ပြောပြရင် ဒေါပွမှာလား
*****************
ပြည်သတင်းလူငယ်
ဒီတခါပြောပြချင်တာကတော့ လက်တလော ဖြစ်ပွားနေတဲ့ ပြည်မြို့က အကြောင်းလေးပါ ပြည်မြို့ပေါ်မှာ အခုလအတွင်း ကားမှန်ခွဲခြင်းကိစ္စများမကြာခဏဆိုသလိုဖြစ်ပွာလျှက် ရှိနေပါတယ် ပိုင်ရာ ဆိုင်ရာ များကို သွာရောက်တိုင်တန်းတော့လည်း ရဲအရေးပိုင် မဟုတ်သည့် ကိစ္စဖြစ်နေသောကြောင့် ကွဲသွားတဲ့ ကားမှန်ကွဲလေးများကို ထိုင်ကြည့်နေရုံမှတပါးအခြားမရှိတော့ပေ ရဲအရေးမပိုင်သဖြင့် ဆိုတိုင်းလည်း ရဲအလုပ်မဟုတ်တော့တာမဟုတ်ပါဘူး ပစ္စည်းဆုံးရူံးခြင်းသည် လုံခြုံရေးနှင့်သက်ဆိုင်သည် နေ့လည် လက်ဖက်ရည်ဆိုင်ထိုင် ညဖက် ဘီယာဆိုင်ရောက်နေတတ်တဲ့ အကျင့်ကလေးတွေကြောင့်လည်း လုံခြုံရေးကို ခပ်ထွေထွေလေးထမ်းဆောင်နေရတဲ့ ရဲဘော်တွေရှိနေသောကြောင့် ပြည်မြို့နေ အကြမ်းဖက်သောင်းကျန်းသူတွေအကြိုက်တွေ့နေပါတယ် ဒေသဆိုင်ရာ ရဲကိုကိုတို့ကလည်း ဒီကိစ္စကို ပြည်သူတွေအတွက်အမြန်ဆုံးဖြေရှင်းပေးစေလိုပါတယ် မြို့လယ်ခေါင်က လူသတ်မူ တံတားအောက်က လူသတ်မူတွေလိုတော့မဖြစ်စေချင်ပါဘူး အမြန်ဆုံးတရားခံကို မိအောင်ဖမ်းပေးပြီး ဖမ်းမိပါကလည်း ပြည်သူတွေသိအောင် ပြန်လည်တင်ပြပေးပါရန်ပြောချင်ပါတယ် ဒါ့ကြောင့် ပြောပြရင် ဒေါပွမှာလား:):):):)
ပြည်သတင်းလူငယ်
No comments:
Post a Comment