Monday, July 21, 2014

လွှတ်တော်ကိုယ်စားလှယ်တွေကို အိုင်စီတီနည်းပညာတွေ သင်ပေးမယ်

အိုင်စီတီမူဝါဒပိုင်းဆိုင်ရာတွေကို လွှတ်တော် ကိုယ်စားလှယ်တွေသိဖို့ သီရိလင်္ကာသမ္မတ အိုင်စီတီဆိုင်ရာ အကြံပေးနှစ်ဦးက သင်တန်းပို့ချမယ်လို့ သိရပါတယ်။

“ခေတ်တိုးတက်လာတာနဲ့အမျှ အိုင်စီတီတိုးတက်ဖို့ လိုအပ်လာတယ်။ လွတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးဖို့ဆိုရင် အသေးစိတ် သိဖို့လိုအပ်မယ်ထင်လို့ပါ” လို့ Myanmar ICT for Development Organization(MIDO) စီမံကိန်းမန်နေဂျာ ဒေါ်ထိုက်ထိုက်အောင်က ဆိုပါတယ်။

အဲဒီသင်တန်းကို ဇူလိုင်လ ၂၆ ရက်နေ့နဲ့ ၂၇ ရက်နေ့တို့မှာ ရန်ကုန်မြို့ အင်းယားကန်ဟိုတယ်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ပါတီပေါင်းစုံက လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦးခန့် တက်ရောက်မယ်လို့ သိရပါတယ်။

အဲဒီသင်တန်းမှာ သီရိလင်္ကာသမ္မတ အိုင်စီတီဆိုင်ရာ အကြံပေးနှစ်ဦးသာမက သီရိလင်္ကာ အိုင်စီတီအဖွဲ့အစည်း LIRNEasia က ပုဂ္ဂိုလ်တွေနဲ့ ပြည်တွင်းက ဘလော့ဂါ ဦးနေဘုန်းလတ်တို့ကလည်း ဝင်ရောက် ဆွေးနွေးမှာ ဖြစ်ပါတယ်။

MIDO ကလည်း ၂၀၁၃ ခုနှစ်နိုဝင်ဘာလတုန်းက အစိုးရဌာနာတွေက အရာရှိတွေနဲ့ သတင်းထောက်တွေကို ဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ ငါးရက်ကြာသင်တန်းတစ်ခု ပို့ချခဲ့ဖူးပါတယ်။

The Voice Weekly

No comments:

Post a Comment