မြန်မာ့အောင်ဘာလေထီကို အက္ခရာ အလုံး ၃၀ (က မှ သ အထိ) ထုတ်ဝေနေရာကနေ လာမယ့် စက်တင်ဘာကနေစပြီး အက္ခရာအလုံး ၄၀ (က မှ ကဇ အထိ ) ရိုက်နှိပ်ဖို့ စီစဉ်နေတယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အောင်ဘာလေ ထီဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က ဆိုပါတယ်။ မိုးရာသီကို ကျော်လွန်ပြီး ပွင့်လင်းရာသီ ရောက်လာချိန်မှာ အောင်ဘာလေထီရဲ့ ဝယ်လိုအား မြင့်လာမှာဖြစ်တာမို့ လာမယ့် စက်တင်ဘာလမှာ အက္ခရာ လေးဆယ် ရိုက်နှိပ်ဖို့ ပြင်ဆင်ထားတာ ဖြစ်တယ်လို့လည်း ဦးသိန်းနိုင်က ဆိုပါတယ်။
ထီအက္ခရာတွေကို အရင်က ၃၆ လုံး (က မှ ကဂ) ရိုက်နှိပ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဧပြီလ အရောင်းကာလက စတင်ပြီး အလုံး ၃၀ (က မှ သ အထိ) ပြောင်းလဲ ရိုက်နှိပ်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာ့အောင်ဘာလေ ထီဟာ သြဂုတ်လ ၁ ရက်နေ့မှာ ထွက်မယ့် (၂၀၇) ကြိမ်မြောက် ကနေ စတင်ပြီး ထီဆုကြီးတွေ ပေးတဲ့ ပုံစံကို မင်္ဂလာစုံတွဲ စနစ်ကနေ ပဒေသာစနစ်ကို ပြောင်းပြီး ချီးမြှင့်မယ့် ဆုအရေအတွက် ကိုလည်း ထပ်တိုးမြှင့်ထားတယ်လို့ သိရပါတယ်။
“အောက်တိုဘာတော့ သိပ်မသေချာဘူး။ စက်တင်ဘာလ ရောင်းဖို့အတွက်တော့ အက္ခရာ လေးဆယ် (က မှ ကဇ အထိ) ရိုက်နှိပ်သွားမှာပါ” လို့ ဦးသိန်းနိုင်က ဆိုပါတယ်။
The Voice Weekly
No comments:
Post a Comment