လက်ခုပ်သံနိုင်ငံရေး သရ၀ဏ်(ပြည်)
လက်ခုပ်သံနိုင်ငံရေး
သရ၀ဏ်(ပြည်)
သင်္ကြန်ကာလအတွင်း အခြားအလုပ်မရှိသည်နှင်.စာရေးစာဖတ်အလုပ်
လုပ်ပြီးလျင် Sky Net ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင်.သော
သင်္ကြန်ဖျော်ဖြေရေး မဏ္ဍပ်များ အစီအစဉ်ကိုကြည်.ဖြစ်ပါသည် ။
တိုက်ရိုက်ထုတ်လွှင်.မှုမှာ ရုပ်သံလိုင်း သုံးလိုင်းမှ
ထုတ်လွှင်.နေခြင်းဖြစ်ပြီး ရန်ကုန် ၊ နေပြည်တော် ၊ မန္တလေးမြို.များရှိ Sky
Net ရေကစားမဏ္ဍပ်များ တွင်ဖျော်ဖြေတီးမှုတ် သီဆိုနေကြသည်များကိုတိုက်ရိုက်ရှုမြင်
ရပါသည် ။ ကျွန်တော်သည် ရန်ကုန်သင်္ကြန်ကိုကြည်.လိုက် ၊
နေပြည်တော်သင်္ကြန်ကိုကြည်.လိုက် ၊ မန္တလေးသင်္ကြန် ကိုကြည်.လိုက်ဖြင်.
နည်းပညာတန်ခိုးဖြင်. မြို.သုံးမြို.သို. ကူးသန်းပြေးလွှားနေပါသည် ။
ထိုသို.သေသေချာချာကြည်.သောအခါ ကျွန်တော်သတိထားမိသည်မှာ အဆိုတော်
တော်တော်များများသည် စင်ပေါ်သို.တက်လာသည်နှင်.
ဘာမှမယ်မယ်ရရဖျော်ဖြေသီဆိုမှုမလုပ်ရသေးခင်
“ လက်ခုပ်သံလေးကြားချင်ပါတယ် “ ဟူ၍တစ်မျိုး
“ လက်ခုပ်တီးပြီး အားပေးလိုက်ပါဦး “ ဟူ၍တစ်ဖုံ
“ အဆင်ပြေရင်လက်ခုပ်သံကျယ်ကျယ်လေး တီးပေးပါလား “ ဟူ၍တစ်နည်း
မရိုးနိုင်အောင်တစ်ထပ်တည်းကြားရလေသည် ။ ထိုကဲ.သို.လက်ခုပ်သံချူလိုက်သောအခါ ပရိသတ်သည်မကောင်းတတ်သဖြင်.စိတ်မပါလက်မပါတီးလိုက်သောလက်ခုပ်သံဖျိုးတို.ဖျောက်တောက်ကို ကြားရတတ်လေ၏ ။ ထိုအခါကျွန်တော်သည် ပန်းတိမ်မတတ်ခင်ရွှေခိုးသင်ဟူသော စကားပုံကိုသတိရမိ၏ ။ မိမိ၏ဖျော်ဖြေမှု အရည်အချင်းရှိပါက မည်သို.မျှတောင်းဆိုနေစရာမလိုပဲ ပရိသတ်သည်လက်ခုပ်လက်ဝါးတီး၍ သောင်းသောင်းဖျဖျအားပေကြပေလိမ်.မည်
။ မျက်နှာသစ်အဆိုတော်ဖြစ်စေ ၊ နာမည်ကြီးအဆိုတော်ဖြစ်စေ
ပရိသတ်ကကြိုက်နှစ်သက်လျင် အားပေးပေမည် ။မနှစ်သက်က
လှောင်ပြောင်အော်ဟစ်ကြပေမည် ။ထို.ထက်ပို၍ မနှစ်မြို.လျင် ဆဲကြဆိုကြ ၊
ရေဗူးစသည်တို.နှင်.ပစ်ပေါက်ကြပေမည် ။ လက်ခုပ်သံဆိုသည်မှာ ဇွတ်တောင်းဆို၍ ရကောင်းသောအရာမဟုတ်ပါ ။
ကျွန်တော်တို.ငယ်စဉ်က Play Boys ….. L.P.J..….New Wave ……The Rays ….
E.Machine ….Aces….The Wild Ones …..Aurora စသော တီးဝိုင်းများခေတ်စားပါသည်
။ရွှေတိဂုံတပေါင်းပွဲ ၊ ကျိုက္ကဆံပွဲ စသော ပွဲလမ်းသဘင်များးတွင်
တီးဝိုင်းနှင်းအဆိုတော်များစွာ ညလုံးပေါက် သီဆိုဖျော်ဖြေကြရာ
မည်သည်.အဆိုတော်မျှ ကျွန်တော်.ကိုလက်ခုပ်သံလေးချီးမြှင်.ပါဦး တို. ကျွန်မတော.လက်ခုပ်သံလေးကြားချင်တယ်တို.မပြောကြပါ ။ကိုယ်.တာဝန်ကိုယ်ကြေအောင်သာ ကြိုးစားသီဆိုကြပါသည် ။ပရိသတ်ကလည်းမိမိကြိုက်နှစ်သက်သောအဆိုတော်ကို လက်ခုပ်သံမစဲအောင် အားပေးချီးမြင်.ကြပါသည် ။ထိုလက်ခုပ်သံသည် အစစ်အမှန်လက်ခုပ်သံများဖြစ်ကြပါသည် ။ထိုသို.သီဆိုရင်းပရိတ်သတ်၏နှလုံးသားထဲသို.ရောက်သွားကာ နိုင်ငံကျော်အဆိုတော်များးဖြစ်လာကြပါသည်
။ မြန်မာပြည်သိန်းတန် ၊ ပလေးဘွိုင်သန်းနိုင်၊ စိုင်းထီးဆိုင်၊စိုးပိုင်၊
ခိုင်ထူး၊ကိုင်ဇာ၊ထူးအိမ်သင် ၊ မေခလာ ၊ မေဆွိ ၊ကော်နီ တို.သည်
ထိုကဲ.သို.နာမည်ရလာသော အဆိုတော်များဖြစ်ပါသည် ။
ခေတ်သည်ရပ်တန်.မနေပဲပြောင်းလဲသွားပြီဖြစ်ရာ ယခုခေတ်သည်ကား ပရိသတ်၏ လက်ခုပ်သံကိုမစောင်.နိုင်တော.ပဲ အလွယ်လမ်းလိုက်ကာပါးစပ်မှပင်ဖွင်.ဟတောင်းဆိုကြသောခေတ်သို.ရောက်လာလေပြီ ။
စာပေဟောပြောပွဲများသို.သွားရောက်နားထောင်သောအခါ
အချို.စာရေးဆရာကြီးများသည် ပ၇ိသတ်လက်ခုပ်တီးခြင်း မတီးခြင်းကို ပဓာနမပြု
နားထောင်သူပ၇ိသတ် ဗဟုသုတရရာရကြောင်းဖြစ်သော သုတ ၊ရသ များကို ဟောကြားကြလေသည်
။အချို.မှာကား မိမိစကားတစ်ခွန်းပြောလိုက်တိုင်း ပရိတ်သတ်လက်ခုပ်လက်ဝါးတီး၊ လက်ခေါက်မှုတ်ကြသည်ကိုသာယာကာ ဟောပြောသောခေါင်းစဉ်နှင်.ဆိုင်ဆိုင်မဆိုင်ဆိုင်
အစိုးရကိုဆော်လဘန်တေကြလေသည် ။စောင်းချိတ်ကဲ.ရဲ.ကြလေသည် ။
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း နာနာပြော၍ ၊ အာဏာရှင်ဟိုလူကြီးအကြောင်းမကြာမကြာထည်.၍ နှံလေသည် ။ ဥပမာအားဖြင်.
“ ဗိုလ်ချုပ်အောင်ဆန်းဟာ အသက် ၃၂ နှစ်မှာ ကွယ်လွယ်သွားတယ်
၊ဟိုလူကြီးကျတော.ခုထက်ထိ မသေနိုင်သေးဘူး(ရွှီ ..ဖျောင်းဖျောင်းဖျောင်း ) “
ဤသည်လည်း လက်ခုပ်သံချူ နည်းတစ်ကြောင်းပင်ဖြစ်သည် ။ဗိုလ်ချုပ်အောင်ဆန်းတော်၍ ဟိုလူကြီးညံ.ကြောင်းကိုတစ်တိုင်းတစ်ပြည်လုံးကသိကြပြီးဖြစ်ရာ လူထုကိုဆွပေး၍အတိတ်ဇာတ်ကြောင်းလှန်နေ၍လည်း သိပ်ပြီး အကျိုးရှိလှသည်.ကိစ္စမဟုတ်ပေ ။ တိုင်းပြည်ကိုတိုးတက်ကြီးပွားအောင်ဘယ်လိုဆက်လုပ်ကြမည်ဆိုသော ကိစ္စများသာစင်စစ် လူငယ်များအတွက်အလင်းရောင်ဖြစ်စေမည်ဖြစ်သည် ။
နိုင်ငံရေးနယ်ပါယ်ထဲသို.ကြည်.လိုက်သောအခါ မြန်မာနိုင်ငံတွင် လက်ခုပ်သံနိုင်ငံရေးကကြီးစိုးနေတာတွေ.ရပေသည် ။ အစိုးရသည် ပြည်တွင်း ပြည်ပအကဲခတ်များ လက်ခုပ်တီးကာကြိုဆိုကြမည်ဟုသေချာပေါက် ယူဆသောအကြောင်းများကိုသာ လူကြားကောင်းအောင် တစာစာရွတ်ဆိုနေတာတွေ.ရလေသည် ။
- ကျွန်တော်တို. ဆင်းရဲနွမ်းပါးမှုလျှော.ချရေးကိုဆောင်ရွက်နေပါတယ်
- တိုင်းပြည်ရဲ. G.D.P ဟာတစ်ရှိန်ထိုးတိုးတက်လာနေပါပြီ
- အာဆီယံဥက္ကအဖြစ် မြန်မာဟာဒေသတွင်းခေါင်းဆောင်မှုပေးနိုင်ကြောင်း ကမ္ဘာကိုပြနိုင်ခဲ.ပါပြီ
- ဘင်းစတက်အစည်းအဝေးကြီးကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်ခဲ.ပါတယ်(ဘင်းစတက်ထက်ထမင်း ချက်စရာဆန်မရှိခြင်းကပိုအရေးကြီးကြောင်းဆင်းရဲသားများပြောနေကြပေ၏)
- ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရပါဘူး (ရှိခဲ.ရင်ဘာလုပ်မလဲဟုထည်.မပြော)
- အနိမ်.ဆုံးလုပ်ခလစာတွေ ကို မကြာခင်သတ်မှတ်ပေးရမှာဖြစ်ပါတယ်(ယခုထက်ထိအကောင်အထည်မပေါ်)
- ၂၀၁၄ မတ်လ ၃၁ ရက်နေ.မှစကာ ပြည်ပသို. သစ်အလုံးလိုက်တင်ပို.ခြင်းကို
တားမြစ်သွားမှာဖြစ်ပါတယ် (အမှန်ကတင်ပို.စရာသစ်တောက ကုန်သလောက်၇ှိချေပြီ )
- လာဘ်ပေးလာဘ်ယူမှုများ ၊အဂတိလိုက်စားမှုများကိုတိုက်ဖျက်သွားမှာဖြစ်ပါတယ်(ပြင်းထန်စွာအရေးယူမှုတစ်ခါမျှမကြားရ )
- တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကိုကျင်းပနိုင်ပါတော.မယ် ( သင်္ကြန်တွင်းပင်မရှောင် K.I.A နှင်.အစိုးရတပ်များတိုက်ခိုက်နေကြပေသည်)
- ယခုနှစ်ကုန်မှစကာ နိုင်ငံရေးအကျဉ်းသားမရှိစေရပါဘူး (ပုဒ်မ ၁၈ ဖြင်..ထပ်အဖမ်းခံရသူများကမနည်းပေ၊ ဂျာနယ်လစ်များလဲအဖမ်းခံကြရပေ၏)
- ဒေါ်အောင်ဆန်းစုကြည် ရဲ.သမ္မတဖြစ်ပိုင်ခွင်.ကိုတားဆီးလိုသောဆန္ဒမရှိပါဘူး (လက်တွေ.တွင် ပုဒ်မ ၅၉ (စ) ကိုပြင်ရန်အစီအစဉ်မရှိ)
- ဘာသာသာသနာကိုစောင်.ရှောက်မည် ( ဘုန်းကြီးကျောင်းအချို.မှာကျူးကျော်ဆိုပြီး ဖျက်ခံရလေသည် ။ဘုန်းကြီးအချို.မှာတိမ်းရှောင်နေရ၏ ။ လယ်တီ သိမ်တော်ကြီးလည်းကုန်ပေပြီ)
စသည်ဖြင်.လက်တွေ.မပါသော လူကြားကောင်းအောင်ပြောသောစကားများဖြင်. မြန်မာလူထုနှင်. ကမ္ဘာ.ခေါင်းဆောင်များ၏ လက်ခုပ်သံကိုချူလေသည် ။ ပြည်တွင်းမှာတော. အစိုးရသက်တမ်းသုံးနှစ်ကျော်လာချိန်တွင်
မည်သူကမျှ ဟုတ်ဟုတ်ငြားငြား ယုံကြည်မှုမရှိတော.ပေ ။ အစိုးရပြောသမျှသည်
ကောင်းနေ ညွန်.နေပေသည် ။ လက်တွေ.တွင်ကားကွဲပြားခြားနားသောရလာဒ်များသာထွက်ပေါ
်လာပေသည် ။ အစိုးရအနေနှင်. မလုပ်တတ်တာလား ၊ လုပ်နိုင်စွမ်းမရှိတာလား
၊မလုပ်ချင်တာလား မကွဲပြားတော.ပေ ။ လုပ်နိုင်စွမ်းမရှိတာ ဆိုလျင်တော.
လုပ်နိုင်သူတွေ ။လုပ်တတ်သူတွေလက်ထဲ အာဏာလွှဲပေးသင်.လေသည် ။
ဤကားအုပ်ချုပ်ရေးမဏ္ဍိုင်၏ လက်ခုပ်သံ နိုင်ငံရေးဖြစ်သည် ။
ဥပဒေပြုရေးမဏ္ဍိုင် (လွှတ်တော် ) မှာလည်း ထိုနည်းနှင်နှင်ဖြစ်၏ ။ လွှတ်တော်အထက်တွင်မိုးကောင်းကင်ကြီးသာရှိတော.ပါသည်ဟု
ကြွားလုံးထုတ်၏ ။ ပြည်သူ.အသံ လွှတ်တော်အသံ ၊ပြည်သူ.ဆန္ဒ လွှတ်တော်ဆန္ဒ
ဟုကြွေးကြော်၏ ။ ။ပထမဆုံးအနေဖြင်. ပြည်သူ.ဆန္ဒမပါပဲ
ဖွဲ.စည်းပုံအခြေခံဥပဒေခုံရုံး ဥက္ကနှင်.အဖွဲ.၀င်များကို ဖိအားပေးနုတ်ထွက်စေ၏
(ပြည်သူလူထုကထိုသို.လုပ်လိုသည်ဟုတစ်ခါမျှ ဆန္ဒပြ မတောင်းဆိုဖူးချေ)။ ပြည်သူလူထု၏ဆန္ဒမှာကျောသားရင်သားမခွဲသော
ဥပဒေစိုးမိုးရေး ၊ စားဝတ်နေရေးပြေလည်ရေး များ ဖြစ်သော်လည်း လွှတ်တော်သည်
ထိုအရာတွေ ကိုကျော်လွန်၍ ဒေါက်တာဆိတ်ဖွားဆိုသူ လိုက်ရှာရေးကို
အလုပ်မရှိကြောင်မ, ရေချိုး အာရုံစိုက်ကာအလုပ်ကြိုးစားပြလိုက်၏ ။ ပြည်သူလူထုကပွင်.လင်းမြင်သာမှုကိုလိုလား၍
၊ အဂတိလိုက်စားမှုများကို ရွံမုန်းနေချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များ
ပိုင်ဆိုင်မှု ဥစ္စာဓန ဖော်ထုတ်ကြေငြာရေးအဆိုမှာ မဲခွဲဆုံးဖြတ်ရာ
ကိုယ်စားလှယ်တော်ကြီးအများစုကတစ်ညီတစ်ညွတ်ပါယ်ချလိုက်သဖြင်. အဆိုမှာ ရှုံးနိမ်.သွားရ၏ ။ ပုဒ်မ ၅၉(စ)ကိုမပြင်ဆင်လိုသော ပြည်သူတစ်သိန်း၏လက်မှတ်များဟုဆိုကာ ဘယ်ကဘယ်လိုပေါ်လာမှန်းမသိသောလက်မှတ်များလွှတ်တော်သို.ဆိုင်းမဆင်.ဗုံမဆင်.ရောက်လာသည်။အတိုက်အခံပါတီဝင်အမတ်များ၏မေးခွန်းများမှာ
ချောင်ထိုးခံရပြီး အာဏာရပါတီမှအမတ်များ၏ အဆိုတိုင်းလိုလို
ဝိုင်းဝန်းထောက်ခံကြ၏ ။ ပြည်သူလူထုက မလိုလားသော
လွှတ်တော်ကိုယ်စားလှယ်များအား ဖြုတ်ချနိုင်ခွင်.ဥပဒေကိုဆွေးနွေး၇န်အချိန်မကျသေးဟူ၍
ဆိုင်းငံ.လိုက်၏ ။ တစ်ဖန် ပြည်သူ.လွှတ်တော်ဥက္ကက လွှတ်တော်ကိုယ်စားလှယ်များ
သတ္တိရှိရှိ ရဲဝံ.စွာဆွေးနွေးကြဖို. ဖိတ်ခေါ်တိုက်တွန်းလိုက်ပေသည် ။
အလွန်နားထောင်ကောင်းသဖြင်. မီဒီများကလက်ခုပ်လက်ဝါးတီးကြပေ၏ ။အမှန်စင်စစ် လွှတ်တော်နာယကကြီး၏မိသားစုပိုင်ဆိုင်သောစီးပွားရေးလုပ်ငန်းများအကြောင်း ကိုဂျာနယ်လစ်တစ်ဦးကမေးသောအခါ
“ ဘယ်ပြည်သူလူထုကသိချင်တာလဲ အဲဒိပြည်သူလူထုဆိုတာကိုခေါ်လာခဲ. “ ဟု
ငါ.စကားနွားရပြောခဲ.သည် ။ သူတို.အလှည်.တုန်းကမူကား ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေမူကြမ်းကိုနာဂစ်မုန်တိုင်းတိုက်၍ ပြည်သူတွေဒုက္ခပင်လယ်ဝေနေချိန်တွင် ဇွတ် ဆန္ဒခံယူပွဲလုပ်ခဲ.ပြီး ပြည်သူလူထု ၉၂ ရာခိုင်နှုန်းကထောက်ခံသည်ဟုကြေငြာခဲ.ရာ ထို ၉၂ ရာနှုန်းဆိုသောပြည်သူသည် ဘယ်သူတွေဖြစ်သည်ကိုပြပါဟုမီဒီယာတွေမေးခွင်.မသာခဲ.ပေ ။ ထိုဆန္ဒခံယူပွဲမှာ မဲ ၉၂ ရာခိုင်နှုန်းရသည်ဟုသာပြောသံကြားရပြီး ထိုမဲတွေကိုဘယ်သူ.ရှေ.တွင် ဘယ်သူတွေကရေတွက်ခဲ.သနည်း ။ ကြီးကြပ်သောဒိုင်အဖွဲ.မှာမည်သူတွေနည်း။လွတ်လပ်သော ကြားနေသော ရွေးကောက်ပွဲ ကော်မရှင်မှာဘယ်မှာလဲဟုမေးခွန်းများစွာရှိပေသည်
။ တကယ်တော. ကိုယ်.ဖဲကိုယ်ကုလားဖန်ထိုး ၊ကိုယ်.ဘာသာချိုး ၊ကိုယ်.ဘာသာဝေ
၊ကိုယ်.ဘာသာကြည်.ကာ တစ်သုံးလုံးဖြင်.နိုင်ပါပြီဟုကိုယ်.ဘာသာ အရှက်မရှိကြေငြာခဲ.ခြင်းဖြစ်သည် ။ ထိုစဉ်ကပြည်သူလူထု ၉၂ ရာနှုန်းဆိုသည်မှာကား မည်သည်.ကမ္ဘာမှပြည်သူတွေဖြစ်လေသနည်း ဆိုသည်ကိုမေးခွင်.မသာခဲ.ပါချေ ။
တတိယမဏ္ဍိုင်ဖြစ်သောတရားစီရင်ရေးမဏ္ဍိုင်သည်ကား လက်ခုပ်သံ မျှော်သော အပြောသက်သက်ဖြင်.သာပွဲထွက်မလာစကောင်းဟု ပြည်သူများကမျှော်လင်.မိပါသည် ။ ထိုမျှော်လင်.ချက်မှာလည်း တက်တက်စင်လွဲဘိသည် ။လွတ်လပ်၍တရားမျှတသောတရားစီရင်ရေးဖြစ်စေရမည်ဟုကြွေးကြော်ခဲ.ကြသော်လည်း လက်တွေ.တွင်မူ အုပ်ချုပ်ရေးမဏ္ဍိုင်သည် တရားစီရင်ရေးမဏ္ဍိုင် သို.သြဇာလွမ်းမိုးထားကြောင်း စာနယ်ဇင်းသမားများကိုထောင်ချခြင်း ၊ လွတ်လပ်စွာဆန္ဒထုတ်ဖော်သူများကို
လိုလျင်လိုသလို လွှတ်ပေးခြင်း ၊မလိုလျင်မလိုသလို ထောင်ဒဏ်အပြစ်ပေးခြင်း။
မူးယစ်ဆေးဝါးအမှုများတွင် အုပ်ချုပ်ရေးပိုင်းမှ
လူကြီးများ၏ပါတ်သက်ရာပါတ်သက်ကြောင်းဆိုလျင် လွှတ်ပေးပြီး ( အင်တာနက်တွင်ပေါ်လာသော မူးယစ်စစ်ချက်များတွင် လူကြီးသားသမီးများကိုအရေးယူကြောင်းမကြားရပေ ) သရုပ်ဆောင်ရဲတိုက်ကဲ.သို.အကာအကွယ်မဲ.နေသူများကိုနှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းများးဖြစ်ပေါ်နေဆဲဖြစ်သည် ။ Eleven Media Group မှ သတင်းထောက်မခိုင်ကိုထောင်သုံးလချခြင်း ၊ DVB သတင်းထောက်ကို ထောင်ဒဏ်တစ်နှစ်ချခြင်း ၊ Unity ဂျာနယ်အယ်ဒီတာနှင်.သတင်းထောက်များကို ရုံးတင်စစ်ဆေးနေခြင်းသည် တရားစီရင်ရေးသည်အပြောသက်သက်မဟုတ်ပဲတကယ်ဘက်မလိုက်ပဲလုပ်ဆောင်နေတာမှဟုတ်ပါလေစ ၊ ယခင်ခေတ်ကလို အစိုးရအလိုကျ လိုက်ပါအသုံးတော်ခံနေတာများလားဟုတွေးစရာဖြစ်ပေသည် ။ တရားသူကြီးများအချုပ်ခန်းနှင်. အကျဉ်းထောင်များသို.သွားရောက်ကြည်.ရှုစစ်ဆေးကြသော်လည်း ကြိုတင်အကြောင်းကြားပြီးမှ ပျော်ပွဲစားထွက်သည်.သဖွယ် သွားရောက်ကြည်.ရှုကြရာ အားလုံးကောင်းပါသည်ခင်ဗျားမှလွဲ၍
မည်သည်.အရာမှ မြင်တွေ.နိုင်မည်မဟုတ်ချေ ။ဆိုရလျင် အရာအားလုံးသည်
လူကြားကောင်းအောင် စေတနာမပါပဲ လုပ်နေကြခြင်းဖြစ်သည် ။ တလောကလည်း
တရားရေးမဏ္ဍိုင်တွင်လာဘ်စားသောအမှုမှာတစ်နိုင်ငံလုံးမှ သုံးမှုသာရှိပါသည်ဟု အံ.သြဖွယ်မျက်စေ.မှိတ်ကြေငြာသွားလေသည် ။
ရွေးကောက်ပွဲကော်မရှင်သည်လည်းလွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲဖြစ်စေရပါမည်ဟုကမ္ဘာသိကြွေးကြော်လိုက်လေသည် ။ မသိသူများထံမှလက်ခုပ်သံဖြိုးတို.ဖျောက်တောက်ကားပေါ
်ထွက်လာပေမည် ။အကြောင်းသိများကပြုံးကြပေမည် ။ မပြေးသော်ကံရာရှိ
ရွေးကောက်ပွဲကော်မရှင်ဥက္ကဌမှာ ယခင်စစ်အစိုးရအဖွဲ.မှ ဒုတိယဗိုလ်ချုပ်ကြီး
(ငြိမ်း)ဖြစ်ပေသည် ။ ပြောရလျင် ဒိုင်လူကြီးမှာစစ်သားဖြစ်သည် ။
ကြံခိုင်ရေးပါတီမှာလည်း စစ်သားဟောင်းများ ဖြစ်သည် ။ယခင်ကလည်ပင်းဖက်နေကြသော
အစ်ကိုကြီး ၊ညီလေးတို.အဖွဲ.ဖြစ်၍ ဘက်လိုက်မှု
မလိုက်မှုမှာများစွာသံသယ၀င်ဖွယ်ကောင်းလေသည် ။ ပို၍ သံသယ၀င်ဖွယ်ကိစ္စမှာကားစစ်ဗိုလ်ဟောင်း ပြည်ခိုင်ဖြိုးအမတ်တစ်ဦးက ရွေးကောက်ပွဲမဲဆွယ်ရာ၌ N.L.D အမတ်များသည် ဗိုလ်ချုပ်အောင်ဆန်းပုံမသုံးသင်. ၊ ကိုယ်.ပုံသာကိုယ်သုံးသင်.သည် ဟုဝေဖန်လိုက်ပြီးမကြာမီပင်ရွေးကောက်ပွဲကော်မရှင်ဥက္ကက ၂၀၁၅ ရွေးကောက်ပွဲတွင် ပါတီဥက္ကဌများလာရောက်မဲဆွယ်ခြင်းမပြုရ ၊ကိုယ်.မဲဆန္ဒနယ်တွင်ဝင်ရောက်ယှဉ်ပြိုင်မည်. အမတ်လောင်းကိုယ်တိုင်သာမဲဆွယ်ဟောပြောခွင်.ပြုသည်ဟူသော စည်းမျဉ်း (အမှန်ကညစ်ကွက် ) ကိုထုတ်ပြန်ကောင်းထုတ်ပြန်မည်ဖြစ်ကြောင်းစည်းဝါးကိုက် ကြေငြာလိုက်လေ၏ ။
မြန်မာနိုင်ငံတွင် သုခုမ သဘင်သည်များမှအစ အုပ်ချုပ်သူများအလယ် ၊ လွှတ်တော်၊ရွေးကောက်ပွဲကော်မရှင် ၊ တရားသူကြီးများအဆုံး အားလုံးသည် “ အဆင်ပြေရင်လက်ခုပ်သံလေးကြားချင်တယ် “ ဆိုသော အဆင်.မှမတက်ကြသေးချေ ။ လူကြားကောင်းရုံ လက်ခုပ်သံနိုင်ငံရေးကိုလုပ်နေကြပေသည် ။နိုင်ငံရေးလက်ခုပ်သံဆိုသည်မှာအထူးအထွေလိမ်လည်တောင်းခံနေစရာမလိုပါ
။ ပြည်သူသာအမိ ပြည်သူသာအဖဟုတကယ်ယုံကြည်၍ ပြည်သူလူထုကို
သန်းခေါင်စာရင်းထဲမှ ကိုယ်.မိဘအရင်းလို ကောင်းတာလေးတွေမျှဝေလျက်
လေးလေးစားစားလူရာသွင်းဆက်ဆံကြလျင်ဖြင်. ပြည်သူလူထုသည် ပွဲမတောင်းလည်း လက်ခုပ်သံမဲအပေါင်းကိုသောင်းသောင်ဖျဖျ ရွေးကောက်ပွဲ မဲရုံအ၀၌ ပေးကြမည်သာဖြစ်ပါကြောင်း ။ဆက်၍လိမ်နေကြလျင်ဖြင်. ကိုယ်ထိုက်နှင်.ကိုယ်.ကံသာဖြစ်ပါကြောင်း။
သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ်
၂၉.၄.၂၀၁၄
No comments:
Post a Comment