Thursday, July 31, 2014

အများပြည်သူ ကျောင်းသား ကျောင်းသူများ အန္တရာယ်ရှိနိုင်သော ဓါတ်တိုင်အား အစားထိုးလဲပေးပါရန် ပြည့်သဲမောင်(ပြည်)




အများပြည်သူ ကျောင်းသား ကျောင်းသူများ အန္တရာယ်ရှိနိုင်သော ဓါတ်တိုင်အား
အစားထိုးလဲပေးပါရန်

ပြည့်သဲမောင်(ပြည်)

ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပြည်မြို့လမ်းဘေးဝဲယာရှိ အချို့ဓါတ်
တိုင်တော်တော်များ များ၏အောက်ခြေများ သံချေးစားပြီး ပျက်လုနီးနီး
ရှိနေသည်ကိုလည်း တိုင်းလျှပ်စစ်ရုံး ၊မြို့နယ်လျှပ်စစ်ရုံးမှ တာဝန်ရှိသူများ နှင့်အများပြည်သူများအသိပင်ဖြစ်ပါသည်။

ထိုလမ်းဘေးဓါတ်တိုင်များသည် နှစ်ရှည်လများ မိုးဒဏ်လေဒဏ်ခံရ
မှုကြောင့် အောက်ခြေများသံချေးစားကာပျက်လုနီးနီးဖြစ်နေသည်ကိုလဲ
သိပါသည်။

မကြာသေးခင်ရက်ပိုင်းက တာဝန်သိတာဝန်ရှိ အများပြည်သူများက
အသိပေးခဲ့သဖြင့် ဗိုလ်ချုပ်လမ်း ရွှေဆံတော်ဘုရားဆိုင်ခန်းဆံသရှေ့
ဓါတ်တိုင် အဆက်နေရာအက်ကွဲ၍ လမ်းဘက်သို့စောင်းနေပြီး မိုးရွှာလျှင်ဓါတ်တိုင်မှဓါတ်လိုက်နေကြောင်း အကြောင်းကြား
ခဲ့ပါသည်။

ထို့ကြောင့်ကွန်ကရစ်ဓါတ်တိုင်နှင့်အစားထိုးလဲထားသည်ကိုလဲတွေ့မြင်ရ၍
အများပြည်သူများဝမ်းသာမဆုံးဖြစ်ရပါသည်။လျှပ်စစ်ရုံးမှတာဝန်ရှိသူများနှင့်
ဝန်ထမ်းများအားကျေးဇူးတင်ရပါသည်

ယခုအခါထိုဓါတ်တိုင်ကဲ့သို့ပင် ရွှေတစ်ချောင်းလမ်းနှင့်အုန်းတောလမ်းထောင့် တက္ကသိုလ်ရှေ့တိုးပြည်သျှံ စတိုးဆိုင်ရှေ့ (ဖော်ပြပါ ပုံပါ) ဓါတ်တိုင်သည် အောက်ခြေ
တွင် သံချေးများစားကာ လေတိုက်ခတ်ပြီးမိုးရွှာသွန်းချိန်တွင် ကျောင်းသား ကျောင်းသူ
များနှင့်အများပြည်သူများအတွက်အန္တရာယ်ရှိနေပါသည်။

သို့ပါသောကြောင့်တိုင်းလျှပ်စစ်ရုံးမှတာဝန်ရှိသူများနှင့်မြို့နယ်လျှပ်စစ်ရုံးမှတာဝန်ရှိသူ
များ၎င်းကောင်းအောက်ခြေသံချေးစားနေသောဓါတ်တိုင်နေရာတွင်အခြားကောင်းသော
ဓါတ်တိုင်ပြောင်းလဲအစားထိုးပေးပါရန် ကျောင်းသား ကျောင်းသူများနှင့်အများပြည်သူများ
ကိုယ်စားအပြုသဘောဆောင်၍ အ ကြောင်းကြားလိုက်ပါတယ်ခင်ဗျာ။

သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)

No comments:

Post a Comment