လယ်တွေကိုသိမ်းပြီး ဂေါက်ကွင်းပြုလုပ်ထားတာကိုလယ်သမားတွေပြန်လည်ရယူရန်အတွက်ဆန္ဒပြတောင်းဆို
***************************************************************************
ပြည်သတင်းလူငယ်(ပြည်သတင်း)
ဇူလိုင်လ(၁၃)ရက်နေ့ညနေက ပဲခူးတိုင်း၊ပြည်မြို့တွင် လယ်တွေကိုသိမ်းပြီး ဂေါက်ကွင်းပြုလုပ်ထားတာကို လယ်သမားတွေက ပြန်လည်ရယူရန်အတွက်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
အဲဒီဂေါက်ကွင်းဟာ
ပြည်မြို့က အောင်လံဖက်ကိုအထွက်-ပြည်မှ (၅)မိုင်ခန့်အကွာတွင်တည်ရှိပြီး၊၁၉၇၆ ခုနှစ်မှာ
စစ်တပ် တပ်မ(၆၆)က ဧက(၁၁၁) ကို သိမ်းယူခဲ့ပြီး နောက်ထပ် ၁၉၈၂-ခုနှစ်မှာ လယ်ဧက(၇၂)ဧက
ကို ထပ်မံသိမ်းယူခဲ့ပါတယ် ။စုစုပေါင်း (၁၉၃)ဧက ကိုသိမ်းပြီးဂေါက်ကွင်းတခုပြုလုပ်ထားခဲ့တာ
ဖြစ်ပါတယ်။
၂၀၁၂ခုအောက်တိုဘာလကထဲက စပြီး နိုင်ငံတော်သမ္မတ၊သိမ်းစည်းခံလယ်ယာမြေနှင့်အခြားမြေများစုံစမ်းစစ်ဆေးရေးကော်မတီ၊နဲ့လွတ်တော်
ထဲထိ ကိုအကြိမ် ကြိမ်တိုင်ကြားခဲ့ပေမဲ့ ဒီနေ့ထိ ထူးခြားမလာခဲ့တာကြောင့် ပထမအကြိမ် ဂေါက်ကွင်းရှေ့ကိုသွားရောက်ပြီးဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
ဦးစိန်ထွန်း(သိမ်းစည်းခံ၊လယ်ယာမြေနှင့်အခြားမြေများစုံစမ်းစစ်ဆေးရေးကော်မတီ)
လွတ်တော်ကိုယ်စားလှယ်(ထန်းတပင်) က သူတို့ လယ်တွေကို ပြန်ပေးဖို့ကို လွှတ်တော်က ဆုံးဖြတ်ပေးပြီးသားဖြစ်တယ်၊မြို့နယ်ကပြန်မပေးတာ၊
နောက် ယခင် မြို့နယ်အုပ်ချုပ်ရေးမှုးဦးအောင်ဇော်ထက် က လယ်သမားတွေကို ခင်ဗျားတို့လယ်တွေက
လက်မှတ်ထိုးပြီး စွန့်လွှတ်လှူဒါန်းထားပြီးသားဆိုပြီး လယ်သမားတွေရဲ့လက်မှတ်အတုတွေနဲ့
ခေါ်ပြီး ပြတယ် လို့ အသိမ်းခံလယ်သမားတယောက်ကယခုလိုပြောပြပါတယ်။
။ဦးခင်ထွေး(တီတွတ်ကျေးရွာ)က
ယခုလိုပြောကြားခဲ့……..
လယ်တွေ သိမ်းပြီးဂေါက်ကွင်းလုပ်ထားတာ သူတို့ပျော်ဖို့ပါးဖို့
အတွက်လုပ်ထားတာ လယ်သမာတွေကတော့ဒုက္ခရောက်နေပြီး ဘာမှ နိုင်ငံတော်အတွက်လဲအသုံးမ၀င်ဘူး
ကျွန်တော်တို့ တောင်သူတွေကတော့လုံးဝ မကျေနပ်ဘူး တခှါဆန္ဒပြလို့မှမရ ရင်ထပ်ပြီး လုပ်သွားဦးမှာလို့
တောင်သူ ဦးခင်ထွေး(တီတွတ်ကျေးရွာ)က ပြောပြပါတယ်။
တောင်သူ မြင့်ထူးက ယခုလိုပြောကြားခဲ့……..
မြို့နယ် ခရိုင်တွေက လိမ်ညာနေဆဲပါ လက်မှတ်အတုနဲ့ ၅.၇.၂၀၁၃
ရက်နဲ့မှာ သေပြီးသားလူတွေရဲ့ လက်မှတ်ထိုးပြီးလှူဒါန်းတယ်လိုပြောတယ် မြို့နယ်အုပ်ချုပ်ရေးမှူးထက်ကပြောတာ
ပွင့်လင်းမြင်သာမှုမရှိလို့လည်း အခုလိုဆန္ဒဖော်ထုတ်ရတာပါ ဟု တောင်သူ မြင့်ထူးက ပြောကြားခဲ့သည်။
အဲဒီဂေါက်ကွင်းက
သီရီခေတ္တရာဂေါက်သီးရိုက်အသင်း အမည်ပေါက်အဖြစ် မြေစာရင်းမှာ စာရင်းသွင်းပြီးသားဖြစ်တယ်
အခုဒီဂေါက်ကွင်းက လန(၃၉)အမည်ပေါက်ပြီးသား ပြန်ပေးဖို့အစီအစဉ်မရှိဘူးလို့ ဂေါက်ကွင်း
ဥက္ကဋ္ဌ ဒေါက်တာတင်သိန်း ကယခုလိုရှင်းပြပါတယ်။
ဒီမြေကို(၁၉၈၂)ထဲကဂေါက်ကွင်းတစ်ဝက်စဖောက်လုပ်ထားတာ အခု
လန(၃၉)ရပြီးဖြစ်တယ်
အဲဒါကြောင့် ဒီဂေါက်ကွင်းကို ရပ်မိရပ်ဖလည်းမပိုင်ဘူး မြို့သူမြို့သားလည်းမပိုင်ဘူး
သီရီခေတ္တရာဂေါက်သီးရိုက်အသင်းကပဲပိုင်တယ် ဘယ်သူလာလာ နိုင်ငံတော်ရဲ့အမြင့်ဆုံးအဖွဲ့အစည်းရဲ့အမိန့်စာပြမှသာ
ပြန်ပေးနိုင်မယ်
လက်ရှိ ဒီဂေါက်ကွင်းမှာ အသင်းဝင်ပေါင်း(၂၀၀)ကျော်ရှိပြီးဒေသဆိုင်ရာအာဏာပိုင်များနဲ့အဆင့်မြင့်အာဏာပိုင်ကြီးများပါ
အဖွဲ့ဝင်အဖြစ်ပါရှိပြီး မြေယာပိုင်ဆိုင်မှု အမည်ပေါက်အဖြစ်ဂေါက်ကွင်းကော်မတီက ပိုင်ဆိုင်ထားကြောင်းသိရပါတယ်။
အဲဒီဆန္ဒပြပွဲကိုသိမ်းစည်းခံ လယ်သမား(၂၀)ခန့်က မနက်(၈း၃၀)ခန့်အချိန်မှ
(သီရိခေတ္တရာဂေါက်ကွင်း မှ နစ်နာကြေးတစုံတရာမပေးပဲ အခမဲ့ သိမ်းထားသည့် တောင်သူပိုင်
ဦးပိုင်ပေါက်လယ်လယ်ယာမြေများ အမြန်ဆုံးရရှိရန် ဆန္ဒထုတ်ဖော်ခြင်း) (လယ်သမားတွေဘ၀ပျက်အောင် လုပ်တဲ့ဂေါက်ကွင်း..အလိုမရှိ
/ တို့လယ်တွေသိမ်းပြီး ဂေါက်ကွင်းလုပ်ထားတာ…အလိုမရှိ / တိုင်ပြည်အတွက်အကျိုးမပြုတဲ့
ဂေါက်ကွင်း…အလိုမရှိ / ကျွန်တော်တို့အားကိုးရာမဲ့နေပါတယ် သမ္မတကြီး နှင့် တာဝန်ရှိလူကြီးမင်းများ
ကူညီဖြေရှင်းပေးပါ / ဟုဆိုသော
ဗိနိုင်းပိုစတာ(၅)ခုကိုကိုဆောင်ဆန္ဒဖော်ထုတ်ခဲ့ပြီး ထမ္မကောက်ရွာကနေ
တီတွတ်ရွာအထိ ပြည်-အောင်လံ လမ်းမကြီးပေါ်တွင် လမ်းလျှောက်တွင် (သီရိခေတ္တရာဂေါက်ကွင်းမှ
သိမ်းဆည်းထားသော လယ်/ယာမြေများ ပြန်လည်ရရှိရေး…ဒို့အရေး / ဆုံးရူံးနစ်နာတောင်သူများ
ဆင်းရဲသားပပျောက်ရေး…ဒို့အရေး / သက်ဆိုင်ရာလူကြီးများ အမြန်ဆုံးလာရောက်ဖြေရှင်းပေး..ဒို့အရေး)ဟုဆိုသော
ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ပြသခဲ့ကြပြီး၊ ဂေါက်ကွင်းရှေ့တွင်ခတ္တရပ်တံ့ဆန္ဒပြခဲ့ကာ
တီတွတ်တာဆုံအရောက်(၉း၃၀)အချိန်ခန့်တွင် ဆန္ဒဖော်ထုတ်မှုပြီးဆုံးခဲ့ပါသည် အဆိုပါဆန္ဒဖော်ထုတ်မှု့ကို
ခွင့်ပြုမိန့်ရထားပြီးဖြစ်ကြောင်းသိရသည်။
သတင်း နှင့် ဓါတ်ပုံ
ပြည်သတင်းလူငယ်(ပြည်သတင်း)
သတင်း နှင့် ဓါတ်ပုံ
ပြည်သတင်းလူငယ်(ပြည်သတင်း)
No comments:
Post a Comment