Thursday, May 22, 2014

မှုးယစ်ဆေးခြောက်ဟုဆိုကာ ဖုန်းဖြင့်တိုင်ကြားသော သတင်းအားဝင်ရောက်ဖမ်းဆီးရာတွင် ဆေးခြောက်ဟုယူစရသောပစ္စည်းကိုတွေ့ရှိရာ ရဲကဖမ်းသွားခဲ့ပြီး ကျေးရွာနေ အိမ်ခြေ(၈၆)အိမ်ရှိရာ (၇၆)အိမ်ခြေက ဒီကလေးရိုးသားစွာလယ်ယာလုပ်ကိုင်ရှာဖွေစားသောက်ကြောင်းလက်မှတ်ရေးထိုးထောက်ခံခဲ့ကြ *********************************************************************************************** ပြည်သတင်းလူငယ်(ပြည်သတင်း)



မှုးယစ်ဆေးခြောက်ဟုဆိုကာ ဖုန်းဖြင့်တိုင်ကြားသော သတင်းအားဝင်ရောက်ဖမ်းဆီးရာတွင် ဆေးခြောက်ဟုယူစရသောပစ္စည်းကိုတွေ့ရှိရာ ရဲကဖမ်းသွားခဲ့ပြီး ကျေးရွာနေ အိမ်ခြေ(၈၆)အိမ်ရှိရာ (၇၆)အိမ်ခြေက ဒီကလေးရိုးသားစွာလယ်ယာလုပ်ကိုင်ရှာဖွေစားသောက်ကြောင်းလက်မှတ်ရေးထိုးထောက်ခံခဲ့ကြ
***********************************************************************************************
ပြည်သတင်းလူငယ်(ပြည်သတင်း)


သို့/
ရဲချူပ်..မြန်မာနိုင်ငံရဲတပ်ဖွဲဌာနချူပ်(နေပြည်တော်)

သမာအာဇီဝလုပ်ကိုင်စားသောက်မိသားစုမှ ဆေးခြောက်မိတယ်ဆိုပြီး ဖမ်းဆီးခံရခြင်းကိစ္စ ရဲချူပ်..မြန်မာနိုင်ငံရဲတပ်ဖွဲဌာနချူပ်(နေပြည်တော်) ကိုလေးစားစွာတိုင်ကြားထားပါသည်။
ပြည်မြို့နယ် ပေါင်းတလည်မြို့  အုတ်ဆွဲအုပ်စု ရေကြည်ကုန်းရွာမှ သမာအာဇီဝ လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ လယ်သမား ဦးမြအေး မှအဓိကထားတိုင်ကြား
ထားခဲ့သည့်အကြောင်း....တိုင်ကြားစာအရသိရပုံမှာ....

 ကျွန်တော်၏ ဇနီးဖြစ်သူ ကျန်းမာရေးချို့တဲ့သော ဒေါ်တင်ညိမ်း အသက်(၇၀)နှစ်နှင့် သားဖြစ်သူ မောင်နိုင်ဝင်းအသက်(၃၀) နှစ်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဖြစ်ပြီး ကျွန်တော်၏
နာမည်မှာ ဦးမြအေး အသက်(၇၂)နှစ်ဖြစ်ပါတယ်။ 17.5.2014 ရက်နေ့ စနေနေ့ မနက်(၅း၀၀)နာရီအချိန်ခန့်တွင် ကျွန်တော်၏နေအိမ်ရှေ့သို့ ရဲ(၂)ဦးလှမ်းခေါ်သံကြားရပါတယ်။
အိပ်ယာမှထ၍ အိမ်ခြံအပြင်သို့လှမ်းကြည့်ရာ ရဲဘော်ဒုတပ်ကြပ်-မြင့်ဆွေဟုပြောပြပြီး နိုင်ဝင်းအိမ်ကိုဆေးခြောက်ရောင်းချတာကို သတင်းရလို့လာရှာတာပါဟုပြောပြပါတယ်။
သူတို့နှင့်အတူတူ ပြည်မြို့ ဆံတော်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် ကိုသိန်းဆွေ ဆိုသူလည်းပါရှိပါတယ်။ ခြံဝန်းထဲတွင် ရဲဘော်(၅)ဦး/ ခြံနောက်ဘက်တွင် ရဲဘော်(၂)ဦးရောက်ရှိနေပြီး
အရပ်ဝတ်တစ်ဦးမှ ကျွန်တော်မှုးယစ်အဖွဲ့က ဒုရဲမှူး ရွှေသာထွန်းပါဟုပြောကြားခဲ့ပါတယ်။ ထို့နောက် အိမ်အပေါ်ထပ်တွက်အိပ်နေသော ကျွန်တော်၏သားဖြစ်သူ မောင်နိုင်ဝင်းအား
အိပ်ယာထဲတွင်နိုး၍ တန်းပြီးလက်ထိပ်ခပ်ခဲ့ပါတယ်။ ဘာအပြစ်ရှိလို့လည်းဟုမေးမြန်းရာ ပြန်လည်ခုခံမှာဆိုးလို့ခပ်တာဟုပြောပါတယ်။ ရပ်ထောက်ကူ ဥက္ကဌ ဦးခင်လတ်ကိုယ်တိုင်ရှိပါတယ်။
ထို့နောက်အိမ်အောက်ကိုဆင်းသွားပြီး အိမ်နောက်ဖေးအုတ်ပုံ ရဲတပ်ဖွဲ(၂)ဦးစ၀င်ကတည်းကရပ်နေသောနေရာ ယခင်ကတည်းကစောင့်နေသော ရဲ(၂)ဦးရှိသောနေရာ အုတ်ပဲုအနောက်ဘက်
တွင် အိတ်တလုံးယူလာပြီး ဒီမှာဆေးခြောက်တွေ့တယ်ဆိုပြီး စက္ကူထုတ်(၂)ထုတ်ကို ဖြန့်ပြခဲ့ရာ  မဲနက်သောအမှုံကိုသာ ကျွန်တော်တို့မြင်တွေ့ခဲ့ရပြီး ဘာမှမသိရှိခဲ့ရပါ။ ရှာဖွေပုံစံကိုလည်းမပြ/
တွေ့ရှိကြောင်းအရေအတွက်ကို မပြောပြဘဲ ဘာမှန်းမသိညာမှန်းမသိဘဲ ကျွန်တော်၏ သားဖြစ်သူ မောင်နိုင်ဝင်းကို ဖမ်းဆီးခေါ်ဆောင်သွားကြပါတယ်။
   ကျွန်တော်၏သားဖြစ်သူ မောင်နိုင်ဝင်းသည်ရွုးသားစွာ ရေကြည်ကုန်းရွာတွင် မိဘများကို လယ်ယာလုပ်ငန်းဖြင့် ရှာဖွေကျွေးမွေးနေသောသားတစ်ယောက်ဖြစ်သည့်အပြင် လိမ္မာရေးခြားရှိ
ပြီး ရေကြည်ကုန်းရွာတွင်  ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ ယခုကိစ္စမှာ ဘာမှန်းမသိဘဲနှင့် သူများဆေးခြောက်ပစ်ဖမ်းတာကို မတရားအဖမ်းခံခဲ့ရပါတယ်။ အားကိုးအား
ထားပြုစရာဆိုလို့ နိုင်ငံတော်ရဲချူပ်ကြီးကို အားကိုးအားထားနှင့်ရိုသေလေးစားစွာဖြင့်တင်ပြ တောင်းခ့ခြင်းဖြစ်ပါတယ်။ ဖုန်းနှင့်ဆက်တိုင်လို့ဖမ်းရတာပါဟုလည်းပြောခဲ့ကြပါတယ်။နေရာလည်း
အတိအကျပြော၍ တိုင်သောဖုန်းနံပါတ်တိုင်သူသာလျှင် မတရားဆေးခြောက်ပစ်ဖမ်းသောသူသာဖြစ်ပါသဖြင့် နိုင်ငံတော်မိဘများအနေဖြင့် ဖော်ဆောင်စစ်ဆေးအရေးယူဆောင်ရွက်ပေးပါရန်
ရိုသေလေးစားစွာဖြင့် နိုင်ငံတော်မိဘများကို  ဦးမြအေး (၇/ပမန(နိုင်)၀၆၃၅၂၆) ရေကြည်ကုန်းရွာ/အုတ်ဆွဲအုပ်စု မှတိုင်ကြားထားကြောင်း သိခဲ့ရပါတယ်။

ထိုသို့ဖြစ်ပွားခဲ့သောအမှုကိစ္စကိုအဆိုပါကျေးရွာနေထိုင်သူ အိမ်ခြေစုစုပေါင်း(၈၆)အိမ်ရှိရာ အထက်ပေါ်ပြပါ ဦးမြအေး နှင့် ဒေါ်တင်ညိမ်း တို့၏သားဖြစ်သူ မောင်နိုင်ဝင်းမျာ ရိုးသားစွာနေထိုင်
တတ်သူဖြစ်ကြောင်း ရိုးသားစွာလယ်ယာအလုပ် လုပ်ကိုင်ရှာဖွေစားသောက်သူဖြစ်ကြောင်း အဆိုပါကျေးရွာတွင်အိမ်ခြေပေါင်း(၈၆)အိမ် ရှိရာ (၇၆)အိမ်မှ ကျေးရွာတောင်သူများမှ ထောက်ခံ
လက်မှတ်ရေးထိုးထားပါတယ် ထို့သို့သောဖြစ်စဉ်မျိုးသည် ပြည်ခရိုင်အတွင်းအများအပြားရှိနေခဲ့ရာ မဆန်းတော့ပေ ဖုန်းဖြင့်ပေးသောသတင်းမျိုးကို တာဝန်ရှိသောသူတို့မဆိုထားနှင့် ပြည်သတင်း
မှ ပြည်သတင်းလူငယ်ကိုယ်တိုင်တောင် ဖုန်းနဲ့ပေးသောသတင်းရေးမတင်ခဲ့သေးပါဘူး တင်မည်ဆိုရင်တောင်မှ မိမိကိုယ်တိုင်သေသေချာချာပေးပို့သူအကြောင်းအရင်ဆုံးစုံစမ်းပြီးမှရေးသားခဲ့ခြင်းပဲဖြစ်ပါတယ် ဥပမာအနေဖြင့်အမှတ်ရစေရန်တစ်ခုပြောလိုပါတယ်....

 မောင်နိုင်ဝင်းအား လာရောက်ဖမ်းဆီးသွားသောတာဝန်ရှိသူများ၏ နေအိမ်တွင် တစ်ဦးတစ်ယောက်သောသူမှ ယခုလိုမျိုး လုပ်ဆောင်သွားမည်ဆိုပါက အဆိုပါအပြုခံရသူကို လက်ထိပ်ခက်ပါ့မလား မဖြစ်နိုင်ပါဘူး လူကြီးပိုင်းဆိုရင်တော့ ဖုန်းဆက်သတင်းပေးသူကိုပဲအရင်ဆုံးဖော်ထုတ်လိမ့်မည်ဖြစ်ပါတယ် ဘာ့ကြောင့်ဆိုတော့ ပြည်သူနဲ့ အထက်လူကြီး တစ်သားတည်းဖြစ်အောင်မလုပ်တာ အောက်ခြေ၀န်ထမ်းများကြောင့်ပဲဖြစ်ပါတယ် ထို့ကြောင့် ဒီဖြစ်စဉ်အားသေသေချာချာလေ့လာစုံစမ်းသင့်ပါသေးကြောင်း မိမိမြို့ မိမိခရိုင် နာမည်ကိုမပျတ်အစီးမခံနိုင်သ၍ မိမိမြို့ မိမိခရိုင်မှာ လေးစားထိုက်ဖွယ် အောက်ခြေ၀န်ထမ်းများဖြစ်နိုင်ရန်အတွက်အလေးဂရုပြု လေးစားလျှက် ရေးသားတင်ပြအပ်ပါတယ် ......ပြည်သတင်းလူငယ်(ပြည်သတင်း)

No comments:

Post a Comment