***************************************************************
ရဲပြန်ကြား
(14.5.2014) ရက်နေ့
(0915)နာရီအချိန် သဲကုန်းမြို့နယ်၊ အုတ်ဖိုအုပ်စု၊ အောင်ကုန်းရွာနေ ဒေါ်ညို၊ ဒေါ်ခင်မာအေး၊ မောင်ဝင်း၊ ကောင်းထက်ကျော်
တို့ ဦးဆောင်သော အင်အား(15)ဦးခန့်သည် သဲကုန်းမြို့ပေါ်တွင် လမ်းမတော်လမ်း၊ ရုံးလမ်း၊ စာရင်းရုံးလမ်းအတိုင်း
ချီတက်ဆန္ဒပြပြီး မြို့နယ်တရားရုံးမှတဆင့် အရှေ့မြို့ ပါတ်လမ်း၊ ပြင်ဦးလွင်လမ်း၊ ဘုရားကြီးလမ်းအတိုင်း
“မတရားဖမ်းဆီးခံရသူ လယ်သမား ကိုပေါက်စ ချက်ချင်းလွှတ်” စာတမ်းနှင့်ကိုပေါက်စ ဓါတ်ပုံပါ
(5x3)ပေ ဗီနိုင်းပိုစတာ (1)ခုနှင့် အခြားပိုစတာများ ကိုင်ဆောင်ကာ “သိမ်းဆည်းခံလယ်ယာမြေ
များပြန်လည်ရရှိရေးဒို့အရေး” မတရား တရားသူကြီး ဦးဝင်းမြင့်အလိုမရှိ ” မတရား ဖမ်းဆီးခံရသူ ကိုပေါက်စ ချက်ချင်းလွှတ်”
စသည်တို့ကို ချီတက်ဆန္ဒပြပြီး မိုဃ်းကောင်းဘုရားသို့ ရောက်ရှိဆုတောင်းမှုပြုလုပ်ခဲ့၍
(1105)အချိန်တွင် ပြန်လည် ထွက်ခွာသွားခဲ့ကြပါသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မညို၊ မခင်မာအေး၊
ကောင်းထက်ကျော်၊ မောင်ဝင်း တို့သည်နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို
ထိခိုက် သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူ ကိုသော်လည်းကောင်း၊
အများပြည်သူ၏ သီးခြားလူစုကိုသော်လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန်
အကြံ၊ ထိုကဲ့သို့ ဖြစ်စေတန်ရာသည့် အကြောင်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည့်အတွက်
ဥပဒေအရ အရေးယူပေးပါရန် သဲကုန်းမြို့နယ်၊အုပ်ချုပ်ရေးမှူးဦးလှမိုးဦးမှ သဲကုန်းမြို့မရဲစခန်းသို့
တိုင်တန်းလာခဲ့ပါ သည်။ သို့ဖြစ်ပါ၍ သဲကုန်းမြို့မရဲစခန်း ရဲအရေးမပိုင်မှုစွဲချက်
(4/2014) ဖြင့် (1130) အချိန်အမှုရေးဖွင့်၍ သဲကုန်းမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားပေးခဲ့ပါသည်။
သဲကုန်းမြို့နယ်တရားရုံးမှ ပြစ်မှုကြီးအမှတ် (740/2014)ဖြင့် လက်ခံစစ်ဆေးပြီး မညို၊
မခင်မာအေး၊ ကောင်းထက်ကျော်၊ မောင်ဝင်းတို့အား ဖမ်းဆီးရန်အမိန့်ကို (1200) အချိန်ထုတ်ပေးခဲ့သည်။
သဲကုန်းမြို့မရဲစခန်းမှူး ဒုရဲမှူးဇော်အောင်သည် ဖမ်းဝရမ်းရရှိ မှုကို မြို့နယ်ရဲတပ်ဖွဲ့မှူးထံတင်ပြပြီး
ဝရမ်းအတည်ပြု ဖမ်းဆီးနိုင်ရေးကို သက်သေ အောင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းမောင်၊
ရပ်ကွက် (1)မှ ဦးကျော်သီဟ၊ အမျိုးသမီးသက်သေ
ရဲတပ်ကြပ်ကြီး မျိုးအောင်ခိုင်၏ဇနီး ဒေါ်ဝင်းဝင်းရွှေ၊ ရဲဒုတပ်ကြပ် မျိုးမင်းညွန့် ၏
ဇနီး မဆည်းဆာလွင် အဖွဲ့သည် ဆန္ဒပြပြီးအပြန် သဲကုန်းမြို့၊ ရပ်ကွက် (4) တပ်မြောက်ကျောင်းအနီးတွင်
ဒုရဲမှူး ဇော်အောင် ဦးစီးတပ်ဖွဲ့ဝင် (12)ဦး၊ သက်သေများနှင့်အတူ ဖမ်းဝရမ်းအတည်ပြု
ဆောင်ရွက်ခဲ့ရာ (1230)အချိန်တွင် မညိုနှင့်မောင်ဝင်းတို့အား ဖမ်းဆီးနိုင်ခဲ့ပြီး ကျန်အဖွဲ့များမှ
တပ်မြောက်ဘုန်းကြီးကျောင်းအတွင်း ၀င်ပြေးသွားခဲ့ကြပါသည်။
နယ်ထိန်းတပ်ကြပ် အောင်မြတ်ဆွေမှ ကောင်းထက်ကျော်အား ဖမ်းဆီးနေစဉ် ဆန္ဒပြအဖွဲ့မှ အမျိုးသား
(3)ဦးနှင့် အမျိုးသမီး (2)ဦးတို့မှ တံပိုးနှင့်ရိုက်နှက်ခြင်းများ ပြုလုပ်၍ ကောင်းထက်ကျော်အား
အတင်းပြန်ဆွဲလုရာ ကောင်းထက်ကျော်မှာ ဘုန်းကြီးကျောင်းလှေခါးရင်းတွင် လဲကျပြီးနဖူးနှင့်မြေကြီးစောင့်မိကာ
နဖူးအလယ် ဆံစပ်တွင် ပေါက်ပြဲဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းအဆောက်အဦးထဲ ၀င်ပြေးသွားခဲ့
ပါသည်။ မခင်မာအေးမှလည်း ဒုရဲမှူးဇော်အောင်ထံပြေးဝင်လာပြီး အက်ျီလက်မောင်း တွင်ပေနေသောသွေးကွက်များကိုပြသ၍
ရဲများမှရိုက်နှက်၍ရသော ဒဏ်ရာများဖြစ် ကြောင်း ပြသခဲ့ရာ သက်သေများနှင့်ကြည့်ရှုစစ်ဆေးရာဒဏ်ရာရရှိခြင်းမဟုတ်ဘဲ
ကောင်းထက်ကျော်၏နဖူးမှထွက်သောသွေးများအား သုတ်လိမ်းထားခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
ဒုရဲမှူးဇော်အော်ငမှ တရားခံ ဖမ်းဆီးနိုင်ရေးအား ကွပ်ကဲ ဆောင်ရွက်နေစဉ် ဆန္ဒပြအဖွဲ့ထဲမှ
ဦးမောင်ဝင်းဆိုသူသည် ဘုန်းကြီးကျောင်းထဲမှ ဓားမတစ်ချောင်းနှင့်အတူ ရောက်ရှိလာပြီး
ဒုရဲမှူးဇော်အောင်အား နောက်မှခုတ်မည့် ဟန်ပြင်နေစဉ် ဒုရဲအုပ် စရန်နိုင်စိုးနှင့် ရဲတပ်ကြပ်
ဇော်လတ်တို့မှ ဓားအား အတင်းဝင် လု၍ ဖမ်းဆီးဆောင်ရွက်ခဲ့ရပါသည်။ ဆန္ဒပြအဖွဲ့မှ အမျိုးသား/အမျိုးသမီ်း
(10)ဦးခန် နှင့် ကောင်းထက်ကျော်၊ မခင်မာအေးတို့မှ
ဘုန်းကြီးကျောင်းအတွင်း ၀င်ရောက်၍ တံခါးအားလုံးပိတ်ကာ အတွင်းတွင်နေ နေကြပါသည်။ ထိုအချိန်တွင်
တပ်မြောက် ကျောင်းဆရာတော် ဦးဝါယမသည်ဆွမ်းစားဆောင်တွင် ဆွမ်းဘုဉ်းပေးပြီး နားနေချိန်
ဖြစ်၍ ပြင်ပရောက်ရှိနေချိန်တွင် ဆန္ဒပြအဖွဲ့မှ ကျောင်းဝန်းအတွင်းဝင်၍ တံခါးပိတ်နေ ကြခြင်းဖြစ်ပါသ်ည။
ဒုရဲမှူး ဇော်အောင်၊ အောင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းမောင်တို့မှ ဆရာတော်ဦးဝါယမအား
အမှုဖွင့်လှစ်၍ တရားရုံးမှပေါင်းတည် အကျဉ်းထောင်တွင် ချုပ်ထားစေရန် ရီမန်အမိန့်အရ ပေါင်းတည်အကျဉ်းထောင်သို့
ဆက်လက်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ (14.5.2014)ရက်နေ့ ဆန္ဒပြ မှုဖြစ်စဉ်တွင်
ဆန္ဒပြမှုဖြစ်စဉ်များအားလုံးကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ဆန္ဒပြသူများမှ ဦးဆောင်သူများကို
ဖမ်းဝရမ်းအတည်ပြု ဖမ်းဆီးချိန်တွင် ဗီဒီယိုမှတ်တမ်းတင်သူ ဒုရဲအုပ် စရန်နိုင်စိုးအား
ဆန္ဒပြသူများမှ ၀ိုင်း၍ကင်မရာဆွဲလုခြင်း၊ ရိုက်နှက်ခြင်းများ ကြောင့် ဖြစ်စဉ်မှတ်တမ်းမတင်နိုင်ခဲ့ပါ။
ရဲပြန်ကြား မှသတင်းပေးပို့ထားပါတယ်။
ပြည်သတင်းလူငယ်(ပြည်သတင်း).....
No comments:
Post a Comment