Wednesday, July 9, 2014

"ညတွေဆို ကျောင်းသားတွေက ဂစ်တာတီးမယ် အရက်သောက်မယ်အဲလိုတွေဖြစ်နေတယ် အဲလိုလုပ်ထားတာ အစိုးရရဲ့လုပ်ရပ်တွေ...ဟုကိုကျော်ဆွေပြော

"ညတွေဆို ကျောင်းသားတွေက ဂစ်တာတီးမယ် အရက်သောက်မယ်အဲလိုတွေဖြစ်နေတယ် အဲလိုလုပ်ထားတာ အစိုးရရဲ့လုပ်ရပ်တွေ...ဟုကိုကျေ
ာ်ဆွေပြော

*********************************************************************

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့မှာ 7.7.2014 ရက်နေ့မှာကျရောက်တဲ့ 7-July နေ့တွင် ဆန္ဒထုတ်ဖော်မှုဖြစ်ခဲ့ကြောင်းသတင်းရရှိခဲ့သည်။
အဆိုပါ 7-July နေ့တွင် ပြည်မြို့ပေါ်ရှိနိုင်ငံရေးတက်ကြွလှုပ်ရှားမှုအဖွဲ့များထဲမှ ကိုကျော်ဆွေ နှင့် ကိုဝင်းလှိုင် တို့မှ ဦးဆောင်ဆန္ဒထုတ်ဖော်ခဲ့
တာဖြစ်ပြီး ပြည်မြို့ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်နေရာတွင် စုရပ်အဖြစ် မနက် 9း00 အချိန်ခန့်မှာစတင်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး  7-July နေ့အမှတ်တရစကားများအပြင်
တောင်းဆိုချက်များကိုပါတောင်းဆိုဆန္ဒဖော်ထုတ်ခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ယနေ့မှာကျရောက်တဲ့ 7.7.2014 ရက်နေ့သည် စစ်အာဏာရှင်စနစ်ကို ရဲရဲဝံ့ဝံ့တော်လန်ခဲ့သော(၅၂)နှစ်မြောက်နေ့ထူးနေ့မြတ်ဖြစ်ပြီး ၁၉၆၂ ခုနှစ်တွင်
တော်လန်ရေးကောင်စီမှ အာဏာသိမ်းပြီးနောက် ကျောင်းသားအများစုကို ပိုမိုချုပ်ချယ်လာသည့်အပြင် နောက်ဆုံးတော့ ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးကိုပါ ဒိုင်းနမိုင်းဖြင့်
ဖြိုဖျက်ခံခဲ့ရသောနေ့တနေ့အဖြစ်  7-July နေ့အဖြစ်သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။အဆိုပါနေ့၏ မေ့မရနိုင်သောဖြစ်ရပ်တစ်ခုကတော့ ကျောင်းသားတို့၏ သွေးများ
ပေတစ်ရာလမ်းမပေါ်စွန်းထင်းခဲ့ရခြင်းနှင့် ကျောင်းသားခေါင်းဆောင်တစ်ဦးမှ ၄င်း၏သွေးဖြင့် ကျောင်းနံရံတွင် ...၇.၇.၆၂..မမေ့သင့်....ဟုရေးထိုးရင်းအသက်ပေးသွားခဲ့ခြင်း
ဖြစ်ပါသည်။

ဆန္ဒဖော်ထုတ်သူ ကိုဝင်းလှိုင်က .....
" ခွင့်ပြုမိန့်တင်ပါတယ် လက်သမားလမ်းနဲ့ ရွှေတစ်ချောင်းလမ်းကို သွားခွင့်မပြုဘူး သူတို့ကကြောက်နေပါတယ် ကျောင်းသားနဲ့ ကျွန်တော်တို့ပြည်သူတွေလက်တွဲမှာကို တော်တော်ကြောက်နေတယ် မြို့နယ်အုပ်ချုပ်ရေးမှုးနဲ့
မြို့နယ်ရဲတပ်ဖွဲ့မှုးက အလကားနေရင်းပိတ်ဆို့နေတယ် သူတို့ခွင့်ပြုပြုမမြုပြု ကိုယ့်လုပ်ရမဲ့ဟာမလို့လုပ်တာ" ...ဟုပြောကြားခဲ့သည်။

အဆိုပါဆန္ဒဖော်ထုတ်ရာတွင် ..ဆဲဗင်းဂျူလိုင်.....မမေ့နိုင် / ..စစ်မှန်သောဒီမိုကရေစီရရှိရေး.......ဒို့အရေး../ ..နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး......ဒို့အရေး.../ နိုင်ငံရေးအမှုများ ရုပ်သိမ်းပေးရေး...ဒို့အရေး../
ဖမ်းစီးခံ တောင်သူများ လွတ်မြောက်ရေး....ဒို့အရေး.../ တောင်သူလယ်သမား အမှုများ ရုပ်သိမ်းပေးရေး....ဒို့အရေး..ဟူသောကြွေးကြော်ဆန္ဒဖော်ထုတ်ခဲ့ကြောင်းသတင်းရရှိသည်။

ဆန္ဒဖော်ထုတ်သူ ကိုကျော်ဆွေက....
"ညတွေဆို ကျောင်းသားတွေက ဂစ်တာတီးမယ် အရက်သောက်မယ်အဲလိုတွေဖြစ်နေတယ် အဲလိုလုပ်ထားတာ အစိုးရရဲ့လုပ်ရပ်တွေပဲ ကျွန်တော်တို့အခုလမ်းပေါ်ထွက်လာတယ် ဘယ်သူမှမပူးပေါင်းဘူး ဒါဟာ
သူတို့ကိုချုပ်ချယ်ထားတယ်ဆိုတာထင်ရှားတယ် ခုချိန်ထိကျောင်းသာတွေချူပ်ချယ်ထားတုန်းပဲ ကျောင်းသားတွေက သူတို့ကိုသူတို့လွတ်လပ်တယ်ထင်နေတယ် ကျောင်းသားအများစုဟာ ဒီအစိုးရရဲ့လှည့်ကွက်ထဲဝင်နေတယ်
ကမ္ဘာ့အဆင့်မှီဖြစ်ချင်ရင် ဒီလိုပွဲတွေကိုရှောင်ရမယ်လို ဦးနှောက်ထဲရိုက်သွင်းထားတယ်  ကျောင်းသားတွေ ခေတ်အဆက်ဆက်ရပ်တည်ခဲ့တာ အခုမှ မထွက်တော့ဘူးဆိုတော့ ခေတ်အဆက်ဆက်ကရင်းခဲ့ရတဲ့သူတွေ
ရဲ့ သွေးတွေ ဘယ်လိုဆေးကျောလို့ရတော့မလည်း "...ဟုပြောကြားခဲ့သည်။


အမှတ်(၁)ရဲစခန်း စခန်းမှုးက....
"သတ်မှတ်ထားတဲ့နေရာတွေကို ကျော်လွန်ပြီး ၀င်ရောက်တယ် လုပ်သင့်တာလုပ်မှာပါ သူတို့ကိုပြောပြီးသား မသွားရမဲ့နေရာတွေကို တားတယ်မရဘူး ဆက်သွားတယ်
ဒါကြာင့် လုပ်သင့်တာတော့လုပ်သွားမယ် " ဟု ပြောကြားသွားခဲ့သည်။....


အဆိုပါ  7-July နေ့တွင်ဆန္ဒထုတ်ဖော်ရာတွင် (မိမိလယ်ယာမြေများကို ပြန်လည်ရရှိရေးအတွက် တိုက်ပွဲဝင်ရင်း ပုဒ်မ(၄၄၇/၄၂၇..သစ်တောဥပဒေ)တို့ဖြင့် ထောင်ကျနေသော
တောင်သူလယ်သမားများ၊ရဲစခန်း၊တရားရုံးများတွင် အမှုရင်ဆိုင်နေရသော တောင်သူလယ်သမားများကို ချွင်းချက်မရှိလွှတ်ပေးရန် နှင့် ရုပ်သိမ်းပေးရန် ) တို့ကိုပါ တောင်းဆိုခဲ့သော ဗီနိုင်းပိုစတာတစ်ခုကို
ကိုင်ဆောင်၍ဆန္ဒထုတ်ဖော်ခဲ့သည်။ အဆိုပါဆန္ဒဖော်ထုတ်ရာတွင် ဆန္ဒဖော်ထုတ်သူ ကိုကျော်ဆွေ/ကိုဝင်းလှိုင်/ကိုကျော်ကျော်ဦး တို့အပြင်အခြားစိတ်ပါဝင်စားသူ(၁၀)ဦးခန့်ရှိပြီး ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်မှ
 ရွှေဆံတော်ဘုရားကြီး မြောက်ဘက်မုဒ်ဝတွင်(၅-မိနစ်)ခန့် ဟောပြောပြီးနောက် ရွှေဆံတော်ဘုရားကြီးမြောက်စောင်းတန်းလမ်း မှ တစ်လမ်းမောင်း၊ရွှေတစ်ချောင်းလမ်း မှ ပြည်တက္ကသိုလ်ကျောင်းကြီး
အရှေ့တွင်(၇-မိနစ်)ခန့်  7-July နေ့အကြောင်းဟောပြောခဲ့ပြီး ဆန္ဒဖော်ထုတ်မှုကို မနက်(10း45)မိနစ်အချိန်တွင် ပြီးမြောက်ခဲ့သည်။
သတင်း နှင့် ဓါတ်ပုံ......
                                                                                                                                                                                         ပြည်သတင်းလူငယ် (ပြည်သတင်း)



No comments:

Post a Comment