Tuesday, May 20, 2014

ထူးကြီးမူးကြီးဆွေးနွေးခန်း ( ကားသစ်ကြီးကိုစီးလို.ပါ ) သရ၀ဏ်(ပြည်)


ထူးကြီးမူးကြီးဆွေးနွေးခန်း ( ကားသစ်ကြီးကိုစီးလို.ပါ )

သရ၀ဏ်(ပြည်)

တစ်နေ.တွင်ထူးကြီးနှင်.မူးကြီးသည် အရက်ဆိုင်မှ ကံစမ်းမဲပေါက်ကာရရှိထားသော BMW ကားအမည်းအသစ်ကြီးကိုစီးကာ ရန်ကုန်မှ နေပြည်တော်သို.အပန်းဖြေခရီးထွက်ခဲ.ပေ၏ ။ နေပြည်တော်သို.ရောက်လျင် နာမည်ကြီးလှသော ၊ စားဖားကြီးဥယျာဉ် ဆိုလား စာဖာရီဥယျာဉ်ဆိုလားနာမည်ဆန်းဆန်းနှင်. ဥယျာဉ်သို.သွားမည် ။ရေပန်းဥယျာဉ်သို.သွားမည် ။ ကျောက်မျက်ဈေးတွင်ဈေးဝယ်မည် ၊ မြို.မဈေးတွင် လက်ဘက်ရည်သောက်မည် စသည်ဖြင်. စိတ်ကူးယဉ်ကာ ကားမောင်းလာပေ၏ ။ကားတံခါးများကိုပိတ်ကာ လေအေးစက်ဖွင်.၍မောင်းလာခဲ.ခြင်းဖြစ်ရာ ကားကလည်းကောင်း ၊ လမ်းကလည်း အဝေးပြေးလမ်းကြီးဖြစ်သဖြင်. တဖြည်းဖြည်းနှင်. ကားမှာမြန်သထက်မြန်လာသည်ကိုသတိမထားမိကြပေ ။
ထိုသို.မောင်းလာကြရင်း ကားတာယာနှင်. ကွန်ကရစ်လမ်းပွတ်တိုက်မှုအရှိန်မြင်.လာရာမှ ဒိုင်းကနဲ ကားတာယာပွင်.ထွက်သွားကာ BMW ကားကြီးလည်း သေမင်းတမန်လမ်းမကြီးဟုနာမည်ကျော်သော နေပြည်တော်အမြန်လမ်းမကြီးဘေးသို.ဒလိမ်.ခေါက်ကွေးထိုးကျကာ သစ်ပင်နှင်.၀င်ဆောင်.တော.၏ ။

ဝုန်း

ဒုန်း

အမလေး

အား

ထို.နောက် ထူးကြီးနှင်.မူးကြီးသည်အမှောင်တိုက်ထဲတွင်အတန်ကြာမျောလွင်.နေပြီး ရုတ်တရက်သတိရလာသောအခါ လင်းထိန်နေသော အခန်းကြီးတစ်ခုထဲတွင်ရောက်နေကြောင်း သတိထားလိုက်မိ၏ ။အရပ်ဆယ်ပေခန်.ရှိသော လူနီကြီးများသည်သူတို.ကိုဝန်းရံထား၏ ။

ထူးကြီး -
ငါတို.ဘယ်ရောက်နေတာလဲဟ

မူးကြီး - နေပြည်တော်အမြန်လမ်းကြက်ခြေနီတပ်ဖွဲ.ကငါတို.ကိုကယ်တင်ထားလို. ဆေးရုံကိုရောက်နေတာနေမှာပေါ.

တိတ်စမ်း ၊ပေါက်ကရတွေလျှောက်မပြောနဲ. ၊ မင်းတို.အခုရောက်နေတာငရဲပြည်ကွ ၊ငရဲပြည်ပြည် ၊ ဟိုမှာထိုင်နေတာ ငရဲသနင်း ၊ ယမမင်းပဲ ၊ သူမေးတာမှန်မှန်ဖြေနော် ၊ငါကတော.ငရဲထိန်းပဲ

ယမမင်း- ဟေ.ထူးကြီး နဲ. မူးကြီး ၊ မင်းတို.ဘာလို. ငရဲကိုကျလာတာလဲသိလား

ထူးကြီး- ငါးလောင်းပြိုင်လူသတ်မှုကကျွန်တော်နဲ.မဆိုင်ပါဘူး ငရဲမင်း လူမှားမယ် သတိထားပါ

မူးကြီး- ဒီပဲယင်းအရေးအခင်းကလည်းကျွန်တော်နဲ.အဝေးကြီးပါ ၊ကျွန်တော်က ပိုက်ဆံရလို.စွမ်းအားရှင်ထဲတော.လိုက်ဖူးပါတယ်

ထူးကြီး- ဟုတ်ပါတယ် ရွှေဝါရောင်တော်လှန်ရေးတုန်းက စွမ်းအားရှင်အဖွဲ.မှာ တစ်နေ.ငါးထောင် ဒံပေါက်တစ်ထုပ်ရလို.လိုက်ဖူးပါတယ် ။ဒါပေမယ်.ဘုန်းကြီးတွေကို ရိုက်တဲ.အထဲမှာကျွန်တော်မပါပါဘူး အငဲမင်း

ငရဲမင်း- နင်.အမေလင် အငဲမင်းလား ၊ငရဲမင်းကွ ။ မင်းတို.ဒီနေရာကိုရောက်လာတာ ကားစီးလို.ကွ သိပြီလား ၊ ရှင်းအောင်ပြောရရင် ဘုရားရင်ပြင်တော်ပေါ်အထိ ကားနဲ.တက်လာတဲ.အတွက်ပဲ ။မင်းတို.အပြစ်မင်းတို.သိလား ။

ထူးကြီး- ဟုတ်ကဲ. ဟိုနေ.က ရွာပြန်တုန်း ရွာဦးစေတီတော်ကိုသွားအဖူးမှာ စေတီရင်ပြင်တော်ပေါ်အထိ ကျွန်တော်မျိုးကြီးတို.နှစ်ယောက်ကားနဲ.မောင်းတက်မိပါတယ် ။

ငရဲမင်း- အေး ၊ဒါဆို မင်းတို.ငရဲမကျသင်.ဘူးလားဟေ.

ထူး- ဒါကဒီလိုရှိပါတယ် ။ကျွန်တော်မျိုးက ငယ်စဉ်ကတည်းကသွက်ချာပါဒ လေငန်းရောဂါရှိပါတယ် ။ ခြေအိတ်တို. ဖိနပ်တို.မပါပဲ သံမံတလင်းပေါ်လမ်းလျှောက်ရင် အောက်ပိုင်းချိသလိုဖြစ်ပြီး ရောဂါဟောင်းကပြန်ပြန်ထတတ်ပါတယ် ။ ဒါပေမယ်. မြတ်စွာဘုရားရဲ.ဓါတ်တော်မွေတော်တွေကိုဖူးမျှော် ချင်စိတ် သဒ္စါတရားကလဲ အရမ်းကိုယိုဖိတ်လာတာမို. တိုင်းသူပြည်သားတွေ အမြင်မတော်လို.ပြောချင်ကာမှပြောကြရော မြတ်စွာဘုရားကိုတော. ရိုသေလွန်းလို. မရရအောင်သွားဖူးကြမယ်ဆိုတဲ. သူတော်ကောင်းစိတ်ဓါတ်နဲ. ထွက်လာခဲ.တာပါ ။ဒါ.ကြောင်. ခက်ခက်ခဲခဲ ဘုရားဖူးလာရှာတဲ. ဒုက္ခိတ ( ဒစ်အေးဘဲလ် )တစ်ယောက်အပေါ်မှာ ခွင်.လွှတ်ရုံမက ဆုလာဘ်များပါချီးမြင်.သင်.ပါတယ်

ငရဲမင်း- အံမယ် သူ.ကိုတောင်ဆုချရဦးမယ်အပေါက် ၊ကဲပြောစမ်း မူးကြီး မင်းကကော ဘာပြောဦးမလဲ

မူး- ကျွန်တော်လဲ ထူးကြီးပြောတဲ.အတိုင်းပါပဲ ။ တစ်ခုဖြည်.စွက်ပြောချင်တာကတော. ဒီကိစ္စမှာ ကျွန်တော်တို.အပြစ်မဟုတ်ပါဘူး ၊ ဘုရားထက်ကြီးတဲ.ဘုရားလူကြီး အပြစ်လဲပါပါတယ် ။တကယ်ဆိုရင် ဘုရားပေါ်ကို ကားနဲ.တက်ခွင်.မရှိဘူးဆိုရင် စောစောထဲက ဂေါပကတွေကတားမြစ်သင်.ပါတယ် ။ သူတို.လက်ခံလို.ကျွန်တော်တို. တက်ခဲ.တာပါ ။ တကယ်ဆို အိမ်ရှင်ဖြစ်ပြီးမတားမြစ်ခဲ.တဲ. ဂေါပက လူကြီးတွေကိုသာ ငရဲမင်းကြီးပြစ်ဒဏ်စီရင်သင်.ပါတယ် ။

ငရဲမင်း- မင်းကငါ.ကို ဦးနှောက်မရှိဘူးလို.ဆိုလိုတာလား ၊ငါ.အလုပ် ကိုငါနားမလည်ဘူးလို.ဆိုလိုတာလား ၊ မင်းတို.လူ.ပြည်.မှာပဲ လုပ်ငန်းမကျွမ်းကျင်ပဲ မိုးကျရွေကိုယ်စနစ်နဲ. တပ်ထွက်တွေကို အလုပ်ခန်.လိုရချင်ရမယ် ၊ငရဲပြည်မှာမရဘူးကွ ၊ငါလဲတပ်ကထွက်ပြီးမှ ယမမင်းဖြစ်လာတာ

မူးကြီး - မ…မ…မ…မဟုတ်

ငရဲမင်း- အေး ၊ မင်းတို.ရဲ. ၀ဲယာဘေးနှစ်ဘက်ကိုကြည်.လိုက်စမ်

ထူးကြီးနှင်.မူးကြီး သည်သူတို.ဘေးနှစ်ဖက်သို.ကြည်.လိုက်ရာ လက်ပြန်ကြိုးအတုတ်ခံရပြီး ကြောက်ရွံ.စွာ ဒူးတုတ်ထိုင်နေကြသော ဘုရားဂေါပကများကိုတွေ.ရလေသည် ။

ထူးကြီး- ဘယ်လိုဖြစ်ကြတာတုန်း ဘုရားလူကြီးတွေရဲ.

ဂေါပက- မြင်တဲ.အတိုင်းပဲလေကွာ ၊ မင်းတို.လာတုန်းက ငါတို.လဲ ဖားပြီး ဘုရားပေါ်အထိကားစီးခွင်.ပြုခဲ.လို.၊ လူ.ပြည်ကနေ မာလကီးယားပြီး ခုလိုငရဲပြည်ရောက်နေကြတာပဲ ၊မင်းတို.ကလဲဘယ်လိုဖြစ်လာကြတာလဲ

မူးကြီး- ဒုတိယကမ္ဘာစစ်တုန်းက သေမင်းတမန်ရထားလမ်းလို.နာမည်ကျော်တဲ. ထိုင်းမြန်မာ ရထားလမ်းကြီးလို ၊ ၂၁ ရာစုသေမင်းတမန် ကားလမ်းကြီးလို.နာမည်ကျော်တဲ. ရန်ကုန် -နေပြည်တော် -မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ကားမောင်းရင်းအစဉ်အလာမပျက် ကားမှောက်ပြီး ငရဲပြည်ကိုရောက်လာတာဟေ. သိပြီလား ။

ငရဲမင်းကြီး- ဟေ.ကောင်တွေ ၊ မင်းတို.ကိုကြုံတုန်း လူ.ပြည်ကအသိမိတ်ဆွေတွေကိုပြရဦးမယ် ဒီမှာကြည်.စမ်း ငရဲသားတစ်ယောက်တွေ.လား ၊ ပါးတွေနားတွေကို ငရဲထိန်းတွေက ခွေးနဲ.တိုက်ပြီး ကိုက်ခိုင်းနေတာ

ထူး- သနားပါတယ်ဗျာ သူကဘာအတွက်ခံရတာလဲ

ငရဲမင်း- လူ.ပြည်တုန်းကနယ်လှည်.ပါးရိုက်လာတဲ. လူဟဲ. ၊သေတော.ဒီကိုရောက်ပြီးခံနေရတာပဲ

မူး- ဟောဟိုက ဗိုက်မှာ ဒဏ်ရာကြီးနဲ. အူတွေပွင်.နေတဲ.သူကရော ခင်ဗျ

ငရဲမင်း- သူကတော. သူများအကြောင်းမကောင်းပြောဖို. သူ.ဗိုက်ကိုလှန်လှန်ပြတဲ.သူကွဲ.

ဂေါပက- ဒါဆို ဟောဟိုမှာ ချိန်ခွင်နဲ.မသေမရှင် ၀ိုင်းခုတ်သတ်ခံနေရတဲ.လူကရော

ငရဲမင်း- အဲဒါက ဈေးလူကြီးရွေးကောက်ပွဲမှာ ဘက်လိုက်တဲ.ဒိုင်လူကြီးပေါ. ၊ လာဘ်စားတဲ.တရားသူကြီးတွေလဲပါတယ်

ထူး- ဟိုး ရေတွင်းကြီးထဲမှာ မှောင်ကြီး မည်းကြီး တစ်ယောက်ထဲ ဖယောင်းတိုင်လေးနဲ.ငုတ်တုတ် ထိုင်နေတဲ.သူကရော

ငရဲမင်း- သူကတော. လူတွေကို မီးမလာရင်ဖယောင်းတိုင်ထွန်းနေခိုင်းတဲ.ပုဂ္ဂိုလ်ပါ

မူး- အဝေးပြေးလမ်းမကြီးကိုဖောက်ခဲ.တဲ.တာဝန်ရှိသူတွေရောမခေါ်ဘူးလား ခင်ဗျ

ငရဲမင်း- ငရဲပြည်မှာ မဟုတ်ကဟုတ်ကလမ်းသစ်တွေခင်းနေမှာစိုးလို. လောလောဆယ်မခေါ်သေးဘူး ၊ ဒါပေမယ်. စာရင်းရှိပြီးသားပဲကွာ ငါတို.လက်ကဘယ်လွတ်ပါ.မလဲ ။ ကဲကြာတယ်ကွာ မင်းတို.မှာ အပြစ်ရှိလားမရှိလားပြော ..

ထူး၊ မူး - ဟုတ်ကဲ. အပြစ်ရှိပါတယ် ။

ငရဲမင်း- ကောင်းပြီ ၊ ကိုယ်.အပြစ်ကိုယ်ဝန်ခံလို. သက်သာတဲ.အပြစ်ဒဏ်ချမှတ်လိုက်မယ် နာခံစေ ။ အမိန်. ။ မောင်ထူးကြီး နှင်.မူးကြီးသည် မော်တော်ကားအမည်းကြီး ပေါ်မှမဆင်းလိုပဲ ဘုရားရင်ပြင်တော်ပေါ်အထိ တက်ရောက်မောင်းနှင်ခဲ.သောကြောင်. ယခုကားသစ်အမည်းကြီးနှင်.ပင် ဂေါပကလူကြီးများကိုပါခေါ်၍ မဟာယောရုဝ ငရဲတွင် ကမ္ဘာပျက်သည်အထိ ကားထဲမှမထွက်ပဲ အစာမစား ၊ရေမသောက် ၊ အခင်းကြီးအခင်းလေးသွားခွင်.မပြုပဲ မစင်ဘင်ပုတ်တောအလယ်၌ နေကြစေသတည်း ။

ထူး-မူး- သေပြီဆရာ

သရ၀ဏ်(ပြည်)



တင်ဆက်မှု..ပြည်သတင်းလူငယ်(ပြည်သတင်း)

No comments:

Post a Comment