Sunday, July 20, 2014

မီဒီယာဖိနှိပ်မှုရပ်တန့်ရေး ဆန္ဒထုတ်ဖော်သည့် သတင်းထောက်အား ပုဒ်မ(၁၈)ဖြင့် ဒဏ်ငွေနှစ်သောင်း ချမှတ်

မီဒီယာဖိနှိပ်မှုရပ်တန့်ရေး ဆန္ဒထုတ်ဖော်သည့် သတင်းထောက်အား ပုဒ်မ(၁၈)ဖြင့် ဒဏ်ငွေနှစ်သောင်း ချမှတ်

 

 သီဟလွင် - ပြည် (မြစ်မခ)


မီဒီယာဖိနှိပ်ရပ်တန့်ရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြသော ပြည်မြို့ခံသတင်းထောက်များမှ ဦးဆောင်သူ မဇ္ဈိမသတင်းထောက်ကိုရေခဲအား ပြည်မြို့နယ်တရားရုံးမှ ပုဒ်မ(၁၈)ဖြင့် ဇူလိုင်လ (၁၇)ရက်နေ့ ညနေတွင် ဒဏ်ငွေနှစ်သောင်းစီရင်ချက်ချမှတ်လိုက်ကြောင်းသိရသည်။
တရားဝင်စီတန်းလှည့်လည်ခွင့်မရရှိဘဲ ပြုလုပ်ခဲ့သည့်အတွက် ဦးဆောင်စာတင်ခဲ့သည့် မဇ္ဈိမသတင်းဌာနမှ သတင်းထောက် ကိုရေခဲအား ပြည်မြို့ အမှတ်(၂)မြို့မ ရဲစခန်းမှူး ဦးမျိုးမြင့်က တရားလိုပြုလုပ် တရားစွဲဆိုခဲ့ပြီး နှစ်လခွဲခန့်အကြာတွင် ပြည်မြို့နယ် တရားသူကြီး ဒေါ်စန္ဒာမှ သတင်းထောက်ကိုရေခဲအား ယခုကဲ့သို့ ဒဏ်ငွေ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ပြည်မြို့နယ် တရားရုံးမှ သိရသည်။
အခုတရားသူကြီးရဲစီရင်ချက်က တရားမျှတမှုရှိတယ်။ ဒီအမိန့်ကိုလက်ခံတယ်။ ဒါပေမယ့် ယူနတီ သတင်းသမားတွေကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ်လိုက်တာဟာ တရားမျှတမှုမရှိဘူး။ မီဒီယာကို ဖိနှိပ်ခြင်း သာဖြစ်တယ်။ ဒါကြောင့် မီဒီယာကိုဖိနှိပ်ချုပ်ချယ်ကန့်သတ်တာတွေ ရပ်တန့်ဖို့ ဆက်လက်တောင်းဆိုသွားမယ်ဟု မဇ္ဈိမသတင်းဌာနမှ သတင်းထောက် ကိုရေခဲက ပြောသည်။
ဧပြီလ (၂၅)ရက်နေ့က ပြည်မြို့ခံသတင်းထောက်များမှ မီဒီယာဖိနှိပ်မှုရပ်တန့်ရေးအပါအ၀င် ပိုင်နက်ကျူးလွန်မှု ၀တ္တရားနှောက်ယှက်မှုများဖြင့် ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရသော ကိုဇော်ဖေ အပါအ၀င် သတင်းထောက်များ လွှတ်ပေးရန်၊ ပြည်သူ ပိုင်ရုံးများတွင် သတင်းယူခွင့်ရရှိရန် ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
ဆန္ဒထုတ်ဖော်ရာတွင် ခွင့်ပြုချက် မရရှိသည့်အတွက် တာဝန်ရှိသူများက (၃)ကြိမ် တားမြစ်ခဲ့သော်လည်း ဆက်လက်ပြုလုပ်ခဲ့သောကြောင့် ဦးဆောင်သူ ကိုရေခဲအား တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ယူနတီသတင်းထောက်တွေကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ်လိုက်တယ် မွန်းတည့်နေဂျာနယ်က သတင်းသမားတွေကို ပုဒ်မအကြီးကြီးတွေတပ်ထားတယ်။  ဒီလိုမျိုးပြုလုပ်နေတဲ့အချိန်မှာ ကိုရေခဲကို ချမှတ်လိုက်တဲ့ အမိန့်ကနားလည်မှုတစ်ခုကိုဖြစ်စေတယ်။မဇ္ဈိမသတင်းဌာနမှ အယ်ဒီတာတစ်ဦးဖြစ်သူ ကိုဥာဏ်နိုင်လင်းကပြောသည်။
ဇူလိုင်လ(၁၅)ရက်နေ့ကလည်း ယူနတီသတင်းသမား ထောင်ဒဏ်(၁၀)နှစ်ချမှတ်ခဲ့ရခြင်းနှင့်ပတ်သက်၍ တရားမျှတမှုမရှိပဲ မီဒီယာများအား ဖိနှိမ်နေသည်ဟု ယူဆသောကြောင့်ပြည်မြို့ရှိသတင်းထောက်(၂၀)ဦးခန့်က တရားခွင့်ပြုချက်ရယူကာ ဆန္ဒဖော်ထုတ်မှုများပြုလုပ်ခဲ့သည်။

No comments:

Post a Comment