ပဲခူးတိုင်းအနောက်ပိုင်း သဲကုန်းတွင် ဗ.က.သ ကျောင်းသားအရိုက်ခံရမှုအပါအ၀င် ဆန္ဒပြလယ်သမားများ အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ မေလ (၂၂)ရက်နေ့တွင် ဗ.က.သကျောင်းသားများမှ ခရိုင်မြို့ဖြစ်သည့် ပြည်မြို့၌ ဆန္ဒဖော်ထုတ်မှုများထပ်မံပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သဲကုန်းဖြစ်စဉ်နှင့် ပတ်သက်၍ ဗ.က.သ ကျောင်းသားများမှ သဲကုန်းမြို့၌ မေလ(၂၀)ရက်နေ့မှ (၂၂)ရက်နေ့ များတွင် (၃)ရက် ဆက်တိုက်ဆန္ဒဖော်ထုတ်မှုများပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် မတရားဖမ်းဆီးထားသော လယ်သမားများလွှတ်ပေးရေး၊ ဗ.က.သ ကျောင်းသား ကိုကောင်းထက်ကျော် အပါအ၀င် လယ်သမားများအားတရားစွဲဆိုထားသော ပုဒ်မများ ဖျက်သိမ်းရေး အကြမ်းဖက်ခဲ့သော ရဲတပ်ဖွဲ့ဝင်များအား ဖော်ထုတ်အရေးယူပေးရေးစသည့်အချက်များကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။
“ပဲခူးတိုင်းအစိုးရဟာ ခုချိန်ထိ ပြည်သူတွေကို စစ်အစိုးရလက်ထက်ကလိုပဲ အုပ်ချုပ်နေသေးတယ်လို့မြင်တယ် ဒါကြောင့်သာ ဒါအကြာင့်သာဒီလိုအကြမ်းဖက်မှုတွေဖြစ်လာရတာပါ ၊ ကျနော်တို့ဆန္ဒပြတာတွေနဲ့ပတ်သက်ပြီး အရေးယူမယ်ဆိုရင်လည်း သူတို့ တရားစွဲမယ့် ပုဒ်မတွေအပေါ်မှာအယုံကြည်မရှိလို့ ဆင့်ခေါ်စာတွေ ပေးပို့ ရုံနဲ့တော့ လာမှာမဟုတ်ပါဘူး၊သူတို့ တကယ်အရေးယူချင်တယ်ဆိုရင် ကျနော်တို့ရှိတဲ့နေရာအထိ လာဖမ်း ခေါ်ပြီးရုံးတင်မှပဲရလိမ့်မယ်။”ဟု ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သည့် ဗ.က.သ.အဖွဲ့မှဗဟိုလုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှုး ကိုမင်းသွေးသစ်က ပြောသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ရာတွင် လူ(၄၀)ဦးခန့်ဖြင့် ပြည်မြို့လူစီကားရာနေရာဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကျောက်ရုပ်ရှေ့မှ စတင်ခဲ့ပြီး ပြည်မြို့နယ်ရဲတပ်ဖွဲ့မှ စတင်ထွက်ခွာစဉ် ခွင့်ပြုမိန့်ရယူထားခြင်းရှိမရှိ လာရောက်မေးမြန်းခဲ့ကြောင်းနှင့် တစ်စုံတစ်ရာတားမြစ်ခြင်းမရှိဟုဒေသခံများထံမှ သိရသည်။
“သူတို့ဆန္ဒပြတာ ခွင်ပြု့မိန့်ယူထားတာမျိုးတော့ မရှိဘူး။ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုအရေးယူ ဆောင်ရွက်မယ်ဆိုတာ အသေးစိတ်တော့ပြောလို့မရသေးပါဘူး။” ဟု ပြည်မြို့နယ်ဒုတိယရဲမှုး ဦးမျိုးမြင့်က ပြောသည်။
စစ်တပ်နှင့်လယ်ယာ လက်က္ကား သမ၀ါယမအသင်းတို့မှ သိမ်းဆည်းထားသော လယ်ယာမြေ ဧကတစ်ထောင်ကျော်ပြန်လည်ရရှိလိုသောကြောင့် ဖေဖော်ဝါရီ (၁၁)ရက်မှစတင်ကာသဲကုန်းမြို့ပေါ်၌ အမြဲတမ်း သပိတ်စခန်းဖွင့်၍ တောင်းဆိုခဲ့သော်လည်း လေးရက်မြောက်နေ့၌ သက်ဆိုင်ရာအာဏာပိုင်တို့မှ အင်အားသုံးဖြိုခွင်းခြင်းခံခဲ့ကြရာ အောင်ကုန်းကျေးရွာ၌ ယာယီသပိတ်စခန်းကို ထပ်မံဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
အောင်ကုန်းကျေးရွာ၌ ယာယီသပိတ်စခန်းဖွင့်လှစ်ကာ လယ်ယာမြေပြန်လည်ရရှိရေးအတွက် နေ့စဉ်တောင်းဆိုလျက် ရှိသော်လည်း ဦးဆောင်တောင်းဆိုသူ(၉)ဦးကို ပုဒ်မ(၁၈) ၊ ပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့်အရေးယူခံထားရပြီး အချို့မှာ ထိန်းသိမ်းခံနေရဆဲဖြစ်သည်ဟု သိရှိရသည်။
သီဟလွင်-ပြည် (မြစ်မခ)
ပြည်သတင်း
https://www.facebook.com/pyaynews
ပြည်အရောင်းအ၀ယ်
https://www.facebook.com/groups/pyaymarket
ပြည်သတင်းများ ဆုံဆည်းရာ
https://www.facebook.com/groups/670687089615364
No comments:
Post a Comment