Tuesday, June 24, 2014

ပြည်မြို့နေပြည်သူအများ သဘာဝဘေးအန္တရယ် ကျရောက်မှုရှိလာပါက အရေးပေါ် အကူအညီတောင်းခံနိုင်သော ဖုန်းနံပါတ်များ




 ပြည်မြို့နေပြည်သူအများ သဘာဝဘေးအန္တရယ် ကျရောက်မှုရှိလာပါက အရေးပေါ် အကူအညီတောင်းခံနိုင်သော ဖုန်းနံပါတ်များ
*********************************************************************************

ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ ပြည်မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ တပ်ရင်းရုံး၏ ဦးဆောင်မှုဖြင့် ပြည်မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့များစုပေါင်းကာ
ပြည်မြို့နေ ပြည်သူအများ သဘာဝဘေးအန္တရာယ်များကျရောက်လာပါက အရေးပေါ်အကူအညီ တောင်းခံနိုင်ရန် အတွက်  ပြည်မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ တပ်ရင်းရုံး မှ
ဒုတိယ တပ်ရင်းမှူး ဦးအုန်းလွင်  /   ပြည်မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ တပ်ရင်းရုံး မှ   တပ်စုမှူး ဦးကျော်ကြီး (သတင်း နှင့် ပြန်ကြားရေး)  တို့နှင့်အတူ ပြည်သတင်း မီဒီယာ
မှ  ဦးကျော်ဝင်းခိုင်(ပြည်သတင်းလူငယ် / ပြည်သတင်း) တို့မှ တိုင်ပင်ညှိနိုင်းကာ ပြည်မြို့နေ ပြည်သူအများ သဘာဝဘေးအန္တရာယ် ကျရောက်လာမှု့ဒုက္ခများကို ကူညီဖြေရှင်း
ပေးရန်အတွက် နှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကြီး၏  ရည်မှန်းချက်(၄)ရပ်ထဲတွင်ပါရှိသော ..............................................................

၁။   ။ မီးဘေးအန္တရာယ် ကာကွယ် / တားစီး / အသိပညာပေးရေး..........
၂။   ။ သဘာဝဘေးအန္တရာယ်များဖြစ်သော ရေဘေး / လေဘေး / မီးဘေး / ငလျှင်ဘေး နှင့် အခြားသဘာဝဘေးအန္တရာယ်ဘေးများကို ကာကွယ် / တားစီး / ကူညီရေး..........
၃။   ။ ရှာဖွေ ကယ်ဆယ်ရေး( ရေပေါ်/ရေအောက်) (မြေပေါ်/မြေအောက်)............................
၎။   ။ အများပြည်သူ အကျိုးပြုသောလုပ်ငန်းများကို ဆောင်ရွက်ရေး(ပညာရေး / ကျန်းမာရေး / လုံခြုံရေး / ရပ် / ရွာသန့်ရှင်းရေး ) .....

ဟုဆိုသော မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကြီး၏  ရည်မှန်းချက်(၄)ရပ်ကို  ပြည်မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ တပ်ရင်းရုံး၏ ဦးဆောင်မှုဖြင့် ပြည်မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့များ /
စိတ်ပါဝင်စားသော ပြည်သူအများ ပူးပေါင်းပါဝင်ကာ ဆောင်ရွက်လျှက်ရှိနေပါကြောင်း  ပြည်မြို့နေ ပြည်သူအများ အထက်ပေါ်ပြပါ သဘာဝဘေးအန္တရာယ်များကျရောက်လာပါက
လိုအပ်လျှင် လိုအပ်သလို အချိန်အခါ နေ့ရက်မရွေး ဆက်သွယ်အကူအညီတောင်းခံနိုင်ပါကြောင်း လေးစားစွာ အသိပေးတင်ပြအပ်ပါသည်။..

ဆက်သွယ်ရန်ဖုန်းနံပါတ်များ..........
၁။   ။  ပြည်မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ တပ်ရင်းရုံး...( 09 53 76 550 ).....( 09 31 59 28 27 )
၂။   ။  ပြည်မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ တပ်ရင်းရုံး ဒုတိယ တပ်ရင်းမှူး ဦးအုန်းလွင်...( 09 25 03 06 232 ).....
၃။   ။  ပြည်မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ တပ်ရင်းရုံး  တပ်စုမှူး ဦးကျော်ကြီး (သတင်း နှင့် ပြန်ကြားရေး)...( 09 53 11 015 ).....
၎။   ။  ပြည်သတင်း မီဒီယာ ဦးကျော်ဝင်းခိုင် (ပြည်သတင်းလူငယ် / ပြည်သတင်း)...( 09 40 16 16 323 ).....

တို့ကို ဆက်သွယ်နိုင်ပါကြောင်း အထူးလေးစားစွာဖြင့် အသိပေးအကြောင်းကြား တင်ပြအပ်သည်......

 ပြည်မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ တပ်ရင်းရုံး

ပြည်သတင်း.... 








No comments:

Post a Comment