Tuesday, July 29, 2014

ပါးမှာသနပ်ခါး ၊ ပေါင်မှာသေးစီးကြောင်း သရ၀ဏ်(ပြည်)

ပါးမှာသနပ်ခါး ၊ ပေါင်မှာသေးစီးကြောင်း

သရ၀ဏ်(ပြည်)

“ မင်းတို.နိုင်ငံကလမ်းတွေက အရမ်းသန်.ရှင်းတာပဲ နော် အခြားအိမ်နီးချင်းနိုင်ငံတွေထက် သာတယ် ၊ အားလုံးဟာမြင်မြင်သမျှ သပ်ရပ်ပြီးသန်.ရှင်းလှပနေတာပဲ “ ထိုစကားကို မြန်မာနိုင်ငံသို.ရောက်လာသော နိုင်ငံခြားသားတော်တော်များများကပြောတတ်ကြသည် ။ ပြောကြသောအချိန်မှာ ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှ ထွက်ခွာလာကာစ အချိန်ဖြစ်လေ.ရှိပြီး ပြောကြားလေ.ရှိသောနေရာမှာ ပြည်လမ်းပေါ်အင်းလျားကန်သို.မရောက်မီ အင်းလျားလေး ကန်အကွေ. ကျောင်းကွေ.မှတ်တိုင်အနားတွင်ဖြစ်သည် ။ ထိုနေရာသည်တော်တော်လည်းလှပါသည် ။ သာယာလှပသော ရေကန်ကလေးလဲထိုနေရာတွင်ရှိသည် ။ လမ်းအကွေ.လေးဝယ် မြို.တော်စည်ပင်မှ စိုက်ပျိုးထားသော ပန်းပင်များမှရောင်စုံပန်းများဖူးပွင်.ဝေဆာနေကြသည် ။ လမ်းနဘေးဝယ်အလှစိုက် အုန်းပင်လိုလို ထန်းပင်လိုလိုအပင်များကလည်းလေအဝေ.၀ယ်ဘယ်ညာယိမ်းနွဲ.နေကြသည် ။ ကတ္တရာလမ်းသည် နိုင်လွန်ကတ္တရာဖြင်. နက်မှောင် ကျယ်ပြန်.လှသည် ။ ထိုနေရာတွင် ပလက်ဖောင်းများလည်း စနစ်တကျတည်ရှိပြီး လမ်းဘေးတွင်အမှိုက်တစ်စမှမရှိချေ ။ ကျွန်တော်သည် ပုထုဇဉ်ပီပီ ကိုယ်.နိုင်ငံကိုချီးကျူးခံလိုက်ရသဖြင်. ကြေနပ်သွားမိသည် ။ သို.သော် ပါးစပ်မှထုတ်ဖော်ပြီးတော.အားရပါးရမကြေနပ် နိုင်ပါ ။ အဘယ်.ကြောင်းဆိုသော် ကိုယ်.၀မ်းနာကိုယ်သာသိ ၊ ကိုယ်.နိုင်ငံအကြောင်းကိုယ်အသိဆုံး မို.လို.ဖြစ်သည် ။ ရန်ကုန်မြို.ကြီးတွင်အမှိုက်ကင်းစင်၍ ဤမျှ လှပ သန်.ရှင်းနေသည်မှာ နေရာကွက်ကြား၍ဖြစ်ပေါ်နေမှန်း နိုင်ငံခြားသားများမသိသေးပါ ။ ရန်ကုန်လေဆိပ်မှ အထွက်လမ်းခြင်းအတူတူမှာပင် နိုင်ငံခြားသားများနှင်. နိုင်ငံတော်အကြီးအကဲများ ပုံမှန်အသုံးပြုလေ.ရှိသော ပြည်လမ်းဘက်မှ မုခ်ဦးရှိရာဝင်ထွက်ပေါက်မှာ အလွန်သန်.ရှင်းလေသည် ။ သို.သော်လည်း အသင်သည် ထိုလေဆိပ်ဝင်ပေါက်မှ မ၀င်မထွက်ပဲ အလုပ်သမားများ ၊ လက်လုပ်လက်စားများဝင်ထွက်ကြရာ ပုရွက်ဆိပ်ကုန်း ဘူတာဘေး ၀င်ပေါက်မှ ၀င်လာပါက အင်မတန်ကြီးမားသော လမ်းဘေးအမှိုက်ပုံကြီးများကိုအစီအရီ တွေ.မြင်ရပေမည် ။ ရန်ကုန်လေဆိပ်တစ်ခုထဲမှာပင်ရှေ.ဘက်ဝင်ပေါက် နှင်.နောက်ဘက်ဝင်ပေါက်မှာ သူဌေးအိမ်နှင်.ဆင်းရဲသားအိမ်ကွာသလိုကွာတာကိုတွေ.မြင်ရပေလိမ်.မည် ။ ထိုအခါ ပြည်လမ်းမကြီးပေါ်ကိုကြည်.၍ချီးမွမ်းခန်းဖွင်.လာသော နိုင်ငံခြားသားကို မချိပြုံးပြုံးပြရုံကလွဲ၍ အားရပါးရ၀င်ရောက်ထောက်ခံဆွေးနွေးဖို.အရေးကိုမူ ကိုရွှေမြန်မာ ဧည်.လမ်းညွှန်များမှာ မ၀ံ.မရဲဖြစ်နေခဲ.ရစမြဲဖြစ်သည် ။ ရန်ကုန်လေဆိပ်ကြီးနှင်. ခဲတစ်ပစ်စာ သာသာ လောက်ပဲဝေးသော ကျွန်တော်တို.မြောက်ဥက္ကာပ မြို.တော်ကြီးတွင်နေထိုင်သူများအတွက်မူကား အမှိုက်ဆိုသည်မှာ အမြဲထာဝရ အမှိုက်ကန်ထဲမှလျှံထွက်ကာ လမ်းပေါ်တွင်မြင်မကောင်းအောင်သောင်တင်နေသော အနံ.ပေါင်းစုံအော်ဂလီဆန်စရာပစ္စည်းတစ်ခုဖြစ်ကြောင်း ကလေးလူကြီးမရွေး အားလုံး သိနေကြသောအမှတ်အသားသာဖြစ်ပေသည် ။ ထိုသို.လမ်းပေါ်ဝယ်အမှိုက်တဖွေ.ဖွေး ယင်တလောင်းလောင်းဖြစ်နေသောဧရာမအမှိုက်ပုံကြီးများကိုတွေ.ရပါများသဖြင်. တစ်ခါကကျွန်တော်သည် မြို.နယ်စည်ပင်ရုံးမှတာဝန်ရှိသူတစ်ဦးကိုမေးကြည်.ဖူးသည် ။ “ အမှိုက်တွေဟာ လမ်းပေါ်မှာ မြင်မကောင်းအောင်ဘာလို. လျှံကျနေတာလဲ ၊ ဘာလို.စည်ပင်သာယာကလာ မှန်မှန်လာမသိမ်းတာလဲ “ ထိုအခါ တာဝန်ရှိသူတစ်ဦးကဤကဲ.သို.ဖြေ၏ ။ “ ကျုပ်တို.လဲ အမှိုက်မှန်မှန်သိမ်းချင်ပါတယ် ၊ ဒါပေမယ်. တစ်မြို.နယ်လုံးအတွက်အမှိုက်သိမ်းဖို. ကားကမလောက်ဘူး ၊ ကား (၆ ) စီးပဲရှိတာ (၃) စီးကပျက်နေတယ် ..ကျန်တဲ.သုံးစီးကလဲ တော်တော် ဟောင်းနွမ်းနေပြီ ၊ ခပ်ယဲ.ယဲ.ပဲရှိတော.တယ် “ ကားပျက်တွေကိုပြင်မပေးသော ဌာနဆိုင်ရာကိုပဲအပြစ်တင်ရမည်လား ၊ ကားတွေလုံလောက်အောင်ထားမပေးသော စီမံခန်.ခွဲမှုညံ.ဖျင်းတာကိုပဲ လက်ညှို.ထိုးရမလား ၊ ကားမလုံလောက်တာကိုအထက်သို.ရဲရဲဝံ.၀ံ.မတင်ပြပဲ မလုပ် မရှုပ် မပြုတ် မူဖြင်. ပြည်သူတွေကို အမှိုက်တွေနှင်. ပစ်ထားသော အရာရှိဆိုးကိုပဲ ခေါင်းတည်ပြီး တရားခံသတ်မှတ်ရမလား ။ အမှိုက်တွေကတော. လူတွေသွားလာနေသောလမ်းမကြီးတွေပေါ်အထိမြင်မကောင်းအောင်ရောက်ရှိနေခဲ.ပြီဖြစ်သည် ။ ရောက်စနေ.က ရန်ကုန်မြို.ကြီးသန်.ရှင်းပုံကို ချီးမွမ်းခဲ.သော တိုးရစ်များသည် နောက်ရက်အနည်းငယ်အတွင်း မြန်မာနိုင်ငံတစ်နံတလျားသို.ရောက်သွားသောအခါ မြန်မာ. အမှိုက်ကမ္ဘာတွင်လွှမ်းနေပုံကိုတအံ.တသြကြည်.ရှုကြရပြီး ရင်သပ်ရှုမောဖြစ်ကြ၏ ။ မန္တလေးမြို. ဦးပိန်တံတားသို.သွားရာလမ်းဝယ် ဧရာမအမှိုက်ပုံကြီးကိုတွေ.မြင် ရလျင် ဓါတ်ပုံရိုက်ကြ၏ ။မင်းကွန်း ပုထိုးတော်ကြီးအနီးဝယ်ကြွတ်ကြွတ်အိပ်များ ၊ အမှိုက်များပွစလောင်းလန်နေ၏ ။မင်းကွန်းသို.သွားသော မော်တော်ဆိပ်မှာ အမှိုက်တို.ဖြင်.မြင်မကောင်းအောင်ဖြစ်နေသည်။ပုဂံဘုရားတို.ကြားဝယ် အမှိုက်များပွနေကြသည် ။ ကမ္ဘာကျော်အင်းလေးကန်ကြီး သို.ရောက်သောအခါ သာယာလှပသော သဘာဝရှုခင်းများကို အလွန်သဘောကျကာ အလုအယက်ဓါတ်ပုံရိုက်ကြ၏ ။ သို.သော် ကျွန်တော်တို. ဧည်.လမ်းညွှန်များမှာ ဘုရားတနေရသည် ။ ဘုရား မလို.အဲဒိဘက်က စက်လှေဖြတ်မမောင်းပါစေနဲ. ။ဘုရာဘုရား ။ သို.သော် ကျွန်တော်တို.ဆုတောင်းပြည်.လေ.မရှိ ။ စက်လှေဆရာသည် သွားရလာရလွယ်သော ဟဲယားရွာမ ဘေး မြက်ခင်းစပ်စပ် ကိုင်းတောဘေးမှဖြတ်မောင်းရာ တစ်ရွာလုံးမှလာရောက်စွန်.ပစ်ထားသော အမှိုက်များမှာ အင်းလေးကန်နှင်.သဘာဝအလှနှင်. ပြောင်းပြန်အချိုးကျကာ ရေပေါ ပေါ်နေတာရော မြုပ်နေတာရော ကိုင်းပင်ထက်မှာတင်နေတာရော ၊ ရေထဲမှပေါလောမျောနေတာရော မြင်မကောင်းရှုမကောင်းတွေ.ရပါတော.သည် ။ ဧည်.လမ်းညွှန်လည်းမျက်နှာမဖော်ဝံ.တော.ပါပြီ ။ ထင်ထားသည်.အတိုင်းနေ.လည်စာစားချိန်တွင်ကိုရွှေတိုးရစ်များကမေးကြပါပြီ ။ “ နေပါဦး မင်းတို.နိုင်ငံမှာ အမှိုက်သိမ်းစနစ်ကောရှိရဲ.လား ၊ အမှိုက်ကိုဘယ်သူတွေကတာဝန်ခံပြီးသိမ်းတာလဲ ၊မင်းတိုနိုင်ငံမှာ မြူနီစီပါယ် ဌာနဆိုတာရော ရှိသလား “ ထိုအခါကျွန်တော်တို.မှာ မည်သို.မျက်နှာထားရပေတော.မည်နည်း ။ ရန်ကုန်မြို.မှအစ အင်းလေးကန်အဆုံးဖြစ်ချင်တိုင်းဖြစ်နေကြပုံများမှာ နိုင်ငံခြားသားများအတွက်တော.အံ.သြကုန်နိုင်ဖွယ် ဖြစ်နေကြပါသည် ။ ကျွန်တော်တို.ဧည်.လမ်းညွှန်များသည်မြန်မာနိုင်ငံမှ ကမ္ဘာကျော်အထိမ်းအမှတ် များအကြောင်းကို နိုင်ငံခြားသားများ အား ဤ သို. ဂုဏ်ယူဝင်.ကြွားစွာဖြင်ရှင်းပြလေ.ရှိပါသည် ။ “ ဟောဒါကတော. ကျွန်းသစ်နဲ.ဆောက်ထားတဲ. ကမ္ဘာ.အရှည်ဆုံး တံတားကြီးပါ ၊ ဦးပိန်တံတားလိုခေါ် ပါတယ်“ “ ဟောဒါကတော. ကမ္ဘာ.အကြီးဆုံးမကွဲမအက်သေးတဲ.ခေါင်းလောင်းကြီးပါ ၊မင်းကွန်းခေါင်းလောင်းကြီးလို.ခေါ်ပါတယ်“ “ ဟောဒါကတော. ကမ္ဘာ.အကြီးဆုံးစာအုပ်ကြီးလို.တင်စားခေါ်ဝေါ ကြတဲ.စေတီကြီးပါ ၊ ကုသိုလ်တော်ဘုရားလို.ခေါ်ပါတယ် “ “ ဟောဒါကတော. အရှေ.တောင်အာရှရဲ. အမြင်.ဆုံးတောင်ထွတ်ပါ ၊ ခါကာဘိုရာဇီလို.ခေါ်ပါတယ် “ ထိုအခါ တစ်ခါတစ်ရံ ဧည်.သည်တိုးရစ်များကပြုံးစေ.စေ.ဖြင်.ကျွန်တော်တို.ကိုအောက်ပါအတိုင်းပြန်ပြောတတ်၏ ။ “ ဟောဒါကတော. ကမ္ဘာမှာ အကြီးဆုံးအမှိုက်ပုံ ကြီးဖြစ်ပါတယ် “ ဟူသတည်း ။ ရှက်ရလဲခက် ။ နာရလဲခက် ။အတော်အခံရခက်သောဖြစ်ရပ်ပါပေ ။ ထိုသို.ကဲ.ရဲ.ရှုတ်ချသံများကြားလာရသောအခါ ကျွန်တော်ကတော. Time Slip လို အတိတ်ကိုနောက်ပြန်သွားကာ ဒင်းတို.မြန်မာပြည်သို.စရောက်လာသော နေ.က ရန်ကုန်မြို. ပြည်လမ်း ပေါ်ဝယ် ချီးမွမ်းခဲ.ကြသောစကားများကိုသာ တစိမ်.စိမ်.ပြန်တွေးရင်း ကိုယ်ကိုယ်ကိုယ် အားတက်လာအောင်လုပ်ရလေသည် ။ ဘာတဲ. “ မင်းတို.ရန်ကုန်မြို.ကြီးဟာအမှိုက်တွေမရှိပဲ သန်.ရှင်းနေပုံဟာ အိမ်နီးခြင်းအရှေ.တောင်အာရှနိုင်ငံတွေထက်သာပါပေသည် “ တဲ. ။ ဒီစကားကြားရတာ အားရှိလိုက်ပါဘိ ။ သရ၀ဏ်(ပြည်)

No comments:

Post a Comment