Saturday, May 24, 2014

ယနေ့အချိန်ထိ အမှုမှန်မပေါ်သေးသော ပြည်မြို့ နဝဒေးတံတားအောက် အကြမ်းဖက်လုယက်သတ်ဖြတ်မှု တစ်နှစ်တစ်လပြည့် ဆန္ဒဖော်ထုတ်ပွဲ ပြည်ဒေသခံများနှင့် လူမှုအသင်းအဖွဲ့များမှဆန္ဒပြ **************************************************************************************** ပြည်သဲမောင်(ပြည်)



ယနေ့အချိန်ထိ အမှုမှန်မပေါ်သေးသော ပြည်မြို့ နဝဒေးတံတားအောက် အကြမ်းဖက်လုယက်သတ်ဖြတ်မှု တစ်နှစ်တစ်လပြည့် ဆန္ဒဖော်ထုတ်ပွဲ ပြည်ဒေသခံများနှင့် လူမှုအသင်းအဖွဲ့များမှဆန္ဒပြ
****************************************************************************************

ပြည်သဲမောင်(ပြည်)

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ န၀ဒေးတံတားအောက်မှ အကြမ်းဖက် လူသတ် လူယက်မှု တစ်နှစ်ပြည့် မေလ(၂၃)ရက်တွင် ပြည်မြို့သူမြို့သားများနှင့် မြို့ခံလူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာတရားခံ အမြန်ဆုံး ဖော်ထုတ်အရေးယူပေးရန် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ကျသည်။

“တရားဥပဒေစိုးမိုးရေး ရပ်ရွာအေးချမ်းသာယာရေး ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုရှိရေး အလေးထား၍ ပြစ်မှုကျူးလွန်သူများကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူပေးရန် ပြစ်မှုကျုးလွန်ခံရသူများ တရားမျှတမှုနှင့် ကုစားခွင့်ရရှိစေရန် အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရေး အာမခံချက်ရရှိရန် ပြည်မြို့ခံတစ်ဦးအနေနဲ့ရော လူ့အခွင့်အရေး ကူညီလှုပ်ရှားသူ အနေနဲ့ရော ပြည်ဒေသခံများနဲ့ အားလုံးပေါင်းပြီး ဆန္ဒဖော်ထုတ်တောင်းဆိုတာပါ”ဟုဆန္ဒဖော်ထုတ်သူ တစ်ဦး ကဆိုသည်။

ထိုနေ့နံနက်(၉)နာရီအချိန် ပြည်မြို့ဒေသခံများနှင့် မြို့ခံလူမှုရေးအသင်းအဖွဲ့များ သည် ဗိုလ်ချုပ်ကျောက်ရုပ်တွင်စုဝေးပြီး ဗိုလ်ချုပ်ကျောက်ရုပ်မှစတင်ချီတက်ခဲ့သည်။ ဗိုလ်ချုပ်ကျောက်ရုပ်မှ ဗိုလ်ချုပ်လမ်း ကိုးသောင်းရွှေတစ်ချောင်းလမ်း အတိုင်းချီတက်ကာလမ်းမတော်လမ်း ရန်ကုန်ပြည်လမ်း နဝဒေးတံတားအောက်တွင်ဆန္ဒဖော်ထုတ်မှုကိုပြီးဆုံးကာလူစုခွဲခဲ့ကျသည်။

ဆန္ဒဖော်ထုတ်သူများသည် “တရားဥပဒေစိုးမိုးရေး....ဒို့အရေး” “ပြစ်မှုကျုးလွန်သူများကို အရေးယူပေးရေး....

ဒို့အရေး” “ တရားမျှတမှုပြန်ရရေး....ဒို့အရေး” “ဥပဒေအထက်မှာရှိသူများ...အလိုမရှိ’’ “အမှန်တရားဖျောက်သူများ... အလိုမရှိ’’ “အကြမ်းဖက်လုယက်သတ်ဖြတ်ခွင့်လိုင်စင်... အလိုမရှိ’’ကြွေးကြော်သံများ ကြွေးကြော်ကာ ပြည်မြို့ နဝဒေးတံတားအောက်အကြမ်းဖက်လုယက်သတ်ဖြတ်မှု တစ်နှစ်တစ်လပြည့် ဆန္ဒဖော်ထုတ်ပွဲ ၊တရားဥပဒေ၏အထက်၌မည်သူမျှမရှိစေရ ၊ ပြစ်မှုကျုးလွန်ပြီးဥပဒေအရ အရေးယူမခံရအောင်ကာကွယ်ခြင်းဟာ ဂုဏ်သိဏ္ခာမဟုတ်ပါ ၊တရားဥပဒေအထက်က မည်သူ့ကိုမှအလိုမရှိ စစ်တပ်အသာစီးရယူမှု အလိုမရှိ အကြမ်းဖက်လုယက်သတ်ဖြတ်ခွင့် လိုင်စင်ပေးထားတာနဲ့အတူတူပဲ

၊တရားဥပဒေစိုးမိုးရေး ရပ်၇ွှာအေးချမ်းသာယာရေး ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ် လုံခြုံစိတ်ချမူရှိရေးအာမခံချက်ပေး ၊အကြမ်းဖက်လုယက်သတ်ဖြတ်သူများ မိုးပေါ်ကကျမလာ ရေအောက်တိုင်းပြည်ကပေါ်မလာ အမှန်တရားကိုဖုံးကွယ်ဖျောက်ဖျက်ခြင်းမပြုပါနှင့် ၊ပြစ်မှုကျုးလွန်သူများကိုဥပဒေနှင့်အညီအရေးယူပေးပါ ပြစ်မှုကျုးလွန်ခံရသူများကိုတရားမျှတမှုရှာဖွေ ခွင့် လုံခြုံစိတ်ချခွင့်နှင့်ကုစားခွင့်ပေးပါ စသည့်စာသားပါ ပိုစတာများကိုင်ဆောင် ဆန္ဒပြခဲ့ကျသည်။

၂၀၁၃ခုနှစ် မေလ ၂၃ရက် ည ၉နာရီခွဲ အချိန်က န၀ဒေးတံတားအောက်ရှိ View Point ကမ်းနား သောင်ပြင်တွင် သမီးရည်းစား စုံတွဲတစ်တွဲကို အကြမ်းဖက်သမား သုံးဦးက အကြမ်းဖက်လူသတ် လုယက်မှု တစ်ခုပြုလုပ်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်တွင် အကြမ်းဖက်သမားများ လက်ချက်ဖြင့် ကိုဇော်မင်းဦး သေဆုံးခဲ့ရပြီး ၎င်း၏ချစ်သူ ကောင်းမလေးမှာလည်း လည်ပင်းညှစ် ရိုက်နှက်ခံခဲ့ရသည့်အပြင် သူမ၏ လက်စွပ်ကိုလည်း ချွတ်ယူသွားခဲ့သည်။

ယင်းဖြစ်ရပ်ဖြစ်ပွားပြီးချိန်တွင် ဆင်စုရပ်ကွက်နေ လူထုက ၀ိုင်းဝန်းရှာဖွေရာ တံတားအလွန် သောင်ပြင်နှင့် တဆက်တည်း ကမ်းပါးရံကိုင်းတောထဲတွင် ပုန်းခိုနေသူ (ခလရ ၇၅)မှ စစ်သားသုံးဦးကို တွေ့ရသဖြင့် ဖမ်းဆီးခဲ့ရာ နှစ်ဦးဖမ်းမီပြီး တစ်ဦးလွတ်သွားခဲ့သည်။ ဖမ်းဆီးရမိသူများကို စစ်တပ်မှ ပြန်ခေါ်သွားပြီး တပ်တွင်း အချုပ်၌ ချုပ်ထားသည် ဟုဆိုကာ ယခုအချိန်ထိ အရေးယူဆောင်ရွက်ခြင်း မရှိသေးပေ။

မှတ်ချက်။ ။၎င်းပေးပို့သောစာမူနှင့်ပတ်သတ်၍ဖြစ်ပျက်လာမည့်ကိစ္စအ၀၀ကိုတာဝန်ယူဖြေရှင်းသွား မည်ဖြစ်ကြောင်းနှင့်သတင်းစာမူအတွက်မှန်ကန်ကြောင်းကတိခံဝန်ချက်ပြုပါသည်။

သတင်းနှင့်ဓါတ်ပုံ
ပြည့်သဲမောင်(ပြည်)

တင်ဆက်သူ...ပြည်သတင်းလူငယ်(ပြည်သတင်း)




No comments:

Post a Comment