ပြည်၊ ဇွန် ၂၃
ပဲခူးတိုင်းအတွင်း စိုက်ပျိုးစရိတ် ချေးငွေကြွေးကျန်များစွာ ကျန်ရှိနေသ ဖြင့်လယ်ယာမြေပိုင်ဆိုင်ခွင့် မှတ်ပုံ တင်ပုံစံ(၇)အာမခံပေးနိုင်မှသာ ယခုနှစ်မိုး ရာသီစိုက်ပျိုးစရိတ်ငွေထုတ်ချေးနေသည်ဟု ပြည်မြို့၊ မြန်မာ့ လယ်ယာဖွံ့ ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်မီမီခိုင်ဝင်း က မဇ္ဈိမကို ပြောသည်။
“တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အရ အာမခံယူထားတာ။ ပဲခူးတိုင်းတစ်ခုလုံးမှာ အကြွေးတွေ မ ကျေဘူး။ဘာဖြစ်လို့ အကြွေးမကျေလဲလို့ လိုက်ကြည့်လိုက်တဲ့အခါ ပုံစံ(၇)ပိုင် ဆိုင်မှုတွေနဲ့ ငွေချေး တာမဟုတ်တဲ့အ တွက် ချေးငွေတွေက မမှန်ဘူး”ဟု ၎င်း က ပြောသည်။
ပြည်ခရိုင်တစ်ခုလုံးတွင် ယခင်နှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျန် ကျပ်သိန်းပေါင်း ၁၄,၆၅၃၊ ယခင်နှစ် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း ၅၂,၇၁၇ သိန်းကြွေး ကျန်အဖြစ်ရှိနေသည်ဟု ဌာန၏ စာရင်း များက ဆိုသည်။
စိုက်ပျိုးစရိတ်ချေးငွေချေးယူရာ တွင် ပုံစံ(၇) မရှိသေးသော စွန့်လွှတ် မြေများ၊ ပိုင်ဆိုင်ခွင့်အငြင်းပွား နေ သည့် လယ်ယာမြေများမှာ ယခုနှစ်စိုက်ပျိုးစ ရိတ်ချေးငွေ ရရှိနိုင်တော့မည်မဟုတ် ပေ။
“ကျွန်တော်တို့ ပေါင်းတည်မှာ လယ်ယာမြေမှတ်ပုံတင်နဲ့ပတ်သက်ပြီး လွဲမှားနေတာတွေရှိတယ်ဟု ပေါင်း တည် မြို့နယ်လယ်သမားသမဂ္ဂမှ ကိုတင်မောင်လှိုင်က ပြောသည်။
ကြေးတိုင်နှင့် မြေစာရင်းဌာနမှ ကွင်းဆင်းစစ်ဆေးမှုအားနည်းသဖြင့် လယ်ယာမြေစာရင်းများ မှန်ကန်မှုမရှိ ဖြစ်နေသည်ဟု လယ်သမားများက ပြောသည်။
ထို့အပြင် ဧပြီလ ၉ရက်က အမှတ် ၁၀ ခြေမြန်တပ်ရင်းမှ ပြန်ပေးထားသော ပေါင်းတည်မြို့နယ် ပေါက် မှော်ကြီး ကျေးရွာအုပ်စုမှ လယ်ယာမြေ (၇၈ ဒသမ၃၃)ဧကမှာလည်း မှတ်ပုံတင်ပုံစံ (၇)မရသေးကြောင်း ၎င်းက ဆိုသည်။
ပန်းတောင်းမြို့နယ်၌ လယ်သမား အရေးကူညီလှုပ်ရှားသူ ကိုပဲပဲက “ကွင်းလှကျေးရွာက လယ်ဧကနှစ်ရာ ကျော်က အရင်နှစ်က စိုက်ဘဏ်ချေးငွေရတယ်။ ဒီနှစ်မရဘူး။ တပ်သိမ်းမြေအရှုပ်အရှင်း ရှိတယ်ဆိုပြီး မြေစာရင်းက ပုံစံ(၇)လုပ် မပေးတာ”ဟု ပြောသည်။
ထို့အပြင် ပြည်မြို့နယ် ကျောက် အိုးကွင်း၊ သစ်ချေတင်ကွင်း၊ ထမ္မ ကောက်ကွင်း နတ်တလင်းကွင်းရှိ လယ် သမား ငါးဆယ်ခန့်သည်လည်း ယခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ မရတော့ဟု ဒေသခံတောင်သူကိုယ် စားလှယ် ဦးခင်ထွေးက ပြောသည်။
ပြည်မြို့၊ အမှတ်(၃)ရဲစခန်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူးရုံးက သိမ်းယူခဲ့ပြီး ၂၀၁၃ခုနှစ်တွင် အမည်ပေါက် လျှောက်ထားခဲ့သော ရွှေတံကားကွင်းရှိ လယ်ယာမြေ၄၀ဧကမှာလည်းပုံစံရမရသေးသဖြင့် ယခုနှစ်အတွင်း စိုက်ပျိုးစရိတ် ချေးငွေမသေချာတော့ဟု တောင်သူ မမြင့်သူဇာက ပြောသည်။
သတင်း နှင့် ဓာတ်ပုံ ရေခဲ(ပြည်)
တင်ဆက်သူ ပြည်သတင်းလူငယ်(ပြည်သတင်း)
No comments:
Post a Comment