Friday, May 23, 2014
ဂျွန်ဝီလျံယက်တော၏ဘ၀ဇာတ်ကြောင်း သရ၀ဏ်(ပြည်)
ဂျွန်ဝီလျံယက်တော၏ဘ၀ဇာတ်ကြောင်း
သရ၀ဏ်(ပြည်)
၂၀၀၉ ခုနှစ် မေလ (၄) ရက် တွင်ထိုစဉ်ကနေအိမ်အကျယ်ချုပ်မှသက်တမ်းစေ.လွတ်မြောက်ရန် ရက်သတ္တနှစ်ပါတ်ခန်.သာလိုတော.သော၊ မေလ (၂၇) တွင် လွတ်မြောက်ရတော.မည်. မြန်မာ.ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အိမ်သို. ဂျွန်ယက်တောသည် ကျူးကျော်ဝင်ရောက်ခဲ.ပါသည် ။ ထိုအမှုကြောင်. ဂျွန်ယက်တောလည်းမေလ (၆) ရက်နေ.တွင် ဖမ်းဆီးခံရကာ ၊ဒေါ်အောင်ဆန်းစုကြည်အားလည်း မေလ (၁၃)ရက်နေ.တွင် နေအိမ်အကျယ်ချုပ်သက်တမ်း ထပ်မံတိုးချဲ.ချထားခြင်းခံရသည် ။ မေလ (၁၄) ရက်တွင်ဂျွန်ယက်တောကို တားမြစ်နယ်မြေသို.ကျူးကျော်ဝင်ရောက်မှု ၊ တရားမ၀င်ရေကူးမှု ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုတို.ဖြင်. တရားစွဲဆိုခဲ.ပြီး သြဂုတ်လ ( ၁၁) ရက်နေ.တွင် ဂျွန်ယက်တောကို အလုပ်ကြမ်းနှင်.ထောင်ဒဏ် (၇)နှစ်ချမှတ်ခဲ.သည် ။ ဒေါ်အောင်ဆန်းစုကြည်ကိုမူကား နောက်ထပ်အကျယ်ချုပ်သက်တမ်း ဆယ်.ရှစ်လ ထပ်မံကျခံစေရန်အမိန်.ချမှတ်ခဲ.သည် ။ ၎င်းနှစ် သြဂုတ်လ (၁၄) ရက်တွင် အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်ဝက်မြန်မာနိုင်ငံသို.ရောက်ရှိလာပြီး ဂျွန်ယက်တောလွတ်မြောက်ရေး မြန်မာအာဏာပိုင်များနှင်.ဆွေးနွေးညှိနှိုင်းမှုအောင်မြင်သဖြင်. သြဂုတ်လ (၁၆ )ရက်နေ.တွင် ယက်တောကိုလွှတ်ပေးပြီး ပြည်နှင်ဒဏ်ပေး ကာ ဂျင်ဝက်နှင်.ပြန်ထည်.ပေးလိုက်သည် ။
ဤဖြစ်ရပ်ကိုမြန်မာစစ်အစိုးရက ပြည်ပရောက်မြန်မာအတိုက်အခံအင်အားစုများကအစိုးရ သိက္ခာကျအရှက်ကွဲစေရန် နှင်.နိုင်ငံတကာမှဖိအားပေးလာစေရန် တမင်အကွက်ချ စီစဉ်သောလုပ်ရပ်ဟုစွတ်စွဲခဲ.သည် ။ နိုင်ငံတကာအသိုင်းအ၀ိုင်း က ဒေါ်အောင်ဆန်းစုကြည်ကိုသနားကရုနာသက်ကြပြီး ဤအကျယ်ချုပ်သက်တန်းတိုးခြင်းပြစ်ဒဏ်သည် ၂၀၁၀ တွင်ကျင်းပမည်ဆိုထားသော ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မပါဝင်နိုင်စေရန်အကွက်ချလုပ်ကြံခြင်းဟု ယူဆကြသည် ။
ဂျွန်ယက်တော၏ဘ၀ဇာတ်ကြောင်း
ဂျွန်ဝီလျံယက်တော ( John William Yettaw ) ကိုအမေရိကန်ပြည်ထောင်စု မီရှီဂန်ပြည်နယ် ဒက်ထရိုက်မြို.တွင် ၁၉၅၅ ခုနှစ်၌ မွေးဖွားသည် ။ ကယ်လီဖိုးနီးယားရှိသူ.အမျိုးများအိမ်တွင် နေခဲ.ပြီးထိုအိမ်မှ အမေရိကန်တပ်မတော်သို.၀င်ရောက်စစ်မှုထမ်းခဲ.သည် ။ တစ်နှစ်ကျော်ကျော်ခန်.သာစစ်မှုထမ်းခဲ.ရပြီးတပ်မတော်မှ ထုတ်ပါယ်ခံခဲ.ရသည် ။ သူ.မိသားစုအပြောအရ ယက်တောသည် သူတပ်မတော်တွင်ရှိစဉ် အရှေ.တောင်အာရှနိုင်ငံတော်တော်များတွင်တာဝန်ထမ်းဆောင်ခဲ.ရသည်ဟုမိသားစုအားပြောခဲ.သည် ။ သို.သော် တပ်မတော်မှတ်တမ်းများအရယက်တောမှာတပ်မတော်၌ရှိစဉ်ဂျာမဏီတွင်သာတာဝန်ထမ်းဆောင်ခဲ.ရသည်ဆို၏ ။အသက်(၂၀)တွင်ထမအကြိမ်စတင် လက်ထပ်ခဲ.ပြီး နောက်ပိုင်းတွင် ခရစ်ယန်ဂိုဏ်းကွဲတစ်ခုဖြစ်သောChurch of Jesus Christ of Latter-day Saints ( LDS ) ဘာသာသို.ကူးပြောင်းခဲ.သည် ။ ယက်တောသည် အထွေထွေ ကန်ထရိုက်တာလိုင်စင်လည်းရရှိခဲ.သည် ။ယက်တောတွင် အိမ်ထောင်ဖက်အသီးသီးနှင်.ရခဲ.သော ကလေး ၄ ယောက်ရှိပြီး ၂၀၀၉ တွင် တရားရုံးမှ ထိုကလေးများကို အုပ်ထိန်းခွင်.ပြူခဲ.သည် ။ ထိုကလေးများနှင်. ၂၀၀၉ တွင် မစ်ဇူရီပြည်နယ်၌နေထိုင်ခဲ.သည် ။ ယက်တောသည် ၁၉၉၇ တွင် Drury တက္ကသိုလ်မှ ဘွဲ.ရခဲ.သည် ။ပါရဂူဘွဲ.အတွက် Prfessional Psychology ဘာသာရပ်ဖြင်.လျှောက်ထားခဲ.ပြီး ၂၀၀၇ တွင် ထို လျောက်ထားမှုကို ရုပ်သိမ်းခဲ.သည် ။
၂၀၀၈ ခု နှစ်ခရီးသွားခြင်း
၂၀၀၈ မေလတွင် ယက်တောသည် ဆယ်ကျော်သက်အရွယ်သူ၏သားငယ်နှင်.အတူ အာရှတိုက်သို..ခရီးရှည် ထွက်ခဲ.သည် ။သူ၏သားသည် ကျောင်းများပြန်ဖွင်.သည်.စက်တင်ဘာလအထိအိမ်သို.ပြန်ရောက်မလာခဲ.ပေ ။ ၎င်းနောက် ယက်တောသည် ထိုင်းနိုင်ငံမဲဆောက်မြို.သို. ရောက်ရှိလာပြီး ဟိုတယ်တစ်ခုတွင်ကာလကြာနေထိုင်ခဲ.သည် ။မော်တော်ဆိုင်ကယ်တစ်စီးကိုလည်းမယ်ဆိုင်တွင်ဝယ်ယူခဲ.ကာ ထိုင်းမိတ်ဆွေများ နှင်.ခင်မင်ရင်းနှီးခဲ.သည် ။ သူသည်ဒေါ်အောင်ဆန်းစုကြည်၏နိုင်ငံရေးအပေါ်တွင်စိတ်ဝင်စားမှု ပိုလာခဲ.ပြီး သူ၏မိတ်ဆွေများအား နိုင်ငံတကာကဒေါ်အောင်ဆန်းစုကြည်အနေအထားကိုပိုပြီ်းအာရုံစိုက်လာအောင်သူလုပ်ပြမည်ဟုပြောကြားခဲ.သည် ။ထိုင်း NGO များတွင်အလုပ်ရရန်ကြိုးစားခဲ.သော်လည်းမအောင်မြင်ခဲ.ပေ ။သူသည်အဖိနှိပ်ခံပြည်သူများဘက်ကခုခံကာကွယ်ရမည်.ပုဂ္ဂိုလ်ဟုကိုယ်.ကိုယ်ကိုယ် ယူဆခဲ.ပြီး ၂၀၀၈ အောက်တိုဘာလတွင် မဲဆောက်မှထွက်ခွာလာရာ ဟိုတယ်အခန်းခများကိုမရှင်းခဲ.ပေ ။ ၂၀၀၈ အောက်တိုဘာ ၂၇ တွင် ဘန်ကောက်ရှိမြန်မာသံရုံးကသူ.ကိုမြန်မာဗီဇာထုတ်ပေးလိုက်သည် ။ နိုဝင်ဘာ (၇) ရက်နေ.တွင် ရန်ကုန်သို.လေယဉ်ဖြင်.ထွက်ခွာသွားတော.၏ ။
၂၀၀၈ နိုဝင်ဘာ (၃၀)ရက်တွင်ဒေါ်အောင်ဆန်းစုကြည်အိမ်သို.ပထမဆုံးအကြိမ်အဖြစ် အင်းလျားကန်ကိုဖြတ်ကျော်ရေကူးပြီးရောက်ရှိသွားသည် ။ သူသည်ဒေါ်အောင်ဆန်းစုကြည်ခြံဝင်းအတွင်းသို. တက္ကသိုလ်ရိပ်သာလမ်းနှင်.အင်းလျားမြိုင်လမ်းငိုဆက်သွယ်ထားသောရေဆိုးထုတ်ပြွန်မှတစ်ဆင်.ရောက်ရှိသွားသည် ။ သူ.တွင် ခေတ်မီဆက်သွယ်ရေးအထောက်အကူပြုကရိယာဘာမှပါမသွားပဲ ဒေါ်စုအိမ်အနောက်ဖက်ခြံစည်းရိုးကိုကျော်ကာ တားမြစ်နယ်မြေ ထဲသို.၀င်ရောက်နိုင်သွား၏ ။မြန်မာအာဏာပိုင်တို.သည် သူတို.အကျဉ်းချထားသောဒေါ်အောင်ဆန်းစုကြည် ၏နေအိမ်ဝင်းအတွင်းသို.မည်သူ.ကိုမျှဝင်ခွင်.ပြုသည်မဟုတ်ပေ ။အစောင်.စစ်သားများ ဒါဇင်.နှင်.ချီ၍ ရှိနေသော်လည်း ၊ ရံဖန်ရံခါ ကင်းလှည်.စောင်.ကြည်.နေသော တပ်မတော် မော်တော်ဘုတ်များအင်းလျားကန်ကိုစောင်.ကြည်.နေသည်.ကြားမှ ဂျွန်ယက်တောသည် ဒေါ်အောင်ဆန်းစုကြည်ခြံထဲသို.၀င်လာနိုင်ခဲ.ခြင်းဖြစ်သည် ။ ဒေါ်စုနှင်.အတူနေသော အမျိုးသမီးနှစ်ဦးကသူ.အား ဒေါ်စုနှင်.ပေးတွေ.ဖို.လက်မခံပဲငြင်းဆန်ခဲ.သည် ။ သို.သော်ယက်တောသည် ဒေါ်စုအိမ်တွင် ၂ ရက်ကြာ ခိုလှုံနေထိုင်ခဲ.သည် ။
သူ၏ခိုးဝင်သောခရီးစဉ်အတွင်းယက်တောသည် ဒေါ်အောင်ဆန်းစုကြည်အား (အမျိုးသမီးအဖော်နှစ်ဦးမှတဆင်.) နောက်ဆုံးထုတ် အင်္ဂလိပ်စာအုပ် (၆) အုပ်နှင်. ယက်တောသမီးလေးရေးပေးလိုက်သောစာတစ်စောင်ကို ပေးထားရစ်ခဲ.သည် ။ဒေါ်စုကယက်တောရောက်လာကြောင်းကို သူ၏ဆရာဝန်အားအကြောင်းကြားခဲ.သည်ဟုဆို၏ ။ ဆရာဝန်က အာဏာပိုင်များကိုသတင်းပိုခဲ.သော်လည်းမည်သို.မှအရေးမယူခဲ.ပေ ။ ယက်တောသည်ထို.နောက်လာသောလမ်းအတိုင်းပြန်ထွက်လာခဲ.၏ ။ ဒေါ်အောင်ဆန်းစုကြည်အိမ်မှပြန်အထွက်တွင် လုံခြုံရေးအရာရှိများက .သူ.ကိုသေနတ်နှင်.ချိန်ကာရပ်တန်.ခိုင်းပြီး
“ ဒီနေရာမှာဘာလုပ်နေတာလဲ “ ဟုမေးခဲ.သည်ဆို၏ ။ သို.သော် သူ.ကို သွားခွင်.ပေးခဲ.သည် ။ ထိုင်းနိုင်ငံမဲဆောက်သို.ပြန်ရောက်သောအခါ သူသည် လူအတော်တော်များများအား ဒေါ်စုအိမ်သို.သွားခဲ.သည်.အကြောင်း၊ ဒေါ်စုနှင်.မတွေ.ခဲ.ရသည်.အတွက် နောက်တစ်ခေါက်ထပ်သွားဦးမည်ဖြစ်ကြောင်း လူအတော်များများအားပွင်.ပွင်.လင်းလင်းပင်ပြောကြားခဲ.သည် ။ ထိုင်းမြန်မာနယ်စပ်၌ရှိနေစဉ် မြန်မာဒုက္ခသည်စခန်းသို.မကြာခနသွားရောက်လည်ပါတ်ခဲ.သည် ။ မယ်တော်ဆေးခန်းသို.လည်း ဆယ်.နှစ်ခေါက်ထက်မနည်းသွားရောက်လည်ပါတ်ခဲ.ရာ နိုင်ငံရေးအကျဉ်းသားများကူညီစောင်.ရှောက်ရေးအသင်းမှ ကိုဘိုကြည်နှင်.ခင်မင်သိကျွမ်းခဲ.သည် ။
၂၀၀၉ ခုနှစ်ခရီးနှင်.အဖမ်းခံရခြင်း
၂၀၀၉ ဧပြီလလယ်လောက်တွင်ယက်တောသည် မစ်ဇူရီမှကယ်လီဖိုးနီးယားသို.သူ၏ဇနီးဟောင်းနှင်.တွေ.ဆုံရန်သွားရောက်ခဲ.သည် ။ ယက်တောကသူ.ဇနီးဟောင်းအား သူရေးသားနေသော ခွင်.လွှတ်ခြင်း ဆိုသည်.စာအုပ်အတွက်အထောက်အထားစာရွက်စာတမ်းများ ရယူနိုင်ရန် အာရှသို.နောက်တစ်ခေါက်ပြန်သွားရမည်ဖြစ်ကြောင်းပြောပြခဲ.သည် ။ သူ၏သားသမီးများကို မိတ်ဆွေအချို.အိမ်တွင်အပ်နှံထားခဲ.ပြီး ၂၀၀၉ ဧပြီ (၂၀) တွင်ယက်တောသည် ဘန်ကောက်သို.လေယာဉ်ဖြင်.ထွက်လာခဲ.၏ ။ သူ၏မိသားစုကိုမူကားသူသည် ဗီယက်နမ်စစ်ပွဲအတွင်းက စစ်မြေပြင်တွင်ပျောက်ဆုံးသွားသောအမေရိကန်များကိုလိုက်ရှာသည်.စာအုပ်ကိုရေးသားနေသည်ဟုပြောဆိုခဲ.သည် ။ ယက်တော၏ဇနီးပြောပြချက်အရ ယက်တောသည်ဒေါ်အောင်ဆန်းစုကြည်နှင်.တွေ.ဆုံပြီး ခွင်.လွှတ်ခြင်း နှင်. ကောင်းသောအခြေအနေသို.ပြန်ရောက်ခြင်းအကြောင်းကို အင်တာဗျူးလိုသည်ဟုသိရသည်။ မကြာမီသူသည် ထိုင်းနိုင်ငံရှိမြန်မာပြည်ပြေးအဖွဲ.များနှင်.သွားရောက်တွေ.ဆုံပြီး သူရေးနေသော သူရဲကောင်းဝါဒ ဟူသောစာအုပ်အကြောင်းပြောပြခဲ.သည် ။ ဘန်ကောက်တွင်တစ်ပါတ်ခန်.စောင်.ဆိုင်းပြီး မြန်မာဗီဇာ ရယူခဲ.သည် ။
၂၀၀၉ မေလ (၃)ရက်ညနေတွင်ယက်တောသည် ၂ ကီလိုမီတာ ( ၁.၂ မိုင် ) ဝေးသောအကွာအဝေးကို အင်းလျားကန်ရေပြင်အားဖြတ်ကျော်ရေကူးပြီး မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည်အားနေအိမ်အကျယ်ချုပ်ဖမ်းဆီးချုပ်နှောင်ထားရာ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်သို.သွားရောက်ခဲ.ပါသည် ။ သူသည်ထိုလမ်းကြောင်းကို Google Earth မှတစ်ဆင်.မြေပုံကြည်.ပြီးသွားခဲ.ခြင်းဖြစ်သည် ။ ရဲသားများက သူရေကူးနေသည်ကိုတွေ.မြင်ခဲ.ပြီးအချို.ကခဲဖြင်.ပစ်ကြသည်ဆို၏ ။
၂၀၀၈ ခုနှစ်ကလာခဲ.သော လမ်းကြောင်းအတိုင်းပင် ၀င်ရောက်ခဲ.ရာအစောင်.အကြပ်ထူထပ်စွာချထားသောဒေါ်အောင်ဆန်းစုကြည်အိမ်ဝင်းထဲသို.မေလ(၄)ရက်နေ.မနက် ၅ နာရီတွင်ရောက်ရှိခဲ.သည် ။ ရေတံလျောက်အားဖက်တက်ပြီး အိမ်ပေါ်သို.သူရောက်ခဲ.၏ ။အိမ်တွင်းသို.ရောက်သောအခါ ဒေါ်အောင်ဆန်းစုကြည်နှင်.ရော၍ အကျဉ်းကျနေသော နှစ်ဦးတည်းသော အဖော် ဖြစ်သည်. ဒေါ်ခင်ခင်ဝင်းနှင်.သမီဖြစ်သူမ၀င်းမမ တို.ကိုတွေ.ရသည် ။ သူက ဒေါ်ခင်ခင်ဝင်းတို.သားအမိအား သူသည်အလွန်မောပန်း ဆာလောင်နေပြီး ဆီးချိုရောဂါလဲပြန်ထနေကြောင်းအကြောင်းကြားခဲ.သည်။ ထိုအမျိုးသမီးနှစ်ဦးကသူ.ကို အစားအစာများကျွေးကြသည် ။ ထိုအိမ်တွင် ရက်အနည်းငယ်ခန်.နေခွင်.ပြုပါမည်.အကြောင်း ယက်တောကဒေါ်အောင်ဆန်းစုကြည်ထံခွင်.တောင်းသည် ။ဒေါ်အောင်ဆန်းစုကြည်ကလက်မခံနိုင်ပါဟုအကြောင်းပြန်သည် ။ ဒေါ်စု၏အဖော်အမျိုးသမီးနှစ်ယောက်က ယက်တောကို ထွက်မသွားလျင်အာဏာပိုင်များလက်သို.အပ်မည်ဟု ခြိမ်းခြောက်လိုက်သည် ။ သို.သော် သူ.ခြေထောက်ကြွက်တက်နေကြောင်းပြောသဖြင်.ဒေါ်အောင်ဆန်းစုကြည်ကယက်တောအား နေအိမ်အောက်ထပ်တွင်ခေတ္တနေဖို.သဘောတူလိုက်သည် ။ သူနေထိုင်စဉ်အတွင်းအိမ်ရှင်များသည်ဓါတ်ဆားရည်နှင်. ထမင်းဟင်းများကျွေးကြသည် ။ သူကတော.အချိန်တော်တော်များများဘုရားရှိခိုးဆုတောင်းခြင်းဖြင်.အချိန်ကုန်စေသည်ဟူ၏ ။
ဒေါ်စုနှင်.သူ၏အဖော်နှစ်ယောက်အတွက်ဂျွန်ယက်တောသည် မဖိတ်ခေါပဲလာသည်. သူတို.နှင်.မပါတ်သက်သော မလိုလားအပ်သည်.ဧည်.သည်ဖြစ်သည် ။ ဂျွန်ယက်တော၏ ဇနီးဖြစ်သူကပြောရာ၌ သူ.ယောက်ကျားတွင်မကောင်းသောရည်ရွယ်ချက်မရှိပါ ။ သို.သော် ဖြစ်လာနိုင်သည်.အကျိုးဆက်များကို ယက်တောသည် သတိမူမိခဲ.ခြင်းလည်းမရှိပါ ဟူ၍ဖြစ်သည် ။ ယက်တောသည် မေလ (၄ ) ရက်ည ၁၁:၄၅ တွင် ဒေါ်အောင်ဆန်းစုကြည်အိမ်မှပြန်လည်ထွက်ခွာသွားသည် ။ အင်းလျားကန်ဘောင် ကန်သာယာဆေးရုံနှင်.ကပ်လျက်ခြံဝင်းရှိ အမေရိကန်ကောင်စစ်ဝန်အိမ်သို.သူရေကူးသွားသည် ။ မေ (၅)ရက်နေ.မနက် (၅) နာရီတွင် ကောင်စစ်ဝန်အိမ်နှင်.ကိုက် ၁၀၀ ခန်.အကွာ အင်းလျားကန်အနောက်ဖက်ကမ်း International Business Centre (IBC) အနီးတွင် ယက်တောကို ရဲကဖမ်းမိသွားသည် ။
ထိမ်းသိမ်းခံရခြင်း
မူလက ဇွန်လ (၂၄)ရက်နေ.တွင် အမေရိကန်ပြည်ထောင်စုသို.ပြန်ဖို.ဖြစ်သော်လည်း ယက်တောမှာ မေလ (၆)ရက်နေ.တွင် အင်းစိန်ထောင်သို.ပြောင်းရွှေ.စံမြန်းရတော.၏ ။ မေလ (၁၄ )ရက်နေ.တွင်တော. ကန်.သတ်ဧရိယာကိုဝင်ရောက်မှု၊တရားမ၀င်ရေကူးမှု ၊လူဝင်မှုကြီးကြပ်ရေးဥပဒေကိုဖောက်ဖျက်မှုတို.ဖြင်. တရားစွဲဆိုခြင်းခံရတော.သည် ။ တားးမြစ်နယ်မြေတရားမ၀င်ဝင်ရောက်မှုက အမြင်.ဆုံးထောင်ဒဏ် (၅)နှစ်အထိကျခံရနိုင်သည် ။ လူဝင်မှုဥပဒေအရ ထောင်ဒဏ် (၁) နှစ်ကျခံရနိုင်သည် ။ ယက်တောသည်ထောင်ထဲတွင် အခြားအကျဉ်းသမားနှစ်ယောက်နှင်းအတူနေရ၏ ။ သူကအကြားအမြင်အာရုံများ ပိုမိုရရှိစေရန် အစာမစားချေ ။
ယက်တောကိုဖမ်းမိရာတွင် သူနှင်.အတူသိမ်းဆည်းရမိသောပစ္စည်းများမှာ ရေကူးရာတွင်အသုံးပြု၇န် ၅ လီတာဝင် ရေဗူးနှစ်ဗူး ၊ အိတ်အသေးနှစ်လုံး၊ သူ၏အမေရိကန်ပါတ်စ်ပို.စာအုပ် ၊ ပလပ်စတစ်အိပ်ဖြင်.ပါတ်ထားသောကင်မရာတစ်လုံး ၊ ပလယာတစ်ချောင်း ၊ ၀က်အူလှည်.တစ်ချောင်း ၊ ခေါက်ပလယာတစ်ချောင်း၊ မန်မိုရီကဒ်ခြောက်ခု ၊ ဓါတ်မီးတစ်လက် ၊ ဓါတ်ခဲအခြောက်၂၈ ပြား ၊ ဦးထုပ်တစ်လုံး ၊ အဖြူရောင်အကျီ င်္လက်ရှည်တစ်ထည် ၊ ဘောင်းဘီရှည်နှစ်ထည် ၊ အင်္ဂလိပ်စာများရေးထားသော စာရွက်ခုနစ်ရွက် ၊ ပုံနှိပ်ထားသောစာများပါသည်.စာရွက်နှစ်ရွက် ၊ စာအိပ်နှစ်အိပ် ၊ ဒေါ်လာ ၁၀၀ တန်နှစ်ရွက် ၊ ၁၀ဒေါ်လာတန် နှစ်ရွက် ၊ ဒေါ်လာ ၅၀ တန် တစ်ရွက် ၊ ကျပ်တစ်ထောင်တန်ငွေစက္ကူ ကိုးဆယ်.သုံးရွက် ၊လိပ်စာကဒ် ဆယ်ခု ၊ ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံ၊ ခွပ်ဒေါင်းပုံ ၊ စာအုပ်စင် အပါအ၀င်ရိုက်ထားသောကင်မရာထဲမှဓါတ်ပုံများ ဖြစ်ကြသည်။
ဤကဲ.သို.ဂျွန်ယက်တော ၂၀၀၉ ခုနှစ်လာရောက်မှုသည် ဒေါ်အောင်ဆန်းစုကြည်လိုက်နာရမည်.နေအိမ်အကျယ်ချုပ်စည်းမျဉ်းများကိုချိုးဖောက်ခြင်းဖြစ်သည်ဟုအာဏာပိုင် များကယူဆခဲ.သည် ။ ဒေါ်အောင်ဆန်းစုကြည်လည်း ထောင်သုံးနှစ်မှ ငါးနှစ်အထိကျခံရနိုင်သော နိုင်ငံတော်ကိုနှောက်ယှက်ဖျက်ဆီးသူများ၏ဘေးအန္တရာယ်များမှကာကွယ်စောင်.ရှောက်ခြင်းဥပဒေဖြင်.တရားစွဲခံသည် ။အမှုစစ်နေစဉ်ကာလအတွင်းဒေါ်အောင်ဆန်းစုကြည်နှင်. အဖော်နှစ်ဦးဖြစ်သော ဒေါ်ခင်ခင်ဝင်း ၊မ၀င်းမမ တို. အား ၊ အင်းစိန်အကျဉ်းထောင်သို.ပို.ဆောင်ချုပ်နှောင်ထားခဲ.သည် ။ရဲချုပ်မြင်.သိန်းက နိုင်ငံတော်လူကြီးများသည် ယက်တောအမှုမဖြစ်မီကပင် ဒေါ်အောင်ဆန်းစုကြည်အားလွှတ်ပေးဖို.ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ၊သို.သော် ဤအဖြစ်အပျက်သည် တည်ဆဲဥပဒေကိုချိုးဖောက်ခြင်းဖြစ်ကြောင်း ၊ ထို.ကြောင်.မလွဲသာမရှောင်သာဖြင်. စိတ်မကောင်းခြင်းကြီးစွာ ဥပဒေအရအရေးယူရတော.မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ.သည် ။
ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံသူများကတော.အစိုးရသည် ဤကိစ္စတွင်တမင်သက်သက်ရမယ်ရှာ၍ ၂၀၁၀ ရွေးကောက်ပွဲတွင်ဒေါ်အောင်ဆန်းစုကြည်မပါနိုင်အောင်ဖယ်ထုတ်သည်. လုပ်ရပ်ဖြစ်သည်ဟုအခိုင်အမာပြောဆိုကြသည် ။ အချို.ကလည်းဤကိစ္စ၏လက်သည်တရားခံအစစ်မှာအစိုးရဖြစ်ပင် ဖြစ်ပြီး ဤသို.ဖြစ်ပေါ်စေရန် တမင်သက်သကအကွက်ချ၍်ဖန်တီးခဲ.သည်ဟုသံသယဖြစ်ကြသည် ။မြန်မာအစိုးရဘက်မှဤအချက်ကိုငြင်းဆိုခဲ.ပြီး ဂျွန်ယက်တောကိစ္စသည် ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးရန် နိုင်ငံတကာ ဖိအားများတိုးပွားလာစေဖို. ပြည်တွင်း၊ပြည်ပ အစိုးရဆန်.ကျင်ရေးအုပ်စုများ၏ လုပ်ရပ်ဟုစွပ်စွဲခဲ.သည် ။ ဒေါ်အောင်ဆန်းစုကြည်၏အကျိုးဆောင်ရှေ.နေဦးကြည်ဝင်းက
“ အားလုံးကဒီအမေရိကန်ကို ဒေါသဖြစ်နေကြတယ် ၊ ပြသနာအားလုံးဟာသူ.အမှားကြောင်.ဖြစ်လာတာ ၊ ဒီကောင်ကအရူးပဲ ၊ ဒေါ်အောင်ဆန်းစုကြည်ကသူ.ကိုပြန်ထွက်သွားဖို.ပြောခဲ.တယ် ။ဒါပေမယ်.သူက မောနေသလေး ဘာလေးနဲ.လုပ်ခဲ.တယ် ၊ အိမ်အောက်ထပ်မှာပေကပ်ပြီးအိပ်နေခဲ.တယ် “ ဟုပြောကြားခဲ.သည် ။ ဒေါ်အောင်ဆန်းစုကြည်က အမှုကျူးလွန်သူ ဂျွန်ယက်တောကိုရော သူ.မိသားစုအပေါ် အပြစ်မယူပဲ ခွင်.လွှတ်ပါကြောင်းသူ.ကိုပြောကြားခဲ.သည်ဟု ရှေ.နေဦးဥာဏ်ဝင်းကလည်း ပြောကြားခဲ.သည် ။
စစ်အစိုးရကယက်တော၏ကိစ္စအပြီးတွင်လုံခြုံရေးကျိုးပေါက်မှုကိုအတွင်းကျိတ်စုံစမ်းစစ်ဆေးခဲ.ပြီး သြဂုတ်လ (၇)ရက်နေ.ထုတ်ပြန်ကြေငြာချက်အရ လုံခြံရေးတာဝန်ရှိသူ (၆၁)ဦးကိုစုံစမ်းစစ်ဆေးခဲ.ကြောင်း ၊ ယင်းကိစ္စနှင်.ပါတ်သက်၍ ဒုရဲမှူးကြီးတစ်ဦးကို ရာထူးမှတစ်ဆင်.လျှော.ချခဲ.ကြောင်း ၊ လံခြုံရေးတာဝန်ရှိသူများကိုလည်း တာဝန်ဝတ္တရားပေါ.လျော.မှုဖြင်.သုံးလ မှ ခြောက်လအထိ ထောင်ဒဏ်များချမှတ်ခဲ.ကြောင်းကြေငြာခဲ.သည် ။ သို.သော် မည်သူကိုမည်သည်.ပြစ်ဒဏ်ပေးသည်ဟူ၍ကားအသေးစိတ်မဖော်ပြပေ အခြားရဲအယောက်နှစ်ဆယ်အားလည်း ရဲစည်းကမ်းထိမ်းသိမ်းရေးဥပဒေဖြင်.အရေးယူအပြစ်ပေးခဲ.သည်ဟုကြေငြာခဲ.သည် ။ ဒေါ်အောင်ဆန်းစုကြည်၏မိသားစု ဆရာဝန်ဒေါက်တာတင်မျိုးဝင်းကိုလည်းခေါ်ယူစစ်ဆေးခဲ.သော်လည်းအမှုစွဲဆိုသောအခါ ပြန်လွှတ်ပေးခဲ.သည် ။
တရားရင်ဆိုင်ရခြင်း
ဤအမှုကိုပြစ်မှုကြီးအမှတ် ၄၇/၂၀၀၉ ဖြင်.ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင်အမှုစွဲဆိုစစ်ဆေးခဲ.သည် ။ဒေါ်အောင်ဆန်းစုကြည်ရော ဂျွန်ယက်တောကပါ သူတို.တွင်အပြစ်မရှိကြောင်းအသီးသီးထွက်ဆိုကြသည် ။ ပထမနေ.တွင်သက်သေနှစ်ယောက်ဖြစ်သောရဲအရာရှိနှစ်ဦးကိုစစ်ဆေးရာ ဒေါ်အောင်ဆန်းစုကြည်အိမ်ဘက်မှရေကူးလာသူတစ်ယောက်ကိုတွေ.ရာ ပထမ၌ သူခိုးထင်၍ဖမ်းခဲ.သော်လည်း နောက်မှနိုင်ငံခြားသားဖြစ်နေသဖြင်. အထူးတပ်ဖွဲ. ( SB ) လက်သို.အပ်ခဲ.ကြောင်းပြောသည် ။ ယက်ထောကင်မရာထဲမှသိမ်းဆည်းမိသောဗီဒီယိုဖိုင်တစ်ခုတွင် ဗိုလိချုပ်အောင်ဆန်းဓါတ်ပုံဘေး၌ရပ်နေသောဂျွန်ယက်တောကိုတွေ.ရပြီး သူကပရိသတ်ကိုပြောပြဟန်ဖြင်.” ကျွန်တော်အခုဒေါ်အောင်ဆန်းစုကြည်အိမ်ကိုရောက်နေပါတယ် ၊ ဒေါ်စုကိုဗီဒီယိုရိုက်ဖို.ခွင်.တောင်းပေမယ်. သူမက ငြင်းဆိုခဲ.ပါတယ် ၊ ဒေါ်အောင်ဆန်းစုကြည်ဟာ စိတ်လှုပ်ရှားနေပုံရပါတယ် ၊ ဒီ.အတွက်ကျွန်တော်စိတ်မကောင်းပါဘူး “ ဟုယက်တောကပြောခဲ.သည် ။ ယက်တောကထိုဗီဒီယိုကို You Tube တွင်တင်ရန်ရိုက်ကူးခဲ.ကြောင်းထွက်ဆိုသည် ။ မေလ (၂၆) ရက်နေ.တွင်ဒေါ်အောင်ဆန်းစုကြည်ကကိုယ်တိုင်လျောက်လဲချက်ပေးရာ၌ ယက်တောကို အိမ်မှထွက်ခွာသွားရန်သူပြောခဲ.ကြောင်း ၊ သူ.အိမ်တွင်ခနနားနေပြီးညသန်းခေါင်မတိုင်ခင်ပြန်ထွက်သွားကြောင်း ၊ကျန်ရှိခဲ.သောပစ္စည်းများမှာ မေ.ကျန်ခဲ.သလား ၊ သူ.အတွက်တမင်ထားသွားသလားဆိုတာ မစ္စတာယက်တောပဲသိနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ.သည် ။
မေလ(၂၇)ရက်နေ.တွင် ဂျွန်ယက်တောကိုစစ်ရာ သုံးနာရီကြာထွက်ဆိုချက်ပေးသည် ။ သူက ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်သမားများလုပ်ကြံမှုဘေးရန်မှကာကွယ်ရန်ဘုရားသခင်ကသူ.ကိုစေလွှတ်ခဲ.သည်ဟုပြောဆိုခဲ. သည် ။ ဒေါ်စုအိမ်သို.ရေကူးအသွား၌ ရဲများကသူ.ကိုမြင်တွေ.ခဲ.ကြသော်လည်းသေနတ်ဖြင်.မပစ်ပဲကျောက်ခဲဖြင်.ပစ်ပေါက်ခဲ.ကြသည်ဆို၏ ။ယခင် ၂၀၀၈ခုနှစ်ကလည်း ဒေါ်စုအိမ်မှအပြန် ရဲအရာရှိတစ်ယောက်ကရပ်တန်.စစ်ဆေးခဲ.ပြီးသူ.ကိုသွားခွင်.ပြုခဲ.သည်ဟုထွက်ဆိုခဲ.သည် ။ ထိုနေ.တွင်ပင်ဒေါ်အောင်ဆန်းစုကြည်ကကြေငြာချက်တစ်ရပ်ထုတ်ပြန်ခဲ.ရာ ၂၀၀၈ တွင်ယက်တောလာရောက်ကြောင်းကို လုံခြုံရေးတပ်ဖွဲ.ထံ သူသတင်းပို.ခဲ.သော်လည်း အာဏာပိုင်များကဘာမှအရေးယူဆောင်ရွက်ခြင်းမရှိကြောင်း ၊ထို.ကြောင်.ဤအမှုတွင်အပြစ်တင်လိုလျင် လုံခြုံရေးတပ်ဖွဲ.၀င်များ၏ပေါ.လျော.မှုကိုသာအပြစ်တင်သင်.ကြောင်းကြေငြာခဲ.သည် ။
ဇွန်လ (၂၈)ရက်တွင်ဒေါ်အောင်ဆန်းစုကြည်၏ရှေ.နေကြီးဦးကြည်ဝင်းကလျောက်ထားရာတွင် ဒေါအောင်ဆန်းစုကြည်သည်အစိုးရလက်အတွင်းကျဆင်းနေသောအကျဉ်းသားဖြစ်၍ယခုအမှုတွင်အစိုးရတွင်သာအပြစ်ရှိကြောင်း ၊ယက်ထောထားခဲ.သောပစ္စည်းများမှာလည်းဒေါ်အောင်ဆန်းစုကြည်နှင်.မဆိုင်ကြောင်း ၊ယခုအရေးယူထားသောပုဒ်မမှာလည်း ၁၉၇၄ ဖွဲ.စည်းပုံအခြေခံဥပဒေအရ ရေးဆွဲထားသောပုဒ်မဖြစ်ရာ ထိုအခြေခံဥပဒေမှာ အသက်မ၀င်တော.သဖြင်. ဥပဒေမှာလည်း သက်တမ်းမရှိတော.ကြောင်း၊မရှိတော.သောဥပဒေနှင်.အရေးယူ၍မရပါကြောင်းလျှောက်ထားခဲ.သည် ။ ဂျွန်ယက်တောအမှုတွင် တရားသူကြီးသည်တရားခံရှေ.နေဘက်မှတသ်သွင်းခဲ.သောသက်သေ (၄)ဦးအနက် တစ်ဦးကိုသာကနဦးလက်ခံခဲ.ပြီး အစိုးရဘက်မှ တရားလိုပြသက်သေ (၂၃)ဦးအထိတင်ပြခွင်.ပြုခဲ.သည် ။ ဤအမှုကိုသြဂုတ်လ (၁၁)ရက်နေ.တွင်စီရင်ချက်ချခဲ.ပြီး ဂျွန်ယက်တောကို ထောင်ဒဏ် (၇)နှစ် ၊ ဒေါ်အောင်ဆန်းစုကြည်ကိုအလုပ်ကြမ်းနှင်.ထောင်ဒဏ် (၃) နှစ်ချမှတ်ခဲ.သည် ။ သို.သော် အချိန် (၅)မိနစ်ခန်.ကြာသောအခါ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံမှအထူးကြေငြာချက်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်အားညှာတာထောက်ထားသောအားဖြင်. အလုပ်ကြမ်းနှင်.ထောင်ဒဏ် (၃) နှစ် အစား နေအိမ်အကျယ်ချုပ် တစ်နှစ်ခွဲသက်တမ်းတိုးကျခံစေရန် ၊ဒေါ်ခင်ခင်ဝင်း နှင်.မ၀င်းမြမြတို.လည်း နေအိမိအကျယ်ချုပ်ဆယ်.ရှစ်လကျခံစေရန်အမိန်.ပြန်တမ်းထုတ်ခဲ.လေသည် ။
ဒေါ်အောင်ဆန်းစုကြည်တို.မှာဆိုခဲ.သည်.အတိုင်း အကျယ်ချုပ်သက်တမ်းဆယ်.ရှစ်လတိတိထပ်မံကျခံရသော်လည်း ပြစ်မှုကျူးလွန်သူဂျွန်ယက်တောမှာမူ အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်ဝက်၏ကြားဝင်စေ.စပ်ပေးမှုကြောင်.အဖမ်းခံရပြီး သုံးလအကြာ (စီရင်ချက်ချပြီးနောက်သုံးရက် )၂၀၀၉ သြဂုတ်လ ( ၁၄)ရက်နေ.တွင် နိုင်ငံတွင်းမှလွတ်လပ်စွာထွက်ခွာခွင်.ရခဲ.ပါသည် ။
ဂျွန်ယက်တော၏အမှု၌ အတိုက်အခံတို.စွပ်စွဲသလို စစ်အစိုးရနှင်.ဂျွန်ယက်တောတို.ပုလင်းတူဗူးဆို. အကွက်ချစီမံခဲ.သလား ၊ ဂျွန်ယက်တောသည် စိတ်ရူးပေါက်ကာ သူတစ်ယောက်ထဲထင်ရာလုပ်ခဲ.သလားဆိုသည်ကတော. ယခုထက်တိုင်ပဟေဠိဖြစ်နေပါကြောင်း ။
သရ၀ဏ်(ပြည်)
ကိုးကား
http://en.wikipedia.org/wiki/Suu_Kyi_trespasser_incidents
No comments:
Post a Comment