Thursday, May 29, 2014

အင်းမစစ်တပ်တွင် အပူလွန်ကဲပြီး ဗုံးသီးဟောင်းများ ပေါက်ကွဲ ရေခဲ(ပြည်)

အင်းမစစ်တပ်တွင် အပူလွန်ကဲပြီး ဗုံးသီးဟောင်းများ ပေါက်ကွဲ
ရေခဲ(ပြည်)

ပြည်၊ မေ ၂၉
သဲကုန်းမြို့နယ် ခလရ (၈၀) အင်းမစစ်တပ်တွင် မေ ၂၈ ရက်က အပူရှိန်လွန်ကဲပြီး ဗုံးသီးဟောင်းများ ပေါက် ကွဲမှုဖြစ်ပွားခဲ့သည်ဟု အမည်မဖော်လိုသူ တပ်မတော်သား တစ်ဦးက မဇ္ဈိမကို မေ ၂၉ ရက်တွင် ပြောသည်။
မွန်းလွဲ ၃ နာရီခွဲအချိန်က ခလရ (၈၀)စစ်တပ်၏ တောင်ဘက်ပိုင်း အင်တိုင်းတောအတွင်းရှိ လူမနေသည့် အရာရှိ အိမ်ရာအဟောင်းအတွင်း သိမ်းဆည်းထားသော ဗုံးသီးအဟောင်းများ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
ဗုံးသီးပေါက်ကွဲ မီးလောင်မှုကြောင့် သွပ်မိုးအုတ်ကာ အဆောက်အအုံတစ်လုံး မီးလောင်ခဲ့ပြီး လူတစ်ဦး တစ် ယောက်မျှ ထိခိုက်ဒဏ်ရာရ သေဆုံးမှုမရှိဟု အဆိုပါ စစ်သားက ဆိုသည်။
မီးလောင်သည့်နေရာသို့ ရောက်ရှိနေသော မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက“လူမနေတဲ့ အိမ်လေးတွေ နည်းနည်း ပါသွားတာပါ။ ငြိမ်းသွားပါပြီ” ဟု ပြောသည်။
မီးလောင်သည့်နေရာသို့ သဲကုန်း၊ ပြည်၊ အင်းမ ရွှေတောင်မီးသတ်မှ မီးသတ်တပ်ဖွဲ့ဝင် ၃၀ ကျော်လာရောက် ပြီး နာရီဝက်ကြာ မီးငြှိမ်းသတ်ခဲ့ရသည်။ မီးကြွင်းမီးကျန်များကို ထပ်မံ ရှင်းလင်းနေရသဖြင့် ညနေ ၅ နာရီ အချိန်တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့သည်ဟု မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
ရေခဲ(ပြည်​)
မဇ္ဈိမသတင်း

No comments:

Post a Comment