ပြည်မြို့တွင် လျှပ်စစ်မီး အလှည့်ကျ ၂ ရက် ပျက်မည်
ပြည်မြို့သို့ ဓါတ်အားဖြန့်ဖြူးပေးထားသော
ပြည်ဓါတ်အားခွဲရုံမှ Main Transformer မှာ ၀န်အားနိုင်နင်းမှု
မရှိတော့ပါသဖြင့် (10) MVA Transformer (1) လုံးအစား (၂၀) MVA Transformer
အသစ် (၁) လုံးဖြင့် အင်အားတိုးချဲ့
အစားထိုးတပ်ဆင်ခြင်းလုပ်ငန်းကို (၂၄.၅.၂၀၁၄) ရက်နေ့ (၀၆:၀၀) နာရီမှ
(၂၅.၅.၂၀၁၄) ရက်နေ့ (၂၀:၀၀) နာရီအထိ ဆောင်ရွက်မည်ဖြစ်ပါသည်။
လုပ်ငန်းဆောင်ရွက်စဉ် (7) MV ခန့်သာ
ဓါတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါသဖြင့် ပြည်မြို့အတွင်း အလှည့်ကျ
ဓါတ်အားပိတ်ထားရမည် ဖြစ်ပါကြောင်းနှင့် ဓါတ်အားပိတ်မည့် အစီအစဉ်အား
ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးများတွင် ကြော်ငြာကပ်ထားမည်ဖြစ်ပါကြောင်း
ကြိုတင်အသိပေး ပန်ကြားအပ်ပါသည်။
လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း
ပြည်မြို့။
No comments:
Post a Comment