မြောင်းရေအပင်ရင်းသို့ရေစီးရာမှသစ်ပင်အမြစ်ပွ၍လမ်းပေါ်သို့ပြိုလဲကျ
ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင်(၁၇.၆.၂၀၁၄)ရက်နေ့ နံနက်(၄း၃၀)အချိန်ခန့်က ဆံတော်ရပ်ကွက် နဂါးရုံလမ်းနှင့် အုန်းတောလမ်းမပေါ်တွင် လုံးပတ်(၆)ပေ အမြင့်(၂၀)ပေရှိ ကုက္ကိုပင်(၁)ပင်သည် မြောင်းရေစီးဆင်းရာမှ
သစ်ပင်အရင်း အမြစ်ပွ၍လမ်းမပေါ်သို့ကန့်လန့်အနေအထား ပြိုလဲကျခဲ့သည်။
“သစ်ပင်က အောက်ခြေမှာရေအမြဲရှိတော့ အမြစ်တွေပုတ်ပြီးလဲကျတာ ကျမတို့အိမ်ရှေ့အမိုးအစွန်းပေါ်ကို
ကျတာအိမ်ကလူတော့တယောက်မှမထိခိုက်ပါဘူး’’ဟုအပင်လဲကျရာနေရာထောင့်အိမ်က အိမ်ရှင်အမျိုးသမီး
တစ်ဦးကပြောသည်။မနကိအစောကြီးဖြစ်တာဆိုတော့ကျမတို့လဲဘာလုပ်ရမှန်မသိဘူး။အဲဒါနဲ့ မိုးလင်းမှဆံတော်
ရပ်ကွက်အုပ်ချုပ်ရေးရုံးနဲ့လျှပ်စစ်ရုံးကိုအကြောင်းကြားခဲ့တယ်လို့ ၄င်းကောင်းအမျိုးသမီးဆက်လက်ပြောပြခဲ့
သည်။
အဆိုပါ သစ်ပင်လဲကျရာသို့ ခရိုင်မီးသတ်ဦးစီးမှုး ဦးစီးအရာရှိ ဦးဝင်းညွန့်နှင့် သန္ဓေတပ်ဖွဲ့ဝင်များ ၊ဆံတော်အရန်
မီးသတ်တပ်ဖွဲ့ဝင်များ ၊ခရမ်းကုန်းအရန်မီးသတ်တပ်ဖွဲ့ဝင်များ ၊ပြည်မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးမြင့် နှင့်ရဲ တပ်ဖွဲ့ဝင် များ ၊ဆံတော်ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးညွန့်နိုင်နှင့်အဖွဲ့ဝင်များ ၊စည်ပင်သာယာရေးဦးစီးဌာနမှ ဦးထွန်းကိုဦးနှင့် ဝန်းထမ်းများ ၊ပြည်မြို့နယ်လျှပ်စစ်ရုံးမှဝန်ထမ်းများ ၊ရပ်ကွက်နေပြည်သူများ ရောက်ရှိခဲ့ကျပြီး ၄င်းလဲ ကျနေ သောကုက္ကိုပင်ကြီးအား ခုတ်ထွင်ရှင်းလင်းခြင်း ၊အမှိုက်များ ရှင်းလင်းခြင်း တို့ကိုဆောင်ရွက်ခဲ့ ကျ ကြောင်း သိရှိရသည်။
သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်).
No comments:
Post a Comment