ရေစုန်လား ရေဆန်လား
သရ၀ဏ်(ပြည်)
“ စာတစ်ပုဒ်.ရေးလိုက်တဲ.အခါ စာမူခ ရဖို.ပဲလဲရည်မှန်းချက်ထားပြီးမရေးဘူး ၊ နာမည်ကြီးပါစေလို.လဲရည်မှန်းချက်ထားပြီးမရေးဘူး၊ ဆိုင်ဆိုင်မဆိုင်ဆိုင်အစိုးရကိုဆော်လိုက်မယ်လို.လဲရည်မှန်းချက်မထားဘူး ၊ လူတွေကိုပညာတွေပေးလိုက်မယ်လို.လဲရည်မှန်းချက်မထားဘူး ၊ အယ်ဒီတာကိုဖားလိုက်မယ်လို.လဲရည်မှန်းချက်မထားဘူး ၊ NLD ကိုဖားလိုက်မယ်လို.လဲစိတ်ကူးမရှိဘူး ၊ ကိုယ်ရေးလိုက်တဲ.စာလေးတစ်ပုဒ် ဖတ်လို.ကောင်းပါစေဆိုတဲ.ရည်မှန်းချက် လူညစ်ပါတ်တွေကိုမီးမောင်းထိုးပြချင်တဲ.ရည်မှန်းချက် မြန်မာနိုင်ငံကြီးတိုးတက်စေချင်တဲ.ရည်ရွယ်ချက် အဓမ္မကို ဓမ္မက တွန်းလှန်နိုင်ရမယ်ဆိုတဲ.လောကသစ္စာ ပေါ်ပေါက်ရေး ရည်မှန်းချက်ပဲရှိပါတယ် “
အထက်ပါစကားများမှာ ကျွန်တော်စာရေးရာတွင် နာမည်ကြီးချင်၍ အယ်ဒီတာအကြိုက်လိုက်ကာ NLD ကိုဖားပြီးအစိုးရမကောင်းကြောင်းများရေးနေသည်ဟုစွပ်စွဲလာသူတစ်ဦးကို ပြန်လည်ရှင်းပြသောစာတစ်ပိုဒ်ဖြစ်သည် ။ ကျွန်တော်တို.စာရေးဆရာများသည် ယခုမှသာမဟုတ်ယခင်အတိတ်ကာလများကလည်းဤသဘောထားခံယူချက်မျိုး ရှိခဲ.ဖူးသည် ။ အမေရိကန်ပြည်ထောင်စုနှင်. ကွန်မြူနစ်မြောက်ဗီယက်နမ်စစ်ဖြစ်သောအခါ မြန်မာပြည်မှ စာရေးဆရာ ကဗျာဆရာအားလုံးလိုလိုသည် ဗီယက်နမ်စစ်ပွဲတွင်ပါဝင်ပါတ်သက်နေသော အမေရိကန်အစိုးရကို ဆန်.ကျင်ရေးသားခဲ.ကြပါသည် ။ ဤအဖြစ်အပျက်တွင် ကွန်မြူနစ်ဗီယက်နမ်များကိုဖားချင်၍ ၊ အမေရိကန်ကို ဆော်ချင်၍ မဟုတ် ၊ အမှန်နှင်.အမှား ၊ ဓမ္မနှင်.အဓမ္မကိုစဉ်းစားကြည်.သောအခါ ဗီယက်နမ်သည်သူ.မြေ ၊သူ.ရေကိုကာကွယ်စစ်ဆင်ရခြင်းဖြစ်သည် ။ အမေရိကန်စစ်တပ်သည် ကမ္ဘာ.အနောက်ခြမ်းမှ ပင်လယ်သမုဒ္ဒရာကိုဖြတ်၍ ရေခြားမြေခြားအထိ သူများနိုင်ငံတွင်တောင်ဗီယက်နမ်ကိုထောက်ခံကူညီကာကျူးကျော်စစ်ပွဲကိုလာဆင်နွှဲခြင်းဖြစ်သည် ။ အနိုင်ကျင်.ဗိုလ်ကျခြင်းဖြစ်သည် ။အာရှတွင်စစ်မီးမွှေးခြင်း ၊မတရားလုပ်ခြင်းဖြစ်သည် ။ထို.ကြောင်. စာပေအနုပညာရှင်များသည် ဗီယက်နမ်က တစ်ပြားမှလာမပေးသော်လည်း ကိုယ်.ထမင်းကိုယ်စားကာ စစ်ဆန်.ကျင်ရေး ကဗျာများ စာများကိုရေးသားခဲ.ခြင်းဖြစ်ပါသည် ။ မှန်သည်.ဘက်ကရပ်ခဲ.ခြင်းဖြစ်သည် ။ အနိုင်ကျင်.သူ အင်အားကြီးသူကိုဆန်.ကျင်ရှုတ်ချခဲ.ခြင်းဖြစ်သည် ။
၂၀၀၁ စက်တင်ဘာ (၁၁) ရက်နေ.က အိုစမာဘင်လာဒင်၏ အယ်လ်ကေဒါအကြမ်းဖက်အဖွဲ.အစည်း သည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို.ရှိ ကုန်သွယ်ရေးမျှော်စင် ညီနောင်နှင်.၀ါရှင်တန်ရှိ ပင်တဂွန်စစ်ရုံးတို.ကိုခရီးသည်တင်လေယာဉ်များအပိုင်စီးကာတိုက်ခိုက်ကြတော. တစ်ကမ္ဘာလုံးသည် အမေရိကန်ဘက်မှရပ်တည်ကာ စစ်သွေးကြွ အကြမ်းဖက်သမားများကိုဆန်.ကျင်ခဲ.ပါသည် ။ မြန်မာနိုင်ငံမှစာရေးဆရာများကလည်း အကြမ်းဖက်ဝါဒကိုရှုတ်ချသော စာများရေးကာ အမေရိကန်၏အကြမ်းဖက်မှုဆန်.ကျင်ရေးစစ်ပွဲကိုထောက်ခံခဲ.ကြပါသည် ။ ဆိုလိုသည်မှာ စာပေအနုပညာသမားများသည် လူတစ်ယောက် ၊အဖွဲ.အစည်းတစ်ခု ၊နိုင်ငံတစ်နိုင်ငံကို အခြေအမြစ်မရှိပဲ အမြဲတမ်းဆန်.ကျင်ရေးသားနေခြင်းမရှိသလို ၊အမြဲတမ်းသူဘာလုပ်လုပ်ထောက်ခံရေးသားနေစရာလဲမလိုပါ ။ အမှားအမှန်ကိုသာကြည်.၍ ဆန်.ကျင်သင်.က ဆန်.ကျင်ရမည်ဖြစ်ပြီး ၊ ထောက်ခံသင်.ကထောက်ခံရပေမည် ။ အဆိုးနှင်.အကောင်း ၊ အမှောင်နှင်.အလင်း ၊ အဓမ္မနှင်. ဓမ္မအားပြိုင်မှုတွင် အကောင်းဘက် ၊အလင်းဘက် ၊ ဓမ္မဘက်ကသာ ကျွန်တော်တို.ပါဝင်နိုင်ပါမည် ။ မသမာမှုကိုဇွတ်မှိတ်ထောက်ခံခြင်းဖြင်. ရေပွက်ပမာ ခနရလာသည်. လူ.ဘ၀သမိုင်းကိုအမည်းစက်မစွန်းစေချင်ပါ ။ အချိန်တန်တော.အားလုံးသည်သေကြရမည်.သူများသာဖြစ်သည် ။ ကိုယ်ရပ်တည်သောဘက်သည် မှန်ကန်ရဲ.လားဟုအမြဲတမ်းလိပ်ပြာမသန်.ရသောအဖြစ်များမှ အားလုံးကင်းလွတ်စေချင်ပါသည် ။ဤနေ၇ာ၌မေးစ၇ာ၇ှိလာသည်မှာ ဘယ်သူမှား၍ ဘယ်သူမှန်သနည်း ။ မည်သည်.အရာသည်အမှန်တရားနည်းဟူသောမေးခွန်းဖြစ်သည် ။
တစ်ခါကကျွန်တော်သည် ချောင်းလေးတစ်ခုကိုတွေ.ရာထိုချောင်းထဲမှရေများသည် အရှိန်အဟုန်ပြင်းပြင်းဖြင်. အနောက်မှအရှေ.သို.စီးဆင်းနေပါသည် ။ တစ်နေ.တွင်ထိုစမ်းချောင်းလေးအကြောင်းကို ကျွန်တော်၏ဇနီးနှင်. စကားစပ်၍ပြောရာ သူကစမ်းချောင်းသည် အနောက်မှအရှေ.သို.စီးသည်မဟုတ် ၊ အရှေ.မှအနောက်ကိုသာစီးခြင်းဖြစ်ကြောင်း ကျွန်တော်.စကားကိုဆန်.ကျင်ဘက်ပြောပါသည် ။ ကျွန်တော်ကလည်းအကြိမ်ကြိမ်မိမိ မျက်စေ.နှင်.တွေ.ခဲ.သူမို. ဇနီးပြောသည်ကိုလုံးဝလက်မခံပါ ။ ဇနီးသည်ကလည်း သူသည်လည်း မျက်စေ.ဖြင်. ယခုလေးတင်မြင်လာခဲ.ခြင်းဖြစ်ကြောင်းပြောသဖြင်.ကျွန်တော်တို.လင်မယားအငြင်းအခုန်ဖြစ်ကြပါသည် ။ ထိုအခါ လောင်းကြေးစားကြေးဖြင်. အလျော်အစား ညှိနှိုင်းစိမ်ခေါ်ကြပြီး ကျွန်တော်တို.လင်မယားသည် အရှေ.မှအနောက်လော ၊အနောက်မှအရှေ.လောဟူသည်.ပြသနာကိုလက်တွေ. ရင်ဆိုင်ဖြေရှင်းရန်စမ်းချောင်းရှိရာသို.ထွက်လာကြပါသည် ။ စမ်းချောင်းဆီသို.ရောက်သောအခါ နှစ်ယောက်စလုံး အရှုံးအနိုင်မပေါ်သောအဖြစ်ကိုတွေ.ရပါသည် ။ဖြစ်ရပုံမှာ ချောင်းထဲမှရေသည် ဘယ်ဘက်ကိုမှမစီးပဲ တန်.နေပါသည် ။ ရေအီသည်ဆိုသည်မှာ ဒါမျိုးကိုပြောတာဖြစ်မည် ။ အဖြစ်မှန်မှာ ရွှေလှေချောင်းဟုခေါ်သောဤစမ်းချောင်းကလေးသည် ငမိုးရိပ်ချောင်း၏လက်တက်ကလေးတစ်ခုဖြစ်သည် ။ ငမိုးရိပ်ချောင်းသည်ရန်ကုန်မြစ်နှင်.ဆက်နေပြီးဒီရေအတက်အကျရှိရာ ဒီရေတက်လာသောအခါ ချောင်းသည် အရှေ.မှအနောက်သို. ပြောင်းပြန်စီးလေ.ရှိပြီး ၊ သာမန်အချိန်များနှင်. ဒီရေကျနေသောအချိန်များးတွင် ချောင်းရေသည် အနောက်မှအရှေ.သို.စီးပါသည် ။ ရေတက်ချိန်ကိုသာမြင်တွေ.လာသောကျွန်တော်.ဇနီးက ချောင်းသည်အရှေ.မှအနောက်သို.စီးသည်ဟုသာ ထင်နေပြီးကျွန်တော်လည်း ဤရပ်ကွက်သို.ပြောင်းလာကာစဖြစ်၍ ဒီရေအကြောင်းမသိသဖြင်. အနောက်မှအရှေ.သို.သာစီးကြောင်းတရားသေ ယူဆထားခြင်းဖြစ်သည် ။ ဤအဖြစ်အပျက်ဖြစ်ပြီးသည်မှစ၍ ကြီးမားသောသင်ခန်းစာတစ်ခုကျွန်တော်ရလိုက်သည်မှာ ကိစ္စတစ်ခုကိုအမှားအမှန်ငြင်းခုန်တိုင်း သူလဲမှန်နိုင်သည် ဟူသော အယူအဆ (၀ါ) ငါ မှန်၍သူအမြဲမှားသည် ဟုတဖက်သတ်မယူဆတော.ခြင်း ၊မျှမျှတတစဉ်းစားတတ်လာခြင်းဖြစ်သည် ။ သို.သော်အမှန်တရားဆိုသည် မှာ လိမ်ညာဖုံးကွယ်၍ရကောင်းသောအရာမဟုတ်ပါ။ဘယ်သူမှန်၍ဘယ်သူမှားသည်ကိုအချိန်ကအဆုံးအဖြတ်ပေးမည်ဖြစ်သည် ။ အမှန်တရားဆိုသည်မှာ မိမိတစ်ယောက်ထဲ ၊ တစ်မိသားစုထဲ၊ တစ်ဖွဲ.တည်းအတွက် မှန်ကန်နေသောအကြောင်းအရာကိုဆိုလိုသည်မဟုတ် ပြည်သူလူထု သိန်းနှင်.သန်းနှင်.ကုဋေ နှင်.ချီ၍ အားလုံးအတွက်မှန်နေသော အမှန်တရားကိုဆိုလိုပါသည် ။ မြန်မာ.နိုင်ငံရေးတွင် အဓိကငြင်းခုန်နေရသောပြသနာမှာ တပ်မတော်နှင်.ပါတ်သက်၍ စစ်တပ်ဘက်တော်သားများနှင်. ဒီမိုကရေစီဘက်တော်သားများ အမြင်ကွဲလွဲနေကြခြင်းဖြစ်သည်။ကျွန်တော်.အမြင်တွင် နှစ်ဘက်စလုံးသည် မိမိဖြတ်သန်းလာခဲ.ရသောရှုထောင်.အသီးသီးမှ ရပ်ကြည်.ပြီးပြောကြသည်ဖြစ်ရာု (ကျွန်တော်တို.လင်မယားချောင်းရေစီးပုံကိုငြင်းကြသလို)ကိုယ်.ဘက်နှင်.ကိုယ်မှန်နေကြမည်ဖြစ်သည် ။သို.သော်နှစ်ဘက်စလုံးကလက်ခံသောအမှန်တရားတော.ဖြစ်နိုင်မည်မထင် ။တပ်မတော်သည် နိုင်ငံရေးတွင် မိမိတန်ဖိုးကိုရှိသည်ထက်အဆများစွာပိုတွက်ထာပြီးအတိုက်အခံနိုင်ငံရေးအင်အားစုများဘက်မှာမူတပ်မတော်၏ အနေအထားကို လိုအပ်တာထက်လျှော.တွက်ထားခြင်းသည်ပြသနာ၏ဇာစ်မြစ်ဖြစ်နေသည် ။ ဥပမာ အကယ်၍ တပ်မတော်သည် ငါးကျပ်ဖိုးတန်ဘိုးရှိသည်ဟုဆိုလျင်အတိုက်အခံတို.ဘက်က တပ်မတော်၏တန်ဖိုးကို သုံည ( Zero ) အဆင်.ဟုရှုမြင်ပြီး တပ်မတော်ကိုယ်တိုင်ကမူ မိမိအဆင်.ကို တစ်ဆယ် ( 10 ) ဟုရှုမြင်ကြသည် ။ မည်သည်.ဘက်ကမှ တန်ဖိုးအမှန် ( 5 ) ကိုလက်သင်.မခံနိုင်ကြပေ ။ ဈေးအရောင်းအ၀ယ်ပြုရာ၌ ငါးကျပ်တန်ပစ္စည်းတစ်ခုကို ရောင်းသူက တစ်ဆယ်လိုချင်၍၀ယ်သူက တစ်ပြားမှမတန်ဟုဆိုနေသလိုဖြစ်နေပေရာ မည်သည်.နည်းနှင်.မျှ အရောင်းအ၀ယ်သင်.မြတ်စရာမရှိတော.ပေ ။ နိုင်ငံတစ်နိုင်ငံတွင်တပ်မတော်မရှိကမဖြစ်သလို ၊ တပ်မတော်မှနေရာတကာဝင်ပါလျင်လည်းမသင်.တော်ပေ
။အောက်ပါအချက်များသည် မြန်မာ.နိုင်ငံရေး၌ တပ်မတော် ဘက်တော်သားများ စစ်ဗိုလ်ချုပ်များ ၊ စစ်အစိုးရလိုလားသူများ ဘက်ကမြင်သောအမြင်နှင်. ဒီမိုကရေစီဘက်တော်သားများ ၊ အတိုက်အခံနိုင်ငံရေးအင်အားစုများ ၊ တိုင်းရင်းသားများဘက်မှယျေဘုယျအမြင်ဖြစ်သည် (တပ်မတော်၏အမြင်ကိုရှေ.မှရေးပြီး ဒီမိုကရေစီဘက်တော်သားများ၏အမြင်ကို ကွင်းစကွင်းပိတ်ဖြင်. ဖော်ပြပါသည် ) ။အမြင်ကွဲပြားမှုများကို အကျဉ်းချုံးဖော်ပြကြပါစို. ။
(၁) ၁၉၆၂ ခုအာဏာသိမ်းခြင်းသည် တပ်မတော်မှ နိုင်ငံတော်ချောက်ထဲကျရန် လက်နှစ်လုံးအလိုတွင်သမိုင်းပေးတာဝန်အရ ကယ်တင်လိုက်ခြင်းဖြစ်သည် ( ဗိုလ်ချုပ်နေ၀င်းသည် ၁၉၅၈ မှ ၁၉၆၀ အထိ အိမ်စောင်.အစိုးရအဖြစ်တာဝန်ယူရာမှ အာဏာ၏အရသာကိုသိသွားပြီး ဖက်ဒရယ်မူကြောင်.နိုင်ငံတော်ပြိုကွဲတော.မယောင်အကြောင်းပြကာ ၀န်ကြီးချုပ်ဦးနုထံမှမတရားအာဏာသိမ်းလိုက်ခြင်းဖြစ်သည် ) ။
(၂) ကျောင်းသားများသည်တိုင်းပြည်ဆူပူအောင် ကွန်မြူနစ်များနှင်.ပူးပေါင်းလုပ်ဆောင်နေသဖြင်. သူပုန်စခန်းသဖွယ်ဖြစ်နေသောကျောင်းသားသမဂ္ဂအဆောက်အဦကိုဗုံးခွဲဖျက်ဆီးလိုက်ရခြင်းဖြစ်သည် ( ဦးနေ၀င်း၏တစ်ပါတီအာဏာရှင်စနစ်ကိုဆန်.ကျင်ရာတွင် နိုင်ငံရေး အရ အတွေးအခေါ်မြင်.မားသောကျောင်းသားများကိုတမင်သက်သက်မုန်းတီးကြောက်ရွံ.စိတ်နှင်. ရာဇ၀င်တွင်မည်.အမည်းစက်ကြီးကိုကျူးလွန်ခဲ.ခြင်းဖြစ်သည်) ။
(၃) ၁၉၈၈ စက်တင်ဘာ (၁၈)ရက်နေ.တွင် တပ်မတော်ကအာဏာသိမ်းခြင်းမှာ တိုင်းပြည်ကို ပြည်တွင်းပြည်ပအဖျက်သမားများရန်မှ တပ်မတော်က ကယ်တင်ခဲ.ခြင်းဖြစ်သည် ( ပြုတ်ကျလုဆဲဆဲအသက်ငင်နေပြီးထွက်ပေါက်ပိတ်နေသော မြန်မာ.ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ နှင်. ဗိုလ်ချုပ်နေ၀င်းတို.ကိုကာကွယ်ရန် တပ်မတော်သည် ဒီမိုကရေစီတောင်းဆိုနေသောအပြစ်မဲ.ပြည်သူများကို ပစ်ခတ်နှိမ်နှင်းအာဏာရယူခဲ.ခြင်းဖြစ်သည် )
(၄) ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရသော အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ကို အာဏာလွှဲပြောင်းမပေးခြင်းမှာ ဖွဲ.စည်းပုံအခြေခံဥပဒေမရှိ၍ဖြစ်သည် ( N.L.D ပါတီအားအာဏာလွှဲအပ်လိုက်ပါက နုရင်ဘတ်စစ်ခုံရုံးကဲ.သို.သော စစ်ခုံရုံးဖြင်.အရေးယူခံရမည်ကို ဗိုလ်ချုပ်ကြီးအချို.ထိတ်လန်.ကြောက်၇ွံ.သောကြောင်.အာဏာလွှဲမပေးခြင်းဖြစ်သည် ) ။
(၅)၂၀၀၈ဖွဲ.စည်းပုံအခြေခံဥပဒေဖြင်.စည်းကမ်းပြည်.၀သောဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို.ချီတက်နိုင် သည် ( ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေသည် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် ပြည်သူ.ဆန္ဒမပါပဲ ရည်ရွယ်ရေးဆွဲထားသောဥပဒေဖြစ်သည် )
(၆) ဖွဲ.စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ) မှာ ပြည်ပစွက်ဖက်မှုမရှိစေရန် လိုအပ်ချက်အရ ထည်.သွင်းရေးဆွဲထားခြင်းဖြစ်သည် ( ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်စေ၇န်တမင်ရည်ရွယ်ထည်.သွင်းထားသော ပုဒ်မဖြစ်သည် )
(၇) အနာဂါတ်မြန်မာ.နိုင်ငံရေးတွင်တပ်မတော်သည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခွင်.ရှိသည် ( တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးကိုသာဆောင်ရွက်ရန်အဓိကတာဝန်ရှိပြီး နိုင်ငံရေးသည်တပ်မတော်၏အလုပ်မဟုတ်သဖြင်.ပါဝင်ရန်မသင်. )
(၈) တပ်မတော်သားများသည် နိုင်ငံတော်အတွက်အသက်စွန်.ပြီးတာဝန်ထမ်းဆောင်ရသဖြင်. သာမန်တိုင်းသူပြည်သားဝန်ထမ်းများထက်အခွင်.အရေးခံစားခွင်.ရှိသည် ( တပ်မတော်သားများသည် နိုင်ငံ.၀န်ထမ်းများသာဖြစ်ပြီး ဤအလုပ်ကိုလည်းမိမိဘာသာရွေးချယ်ခဲ.ကြသူများဖြစ်သဖြင်. အခြား နိုင်ငံ.၀န်ထမ်းများနည်းတူသာအခွင်.အရေးရသင်.သည်။အခြားလူများထက်အခွင်.အရေးပိုမယူသင်. )
(၉) တပ်မတော် မှအငြိမ်းစားယူထားသူ ဗိုလ်ချုပ်ကြီးများမိမိလစာဝင်ငွေနှင်.မလိုက်ဘက်အောင်အဆမတန်ချမ်းသာနေကြခြင်းမှာ ဥပဒေနှင်.အညီ ပြင်ပစီးပွားရေးလုပ်ငန်းများကိုလုပ်ကိုင်ကြသောကြောင်.ဖြစ်သည် ( ရာထူးနှင်.အာဏာကိုအသုံးချပြီး မတရားစီးပွားရှာသောကြောင်.အဆမတန်ချမ်းသာလာကြခြင်းဖြစ်သည် )
(၁၀ ) လွှတ်တော်တွင်တပ်မတော်က၀င်ပါနေရခြင်းမှာ နိုင်ငံရေးလိုအပ်ချက်ကြောင်.ဖြစ်သည် ( တပ်မတော်သည် ဒီမိုကရေစီမပေးချင်သဖြင်.လွှတ်တော်ကိုထိမ်းချုပ်ထားခြင်းဖြစ်သည် )
(၁၁) မြေယာသိမ်းယူမှုများမှာတပ်မတော်တပ်ရင်းတပ်ဖွဲ.များတိုးချဲ.ရာတွင်လိုအပ်၍ သိမ်းယူရခြင်းဖြစ်ပြီး မလိုအပ်သောမြေယာများကိုပြန်လည်စွန်.လွှတ်ပေးနေသည် ( ယခင်စစ်အစိုးရလက်ထက်တွင် တောင်သူလယ်သမားများ၏လယ်ယာမြေများကို လိုသည်ထက်ပို၍ သိမ်းယူကာစီးပွားရေးသမားများနှင်.ပေါင်းကာ ကိုယ်ကျိုးသုံးမှုများရှိနေခဲ.သည် )
(၁၂)တပ်မတော်သည်အမျိုးသားရေးကိုဘယ်တော.မှသစ္စာမဖောက် ( တပ်မတော်သည်ယခင်စစ်အာဏာရှင်ဟောင်းများနှင်. စီးပွားရေးလုပ်ငန်းရှင်ကြီးများကို အကာအကွယ်ပေးလွန်းနေသည် )
(၁၃) တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ.အချို.လက်နက်မစွန်.ချင်သဖြင်ပြည်တွင်းငြိမ်းချမ်းရေးမရနိုင်ပဲရှိသည် ( ဖက်ဒရယ်ပြည်ထောင်စုနှင်.ဖက်ဒရယ်တပ်မတော်ကို အစိုးရဘက်မှလက်ခံစေလိုသည် )
(၁၄)တပ်မတော်သည်ဒေသတွင်းနိုင်ငံများတွင်ကာကွယ်ရေးအသုံးစားရိတ်ကို အနည်းဆုံးအသုံးပြုသည် ( မြန်မာနိုင်ငံ၏ ပညာရေး ၊ကျန်းမာရေး ဘတ်ဂျက်နှစ်ခုပေါင်းထက် ကာကွယ်ရေးအတွက်သုံးသော ဘတ်ဂျက်မှာအဆများစွာပိုနေသည် ။ တိုင်းပြည်မတိုးတက်ခြင်းမှာ ကာကွယ်ရေးအသုံးစရိတ်ထောင်းနေ၍ဖြစ်သည် ) အထက်ပါအချက်များမှာတပ်မတော်အသိုင်းအ၀ိုင်းနှင်.ဒီမိုကရေစီအသိုင်းအ၀ိုင်းကြားတွင်ကွဲပြားနေသောအမြင်များဖြစ်သည်။ မည်သူမှန်၍ မည်သူမှားသည်ဟု ငြင်းခုန်နေကြခြင်းဖြင်.မြန်မာ.နိုင်ငံရေးသည်ကောင်းလာနိုင်စရာအကြောင်းမမြင် ။နှစ်ဘက်လုံးမှ အယူအဆများကိုနည်းနည်းစီလျှော.၍ ဆုံမှတ်တစ်ခုဆီသို. ရွေ.လာနိုင်မည်ဆိုပါက မြန်မာ.နိုင်ငံရေးသည် ကောင်းလာနိုင်ပေမည် ။ ထိုသို.မဟုတ်ပဲ မိမိသည်သာအမှန်တရားဟုဆက်လက်အတ္တကြီးနေကြပါက မြန်မာနိုင်ငံသည်ကမ္ဘာနှင်.ရင်ဘောင်တန်းဖို.အသာထား၍ အာဆီယံနိုင်ငံများအတွင်း သူတစ်ပါးနိုင်ငံရှိဒုက္ခသည်စခန်းများတွင်မြန်မာနိုင်ငံသားများသူတောင်းစာသာသာဘ၀ဖြင်.နေထိုင်ရခြင်း၊ ကျွန်သာသာဘ၀အခြေအနေဖြင်.ပြည်ပနိုင်ငံများတွင်ရရာအလုပ်လုပ်ကာကျီးလန်.စာစားနေထိုင်ရခြင်း ၊ သခင်မျိုးဟေ.ဒို.ဗမာဟူသောခေတ်မှသည် အိမ်ဖော်မျိုးဟေ.ဒို.ဗမာဆိုသည်အထိနိမ်.ကျလာခြင်း ၊ ပညာရေးတွင်တောကျောင်းသားနှင်.မြို.ကျောင်းသားကွာသလို မြန်မာကျောင်းသားနှင်. အာဆီယံကျောင်းသားများအဆင်.ကွာခြားလာခြင်း ၊ ကမ္ဘာ၌ခေတ်မီဆေးရုံကြီးများတွင် နှလုံးအစားထိုးကုသခြင်းကို အလွယ်တကူလုပ်လာနိုင်သောခေတ်ကြီးတွင် မြန်မာနိုင်ငံ၌ အူကျရောဂါခွဲစိတ်ရန်ပိုက်ဆံမတတ်နိုင်၍စိတ်ဓါတ်ကျကာမိမိကိုယ်ကိုအဆုံးစီရင်ရသောလူမမာပေါ်ထွန်းလာခြင်း ၊ မြန်မာသည်ကမ္ဘာပေါ်တွင်ကင်ဆာအဖြစ်များဆုံးနိုင်ငံစာရင်းတွင်ထိပ်ဆုံးမှပါလာခြင်း ၊ အစိုးရယန္တယားကြီးတစ်ခုလုံးသည်လဘ်မပေးပါကအလုပ်မလုပ်ကြတော.ခြင်း ၊ ဥပဒေကိုဖောက်ဖျက်သူများသာ အချိန်တိုအတွင်းကြီးပွားချမ်းသာလာကြခြင်း ၊ စက်မှုထုတ်ကုန်ဘာမှမရှိ ၊ကျွမ်းကျင်လုပ်သားဘာမှမရှိပဲစိုက်ပျိုးရေးထွက်ကုန်နှင်.သယံဇာတများကိုသာရောင်းစားနေရသောတောသား နိုင်ငံအဆင်.မှမတက်နိုင်ခြင်း၊ လူလတ်တန်းစားပျောက်ကွယ်သွားပြီး ချမ်းသာသူနှင်.ဆင်းရဲသူလူတန်းစားကွာဟမှုအလွန်ကြီးမားလာခြင်း၊အိမ်ငှားခ များဈေးကြီးလွန်းသဖြင်. နေစရာအခက်အခဲများရင်ဆိုင်လာရခြင်း ၊ ပြည်တွင်းစစ်ရပ်စဲဖို.ခက်ခဲခြင်း ၊ ဒုက္ခသည်များနေရပ်ပြန်မလာနိုင်ခြင်း၊စသည်များ သံသရာလည်ကာ အမှောင်ခေတ်မှမတက်နိုင်ပဲရှိလိမ်.မည် ။
ထိုအချက်များကိုကျွန်တော်တို.စာရေးဆရာများ ၊ သတင်းမီဒီယာများက တိုင်းပြည်ချစ်စိတ်ဖြင်.ထောက်ပြနေခြင်းဖြစ်သည် ။ ရေးသားနေခြင်းဖြစ်သည် ။ ငွေလိုချင်၍ရေးနေခြင်းမဟုတ် ၊ ဆူပူချင်၍ရေးနေခြင်းမဟုတ် ၊ တိုင်းပြည်ကို ပုန်ကန်နေကြခြင်းမဟုတ် ။ ထိုသို.အမှန်တွေကိုရေးကြသားကြသဖြင်.ကျွန်တော်တို.ကိုအမြင်ကပ်၍ ဖမ်းချင်လဲဖမ်းပါ ။တရားစွဲထောင်ချချင်လဲချပါ ။သို.သော်ဂျာနယ်လစ်များ၊စာရေးဆရာများကိုဖမ်းဆီးထောင်ချခြင်းသည် မှန်ကန်သောဖြေရှင်းနည်းမဟုတ် ။ပြသနာ၏အဖြေမှန်မဟုတ် ။သူ.ဘက်ကကြည်.တော.ရေဆန် ၊ကိုယ်.ဘက်ကကြည်.တော.ရေစုန်ဖြစ်နေနိုင်သောအမြင်များကိုအခြေခံ၍ညှိနှိုင်းတိုင်ပင်ကြစမ်းပါ။ တိုင်းပြည်အနာဂါတ်ကိုရှေ.ရှု၍ စစ်မှန်သောအမှန်တရားကိုနှစ်ဘက်စလုံးက အတ္တစွဲများခွာချပြီး နိုင်ငံချစ်စိတ်ဖြင်. ရှာကြစမ်းပါဟုတိုက်တွန်းရေးသားလိုက်ရပါသည် ။ သရ၀ဏ်(ပြည်) စောင်.ကြည်.ဂျာနယ် ၂၉.၇.၂၀၁၄

No comments:
Post a Comment