တစ်သက်တာထာဝရ…….ခိုးလို.မ၀ကြသူများ သရ၀ဏ်(ပြည်)
တစ်သက်တာထာဝရ…….ခိုးလို.မ၀ကြသူများ
သရ၀ဏ်(ပြည်)
၈.၆.၂၀၁၄ နေ.က ပြည်မြို.၊ ရွှေဘုန်းပွင်.စာကြည်.အသင်းမှ အခမ်းအနားတစ်ခုဖိတ်သဖြင်.ကျွန်တော်သွားရ၏ ။ အခမ်းအနားမှာ စာရိတ္တဂုဏ်ရည်ဆုပေးပွဲအခမ်းအနားဖြစ်နေသည် ။ ထိုဆုကိုရသူမှာ ပြည်မြို.မှဆိုက်ကားဆရာတစ်ဦးဖြစ်သည်
။ အခမ်းအနားတွင် မုဒိတာစကားပြောခိုင်းသဖြင်. ကျွန်တော်နှင်. စာရေးဆရာ
မြ၀င်း ( ဒဿန )တို. ဂုဏ်ပြုအမှာစကားပြောခဲ.ရသေးသည် ။ ဂုဏ်ပြုပွဲဖြစ်ပေါ
်လာရခြင်းအကြောင်းမှာဤသို.ဖြစ်သည် ။
ပြည်မြို. ၊န၀င်းရပ် ၊ဖောင်တော်ဦးဘုရားလမ်းတွင်နေထိုင်သူ ကိုဆန်းဝင်း (၅၇ ) နှစ်သည် ဆိုက်ကားနင်း၍ အသက်မွေးဝမ်းကျောင်းသူတစ်ဦးဖြစ်သည်
။ အားလပ်ချိန်များတွင် ဘုရားလှည်.အလှူခံထွက်ရာတွင် နိဗ္ဖာန်ဆော်အဖြစ်လည်း
ဆောင်ရွက်လေ.ရှိသည် ။ ၃၁.၆.၂၀၁၄ နေ.တွင် သူသည် ဆိုက်ကားနင်းရင်း ပြည်မြို.
မြန်မာ.စီးပွားရေးဘဏ်ရှေ.တွင်ရပ်နေသည်
။ ထိုအချိန်တွင် အမျို.သမီးတစ်ယောက်သည် ဘဏ်ထဲမှ ငွေထုတ်၍ထွက်လာပြီး
ဘဏ်ရှေ. အများသုံးဖုန်းရုံတွင် ဖုန်းဆက်နေသည် ။ထိုအမျိုးသမီးသည်
ပြည်တစ်ဖက်ကမ်း ပန်းတောင်းမြို.မှ အစိုးရ၀န်ထမ်းတစ်ဦးဖြစ်သည် ။
ထိုအမျိုးသမီးသည် သူ၏ရုံးတွင်ဝန်ထမ်းလစာပေးရန် ငွေ သိန်း
(၉၀)ကိုလာထုတ်ခြင်းဖြစ်သည် ။ ဖုန်းပြောနေစဉ် သူ၏ရုံးမှကားတစ်စီးရောက်လာကာ
ဒုဝန်ကြီး မကြာမီရောက်လာတော.မည်ဖြစ်သဖြင်.အမြန်သွားကြရမည်ဟု ပြောသဖြင်. ဘေးတွင်ချထားသော ငွေထုတ်ကိုမေ.ကာ လူချည်းပဲကားပေါ်သို.တက်ကာလိုက်ပါသွားခဲ.သည်ဆို၏ ။ ကျပ်သိန်း(၉၀) ပါသော ငွေထုတ်သည် လမ်းဘေးဝယ်ပိုင်ရှင်မဲ.အဖြစ်ကျန်ရစ်ခဲ.ပါ၏ ။ ထိုငွေထုတ်ကို ဆိုက်ကားဆရာဦးဆန်းဝင်းကတွေ.သည်
။ ငွေထုတ်မှန်းတော.မသိ ။ ဘယ်သူကျန်ခဲ.မှန်းလည်းမသိ
။ပိုင်ရှင်လာယူနိုးဖြင်. သူစောင်.ကြည်.နေသော်လည်း အချိန်အတော်ကြာသည်အထိ
မည်သူမျှ လာမယူသဖြင်. မသမာသူများ ရယူသွားမှာစိုးသဖြင်.
အထုတ်ကိုယူကြည်.မိသည် ။
အထဲကိုဖွင်.ကြည်.သောအခါ ငွေတွေအများကြီးပါသောငွေစက္ကူထုတ်ကြီးဖြစ်နေသည်
။ ငွေအိပ်ပေါ်တွင် ပန်းတောင်းမြို. ဟုရေးထားသဖြင်. ပြည်-ပန်းတောင်း
ကားဂိတ်သို. ဆိုက်ကားဖြင်.သူလိုက်သွားသည် ။ အထုပ်တစ်ထုပ်ကောက်ရထားကြောင်း ၊
ပျောက်ဆုံးသူရှိမရှိ သူစုံစမ်းသည် ။ သို.သော်
မည်သူကမျှပျောက်သည်ဟုပြောသံမကြားရ
။ထို.ကြောင်. ဘဏ်ရှေ.သို.ပြန်လာခဲ.သည် ။ သို.သော်
သူ.နောက်သို.အမျိုးသားတစ်ယောက် ၊အမျိုးသမီးနှစ်ယောက် ၊ စုစုပေါင်း
လူသုံးဦးရောက်လာပြီး အမျိုးသမီးနှစ်ဦးက ပျောက်ဆုံးသွားသော အထုပ်မှာ
သူတို.ပစ္စည်းဖြစ်ကြောင်း ၊ထို.ကြောင်.သူတို.ကိုပေးပါဟုလာတောင်းသေးသည်
။ ထိုအခါကိုဆန်းဝင်းက ကိုယ်.ပစ္စည်းမှန်လျင် ပြန်ပေးပါမည် ။ သို.သော်
ယခုလိုလွယ်လွယ်မပေးနိုင် ၊ အထဲမှာဘာပစ္စည်းတွေပါသည်ကိုတိတိကျကျပြောရမည် ၊ပြောနိုင်လျှင် ရဲရှေ.တွင် အထုပ်ကိုပြန်လွှဲပေးမည်ဟုပြောလိုက်ပါသည် ။ ထိုအခါ ဥစ္စာရှင်လိုလိုဘာလိုလို နှင်.အချောင်လာနှိုက်သော လူသုံးဦးလည်းရှေ.ဆက်မတိုးရဲတော.ပဲဟိုလိုလိုသည်လိုလိုနှင်.လှည်.ပြန်သွားကြသည်
။ ငွေထုပ်ပေါ်တွင် ဘဏ်တံဆိပ်ပါသဖြင်. ဘဏ်ထဲသို.သွားကာ
လုံခြုံရေးဝန်ထမ်းများရှေ.တွင် ဘဏ်မန်နေဂျာအား အပ်နှံလိုက်ပါသည် ။
ထိုအချိန်တွင် မှ ငွေထုတ်ပျောက်သည်ကိုသိသော ၀န်ထမ်းအမျိုးသမီးသည်
ကမန်းကတန်း ဘဏ်သို.ပြန်လိုက်လာပါသည် ။ ဖုန်းဆက်သောနေရာတွင် ကြည်.ရာ
ပိုက်ဆံကိုမတွေ.ရတော.ပေ ။ ဘဏ်ထဲသို.၀င်၍ စုံစမ်းရာ ဘဏ်မန်နေဂျာ ပြောသဖြင်.
လူတစ်ယောက် ပိုက်ဆံထုပ်ကောက်ရသဖြင်.လာအပ်ထားကြောင်းသိရပြီး အထောက်အထားခိုင်လုံစွာပြောနိုင်သောကြောင်. ပိုင်ရှင်ဖြစ်ကြောင်းသေချာသဖြင်. အများရှေ.တွင်ပြန်လည်အပ်နှံခဲ.ပါသည် ။ထိုဝန်ထမ်းအမျိုးသမီးကကျေးဇူးတင်လွန်းသဖြင်. သူမ၏ လခတစ်လစာ ငွေတစ်သိန်းကျပ်အား ဦးဆန်းဝင်းကို ပေးအပ်ကန်တော.ခဲ.ပါသည် ။ ဦးဆန်းဝင်းကအကြိမ်ကြိမ်ငြင်းဆန်သော်လည်း ကျေးဇူးဆပ်သည်.အနေဖြင်. ချီးမြင်.ပါရစေဟုပြောကြားခဲ.ပါသည် ။
ထိုအဖြစ်အပျက်ကိုကြားသိရသော မြို.ခံ ရပ်မိရပ်ဖများ ၊ လူငယ်များသည် အလွန်နှစ်ထောင်းအားရရှိသောကြောင်. စေတနာရှင်များစုပေါင်းကာ ဦးဆန်းဝင်းအား စာရိတ္တဂုဏ်ရည်ဆုအဖြစ် အခမ်းအနားကျင်းပကာဂုဏ်ပြုခြင်းဖြစ်သည် ။ စေတနာရှင် ( ၇၀ ) ဦးခန်.မှ နည်းများမဟူဝိုင်းဝန်းလှူဒါန်းကြရာ ဦးဆန်းဝင်းအား စာ၇ိတ္တဂုဏ်ရည်ဆုတံဆိပ်နှင်.အတူ ခုနစ်သိန်း ငါးထောင်ကျပ်ကိုစုပေါင်းချီးမြှင်.နိုင်ခဲ.ပါသည် ။ ရိုးသားခြင်းဂုဏ်ရည်ကို ဆိုက်ကားဆရာဦးဆန်းဝင်းသည်ချက်ခြင်းလက်ငင်းပင်အကျိုးခံစားရလေပြီ
။ ထိုအခမ်းအနားသို. ဖိတ်ကြားသဖြင်. ကျွန်တော်တက်ရောက်ခဲ.ရာ အလွန်ပင်
မင်္ဂလာရှိလှပါသည် ။ တကယ်တော. ဤလို အခမ်းအနားမျိုးသည် လူငယ်တစ်စုက ၊
ရွှေဘုန်းပွင်.စာကြည်.အသင်းနှင်.ပေါင်းကာအကျဉ်းချုံးကျင်းပရမည်မဟုတ်
။ နိုင်ငံခြားတိုင်းပြည်များတွင် မြို.တော်ဝန် ၊မြို.တော်ကောင်စီစသော
မြို.နယ်နှင်.ဆိုင်သည်. အာဏာပိုင်အဖွဲ.အစည်းက
ခမ်းခမ်းနားနားကြီးမှူးကျင်းပရမည်.ပွဲဖြစ်သည်
။ မြန်မာပြည်မှာတော. တာဝန်ရှိသူများသည် မင်းပွဲ စိုးပွဲများ၊
လမ်းတံတားဖွင်.ပွဲများတွင် တက်ရောက်ဖဲကြိုးဖြတ်အမှာစကားပြောကြားသည် မှတစ်ပါး အခြားကိစ္စများ၌ သိပ်ပြီးအချိန်ပေးနိုင်ဟန်မတူချေ ။ တကယ်တော.ကျွန်တော်တို.သည် လူ.အသိုင်းအ၀ိုင်းတွင် စာရိတ္တမကောင်းသူများ ( ခိုးသူများ ) ကိုသက်ဆိုင်ရာကထောင်ဒဏ်အပြစ်ပေးသလို ၊ ရိုးသားသူများကိုလည်း သက်ဆိုင်ရာမှပင် အားပေး ဂုဏ်ပြုသင်.ပေသည် ။
ဦးဆန်းဝင်း ၏ရိုးသားမှုကိုတွေ.ရသောအခါ လူတော်တော်များများသည် အံ.သြကြ၏ ။ သူဌေးတစ်ယောက်ကထိုငွေများကိုပြန်ပေးသည်ဟုဆိုလျင်သိပ်ပြီးအံ.သြမည်မဟုတ်သော်လည်း လက်လုပ်လက်စား ဆိုက်ကားသမားတစ်ယောက်က သူ.ဘ၀တစ်သက်လုံး ပြောင်းလဲသွားနိုင်သော ငွေပမာဏယူထား၍ရလျက်နှင်.ရိုးရိုးသားသားပြန်ပေးတာ
ကိုအံ.သြကြသည် ။ သို.သော် ရိုးသားခြင်းဆိုသည်မှာ ရင်ထဲမှလာပါသည် ။ ဂုဏ်တွေ
ငွေတွေ ပကာသနတွေထဲမှ လာတာမဟုတ်ပါဟု ယူဆမိပေသည် ။
ပိုက်ဆံကျိကျိတက်ချမ်းသာသော်လည်း သူတပါးပစ္စည်းကိုအချောင်လိုချင်သောလောဘသားများလည်း ဤမြေ ဤရေပေါ်တွင်ဒုနဲ.ဒေးရှိနေသေးတာ မကြာခနကြားရဖတ်ရပေသည် ။
ဟိုတစ်လောကကျွန်တော်ကိုယ်တိုင်ပစ္စည်းတစ်ခုပျောက်ဖူးသည် ။ ပြည်မြို.မှ ရန်ကုန်သို. တိုးရစ်နှစ်ဦးနှင်.လာရာတွင် မှော်ဘီ အ၀င်တွင် လမ်းဘေးလက်ဘက်ရည်ဆိုင်တစ်ဆိုင်တွင် ကားရပ်၍ လက်ဘက်ရည်သောက်ပါသည် ။ ထို.နောက် ထွက်လာခဲ.ကြရာ ရန်ကုန်ရောက်မှ ကျွန်တော်.ကျောပိုးအိပ်ပျောက်နေမှန်းသတိထားမိပါသည် ။ သေသေချာချာပြန်စဉ်းစားသောအခါ မှော်ဘီမြို.အနီးလမ်းဘေးလက်ဘက်ရည်ဆိုင်တွင်ကျန်ခဲ.မှန်းသတိရပါသည်
။သို.သော် ကျွန်တော်သည် နိုင်ငံခြားသားကို ရန်ကုန်တွင် Sightseeing
လိုက်လံပြသနေရသဖြင်. အချိန်မအားသောကြောင်. ကျောပိုးအိပ်ကျန်ခဲ.ရာနေရာသို.ချက်ခြင်းပြန်မသွားဖြစ်ပါ ။ နှစ်ရက်ကြာမှပြန်သွားဖြစ်ပါသည် ။ထိုလက်ဘက်ရည်ဆိုင်ကိုတော်တော်ပင် အစုန်အဆန်လိုက်ရှာရပါသည် ။နောက်ဆုံးတွင်ဆိုင်ကိုတွေ.ပါသည် ။ အကျိုးအကြောင်းပြောပြရာ ဆိုင်ရှင်က သူတွေ.သဖြင်.သိမ်းထားပါသည်ဟုဆိုကာကျောပိုးအိတ်ကိုပြန်ပေးပါသည်
။ ကျောပိုးအိတ်ထဲတွင် ပိုက်ဆံအိပ်ပါရှိပြီး ပိုက်ဆံအိတ်ထဲတွင် ဒေါ
်လာအနည်းငယ်နှင်.မြန်မာငွေ ကျပ်ရှစ်သောင်းခန်.ပါပါသည် ။
မှတ်ပုံတင်ကဒ်ပြားနှင်. ဧည်.လမ်းညွှန်လိုင်စင် လည်းပါဝင်ပါသည်
။အခြားအရာများထက် ဂိုဒ်လိုင်စင်နှင်. မှတ်ပုံတင်ကိုနှမျောသဖြင်.ကျွန်တော်ပြန်လာရှာခြင်းဖြစ်ပါသည် ။ ကျွန်တော်.ကျောပိုးအိတ်ကို ဆိုင်သိမ်းချိန်တွင် လက်ဘက်ရည်ဆိုင်စားပွဲအောက်တွင်တွေ.ရှိကြောင်း စားပွဲထိုးချာတိတ်ကလာအပ်သဖြင်. သိမ်းထားကြောင်း ပြောကာ ဆိုင်ရှင် လူငယ်ကပြန်ပေးပါသည် ။ပိုက်ဆံအိပ်ကိုစစ်ဆေးကြည်.လိုက်သောအခါ မှတ်ပုံတင်နှင်. ဂိုဒ်လိုင်စင်များရှိသေးသော်လည်း ငွေစက္ကူများမှာတစ်ပြားတစ်ချပ်မှမရှိတော.ပါ ။လက်ဘက်ရည်လာသောက်သူ တစ်ယောက်ယောက်က ငွေများကိုယူပြီး ကျောပိုးအိတ်ကို စားပွဲခုံအောက်ပစ်ချထားလိုက်သည်လား ၊ နှစ်ရက်ကြာအောင်လာမယူသဖြင်. ဆိုင်ရှင်လူငယ်ပဲယူထားလိုက်ပြီလား ကျွန်တော်မဝေခွဲတတ်ပါ ။ ကိုယ်တန်ဖိုးထားသော မှတ်ပုံတင်နှင်.လိုင်စင်ပြန်ရသည်ကိုပဲ
ကြေနပ်ဝမ်းသာကာ စားပွဲထိုးချာတိတ်ကလေးအား မုန်.ဖိုးဆုချပြီး
ရန်ကုန်သို.ပြန်လာခဲ.ပါသည် ။မည်သူ.ကိုမျှအပြစ်မတင်လိုပါ။
ကြုံတွေ.ခဲ.ရတာကိုမျှဝေခြင်းဖြစ်ပါသည် ။ ပြောလိုသည်မှာ သိန်း(၉၀)ကိုမဆိုထားနှင်. ပျောက်သွားလျင် ငွေ ရှစ်သောင်း၊ကိုးသောင်းပင်ပြန်ရဖို.မလွယ်တော.ပါ ။
မန္တလေးတွင်ကြုံရပုံမှာလည်းသုံးမူထူးပါသည် ။သုံးခါကြုံရသဖြင်. တစ်မူထူးသည်ဟုမပြောပဲ သုံးမူထူးသည်ဟုပြောရခြင်းဖြစ်သည်
။ မြန်မာငွေသိန်း (၉၀)နှင်.ညီမျှသော ဒေါ်လာ တစ်သောင်းခန်.
နိုင်ငံခြားသားပျောက်ဆုံးစဉ် မန္တလေးတွင်ပြန်ရဖူးပါသည် ။
နိုင်ငံခြားသားလင်မယားက မန္တလေး ဆီဒိုးနားဟိုတယ်တွင်
တည်းခိုခဲ.ပြီးငွေများကို ဟိုတယ်အခန်းထဲရှိ မီးခံသေတ္တာထဲတွင်မေ.ကျန်ခဲ.ခြင်းဖြစ်၍ ပျောက်ပြီး နောက်တစ်ရက်တွင်မှ ကျွန်တော်.ကိုပုဂံတွင်ပြောပြပါသည် ။ ဘယ်မှာပျောက်သည်ဟုသူတို.လဲသေသေချာချာမမှတ်မိပါ ။ သို.သော်ထိုငွေများအားလုံး ပြန်ရပါသည် ။မန္တလေးဆီဒိုးနားဟိုတယ်မှတွေ.သဖြင်. ပုဂံသို. လူကြုံဖြင်. လာပို.ပေးပါသည် ။ ရိုးသားသောမန္တလေးသားများဖြစ်သည်
။ နောက်တစ်ကြိမ်ငွေပျောက်တော. မန္တလေးမှာပင်ဖြစ်သည် ။ ဟိုတယ်
တစ်ခုတွင်တည်းခိုနေထိုင်စဉ် စားပွဲပေါ်တွင်မေ.ကျန်ခဲ.သော နိုင်ငံခြားသား၏
ပိုက်ဆံအိပ်ကို ဟိုတယ်ဝန်ထမ်းကခိုးယူဖွက်သိမ်းထားလိုက်ခြင်းဖြစ်သည် ။ ထိုအမှုပေါ်သဖြင်.၀န်ထမ်းကောင်လေးလဲထောင် ၇ှစ်နှစ်ကျသွားပါသည် ။ နောက်တစ်ကြိမ်ငွေပျောက်ဖူးသည်မှာ လည်း မန္တလေး -လားရှိုး ရထားပေါ်မှာဖြစ်ပါသည် ။ ကျွန်တော်ဧည်.လမ်းညွှန်အဖြစ်လိုက်ပါရသော
ဗြိတိန်နိုင်ငံမှ အဘိုးကြီးသည် ရထားပေါ်တွင် အိမ်သာတက်ပါသည် ။ အိမ်သာမှ
ထွက်လာပြီးအေးအေးလူလူပင် ကိုယ်.ခုံမှာကိုယ်ထိုင်နေပါသည် ။
နာရီဝက်ခန်.ကြာသောအခါ လူတစ်ယောက်သည် ကျွန်တော်တို.ထိုင်နေသောခုံသို.ရောက်လာပြီး အိမ်သာထဲတွင် ခါးပါတ်ပိုက်ဆံအိတ်တစ်အိတ်တွေ.ကြောင်း ၊ ပုံစံအနေအထားအရ နိုင်ငံခြားသား၏ ပိုက်ဆံအိပ်မျိုးဖြစ်၍ ခုနက အိမ်သာတက်သွားသော ကျွန်တော်.ဧည်သည်၏အိပ်ဟုတ်မဟုတ်လာမေးပါသည် ။ အင်္ဂလိပ်အဘိုးကြီးသည် သူ.ပိုက်ဆံအိပ်ကိုမြင်သဖြင်.၀မ်းသာလွန်းလို.ထခုန်သည် ။ လာပြန်ပေးသော သူကို အကြိမ် လက်ဆွဲနှုတ်ဆက်သည် ။ လက်ဆောင်ပေးသော်လည်းထိုလူကမယူပါ
။ သူတို.နိုင်ငံမှာဆို ပြန်မရဘူးကုန်ပါပြီ ဟု
တိုးရစ်အဘိုးကြီးကတဖွဖွပြောသည် ။ ထိုပိုက်ဆံအိပ်ထဲတွင်
နိုင်ငံကူးလက်မှတ်နှင်.တကွ သူပိုင်ဆိုင်သောပိုက်ဆံအားလုံးပါသည်ဖြစ်ရာ ထိုငွေများပျောက်သွားပါက မတွေးရဲစရာပင်ဖြစ်သည်ဟုပြောပါသည် ။ ထို.ကြောင်.ကျွန်တော်.ဘ၀တွင် ဧည်.လမ်းညွှန်ဘ၀ဖြင်. နိုင်ငံခြားသား၏ ပိုက်ဆံအိပ် သုံးကြိမ်ပျောက်ဖူးရာငွေအမြောက်အများပါဝင်သော နှစ်ကြိမ်မှာတွေ.သူကပြန်ပေး၍ချက်ချင်း ပြန်ရပြီး ၊ ဒေါ်လာသုံးရာသာပါသောတစ်ကြိမ်မှာသာဝန်ထမ်းကယူထားသဖြင်.အခိုးခံရပါသည် (နောက်တော. ဟိုတယ်ကပြန်ပေးသဖြင်.နိုင်ငံခြားသားမှာ ပိုက်ဆံပြန်ရပါသည် )
ယေဘုယျအားဖြင်. မြန်မာနိုင်ငံတွင်ပိုက်ဆံပျောက်ပါက ပြန်ရတတ်ပါသည် ။ ပြန်မရတော.တာလည်းရှိပေမည် ။ ပြည်သူလူထု၏စာရိတ္တသည် နိုင်ငံကကမ္ဘာ.အဆင်းရဲဆုံးနိုင်ငံဖြစ်နေသည်.တိုင် ၊ကမ္ဘာ.အဆင်းရဲဆုံးစာရိတ္တပိုင်ရှင်များဖြစ်မသွားသေးပါ ။ မြင်.မြတ်သောစိတ်ထားပိုင်ရှင်များ (နည်းနည်းပဲဖြစ်ဖြစ် ) ရှိနေကြဆဲဖြစ်သည် ။ သို.သော် ထိုစာရိတ္တဂုဏ်ရည်ကိုစံပြုထိုက်သောဖြစ်ရပ်များသည် မြန်မာနိုင်ငံတွင်နည်းသည်ထက်နည်းလာနေပါသည် ။ ခေါင်းဆောင်နွားလားဖြောင်.ဖြောင်.မသွားသောအခါ ၊ နောက်နွားးတစ်သိုက်ဖြောင်.ဖြောင်.လိုက်နိုင်ကြတော.မည်မဟုတ်ပါ ။ ခေါင်ကမလုံသောအခါ နိုင်ငံတော်ဆိုသောအိမ်ကြီးသည်မည်သို.မျှ မိုးလုံနိုင်တော.မည်မဟုတ်ပေ ။အားလုံးကိုမဆိုလိုသော်လည်းမြင်မြင်သမျှ ကြည်.လေရာရာတွင် လူချမ်းသာဟုဆိုသော ခေတ်ပျက်သူဌေးများ ၊ အာဏာပိုင်အတော်တော်များများသည် အဒိန္နဒါနကံနှင်.ကင်းကြသူများမဟုတ်ပါ ။ အဂတိလိုက်စားမှုသည်တစ်နိုင်ငံလုံးတွင်
ကူးစက်ရောဂါဆိုးတစ်ခုလို တငွေ.ငွေ.လောင်ကြွမ်းနေပါသည် ။ ၀န်ကြီးများ
၊စစ်ဗိုလ်ချုပ်ကြီးများသည် မည်သို.မည်ပုံချမ်းသာလာမှန်းမသိပဲ သူတို.လုပ်ခလစာနှင်. ဆယ်သက်စုဆောင်း၍မှအိပ်မက်ပင်မမက်နိုင်သောစည်းစိမ်ဥစ္စာများကိုပိုင်ဆိုင်နေကြပါသည်။သူတို.စီးသော
ကား ၊ သူတို.နေသောအိမ် ၊ သူတို.ပိုင်ဆိုင်သောဓနဥစ္စာ
၊သူတို.ခံစားနေသောစည်းစိမ်များ ၊ သူတို.စုဆောင်းထားသော ဘဏ်စာရင်း ၊
ေ၇ွှငွေ ကျောက်မျက်ရတနာများသည် ပြည်သူ.ဘဏ္ဍာငွေများကိုခိုးဝှက်ထားခြင်းမဟုတ်ကြောင်း ၊အလွဲသုံးစားလုပ်ထားခြင်းမဟုတ်ကြောင်း ကျမ်းကျိန်၍ ပြောဝံ.ကြပါသလားဟုမေးချင်ပါသည် ။
ယခုအခါ ဒုတိယသမ္မတဦးဆောင်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကိုဖွဲ.ထားသည်ဟုကြားရပေသည်
။ အဂတိလိုက်စားသည်ဆိုခြင်းမှာ နိုင်ငံတော်၏ ဘဏ္ဍာ ၊ပြည်သူပိုင်ငွေကို
ခိုးယူခြင်းတစ်မျိုးဖြစ်ပါသည် ။ ထိုငွေများသည်
ပိုင်ရှင်မဲ.ငွေများမဟုတ်သဖြင်.
မည်သို.ပဲ အကြောင်းပြစေကာမူ ခိုးမှုကခိုးမှုပဲ ဖြစ်သည် ။
ဟိုတယ်ဝန်ထမ်းကောင်လေး ဒေါ်လာ သုံးရာပါသောငွေအိပ်ကို တဒင်္ဂလောဘဖြင်.
ဖွက်ယူထားလိုက်တော.ထောင်ရှစ်နှစ်ကျသလို ပြည်သူလူထု၏ ကျပ်သိန်းပေါင်း သိန်းနှင်.ချီသော ဘဏ္ဍာငွေများကို ခိုးယူကိုယ်ကျိုးရှာအကြံအဖန်လုပ်ကြသူများကိုလည်း ခုံရုံးဖွဲ.၍ စစ်ဆေးအရေးယူအပြစ်ပေးမှသာ တရားမျှတမှုရှိပေလိမ်.မည် ။ မကောင်းသူပယ်ကောင်းသူကယ်သောဖြစ်ရပ်များတိုးပွားလာသင်.ပေသည်။ သူခိုးတစ်ယောက်ကို အကာအကွယ်ပေးနေခြင်းသည် သူ.လိုသူခိုးပေါင်းများစွာ ပွားများလာစေရေးအတွက်နည်းပေးလမ်းပြလုပ်သလိုဖြစ်နေစေပါသည် ။
ဂျာနယ်များ၌ ဖတ်ရသည် မှာ ပြန်ကြားရေးဝန်ကြီးဌာနမှ ပုံနှိပ်စက်ဝယ်ယူမှု၌ ငွေကြေးအလွဲသုံးစားမှုများရှိကြောင်းEleven Media Group မှ လာဘ်ပေးလာဘ်ယူမှုပပျောက်ရေးကော်မရှင်သို.တိုင်ကြားချက်များ ( Daily Eleven သတင်းစာ ၁၂.၆.၂၀၁၄ ) ၊ ပုသိမ်လေယာဉ်ကွင်းအတွက်သိမ်းထားသောမြေကို ကိုယ်ကျိုးအသုံးပြုခဲ.သဖြင်.ဖျာပုံမြို.နယ်ကိုယ်စားပြု
ပြည်သူ.လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်စိုးနိုင် (ငြိမ်း) ၏
သားပိုင်ဆိုင်နေမှုကို စသုံးလုံး မှစစ်ဆေးနေမှုများ ( မြန်မာသံတော်ဆင်.
ဇွန် ၁၄ ၊၂၀၁၄ ) ၊ ကျပ်သိန်း သုံးထောင် ကျော်အလွဲသုံးစားမှုဖြင်.
ဆက်သွယ်ရေးဝန်ထမ်းများအားနေပြည်တော်မှစစ်ဆေး
ဟူသောသတင်းများ (သစ်ထူးလွင် ၊ ဇွန် ၄ ) ကိုကြားသိရပေသည် ။
ထိုစွပ်စွဲချက်များ မှန်ကန်မှုရှိမရှိ ၊ ဟုတ်သည်မဟုတ်သည်ကိုလွတ်လပ်၍
ဘက်မလိုက်သော စုံစမ်းစစ်ဆေးရေးကော်မရှင်နှင်. စစ်ဆေးဖော်ထုတ်လိုက်လျင် ပေါ်လာမည်ဖြစ်သည် ။ အလားတူအမှုမျိုးလည်းမြန်မာနိုင်ငံတွင်ရေတွက်၍မရအောင်ရှိနေခဲ.၊ရှိနေဆဲ၊
ရှိနေလတံ.ဖြစ်ပေသည် ။အကယ်၍ နိုင်ငံတော်ကသာ လာဘ်ပေးလာဘ်ယူမှုကို
ရာဇ၀တ်မှုတစ်ခုအဖြစ် ဟန်ပြသက်သက်မဟုတ်ပဲ အပြင်းအထန်
ဖော်ထုတ်အရေးယူခဲ.ပါလျင် ယခုထက်ပိုမိုတိကျခိုင်လုံသောတိုင်ကြားမှုများပေါ်ပေါက်လာပေဦးတော.မည် ဖြစ်သည် ။
လူတစ်ယောက်တွင် အကျင်.စာရိတ္တပျက်စီးလျင် အရာရာပျက်စီးခြင်းမည်ပေ၏ ။
နိုင်ငံတစ်နိုင်တွင် အကျင်.ပျက်ခြစားမှူကို
သာမန်လုပ်ရိုးလုပ်စဉ်တစ်ခုလိုသဘောထားလက်ပိုက်ကြည်.နေခဲ.ပါလျင်ထိုနိုင်ငံသည် ဘယ်တော.မှအညွန်.လူလာနိုင်တော.မည်မဟုတ် ။ ဆိုက်ကားဆရာဦးဆန်းဝင်းလိုဆင်းရဲသားလက်လုပ်လက်စားတစ်ဦးက ငွေသိန်း(၉၀ )ကိုအချောင်မယူပဲ ရိုးသားစွာစွန်.လွှတ်နိုင်မှုသတင်းကိုကြားရခြင်းအတွက်
မိမိတစ်သက်စားမကုန်အောင် ကျိကျိတက်ချမ်းသာနေပါလျက် နိုင်ငံတော်ပိုင်
ဓနဥစ္စာများကို အဆီတစ်ထပ် အသားတစ်ထပ် စားမ၀ ၊ ခိုးမ၀ ၊ ကဲ.မ၀ ၊ ၀ှက်မ၀အောင်
တစ်သက်တာထာဝရ ခိုးလို.မ၀ကြသူများ မှာ ရှက်တတ်ကြလျှင်ဖြင်. ကိုယ်.မျက်နှာ
ကိုယ်ဓါးနှင်.လှီးကာ သတ်သေဖို.ပင်ကောင်းပါကြောင်း ။
သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ် ( ၂၄.၆.၂၀၁၄)
No comments:
Post a Comment