Sunday, June 22, 2014

ဘားကမ့်(ပြည်) ၂၀၁၄ မြို့ခံများ စိတ်ဝင်စားလာ ရေခဲ(ပြည်)

ဘားကမ့်(ပြည်) ၂၀၁၄ မြို့ခံများ စိတ်ဝင်စားလာ
ရေခဲ(ပြည်)

ပြည်၊ ဇွန် ၂၂
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့၌ ဇွန်၂၁ရက်နှင့်၂၂ရက်များတွင် ပြုလုပ်သည့် ဘားကမ့်(ပြည်)၂၀၁၄ကို ယ ခင်နှစ်ကထက် တက်ရောက်လာသူပိုများလာသည်ဟု အုပ်ချုပ်သူဦးရဲမြင့်အောင်ကပြောသည်။
“မနှစ်က မြို့ခံလူထုက သိပ်စိတ်မ၀င်စားကြဘူး။ ဒီနှစ်မြို့ခံလူထုက စိတ်ဝင်စားလာပြီး အင်တိုက်အား တိုက်ကူညီပေးတယ်။ မနှစ်က လူတစ်ထောင်ကျော်လောက်တက်တယ်။ ဒီနှစ်နှစ် ထောင်နီးပါးလောက် မှန်းတယ်” ဟု ဘားကမ့်(ပြည်)၂၀၁၄၏ အုပ်ချုပ်သူဦးရဲမြင့်အောင်က ပြောသည်။
ယခုနှစ်နည်းပညာပိုင်းဆိုင်ရာမျှဝေမှုများကို ယခင်နှစ်ကအတိုင်းအစုံအလင်ပါအောင်ပြုလုပ်ထားရုံမက လူ ငယ်များစိတ်ဝင်စားသည့် ဂီတ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူငယ်နှင့် နိုင်ငံရေးအမြင်စသည့် အကြောင်းအရာများကိုပါ ဆွေးနွေးမျှဝေနိုင်စေရန်စီစဉ်ထားသည်ဟု ၎င်းက ပြောသည်။
ဘားကမ့်(ပြည်)၂၀၁၄တွင် လာရောက်မျှဝေသည့် Trance Family Myanmar ဂီတအဖွဲ့မှ ကိုစိုစိမ်းလန်း က " Phone ringtone ဆိုတဲ့အဆင့်ကနေ ရုပ်ရှင်ကားကြီးတွေမှာ နောက်ခံတေး ဂီတအနေနဲ့ အသုံးပြုလို့ ရတဲ့အထိ ကျွန်တော်တို့ ဆွေးနွေးတင်ပြပေးတယ်” ဟု ပြောသည်။
၂၀၁၀ပြည့်နှစ်မှစ၍ Trance Family Myanmar ဂီတအဖွဲ့သည် electronic music တစ်မျိုးဖြစ်သည့် tran -ce music ကို ပြန့်ပွားစေရန် မြန်မာနိုင်ငံအနှံ့ပြုလုပ်သည့် ဘားကမ့်ပွဲများ၌ အဆိုပါဂီတကို မျှဝေပေးနေ ခြင်းဖြစ်သည်။
ထို့ပြင်အစိမ်းရောင်မျိုးဆက်အဖွဲ့မှ ဒေါ်ဒေ၀ီသန့်ဇင်က “ကမ္ဘာကြီး သက်တမ်းရှည်ဖို့အတွက်ဆိုရင် သာမန် မျိုးစေ့ကိုထားခဲ့လို့မရဘူး။ အစိမ်းရောင်မျိုးစေ့ကိုချခဲ့မှရမယ်။ ပေါ်လစီမိတ်ကာတွေမှာလည်း အစိမ်းရောင် အခြေခံရှိမှ တိုင်းပြည်ကို ပေါ်လစီချမှတ်တဲ့အခါ အစိမ်းရောင်အခြေခံပြီးစဉ်းစားမယ်” ဟုမဇ္ဈိမကို ပြော သည်။

တင်ဆက်သူ....ပြည်သတင်းလူငယ်(ပြည်သတင်း)

No comments:

Post a Comment