Thursday, June 12, 2014

ဗိုက်ဗာအသုံးပြုသူ သန်းတစ်ရာကျော်ရှိပြီး ကွန်ပျူတာတွင် အသုံးပြုနိုင်မည့် ဗားရှင်းသစ်ဖြန့်ချိ



ဗိုက်ဗာအသုံးပြုသူ သန်းတစ်ရာကျော်ရှိပြီး ကွန်ပျူတာတွင် အသုံးပြုနိုင်မည့် ဗားရှင်းသစ်ဖြန့်ချိ

မောင်မန်း

ရန်ကုန်၊ ဇွန် ၁၀

မိုဘိုင်းဖုန်း စာတိုပို့စနစ်နှင့် ဖုန်းခေါ်ဆိုမှုများအတွက် ၀န်ဆောင်မှုပေးနေသည့် Viber ဆော့ဖ်ဝဲလ်ကို အွန်လိုင်းတွင် တစ်ပြိုင်နက်အသုံးပြုသူ သန်းတစ်ရာသို့ ရောက်ရှိနေပြီဖြစ်ပြီး ကွန်ပျူတာတွင် အသုံးပြုနိုင် မည့် VIBER Desktop ဗားရှင်းသစ်ကို အသုံးပြုနိုင်ပြီဖြစ်သည်ဟု Viber ကုမ္ပဏီက ဇွန်လ ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။

Viber Desktop ဗားရှင်းဖြန့်ချိမှုနှင့်ပတ်သက်ပြီး Viber ၏ အမှုဆောင်အရာရှိချုပ် Mr. Talmon Marco က “ပိုမိုများပြားလာတဲ့ သုံးစွဲမှုတွေနဲ့အတူ ကျွန်တော်တို့ရဲ့ ဦးစားပေးမှုတွေက နည်းပညာသစ်တွေကို မိတ် ဆက်တာ၊ နည်းပညာအသစ်တွေကို ထပ်ပြီးတိုးချဲ့တာ Viber ရဲ့ ဗားရှင်းအသစ်တွေကို ဆက်လက်ပြီး တိုးချဲ့တာတွေကိုဆက်လက် လုပ်ဆောင်သွားမှာပါ။ ဒါကို ကျွန်တော်တို့ရဲ့ Viber Desktop အတွက် ဗား ရှင်းအသစ်မှာလဲ ဆောင်ရွက်ထားပါတယ်”ဟု ဆိုသည်။

Viber ၏ ဗားရှင်းအသစ်တွင် စတစ်ကာအသစ်များကို Sticker Menu တွင် ရွေးချယ်အသုံးပြုနိုင်မည် ဖြစ် သည်ဟုလည်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ လက်ရှိတွင် Viber အသုံးပြုသူ များအတွက် အထောက်အကူပြုပေးနိုင်မည့် Viber Support Site တွင် အင်္ဂလိပ်အပါအ၀င် ဘာသာရပ်လေးမျိုးဖြင့် လိုအပ်သည့် အကူအညီများပေးနိုင်ရန် ရေးသားဖော်ပြထားမည်ဖြစ်သည်။

Viber ဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ဖုန်းခေါ်ဆိုမှု၊ စာတိုပို့ခြင်း၊ အသံဖိုင်၊ ဗွီဒီယိုဖိုင်များ ပေးပို့ခြင်း၊ တည် နေရာမျှဝေခြင်းများကို ပြုလုပ်နိုင်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ အသုံးပြုသူ စုစု ပေါင်း သန်းသုံးရာကျော်အထိရှိနေပြီ ဖြစ်သည်ဟု ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

Viber Desktop ဗားရှင်းသစ်ကိုhttp: //viber.com/desktop တွင်ရယူနိုင်မည် ဖြစ်သည်။

No comments:

Post a Comment