Tuesday, July 29, 2014

ဖမ်းဆီးခံသတင်းသမားများလွတ်မြောက်ရေး အောင်လံမြို့ခံသတင်းထောက်များဆန္ဒထုတ်ဖေါ် ..................မင်းယွန်း(ခေတ္တရာ)



ဖမ်းဆီးခံသတင်းသမားများလွတ်မြောက်ရေး အောင်လံမြို့ခံသတင်းထောက်များဆန္ဒထုတ်ဖေါ် **************************************************************************************
မင်းယွန်း(ခေတ္တရာ)

ဖမ်းဆီးခံသတင်းသမားများလွတ်မြောက်ရေး အောင်လံမြို့ခံသတင်းထောက်များဆန္ဒထုတ်ဖေါ် မကွေးတိုင်းဒေသကြီးပေါက်မြို့ရှိ ကပစ စက်ရုံသတင်းရေးသားသည့် Unity သတင်းထောက်နှင့် အယ်ဒီတာတို့အား ထောင်ဒဏ်(၁၀)နှစ်စီ ချမှတ်ခြင်းနှင့် မွန်းတည့်နေ သတင်းသမားများအား ဖမ်းဆီးခြင်းတို့ကြောင့် မကွေးတိုင်းဒေသကြီး အောင်လံမြို့ခံသတင်းထောက်များ၊ပြသည်မြို့မှနယ်ခံသတင်းထောက်များနှင့် ရန်ကုန်မြို့မှ သတင်းထောက်(၁၇)ယောက်တို့သည် မကွေးတိုင်းဒေသကြီး၊အောင်လံမြို့ တွင်၂၅-၇-၂၀၁၄ ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ဆန္ဒထုတ်ဖေါ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ အဆိုပါဆန္ဒထုတ်ဖေါ်ပွဲကို အောင်လံမြို့ ကုသိနာရုံဘုရားမှစတင်ပြီး ဘုရားရှေ့တွင် (၂၀)မိနစ်ခန့် ရပ်တန့်ဆန္ဒပြခဲ့ကြပြီး ပြည်ရန်ကုန်လမ်း၊ရွှေပြောင်ပြောင်ဘုရားလမ်းမှ တဆင့် အောင်လံမြို့နယ်တရားရုံးရှေ့တွင် (၃၀)မိနစ်ခန့် ပါးစပ်ကို သတင်းထောက်များကိ ဖမ်းဆီးထောင်ချခြင်းသည် မီဒီယာဖိနှိပ်မှုဖြစ်သည် ဟုပါသော စတစ်ကာများကို ပါးစပ်တွင်ပိတ်ပြီး ကင်မရာများရှေ့ချ၍ ဆန္ဒထုတ်ဖေါ်ခဲ့ကြကြောင်း သိရသည်။ ]ကျွန်တော်တို့ ဒီနေ့ဆန္ဒထုတ်ဖေါ်ရတာက သတင်းထောက်များ မီဒီယာများကို မီဒီယာ ဥပဒေနဲ့အရေးယူခြင်းမရှိပဲ ပြစ်မှုဆိုင်ရာဥပဒေတွေနဲ့ အရေးယူနေတာတွေ မီဒီယာသမားတွေကို ဖိနိပ်မှုတွေကိုရပ်တန့်စေချင်တဲ့အတွက် ကျွန်တော်တို့ဒီနေ့ဆန္ဒ ထုတ်ဖေါ်ရခြင်းဖြစ်ပါတယ်။ ဟု ဒေသခံသတင်းထောက် ကိုသက်ပိုင်ဇော်မှ ပြောသည်။

သတင်း နှင့် ဓါတ်ပုံ...မင်းယွန်း(ခေတ္တရာ)

No comments:

Post a Comment