Wednesday, July 9, 2014

စွမ်းဇာနည်ကို သူ့အမေက သူများပစ္စည်းတွေခိုးယူခိုင်းခဲ့............သတင်း နှင့် ဓါတ်ပုံ မင်းညို(DVB) ပြည်သတင်းလူငယ်(ပြည်သတင်း)




စွမ်းဇာနည်ကို သူ့အမေက သူများပစ္စည်းတွေခိုးယူခိုင်းခဲ့
********************************************************

ပဲခူးတိုင်းပြည်မြို့မှာခလေးငယ်တွေ ကျောင်မထားနိုင်ပဲ မိဘတွေအတူ လုပ်ကိုင်စားသောက် နေရတာကြောင့်စာရိတ္တတွေပျက်စီးနေရပါတယ်။
ဇူလိုင်လ(၄)ရက်နေ့က ပြည်မြို့၊မြို့မဈေးကြီး တွင်ခိုးမှုတခု ဖြစ်ပွားခဲ့ပြီး နာရီဝက်ခန့်အကြာမှာပဲ ခိုးသူကိုလက်ရဖမ်းစီးမိခဲ့ပါတယ်။ ခိုးသူ သူခိုးမှာ

အသက်(၆)နှစ်တယောက်၊(၇)နှစ်(၂) ယောက်အ သက်မပြည့်သူ ခလေးငယ်တွေဖြစ်နေခဲ့ကြပြီး ခိုးသူခလေးငယ်အမေတွေကို ဈေးခေါင်းရုံးမှာခေါ်ယူသတိပေးလိုက်ပါတယ်။
အသက်မပြည့်သူခလေးငယ်တွေဖြစ်ပေမဲံ့လွန်ခဲ့တဲ့ လကလဲ အထုပ်မသွားလို့ အဲဒီခလေးတွေပဲ အထုပ်နဲ့အတူမိသေးတယ် ခလေးအမေတွေက ထွက်ပြေးသွားလို့ ပိုင်ရှင်ကလဲ အမှုမဖွင့်တော့ဘူးဆိုလို့လို့ သူတို့ကို လွှတ်ပေးလိုက်ရတယ်။ သူတို့ကို

လူမှုဝန်ထမ်းကယ်ဆည်ရေးနဲ့နေရာပြန်လည်ချထားရေး ကလေးငယ်စောင့်ရှောက်ရေးဋ္ဌာနတွေကိုပို့ဖို့ ကိုသွား အကြောင်းကြားရင် ချက်ချင်းပို့လို့မရဘူး ရက်ချိမ်းစောင့်ရတယ် ရက်ချိမ်းစောင့်နေစဉ်အတွင်းမှာလဲ ရဲစခန်းမှာပဲသူတို့ကိုထိမ်းသိမ်းထားရတယ်၊ကျွေးမွေးစောင့်ရှောက်ရတယ်၊နောက်ပြီးကားငှားပြီးလိုက်ပို့ရတယ် ဟိုကြရင် ခလေးတွေရဲ့ (၆)လစာ အထွေထွေနဲ့စားစရိပ်တွေပေးခဲ့မှ အဲဒီခလေးတွေကို လက်ခံတယ်လို့ အမည်မဖေါ်ရဲသူရဲတပ်ဖွဲ့ဝင်တယောက်က ပြောပြပါတယ်။
အဲဒီခလေးတွေက

မနက်မိုးလင်းတာနဲ့ဈေးပတ်ဝန်းကျင်မှာ ရောက်လာခဲ့ကြပြီးပလက်စတစ်ကောက်ခြင်း၊ရေသန့်ဘူး၊ကော်ဖူး၊ စတာတွေကိုအမှိုက်ပုံတွေမှာကောကယ် ယူခဲ့ကြပြီး ၀ယ်ယူတဲ့ဆိုင်တွေမှာလိုက်လံရောင်းချခြင်းဖြင့်အများအားဖြင့် လုပ်ကိုင်ကြပြီးအချို့ခလေးငယ်တွေကတော့ ငယ်စဉ်ကထဲက စာလဲမသင်ရ ကျောင်လဲမတက်ရပဲ စားဝတ်နေရေးအဆင်မပြေကြတဲ့မိဘတွေ ရဲ့လစ်လူရှု

ထိမ်းကျောင်းမှုများအောက်မှာ နေခဲ့ရတာတွေကြောင့် အလွယ်တကူရနိုင်တဲ့ သူများပစ္စည်းခိုးယူ တတ်တဲ့အလေ့အထတွေပါလုပ်တပ်တာခဲ့ကြပြီး စာရိတ္တပျက်စီးနေခဲ့ကြပါတယ်။
အဲဒီနေ့ကအလစ်သုတ်ခံရတာက ဖုန်းတော်ကြီးတပါးဖြစ်ပြီး ဖုန်းတော်ကြီးက ထမင်းဆိုင်မှာဆွမ်းစားနေတုံး သူ့ရဲ့အိပ်ကိုနှိုက်သွားတာဖြစ်ပြီးအိပ်ထဲမှာငွေ(၄၅၀၀၀)နဲ့အတူ ဖုံးပါ ပါသွားတာကြောင့် အများသုံးဖုံး ကနေတဆင့်ဖုန်းဆက်ကြည့်လိုက်ရာ အလစ်သုတိသူ ခလေးငယ်ရဲ့အိပ်ထဲမှ ဖုံးသံမြည်လာတော့ ပတ်ဝန်းကျင် ကအထည်ဆိုင်တဆိုင်က အဲဒီဖုံးသံကို ကြားလိုက်သဖြင့် ဒီ(၆)နှစ်သား လမ်းဘေးမှာ ပလတ်စတစ်ကောက်တဲ့ ကလေးငယ် ရဲ့အထုပ်ထဲက ဖုန်းက သူ့ဖုန်းတော့မဖြစ်နိုင်ဘူးလို့ယူဆတာကြောင့် ခလေးငယ်ကိုခေါ် ပြီး ဖုန်းကိုဖြေဆိုပြီး ဖုန်းတော်ကြီးကိုခေါ်ယူပြီး ဖုန်းနဲ့ခလေးငယ်ကို အပ်လိုက်ပါတယ်။
ဖုန်းတော်ကြီးရဲ့ငွေ

ကိုသူတို့(၃)ယောက်ထံမှာပြန်ရှာကြည့်တော့ ငွေက(၁၀၀၀၀)ကျော်ပဲကျန်ပြီး ကျန်တာတွေကို မေးမရပဲ တနေရာ(အမှိုက်ပုံ)တခုထဲမှာဖွက်ထားတယ်လို့တယောက်တပေါက်ပြောနေတာကြောင့် ရဲ၊ဈေးခေါင်း၊ဈေးမိဈေးဖ တို့နှင့်အတူ တာဝန်ရှိသူတွေသွာရောက်ရှာဖွေခဲ့ကြပေမဲ့လဲမတွေခဲ့ပါ။
မိဘအုပ်ထိမ်းသူတွေကိုယ်တိုင်ကစာရိတ္တပျက်ပျားလို့ ခလေးတွေအခုလိုဖြစ်တာ ငွေပြန်မရလဲကိစ္စမရှိပါဘူး အမှုလဲဖွင့်ဖို့အစီအစဉ်မရှိဘူးလို့ ။ငွေနှိုက်ခံရတဲ့ ဆရာတော် ဦုးသူရိယ က မိန့်ပါတယ်။

သူတို့ကနဂိုထဲကလမ်းဘေးမ်သားစုတွေဖြစ်တယ် အမေကခိုင်းစားတယ် ဆိုပြီးအမေကိုထောင်ချလိုက်ရင်လဲ ဒီခလေးတွေမိဘမဲ့ဖြစ်သွားမယ် ဒီခလေးတွေကိုဘယ်သူကတာဝန်ယူမလဲ ဒါတွေကနိုင်ငံတော်မှာတာဝန်ရှိ တယ် ပြည်မြို့မှာတောင် ဒီလိုခလေးတွေ(၂၀၀)လောက်ရှိတယ် သူတို့စာသင်ပေးနေတာ(၃၀)လောက်ပဲရှိ တယ်လို့ လယ်ဘေးခလေးတွေကိုစာသင်ပေးနေတဲ့ ဦးမြင့်အေး(တရားလွှတ်တော်ရှေ့နေ)(ဂရုဏာလက်များကွန်ယက်)ကပြောပြပါတယ်။

ခလေး(၇)ယောက်ကို(၃)ယောက်ကသေသွားပြီ ကျမ်းမာရေးကလဲမကောင်းဘူး ယောက်ကျားကလဲ အလုပ်မလုပ်ဘူး အရက်သမား ခလေးတွေကိုလဲ ကျောင်းမထားနိုင်ဘူး သူကိုယ်တိုင်ကလဲ မိဘမဲ့ဂေဟာကနေ အိမ်ထောင်ကျခဲ့တာ လို့ အဲဒီခလေး ။ဒေါ်လှလေး(စွမ်းဇာနည်ရဲ့အမေ)ကရှင်းပြပါတယ်။

သူတို့လိုမျိုးလမ်းဘေးနေတဲ့မိသားစုတွေအများစုက ဧရာဝတီမြစ်ကမ်းဘေး ရွှေပုလ္လင်မော်အောက်ချိုင့် နဲ့ ဘူတာထဲမှာနေထိုင်ခဲ့ကြပြီး တချို့ခလေးတွေက ကော်ကောက်၊ပုလင်း၊ရေသန့်ဘူးခွံတွေကောက်ပြီးအသက်မွေး ၀မ်းကျောင်းပြုနေကြပြီး အချို့ခလေးတွေကတော့ အလစ်သုတ်၊ကော်ရှု၊လမ်းဘေးအိပ်၊ရရာဝင်လုပ် နဲ့သံသရာလည်နေခဲ့ကြပါတယ်၊အခုရက်ပိုင်းအတွင်းမှာ ပြ့ည်မြို့မှာ ။မကြာခဏ ခိုးမှုတွေ ဆိုင်ကယ်အလစ်သုတ်မှု၊အိမ်ဖေါက်ထွင်းမှုတွေ ဖြစ်နေခဲ့ပြီး၊အမှု တ၀က်လောက်က အသက်မပြည့်သူ ခလေးတွေက ကျူးလွန်နေတာကိုတွေ့နေရပြီး၊ပြီးခဲ့တဲ့ဇွန်လ ထဲမှာလဲ ကော်ရှုပြီး ရထားလမ်းမှာအိပ်နေမိပြီး ရထားတိုက်လို့ခလေးငယ်(၂)ယောက်သေဆုံးသွားခဲ့ပါတယ်။
သတင်း နှင့် ဓါတ်ပုံ မင်းညို(DVB) ပြည်သတင်းလူငယ်(ပြည်သတင်း)


No comments:

Post a Comment