သဲကုန်းလယ်သမား(၁၁)ဦး
နှင့် ဗကသကျောင်းသားတစ်ဦးကို
ပိုင်နက်ကျူးလွန်မှုဖြင့် အမှုဖွင့်တိုင်တန်းခံရ

ပြည့်သဲမောင်(ပြည်)
သိမ်းဆည်းလယ်ယာမြေ
ပြန်လည်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲပြု
လုပ်နေသည့်ပဲခူးတိုင်း ပြည်ခရိုင် သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာ မှ
လယ်သမား(၁၁)ဦး နှင့် ၄င်းတို့အားအကူအညီပေးနေသည့် ဗကသကျောင်း

သားတစ်ဦးကို သဲကုန်းမြို့မရဲစခန်းတွင် ပိုင်နက်ကျူးလွန်မှုဖြင့်
တိုင်တန်းခံထားရ ကြောင်း သဲကုန်းစခန်းမှူးဒုရဲမှူးဇော်အောင်

ကပြောသည်။
"လယ်ယာ(၃)သမ၀ါယမကလာရောက်တိုင်တန်းတယ်။
လန(၃၉)ကျပြီးသားသူတို့အကွက်ထဲမှာဝင်ထွန်တယ်ဆိုပြီး။
ပိုင်ဆိုင်မှုသက်သေအထောက်အထားတွေအကုန်ပါတဲ့အတွက်
ရာဇ၀တ်မကင်းသောကျော်နင်းမှု ပုဒ်မ၄၄၇နဲ့အမှုဖွင့်ပေးလိုက်တယ်" ဟု
သဲကုန်းစခန်းမှူး ဒုရဲမှူးဇော်အောင်ကပြောသည်။
ဇွန်လ၄ရက်တွင် လယ်ယာလက်ကားသမ၀ါယမအသင်း အမှတ်(၃)လီိမီတက်

တာဝန်ခံ ကိုစိုးလှကတိုင်တန်းသည့်အတွက်
တိုင်တန်းခံထားရသူ(၁၂)ဦးကို
သဲကုန်းမြို့မရဲစခန်းတွင် (ပ)၇၈/၂၀၁၄ ပြစ်မှုပုဒ်မ ၄၄၇
ဖြင့်အမှုဖွင့်ထားသည်။

"
ဒီနေ့ဆက်ထွန်ဖို့လာတဲ့အချိန် ကျောင်းသားခေါင်းဆောင်တွေနဲ့
လယ်သမားတွေကို အမှုဖွင့်ထားတဲ့အကြောင်း ရှင်းပြလိုက်တယ်။
အာမခံပေးနိုင်တဲ့ အမှုဖြစ်တဲ့အတွက် ရဲစခန်းကိုလာရောက်ဖြေရှင်းဖို့
ပြောထားတယ်" သဲကုန်းစခန်းမှူး ဒုရဲမှူးဇော်အောင်ကဆိုသည်။
၂၀၁၁ခုနှစ်တွင် တပ်မ(၆၆) မှသိမ်းယူခဲ့ပြီး အောင်ကုန်းကျေးရွာ

မြောက်ဘက်ကွင်းအမှတ် ၉၂၂ နှင့် အောင်ကုန်းကျေးရွာတောင်ဘက်ကွင်း
အမှတ်၉၂၃ လယ်မြေ၂၁၇၄ဧက ကို အမှတ်(၃) လယ်ယာလက်ကား သမ၀ါယမ
အမည်ဖြင့်ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးက ငါးကန်လုပ်ငန်းများ
လုပ်ကိုင်လျှက်ရှိကြောင်းလယ်သမားများကပြောသည်။
ဓါးမဦးကျတောင်သူများ ဇူလိုင်၃ရက်မှစ၍ ထွန်တုံးတိုက်ပွဲများပြုလုပ်ခဲ့ရာ
ဇွန်လ ၅ရက်နေ့အထိ (၈)ဧကကျော်ထွန်ယက်စိုက်ပျိုးနိုင်ခဲ့ပြီး ဧက(၂၀၀)ကျော်
အလံစိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထွန်တုံးတိုက်ပွဲကိုကူညီနေသူ
လူ့ဘောင်သစ်လူငယ်အဖွဲ့မှကိုမာနော်ကပြောသည်။

တိုင်တန်းခံထားရသူများမှာ
ဗကသကျောင်းသား ကိုသီဟသန်းဝင်း နှင့်
ထွန်တုံးတိုက် လယ်သမားများဖြစ်သောဦးဝမ်းဇော် ၊ မဖြူ ၊ ဒေါ်သိန်းဌေး ၊

ဒေါ်လှကျင် ၊ ဒေါ်ကျင်သိန်း ၊ ဒေါ်စန်းဝင်း ၊ ဒေါ်ပုတို ၊ ကိုဖြူကြီး ၊
ကိုဇော်လေး ၊ ကိုစိုးပိုင် ၊ ကိုမင်းအောင် တို့ဖြစ်သည်။

လယ်ယာမြေများ
ပြန်လည်ရရှိရေးအတွက် တောင်သူများက
သပိတ်စခန်းဖွင့်ခြင်း၊ဆန္ဒပြဆုတောင်းပွဲပြုလုပ်ခြင်း

ကျိန်စာတိုက်ပွဲပြုလုပ်ခြင်း၊
အခေါင်းမီးရှို့ပွဲပြုလုပ်ခြင်း၊ ထွန်တုံးတိုက်ပွဲဆင်နွှဲခြင်း
များပြုလုပ်ခဲ့ပြီး ပုဒ်မ(၁၈)ဖြင့်လေးဦး၊ကျိန်စာတိုက်မှု ပုဒ်မ ၅၀၅(ခ)ဖြင့်ငါးဦး ၊ ဆုတောင်းဆန္ဒပြမှုပုဒ်မ၅၀၅(ခ)ဖြင့် လေးဦး တရားဆွဲဆိုခံရသည်။

သတင်း
ပြည့်သဲမောင်(ပြည်)
No comments:
Post a Comment