Wednesday, May 28, 2014

ဝက်​ထီးကန်​မြို့သတင်း

ဝက်ထီးကန်၊ မေ ၂၈
ရေခဲ(ပြည်)

ရှေးဟောင်းသမိုင်းဝင်ကန်ကြီးတစ်ခုဖြစ်သည့် ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ၀က်ထီးကန်တိုက်နယ်အုပ်စုရှိ ၀က် ထီးကန် ကန်ကြီးကို မြေဖို့ကာအဆောက် အအုံဆောက်လုပ်ရန် စီစဉ်နေခြင်းကို ကန့်ကွက်ကြောင်း ဒေသ ခံ ၁၅၀ ကျော် လက်မှတ်ဖြင့် နိုင်ငံတော်သမ္မတထံ မေ လ၂၆ ရက်က တိုင်ကြားလိုက်သည်။
နိုင်ငံတော်ဘတ်ဂျက်ဖြင့် ၂၀၁၄ ခုနှစ်၊ အစောပိုင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြန် လည် ဆယ်ယူခြင်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ ပြီး ခန်းမဆောက်လုပ်ရန် ရပ်မိရပ်ဖများနှင့် မေလ ၁၁ ရက် တွင် အစည်းအဝေး ပြုလုပ်ထားသည်ဟု ကန့်ကွက်လက်မှတ်များ လိုက်လံစုဆောင်းသူ ဒေသခံကိုဝင်းလွင် က ပြောသည်။
“အာဏာရပါတီက ခန်းမဆောက်မယ်ဆိုပြီး ပြည်သူလူထုကိုချမပြဘဲ သူ့သဘောနဲ့သူ လုပ်နေတာကို ကန့် ကွက်တယ်။ ခန်းမရဲ့ပိုင်ဆိုင်မှုကလည်း ရှင်းမှာမဟုတ်ဘူး” ဟု ဆိုသည်။
ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက မေလ ၂၀ ရက်နှင့်၂၁ ရက်များတွင် ခန်းမဆောက်လုပ်မှုကို သဘော တူညီ ကြောင်းလက်မှတ်များ တစ်အိမ်တက် ဆင်းကောက်ခံခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။
သဘောတူညီကြောင်း လက်မှတ်မထိုးလိုက်သူ ရွာမရပ်ကွက်မှ ဦးသန်းက “ဦးကကန့်ကွက်လိုက်တယ်။ သမိုင်းဝင် ကန်ဖြစ်တဲ့အတွက်၊ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက်၊ အများပြည်သူကို အသိ မပေးတဲ့အ တွက်” ဟု ပြောသည်။
ယင်းနှင့်ပတ်သက်၍ ၀က်ထီးကန် မြို့နယ်မှ ပဲခူးတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်လင်းက “ခန်းမ ဆောက်ဖို့ရာ သဘောထားကောက်ခံ ထားပြီးဖြစ်ပါတယ်။ အများစုက လက်ခံပြီး ကန့်ကွက်တာက အနည်းစုက ကန့်ကွက်ထားတယ်။ ဘာပဲဖြစ်ဖြစ် အများသဘောတူဆုံးဖြတ်ချက်နှင့် ပြုလုပ် သွားမှာပါ” ဟု ပြောသည်။
လက်ရှိတွင် ၀က်ထီးကန်ရဲစခန်းအ ရှေ့ဘက်ကန်ပေါင်မှ မြေသားလျှောက်လမ်း ပြုလုပ်ထားပြီး ကန်အ လယ်တွင် အဆောက်အအုံဆောက်လုပ်ရန် ကုန်းမြင့်နေရာပြုလုပ်ထားသည်။အဆောက် အအုံဆောက် လုပ်ပါက ကန်ဧရိယာ ကျဉ်းသွားသည့်အတွက် ရေသောက်လယ်မြေများဖြစ်သော ပနီပင်အုပ်စု၊ မြို့မအုပ် စု၊ နှောကန်အုပ်စုရှိ ကျေးရွာ ၁၁ ရွာမှ လယ်ယာမြေ ဧက ၈၀၀၀ ကျော် ရေရရှိမှုနည်းသွားနိုင်သည်ဟု လည်း ဒေသခံကိုဌေးမြင့်က သုံးသပ်ထားသည်။
“အဆောက်အအုံဆောက်မှာနဲ့ ဆိုရင် ကန်ကတော်တော်ကျဉ်းသွားပြီ။ အရင်ကန်က ဧက ၁၆၀ လောက်ရှိ တာ။ အခု ၁၂၀ လောက်ဘဲ ရှိတော့တယ်” ဟု ၎င်းက ဆိုသည်။
ပေါက်ကျိုင်းရှင်ဘုရင်၏ ယောက်ဖတော် ခေပရူပမင်းသားသည် တကောင်းမြို့မှ ၀က်ကြီးတစ်ကောင် နောက်သို့ လိုက်ခဲ့သည်။ ထိုကန်နေရာအရောက်တွင် ၀က်ကြီးလူးနေသည်ကို တွေ့ပြီး မြားနှင့်ပစ်မည်ပြု စဉ် ၀က်ကြီးက ကန်ကြောက်ပြေးသဖြင့် ၀က်ကြီးကန်ဟု ခေါ်ရာမှ ၀က်ထီးကန်ဟု အမည်တွင် ခြင်းဖြစ် ကြောင်း ဒေသခံများကပြောသည်။ ရေခဲ(ပြည်)


No comments:

Post a Comment