဂိတ်မှခေါ်ထားရာ မြင်းလှည်းရောက်လာကာမှ မသွားတော.ဘူး
၊မစီးတော.ဘူးဟု သုခမိန်လှိုင်ကပြောလိုက်သည် ။ထိုအခါမြင်းလှည်းဆရာက
မကြေမနပ်ပြောဆိုသောကြောင်. သုခမိန်လှိုင်ကပြန်လည်ကြိမ်းဝါးငေါက်ငန်းကာ ထိုးမလိုကြိတ်မလိုဖြစ်ကြပုံကိုလည်းကျွန်တော်မှတ်မိနေ၏။
(၃ )
၁၉၈၀ ခန်.က ကိုအောင်မင်းနှင်.ကျွန်တော်.အစ်မ
မဝေ ပေါင်းသင်းနေထိုင်ဆဲ တစ်နေ.သောအခါတွင် အစ်မ မဝေ၏မွေးနေ.ဖြစ်သော
ဇန်န၀ါရီလ ၁၄ ရက်နေ.သို.ရောက်ရှိလာသည် ။ ကိုအောင်မင်းသည်
သူနှင်.အိမ်ထောင်ကျပြီးမှဆင်းဆင်းရဲရဲဖြစ်နေသောကျွန်တော်.အစ်မမွေးနေ.အမှတ်တရ
သီချင်းတစ်ပုဒ်ရေးသည် ။ ထိုသီချင်းကိုဘိုဘိုဟန်ကဆိုသည်
။နောင်အခါမေဆွိကလည်းပြန်ဆိုသည် ကိုင်ဇာလည်းသီဆိုခဲ.သည် ။ သီချင်းအမည်မှာ “
ဟိုတယ်အင်းလျားလိတ် “ ဖြစ်သည် ။
“ ဝေေ၀ရယ် သင်္ချာဖြေတာမှားယွင်းသွားခဲ.ပြီ
အိမ်ယာထူထောင်ခဲ.လဲ ဘာမှမပြည်.စုံဘူး
ဒီလိုအချိန်မှာမင်္ဂလာဆောင်တဲ.ပွဲလေးမကျင်းပပဲနဲ.ပျော်တယ် ဟိုတယ်အင်းလျားလိတ်ကသိတယ်
ချစ်သူလေးရယ်မဆွေးနဲ. အားမငယ်စမ်းပါနဲ.
ချမ်းသာခြင်းဟာအဲဒါလား အား ဟိုတယ်အင်းလျားလိတ် “
သီချင်းမှာအလွန်ကောင်း၏ ။ကျွန်တော်.အစ်မသည် သုခမိန်လှိုင်ကိုဤအလုံးမျိုးနှင်.ကျခဲ.ဟန်ရှိသည် ။ သို.သော် မပြည်.စုံချိန်တွင်ပါရမီဖြည်ခဲ.သောအစ်မသည် သုခမိန်လှိုင်အောင်မြင်လာချိန်တွင်တော. အင်းလျားလိတ်ဟိုတယ်သို.နှစ်ယောက်တွဲသွားခွင်.မရခဲ. ပေ။
အစ်မ မဝေသည် အိမ်ထောင်ကွဲပြီးသည်.နောက်ပိုင်းမှာပင်ထိုသီချင်းကိုမကြာခနသီဆိုလေ.ရှိသည် ။ သူ.ခင်ပွန်းကိုလည်း ကိုကို ဟူသောနာမ်စားကိုပင်အမြဲသုံးသည် ။ အိမ်ထောင်ကွဲပြီးမိဘနှင်.ပြန်လည်နေထိုင်စဉ်အတွင်းတွင်လည်း
သူ.ခင်ပွန်း(ဟောင်း )အကြောင်းကိုပြောလျင် ကိုကိုကလေ ..ကိုကိုကလေ
ဟုပြောလေ.ရှိရာ ကျွန်တော်.ဖခင်ကြီးသည် ထိုစကားလုံးကိုအလွန်နားကြားပြင်းကတ်လေ.ရှိကာ
နင်ကဒီဘ၀ရောက်တဲ.အထိ ကိုကိုလုပ်နေတုန်းလား ဟုတစ်ခွန်းပဲပြောကာအဖေသည်
ထမင်းဆက်မစားတော.ပဲ ၊ ထမင်းဝိုင်းမှထသွားတော.သည် ။
ကျွန်တော်တို.မောင်နှစ်မတွေအားလုံးကလည်း
အစ်မကြီး မဝေ ၏ ကိုကို ဟူသည်.နာမ်စားကို စိတ်ပျက်မိပါ၏ ။သို.သော်
အစ်မစိတ်မချမ်းသာမှာစိုးသဖြင်. တားမြစ်ပြောင်လှောင်ခြင်းမလုပ်ခဲ.ပါ ။
အိမ်ထောင်ကွဲပြီးသောအခါ ကျွန်တော်၏မိခင်ကြီးဒေါ်မြင်.မြင်.၏ တာဝန်အခန်းကဏ္ဍသို.ကျရောက်လာပါသည် ။ ၎င်းမှာအစ်မနှင်.ခလေးများကို ချက်ပြုတ်ကျွေးမွေးခြင်း ၊ သုခမိန်လှိုင်ထံမှ ကလေးစားရိတ်လစဉ်ထောက်ပံ.ငွေကိုရန်ကုန်မြို.သို.သွားရောက်တောင်းယူရခြင်းဖြစ်သည် ။ အမေသည် သုခမိန်လှိုင်ကိစ္စမရှိလဲ သူ၏မိခင်ကြီး ရန်ကုန်မှာနေသဖြင်. တစ်လတစ်ခါ လောက်ရန်ကုန်သို.မှန်မှန်သွားနေသူဖြစ်သည် ။ထို.ကြောင်.ခရီးသွားဟန်လွှဲ ငွေကောက်ခံသည်.တာဝန်ကိုယူရပါသည် ။ လစဉ် စားရိတ်မှာထိုစဉ်ကငွေနှင်.တစ်လ (၃၀၀ )ကျပ်ဖြစ်ပုံရသည် ။ ထိုငွေကိုအမေကသွားရောက်တောင်းတိုင်း ကျွန်တော်ပါအဖော်လိုက်ရသည်ဖြစ်ရာသူတို.ငြင်းခုံသံများကိုဤသို.ကြားရတတ်ပါသည်
။ သုခမိန်လှိုင်က သူ၏ယောက်ခမ(ဟောင်း ) ၊ကျွန်တော်.အမေကိုမမမြင်.ဟုခေါ
်ပါသည် ။ အိမ်နီးချင်းဖြစ်၍ ထိုသို.နှုတ်ကျိုးနေပုံရပါသည် ။
“ ဟောဒိမှာလခ မမမြင်.
ဒါကဘယ်လအတွက်လဲကွဲ.
အခုလအတွက်လေ
အံမာ အရင် ဇွန်လအတွက်ကမရသေးဘူးလေ စောင်.ရင်းစောင်.ရင်.
ဇူလိုင်လထဲရောက်သွားတော. မင်းနှစ်လကိုလုံးမချနဲ. ဒါကဇွန်လအတွက်ဆို
ဇူလိုင်အတွက်ကလိုသေးတယ် “
ဤအသံများကိုကျွန်တော်မကြာမကြာကြားရ၏ ။တစ်ခါတစ်ရံသုခမိန်လှိုင်သည် အမေ.ကိုမျက်ခြေဖြတ်သည်.သဘောလားဘာလားမသိ ။ လိပ်စာအတိအကျမပေးပဲအိမ်ပြောင်းသွားသည်
။ အမေစုံစမ်းလို.ရသမျှမှာ တောင်ဥက္ကလာသို.ပြောင်းသွားသည် ။
အိမ်မှာတစ်ထပ်အိမ် သံဇကာကွက်နှင်.ဖြစ်သည် ။အိမ်ရှေ.တွင် အုန်းပင်ရှိသည် ။
ထိုမျှသဲလွန်စဖြင်.ကျွန်တော်.အမေသည်
သည်းကြီးမည်းကြီး တောင်ဥက္ကလာတစ်ခွင်ပြဲပြဲစင် လိုက်လံရှာဖွေ၏ ။ နောက်ဆုံး
သုခမိန်လှိုင်အိမ်သို.အမေ ဆိုက်ဆိုက်မြိုက်မြိုက်ရှာဖွေရောက်ရှိသွားရာ အားလုံးကအောချရ၏ ။ ထိုနောက်တွင် ကျွန်တော်.ယောက်ဖတော် နံပါတ်ဝမ်းသည် ဘယ်ကိုပဲပြောင်းသည်ဖြစ်စေအမေ.ကိုလိပ်စာတိတိကျကျပေးသွားတော.သည် ။ ထို.နောက်တဖြည်းဖြည်းနှင်.သုခမိန်လှိုင်၏စီးပွားရေးသည်တရိပ်ရိပ်တက်လာ၏ ။အိမ်ငှား၍မနေတော.ပဲ လမ်း (၄၀) တွင် တိုက်န်းတစ်ခန်းဝယ်လိုက်သည် ။ ကားလည်းဝယ်စီးသည် ။ ရဲတိုက်တေးထုတ်လုပ်ရေးဟူသောကိုယ်ပိုင်လုပ်ငန်းလည်းရှိလာသည် ( ရဲတိုက်မှာနောက်အိမ်ထောင်နှင်.မွေးသောသားအမည်ဖြစ်သည် ။ သရုပ်ဆောင်ရဲတိုက်မဟုတ်ပါ) ။
သုခမိန်လှိုင်သည် ဘာအတွက်ကြောင်.လဲတော.မသိ အရင်အိမ်ထောင်နှင်.မွေးသော
သားသမီးလေးယောက်ကို တိမ်မြုတ်ဖျောက်ကွယ်ထားပြီး
နောက်အိမ်ထောင်ဖြင်.မွေးသောကလေးများကို
သိသိသာသာမြေတောင်မြှောက်ပေးသည် ။ ကျွန်တော်.တူမများသည် အဆိုဝါသနာပါသူ ၊
သရုပ်ဆောင်ဝါသနာပါသူ ၊ ယဉ်ကျေးမှုတက္ကသိုလ်မှဘွဲ.ရခဲ.သူ စသည်ဖြင်.ရှိနေပါလျက် သားကြီးသမီးကြီးများကိုကျော်ကာ နောက်အိမ်ထောင်ဖြင်.ရသောကလေးများကို ဇန်းတင်မြေတောင်မြှောက်ခဲ.သည် ။ ယံယံဖြင်.မွေးသော သားတစ်ယောက်ဖြစ်သည်. သစ်တော်ဆိုသောကောင်လေးကိုအဆိုတော်အဖြစ် သီချင်းခွေတစ်ခွေထုတ်ပေး၏ ။ စီးရီးမိတ်ဆက်ဖြန်.ချိပွဲကို ဒဂုန်စင်တာတွင်ကြီးကျယ်ခမ်းနားစွာကျင်းပရာ ပထမအိမ်ထောင်ဖြင်.မွေးသောသမီးကြီး (ကျွန်တော်.တူမ )တာရာသည် အားပေးရန် ထိုအခမ်းအနားသို.ရောက်သွား၏ ။ လူပုံအလယ်တွင်ကျွန်တော်.တူမ(သူ.သမီးကြီးနံပါတ် ၁ ) ကိုမြင်လိုက်သောအခါ သုခမိန်လှိုင်သည် ကလေးမလေးထင်ထားသလိုဝမ်းမြောက်ဝမ်းသာဖြစ်မသွားပဲ နင်ကဘာလာလုပ်တာလဲ ဟုပြောသဖြင်. တူမလည်း ရှက်လည်းရှက်ဒေါသလည်းဖြစ်ကာမျက်ရည်ဝဲလျက် ပြန်လာခဲ.ရသည် ။ ဂျာနယ်မဂ္ဂဇင်းများကိုဖိတ်ခေါ်ကာ သူသည်သုခမိန်လှိုင်၏သမီးကြီးဖြစ်ကြောင်း စာနယ်ဇင်းရှင်းလင်းပွဲလုပ်မည်ဟုပင်စိတ်ထက်သော တူမကြီးက ကျွန်တော်.ကိုပြောနေသဖြင်. ၀ိုင်းဝန်းချော.မော.ထားခဲ.ရသည် ။ အဖေဆိုတော.ကြာကြာစိတ်မနာနိုင်ပဲနောက်တော.စိတ်ပြေသွားခဲ.ပါသည် ။သုခမိန်လှိုင်နှင်.နောက်မှပါတ်သက်ရသော (ကြီးပေါင်း )မိတ်ဆွေများဆိုလျင် သူ.တွင် ယခင်အိမ်ထောင်နှင်.ကလေးလေးယောက်ရှိခဲ.သည် ကိုမသိကြပါ ။ တေးရေးဆရာတစ်ယောက်ဆိုလျင် ကျွန်တော်.တူမလှိုင်မြတ်ဝေက သုခမိန်လှိုင်သမီးပါဟုပြောသည်ကို မယုံပါဘူး ဦးလှိုင်သမီးတွေငါအကုန်သိပါတယ်ဟုပြောသဖြင်.ကျွန်တော်တို.မှာပြန်ပြီးအံ.သြရသည် ။သူကသာလျှို.၀ှက်နေသော်လည်းဤဇာတ်လမ်းသည် ပြည်တစ်မြို.လုံး ၊ အနုပညာလောကတစ်ခုလုံးသိနေပြီးသောကိစ္စဖြစ်သည် ။ သုခမိန်လှိုင်သည် ပြည်မြို.သားဖြစ်သော်လည်း ပြည်မြို.သို.တခုတ်တရပြန်လာခဲသည် ။ ပြည်မှအပေါင်းအသင်းမိတ်ဆွေများနှင်.လည်းခပ်ရှောင်ရှောင်နေသည် ။ ပြည်သို.ပြန်ရောက်လာလျင်လည်းဘယ်မှမသွားပဲ အိမ်ထဲတွင်အောင်းနေလေ.ရှိသည် ။
မဂ္ဂဇင်းစာစောင်များနှင်.ဘယ်သောအခါမှအင်တာဗျူးလေ.မရှိ ။အထူးသဖြင်. ယခင်မအောင်မြင်ခင်အတိတ်ဘ၀ကိုပြန်ပြောင်းပြောရိုးထုံးစံမရှိ ။ သူပြောသောစကားများမှာမြန်မာစကားကိုပင်နိမိတ်ပုံတွေ တင်စားချက်တွေ နှင်.မော်ဒန်ကဗျာလိုလို ကွေ.ပါတ်ပြောတတ်သောကြောင်.အမေသည်သူ.စကားကိုနားမလည် ။ အမေက သုခမိန်လှိုင်နှင်.စကားပြောလျင် လိုရင်းကဘာဆိုသည်ကို ဒုတိယသမီးကြီး နီလာဆွေကိုအနားမှာခေါ်ထားကာဘာသာပြန်ခိုင်းရသည် ။
ကျောင်းသားဘ၀တုန်းကတော.ကျွန်တော်သည်သူ.ထံသို.မကြာမကြာ မုန်.ဖိုးသွားတောင်းဖူးသည် ။တစ်ခါသော် သူသည် ပိုက်ဆံအတော်ထောနေပုံရလေသည် (ကော်နီ၏တာဇံစီးရီးအရမ်းပေါက်နေချိန်ဖြစ်သည်
) ၊ ကျွန်တော်.ကို ရန်ကုန် ပန်းဆိုးတန်းလမ်းရှိ
ကြည်မြန်မာကုန်တိုက်သို.ခေါ်သွားကာ ညီညီ မင်းလိုချင်တာ ကြိုက်တာကိုယူကွာ
ဟုပြောသည် ။ကျွန်တော်ကဘာမှမလိုပါဘူးဟုပြောသည်
။ထိုစဉ်ကကျွန်တော်မှာဥပဒေအရ သူနှင်.ညီအစ်ကိုမတော်တော.ပေ ။ သူကအားမရ
။ကျွန်တော်.ကို ကြိုက်သည်.ပစ္စည်းယူဖို. သူဝယ်ပေးမည်.အကြောင်းထပ်ကာထပ်ကာ
ဆိုသည် ။ ကျွန်တော်ကမယူပါ ။နောင်အခါသူသည် ထိုအကြောင်းကို
ပြန်ပြောင်းပြောတတ်သည် ။ ဒီကောင်က၀ယ်ပေးတိုင်းလဲမယူဘူးဟ ။
ကျွန်တော်သည်ထိုနေ.က သူဝယ်ပေးသမျှဘာကိုမှမယူခဲ.ခြင်းအတွက်နောင်အခါတွင်ပြန်လည်စဉ်းစားတိုင်းဝမ်းမြောက်မိလေသည် ။
( ၄)
အစ်မကြီးတက္ကသိုလ်ကျောင်းသူဘ၀မှရုတ်တရက်အိမ်ထောင်ကျသွားသည်.နေ.မှစကာသူ.ကိုသိပ်ချစ်သောအဖွားဒေါ်သိန်းခင်သည် မစားနိုင်မသောက်နိုင်တမှိုင်မှိုင်ဖြစ်ကာနောက်ဆုံးတွင် လူကြီးရောဂါဖြင်.ကွယ်လွန်သွားပါသည် ။အဖွားကွယ်လွန်သောအခါ သူ.ခေါင်းအုံးအောက်မှဓါတ်ပုံတစ်ပုံထွက်လာပါသည် ။ ထိုဓါတ်ပုံသည် အစ်မမာလာဝေ၏ ဓါတ်ပုံဖြစ်ပါသည် ။
ဓါတ်ပုံ၏ကျောဘက်တွင် အဖွား၏ မပီမသလက်ရေးဖြင်. မိဝေအမိုက်မ ဟုရေးသားထားပါသည်
ကျွန်တော်တို.မိသားစုသည် ရန်ညှိုးဖွဲ.သိုတတ်သောမိသားစုမဟုတ် ပဲ အနုပညာ အာရုံညွှတ်သောမိသားစုဖြစ်သဖြင်. အစ်မကြီးအိမ်ထောင် ပြိုကွဲခဲ.သော်လည်း ကျွန်တော်တို.ညီအစ်ကိုမောင်နှမများနှင်. သုခမိန်လှိုင်သည်အခေါ် အပြောမပျက်ရှိခဲ.လေသည် ။ သို.သော်ယခင်ကလိုတော.မဟုတ်တော.။ နှစ်ဖက်မိသားစုအကြားစည်းတစ်ခုခြားသွားသလိုရှိလေသည် ။ တစ်ယောက်မျက်နှာတစ်ယောက်မမြင်ချင်ရလောက်အောင်မူကားမရှိခဲ.ချေ ။ ပြည်မြို.တွင်တော. သုခမိန်လှိုင်မိဘများနှင်.ကျွန်တော်.မိဘများ အဆက်အဆံ အခေါ်အပြောမရှိတော.သော်လည်း သုခမိန်လှိုင်၏ညီသုံးယောက်နှင်.ကျွန်တော်တို.
ညီအစ်ကိုသုံးဦးသည် အခင်အမင်မပျက်ရှိခဲ.လေ၏ ။အထူးသဖြင်.
သုမိန်လှိုင်၏ညီအငယ်ဆုံး ကိုသောင်းမင်း သည် ကျွန်တော်တို.အိမ်တွင်
စားအိမ်သောက်အိမ်ဖြစ်နေခဲ.ပါသည် ။ အနုပညာသည်လူတို.ကိုချစ်ခင်ညီညွတ်စေ၏ ။ဂီတသည် ကျွန်တော်တို.ကိုပေါင်းကူးပေးလိုက်သည် ။ သုခမိန်လှိုင်၏ ညီသုံးယောက်သည် Elysium ဆိုသောအမည်ဖြင်.တေးဂီတ၀ိုင်းတစ်ဝိုင်းကိုထောင်လိုက်သည် ။ ထိုအဖွဲ.တွင် ကျွန်တော်.အစ်ကိုကြီးကိုအောင်ကြည်စိုး
ကိုဘေ.(စ်) ဂစ်တာတီးခိုင်းသည် ။ ကျွန်တော်.အစ်ကို လတ် အောင်အောင် (
တေးရေးရည်မိုးအောင် ) က ဒရမ်တီးသည် သုမိန်လှိုင်၏
ညီများဖြစ်သောကိုအောင်လင်းက Lead Guitar တီးသည် ၊ကိုမောင်ဝင်းက နောင်တွင်
ဒရမ်ဝင်တီးသည် ၊ကိုသောင်းမင်းကလည်း ဂစ်တာတီးသည် ။သို.သော်
သုခမိန်လှိုင်၏ညီအငယ်ဆုံးဖြစ်သော ကိုသောင်းမင်းမှာ အပြင်လောကတွင်သိပ်နေရသည်ဟူ၍မရှိ အုပ်ထိန်းမနိုင်အမှုဖြင်. ထောင်ထဲရောက်နေရသည်သာများသည် ။ကိုသောင်းမင်းသည် မိဘထံမှပိုက်ဆံတောင်းရာတွင်မရမခြင်းဆူဆူပူပူလုပ်တတ်ပါသည် ။ သူ.အဖေက အိမ်တံခါးကိုသော.ခတ်ထားရာ အိမ်ရှေ.မှ တံခါးကိုလှုပ်ပြီးတစ်ရပ်ကွက်လုံးဆူညံနေအောင်ပိုက်ဆံတောင်းပါသည် ။ ထိုအခါ သူ.အဖေက အရပ်ကတို.ရေ ရဲစခန်းကိုသွားအကြောင်းကြားပေးပါဟုပြောတတ်သည် ။ထိုအခါ မိခင်ကြီးကအိမ်ပေါ်မှစောင်ပစ်ပေးသလိုလိုနှင်.ပိုက်ဆံရောပြီးပစ်ချပေးမှကြေနပ်ကာထွက်ခွာသွားတတ်ပါသည် ။ ယခုတော.ကိုသောင်းမင်းမရှိတော.ပါ ။ ထောင်ထဲမှရသော ကျန်းမာရေးချို.တဲ.မှုဖြင်.ကွယ်လွန်သွားချေပြီ ။
အစ်မနှင်.ယောက်ဖက အိမ်ထောင်ရေးအဆင်မပြေသော်လည်း နှစ်ဖက်မှညီများထောင်ထားသောတီးဝိုင်းကအခြေအနေအလွန်ကောင်းနေသည်
။ပြည်မြို.တွင် မင်္ဂလာဆောင်ဧည်.ခံပွဲများတွင် Elysium
တေးဂီတမပါသောပွဲမရှိသလောက် ဖြစ်နေသည် ။ ပုတီးကုန်း၊နတ္တလင်း
၊ပေါင်းတည်၊ကြို.ပင်ကောက် ၊အုတ်ဖို ၊ ပန်းတောင်း ၊ဆင်တဲ ၊ဥသျှစ်ပင်
၊ပေါင်းတလည် ၊ပေါက်ခေါင်း ၊ရွှေတောင် မြို.များအထိသွားရောက်ဖျော်ဖြေရသည် ။ နောက်တော.ကျွန်တော်.အစ်ကိုနှစ်ယောက်သည် Elysium တေးဂီတမှထွက်လိုက်ပြီး အစ်ကိုကြီးက CAMS ခေါ်တရုတ်လူငယ်များတေးဂီတ၀ိုင်းသို.ဂစ်တာသမားအဖြစ်ရောက်သွားသည်
။ အစ်ကိုလတ် အောင်အောင်သည် Music Men တေးဂီတတွင် အသက် ၁၄ နှစ်မှာပင်
ပင်တိုင် ဒရမ်မာဖြစ်လာသည် ။အစ်မငယ် သီတာမေသည် Holy Star တေးဂီတတွင်
ပင်တိုင်အဆိုတော်ဖြစ်ပါဝင်နေသည် ။ ပြောရလျင်ကျွန်တော်တို.သည်တေးဂီတသံတွေကြားမှာကြီးပြင်းလာကြခြင်းဖြစ်သည် ။ Music နှင်. ကျွန်တော်တို.၏ဘ၀မှာတစ်သားတည်းဖြစ်နေသည် ။ မိုးလင်းလာသည်နှင်. ကျွန်တော်တို.အိမ်မှဖြစ်စေ ၊ သုခမိန်လှိုင်၏ညီများအိမ်ဘက်မှဖြစ်စေ ဂစ်တာသံများ ၊ဒရမ်သံများ ၊ ကီးဘုတ်တီးသံများ ၊သီချင်းဆိုသံများဖြင်.ဆူညံနေသည် ။ ဆူဆူညံညံ အသံချဲ.စက်တွေ ဆောင်းဘောက်တွေကြားမှာပဲ ကျွန်တော်တို.နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သည်
။ကျွန်တော်.မိဘများသည် အစ်ကိုနှစ်ယောက်ကိုရော အစ်မများကိုရော ဂီတ
ဝါသနာပါခြင်းအတွက် တားမြစ်ပိတ်ပင်ခြင်းမပြုရုံမက အိမ်တွင်
တီးဝိုင်းပစ္စည်းအစုံအလင်ဖြင်. ရီဟာဇယ်လေ.ကျင်.တီးမှုတ်ကြသည်ကိုလက်ခံသည် ။ ဘာမှမပြောပေ ။ ဂီတသာမဟုတ် စာပေ အနုပညာဝါသနာပါလျင်လည်းမတား ။စာဖတ်တာကိုမိဘကအားပေးတာဆို၍ တစ်ရပ်ကွက်လုံးတွင်ကျွန်တော်တို.တစ်အိမ်ပဲရှိမည်ထင်သည် ။
ကျွန်တော်တို.သည် လူနှင်.အနုပညာကိုခွဲခြားမြင်နိုင်ခဲ.ပါသည် ။ ကိုအောင်မင်းဆိုသော လူတစ်ယောက်ကို ယောက်ဖတစ်ယောက်အနေဖြင်. နှစ်သက်စရာအကွက်နည်းပါးသော်လည်း သုခမိန်လှိုင်ဆိုသောကဗျာဆရာတစ်ယောက် ၊အနုပညာသမားတစ်ယောက်အနေနှင်.မူအသိအမှတ်ပြုလေးစားပါသည် ။ သူရေးသော ကဗျာအားလုံး ၊သီချင်းအားလုံးကိုမကြိုက်သော်လည်းယခုအချိန်အထိနှစ်သက်စွဲလမ်းနေသောလက်ရာများစွာရှိပါသည် ။ ထိုအထဲတွင် မေဆွိ ၊ဇော်ဝင်းထွဋ်တို.သီဆိုခဲ.သော ရွှေရောင်အိပ်မက်များသီချင်းစာသားများ ကိုကြိုက်ပါသည် ။
အမြဲမက်တဲ.အိပ်မက်ကလေးရယ်
မင်းရဲ.အကြောင်းလေးရယ်
တို.ကတစ်ယောက်တည်းပဲကွယ်
ခန္စာကိုယ်နှစ်ယောက်သားဝေးပစေ ၊တူဆုံမယ် ကြင်နာပါအိပ်မက်လေးရယ်
အိမ်အပြင်မှာတိမ်တွေအတိုင်းသား ၊
မဆုံအောင်ခြားထား ၊
ဒါကိုနာကြင်မူးသွား
သုခမိန်လှိုင်သည်ရန်သူပဲဖြစ်ဖြစ် မိတ်ဆွေပဲဖြစ်ဖြစ် သူ.အနုပညာကိုကြိုက်မိသောနောက်သီချင်းတစ်ပုဒ်ရှိသေးသည် ။
ရေလိုလဲငါမအေးတော.ပါ
နွေမီးတောက်များထက်ပူတယ်
အချစ်ရဲ.ဆွဲငင်အားအရှိန်မှာ
ငါ.နှလုံးသားကြေပြုန်းပျက်ရပြီကွယ်
ကမ္ဘာမြေပြင်ဟာ ဆွဲငင်အားရှိတယ် နျူတန်တွေ.ခဲ.ပါတယ်
အချစ်ရဲဆွဲငင်အားအ၇ှိန်မှာ ငါ.ရဲ. နှလုံးသားကွဲကြေတယ်
ရာဇ၀င်မှာပင်လယ်ပြင်သင်္ဘောမှောက်
မေခလာရောက်လာတယ် xxxxxxxx
( နောက်တစ်ပုဒ်က ကျော်ဟိန်းသီဆိုခဲ.သော တစ်ကိုယ်တော်လေလွင်.ခြင်း )
အိမ်ကိုမပြန်ချင်အောင်သွေးဆောင်ခေါ်သွား
နွေရာသီရယ်ကြေငြာနေပြီလားလွမ်းဥသြသံလေးကြားမိသလိုပဲ
မည်သို.ပင်ရှိစေ လူတစ်ယောက်အနေနှင်.ကောင်းခဲ.တာလည်းရှိမည် ။ဆိုးခဲ.တာလည်းရှိမည် ။ သုခမိန်လှိုင်သည်အနုပညာသမားတစ်ယောက်ဖြစ်ခဲ.တာတော.သေချာသည် ။ ကျွန်တော်.အစ်မ၏ယောက်ျားတစ်ယောက်အနေဖြင်. သူ.ကိုကျွန်တော်နှစ်သက်သဘောကျမှုမရှိ ။ကျွန်တော်.တူ တူမများ၏ဖခင်အဖြစ်သူ.အပေါ်မှာကျွန်တော်ကြေနပ်အားရခြင်းမရှိ ။ အနုပညာသမားတစ်ယောက်အနေနှင်.မူ သူ၏လက်ရာအချို.ကိုစွဲလမ်းစွာလက်ခံခဲ.ဖူးပါ၏ ။ ယခုအခါ သုခမိန်လှိုင်၏တေးရေးဘ၀အကောင်းဆုံးအချိန်သည်ကျော်ခဲ.ပြီ ။ သို.သော် ကဗျာဆန်သော တေးသီချင်းအချို.ကမူပရိတ်သတ်ရင်ထဲမှာတစ်ချို.ရှိနေပေလိမ်.ဦးမည် ။ ပြည်တစ်မြို.ထဲမှ ၊တစ်ရပ်ကွက်ထဲမှ ၊တစ်လမ်းထဲမှ အိမ်ချင်းကပ်လျက်အနုပညာသမားတစ်ယောက်အနေနှင်.မူကား ကျွန်တော်.ဘ၀တွင်ချန်လှပ်ထား၍မရသော ဥပဒေဘောင်အတွင်းမှ ပထမဆုံးအစ်ကိုဖြစ်ပါသည် ။ယခုအခါရန်ကုန်မြို.တွင်သက်ရှိထင်ရှားရှိနေပါသေး၏ ။ အစ်မကြီးမာလာဝေသည် ကိုအောင်မင်း(ခေါ်)သုခမိန်လှိုင်နှင်.ကွာရှင်းပြတ်စဲပြီးသောအခါ
ပြည်မြို.သို.ပြန်လာပြီး ကျောင်းဆရာမလုပ်ပါသည် ။
နောက်အိမ်ထောင်လဲမပြုတော.ပါ ။ သူ၏သမီးများပင်ယခုအခါ အိမ်ထောင်ကျနေချေပြီ ။
ဘ၀ဆိုသည်မှာ ဤသို.ရှိတတ်ချေသည်တကားဟုပြောရုံမှတပါးကျွန်တော်.တွင်ပြောစရာစကားထူးထူးထွေထွေမရှိပါ
။ကျွန်တော်တို.မိသားစု၏ အေးချမ်းတည်ငြိမ်နေသောဘ၀လေးသည် အစ်မကြီး
ကိုအောင်မင်းနှင်.တက္ကသိုလ် ပထမနှစ်တွင် ခိုးရာလိုက်သွားသည်.နေ.မှစကာအတော်ပင်ယိမ်းယိုင်လှုပ်ခါခဲ.ပါသည် ။အထူးသဖြင်.အိမ်ထောင်ဦးစီးအဖေသည်အလွန်စိတ်ထိခိုက်ကာ ချာချာလည်အောင်လောကဓံလှိုင်းလုံးတွင်မျောပါခဲ.ပါသည် ။ ထိုသို.မုန်တိုင်းထန်သွားမှုကိုနှစ်ပေါင်းအတော်ကြာအောင်ပြန်လည်တည်.မတ်ခဲ.ရပါသည် ။နံပါတ်(၁) အစ်မခြောက်လှန်.ခဲ.သောရန်ကုန်တက္ကသိုလ်အိပ်မက်ဆိုးသည် ကျွန်တော် နံပါတ်(၆) ဖြစ်သူ ရန်ကုန်တက္ကသိုလ်သို. ၁၉၈၇ တွင်ပြန်လည်ဝင်ရောက်ချိန်တွင်မှ အတိတ်ဆိုးမှတမိသားစုလုံးပြန်လည်ရုန်းထွက်နိုင်ခဲ.သဖြင်.ကျွန်တော်ရန်ကုန်တက္ကသိုလ်ရောက်သည်မှာ ပညာသင်ရုံသာမဟုတ် မိသားစုထဲတွင်စွဲဝင်နေသည်. ဆူးကြီးတစ်ချောင်းကိုလာရောက်နှုတ်ယူရသည်.သဖွယ်ဖြစ်ပါသည် ။ နောက်တစ်နှစ်တွင် ကျွန်တော်၏အစ်ကိုအောင်အောင်လည်း ဥပဒေအဓိကဖြင်.ရန်ကုန်တက္ကသိုလ်သို.ရောက်လာသည်တွင် အစ်မကြီးလက်ထက်ကကြုံခဲ.ရသောတက္ကသိုလ်ကျိန်စာမှ မိခင်ကြီးနှင်.ဖခင်ကြီးသည်လုံးဝရုန်းထွက်နိုင်၍ ဘ၀သစ်ကိုခွန်အားသစ်နှင်.ပြန်လည်စတင်နိုင်ခဲ.ပါသည် ။ တက္ကသိုလ်ဆိုသည်မှာသမီးနုနုထွတ်ထွတ်တစ်ယောက်ကိုဆုံးရှုံးခဲ.သောခါးသီးဖွယ်နေရာအဖြစ်မှ မိသားစု အတွက်မျှော်လင်.ချက်များပေါက်ဖွားရှင်သန်ရာနေရာတစ်ခုပြန်လည်ဖြစ်လာခဲ.သဖြင်.မည်မျှဆင်းဆင်းရဲရဲဖြင်.တက္ကသိုလ်ပညာကိုသင်ယူခဲ.ရသည်ဖြစ်စေကျွန်တော်တို.ညီအစ်ကိုနှစ်ယောက်၏ ကြေနပ်ဝမ်းမြောက် မှုမှာကား နှိုင်းဆ၍ပင်မရခဲ.ပါချေ။ ဤတွင်ကျွန်တော်၏ ဥပဒေဘောင်အတွင်းမှအစ်ကိုကြီးတစ်ယောက်အကြောင်းပြီးလေ၏ ။
(ဆက်ရန် )
No comments:
Post a Comment