ရဲတပ်ဖွဲ့ဝင်လေးဦးက
အပြစ်မဲ့အရပ်သားနှစ်ဦးကို လက်ထိပ်ခတ် ထိုးကြိတ်
ပြည့်သဲမောင်(ပြည်)
ဇူလိုင်လ၉ရက်က ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် တစ်စုံတစ်ရာပြစ်မှု
ကျူးလွန်ခြင်းမရှိခဲ့သော အရပ်သားနှစ်ယောက်ကို ရဲတပ်ဖွဲ့ဝင်လေးဦးက
လက်ထိပ်ခတ်
ထိုးကြိတ်ခဲ့ကြောင်း မျက်မြင်သိရှိသူများနှင့် ထိုးကြိတ်ခံရသူ ကပြောသည်။
" အရပ်ဝတ်နဲ့နှစ်ယောက်
ရဲယူနီဖောင်းဝတ်က နှစ်ယောက် လက်ထိပ်ခတ်ပြီးသူတို့တွေဝိုင်း
ထိုးတယ်။ လက်ကောက်ဝတ် တွေလည်းနာနေတယ်။ နှာခေါင်းတွေကလည်းသွေးကျတယ်။ ပါးစပ်ထဲကလည်း သွေးတွေကျတယ်။ မျက်လုံးလဲယောင်နေတယ်။ " ဟုအထိုးခံရသူ့ ကိုကျော်စိုးကပြောသည်။
ထိုးတယ်။ လက်ကောက်ဝတ် တွေလည်းနာနေတယ်။ နှာခေါင်းတွေကလည်းသွေးကျတယ်။ ပါးစပ်ထဲကလည်း သွေးတွေကျတယ်။ မျက်လုံးလဲယောင်နေတယ်။ " ဟုအထိုးခံရသူ့ ကိုကျော်စိုးကပြောသည်။
၉ ရက်နေ့ နေ့လည် (၃)နာရီအချိန်က ကျောင်းကြီးအိုးတန်းရပ်ကွက်တွင် ကိုကျော်စိုးဆိုသူသည် ၇(က)၃၆၀၇ ဒိုင်နာကားအား လမ်းရှည်လမ်း မှသံတစ်ချောင်းလမ်းဘက် သို့ မောင်းနှင်ချိုးကွေ့ခဲ့သည်။
အဲဒီအချိန်မှာပဲ
ကျောင်းကြီးအိုးတန်းနယ်ထိန်း ဒုတပ်ကြပ်မျိုးကိုကျော် မောင်းနှင်လာသောဆိုင်ကယ် နှင့်
တိုက်မီမလိုဖြစ်ရာမှ တစ်ဦး နှင့် တစ်ဦး အပြန်အလှန်ကြည့်ကြရာက စတင်စကားများခဲ့ကြကြောင်း
မျက်မြင်တွေ့ရှိသူတစ်ဦး
ကပြောသည်။
" ငါရဲကွ မင်းတို့လိုင်စင်ပေးစမ်း လို့ပြောတယ်။ ခင်ဗျားရဲဆိုရင် ကျွန်တော့်ကိုဘာအမှုနဲ့ ဖမ်းမှာလဲလို့ မေးလိုက်တော့ သူတို့ပြန်ထွက်သွားတယ် ။ ကျနော်တရုတ်တန်းလမ်းကနေ ဈေးလမ်းဘက်ကို ကွေ့တဲ့အချိန်ကျမှ ရဲနှစ်ယောက်ထပ်ခေါ်လာပြီးကျွန်တော့်ကိုမင်းဆင်း ခဲ့ဆိုပြီး လက်ထိပ်ခတ်ဝိုင်းထိုးတာဘဲ" ဟုအထိုးခံရသူ့ ကိုကျော်စိုး ကပြောသည်။
ထို့နောက် ရဲတပ်ဖွဲ့ဝင်လေးဦးသည် ကိုကျော်စိုးအား လက်ထိတ်ခတ်ကာ အချက်နှစ်ဆယ်ခန့် ထိုးကြိတ်ခဲ့ပြီး ၄င်း၏ညီ ကိုစည်သူအောင်အား(၈)ချက်ခန့်ထိုးကြိတ်ခဲ့ကြောင်း ပြီးတော့သူတို့က “ ရဲကွမင်းတို့ကိုဖမ်းလို့ရတယ်ဆိုပြီး ။ အဲကောင်တွေကို ထိုးတယ်။ ကန်တယ်။ ဆယ့်ငါးမိနစ်လောက်ကို လုပ်တာ။’’ဟု မျက်မြင်တွေ့ရှိ
သူများကပြောသည်။
ကင်မရာအခွဲခံရသူကိုရှိုးတီ နှင့် နီးစပ်သူတစ်ဦးက "ကိုယ့်အိမ်ကိုလာနေကျ ကားသမားမလို့ ကူညီတဲ့သဘောနဲ့ ကိုရှိုးတီက သွားပြီးဓါတ်ပုံရိုက်ပေးတာ။ ရဲကဖုန်းကိုခွဲပစ်တယ်ပြောတယ်။ စခန်းမှူးက ဖုန်းဆက်မေးတော့ ကိုရှိုးတီကဘာမှမလုပ်ပါဘူးလို့ပြန်ပြောလိုက်တယ်" ဟုဆိုသည်။
ထိုးကြိတ်ခံရသူတစ်ဦးဖြစ်သည့်ကိုကျော်စိုးကို
ပြည်အမှတ်(၁)ရဲစခန်းမှ ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ချက်ချင်းပို့ဆောင် ဆေးဝါးကုသပေးခဲ့ရာ ကာယကံရှင်ကိုကျော်စိုးက အမှုမဖွင့်လိုတော့ကြောင်း
ပြောသည်။
" ကျွန်တော့မှာလည်း မိသားစုရှိတယ်။ သူတို့မှာလည်းမိသားစုရှိမယ်။ ကျွန်တော်လုပ်လိုက်ရင် သူတို့မိသားစုတွေဒုက္ခရောက်မှာ ဆိုးလို့အမှုမဖွင့်တော့ဘူး ကျေအေးလိုက်တာတော့မဟုတ်
ဘူး။’’ ဟု၎င်းကဆိုသည်။
ထိုအကြောင်းအရာကိစ္စနှင့်ပတ်သတ်ပြီး ပြည်အမှတ်(၁)ရဲစခန်းမှူး ဒုရဲမှူး မျိုးဝင်းက "ပြစ်မှုကျူးလွန်တဲ့ ခေါင်းဆောင်ကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ အရအရေးယူသွားမယ်" ဟုဆိုသည်။
သတင်း ပြည့်သဲမောင်(ပြည်)
No comments:
Post a Comment